Journal of Khun - DXB

Journal of Khun - DXB I'm just an ordinary human, who is chasing impossible dreams.

🕊️ humanity & kindness 🌱🤍

17/09/2026

Quiet Morning! 🍻🍻
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

🐪 မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်  (13 နာရီ) 🐪အဲနေ့တစ်နေ့ကိုတော့ ယခုထိ ကိုယ့်တစ်နေ့တာ ဖြတ်သန်းခဲ့ရတာကို မှတ်မိနေပ...
17/09/2026

🐪 မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန် (13 နာရီ) 🐪

အဲနေ့တစ်နေ့ကိုတော့ ယခုထိ ကိုယ့်တစ်နေ့တာ ဖြတ်သန်းခဲ့ရတာကို မှတ်မိနေပါသေးတယ်။

မနက်ပိုင်းတော့ ရုံးပိုင်းနဲ့ဆိုင်တဲ့အလုပ်တွေ တစ်မနက်လုံး အလုပ်များခဲ့ပြီး၊ နေ့လည်ပိုင်းရောက်တော့လည်း အွန်လိုင်းသင်တန်းတက်ဖို့အတွက် kick off အတန်းအနေနဲ့တက်ခဲ့ရတဲ့နေ့ပေါ့။ (မန်နေဂျာဖက်ကနေ တစ်ဌာလုံးမှာ နှစ်ယောက်ထဲက တစ်ယောက်အနေနဲ့ ရွေးချယ်ခြင်းခံရပါတယ် 💫)

အတန်းလည်း တက်ပြီးရော နောက်တစ်နေ့အတွက် ဟိုတယ်က အခန်းသော့တွေ system ကနေဖြတ်လို့ရမှာ မဟုတ်တော့တဲ့အတွက်ကြောင့်၊ အရေးကြီးသုံးဖို့အနေနဲ့ အခန်းသော့ကဒ်ပေါင်း ၉၉၈ ကဒ် ဖြတ်ခဲ့ပေးရတဲ့နေ့ပဲ ဖြစ်ခဲ့ပါတယ်။

အခန်းသော့ဖြတ်တဲ့အချိန်မှာ ပြီးခါနီးမှ လက်တစ်စုံလွှဲလို့ ကိုယ့်ကိုလာကူညီဖို့ မည်သူတစ်ဦးတစ်ယောက်မှ "အကူအညီလိုလား" လို့မေးဖော်လည်း မရခဲ့သောနေ့ပေါ့။

ကိုယ့်ကိုယ်ကို အံ့ဩ၊ ပြန်သုံးသပ်မိခဲ့တဲ့နေ့ပါ။ သူတို့သာ အကူအညီလိုခဲ့ရင် ကိုယ့်ဖက်ကမေးဖော်၊ ကူညီပေးခဲ့ပေမဲ့ တစ်ကယ့်တစ်ကယ် ကိုယ့်အလှည့်ရောက်တော့ ကူကယ်ရာမဲ့တဲ့ တစ်နေ့ပေါ့။ လာကူညီပါဆိုပြီး အတင်းဆွဲခေါ်ရမယ့် အခြေအနေရောက်အောင်၊ အထူးသဖြင့် လုပ်ယူရမယ့်အဆင့်ရောက်အောင် အဲဒါတွေကတော့ ပြောမှလုပ်ပေးမယ်ဆိုတဲ့ ဂုဏ်ပုဒ်က ကိုယ့်အတွက် တန်ဖိုးမရှိနေ။

ပညာဆည်းပူးခဲ့စဉ်ခါက "မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်" ဆိုတဲ့ အနက်အဓိပ္ပာယ်ကို နားမလည်ခဲ့သလို အရွယ်ရောက်လာမှပဲ သူ့ရဲ့အနက်အဓိပ္ပာယ်ကို ကိုယ်တိုင်ကိုယ်ကျ လေးနက်စွာ နားလည်လာပါပြီ။ 🤍🩵💜🌱

16/09/2026

Did I speak Arabic? 🐪🐪
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

15/09/2026

Standard Check-in (5 mins) ⏰⏰
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

14/09/2026

What a Busy Morning! 🪁🪁
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

11/09/2026

Repeated Guest, All Set to Go! 🪂🪂
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

💠 လက်ရှိဟိုတယ်က ရာထူးလစ်လပ်မှုများ 💠လောလောလတ်လတ် ကျွန်တော်လုပ်နေတဲ့ ဟိုတယ်က vacant positions တွေပါ။ယခုလက်ရှိ ဒီဟိုတယ်မှာ...
11/09/2026

💠 လက်ရှိဟိုတယ်က ရာထူးလစ်လပ်မှုများ 💠

လောလောလတ်လတ် ကျွန်တော်လုပ်နေတဲ့ ဟိုတယ်က vacant positions တွေပါ။

ယခုလက်ရှိ ဒီဟိုတယ်မှာလည်း အလုပ်လုပ်နေပါတယ်။

ဘယ်နေရာ၊ ဘယ်ရာထူးပဲရရ စိန်ခေါ်မှုတွေရှိမှာ မလွဲဧကန်ပါပဲ။ သို့သော်ငြားလည်း ကိုယ့်ရဲ့ adaptability and communication ကိုကောင်းကောင်းမွန်မွန် အသုံးချရင်တော့ ကိုယ့်အတွက်လုပ်ငန်းခွင်မှာ ပိုပြီးတော့ အသက်ရှူချောင်ပါလိမ့်မယ်။

ဒီဟိုတယ်ရဲ့ working environment က ၉/၁၀ ပါ။ (ဒီဟိုတယ်မှာ အလုပ်လုပ်လို့ ၉ ပေးတယ်လို့မဟုတ်ရပါ။)

အလုပ်မရသေး၊ အလုပ်ရှာနေတုန်းဆိုရင်တော့ လျှောက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

အလုပ်လျှောက်ဖို့အတွက်ကတော့ ↩️

1) careers.marriott.com (website link)
2) Abu Dhabi - United Arab Emirates (location)
3) W Hotels (Brand)

Good Luck 🤍🩵💜🌱

10/09/2026

Extending One More Night 🦋🦋
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

09/09/2026

Requesting Document for Verification 🦥🦥
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

07/09/2026

Loyal Customer 🦚🦚
(Hospitality Industry Conversation)

A Burmese Guy's Daily Life as an Admin/ Receptionist

Address

Dubai

Website

Alerts

Be the first to know and let us send you an email when Journal of Khun - DXB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share