Ko Share Channel

Ko Share Channel ”What go around comes around.” Development

27/09/2025

26/09/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ကမ္ဘာကြီးကို QR ကုဒ်ပေးခဲ့ပြီး ဘာမှပြန်မတောင်းခဲ့သူ ၁၉၉၄ ခုနှစ် ဂျပန်အင်ဂျင်နီယာ မာဆာဟီရို ဟာရာဟာ Denso Wave ကုမ္ပဏီမှာ ...
19/09/2025

ကမ္ဘာကြီးကို QR ကုဒ်ပေးခဲ့ပြီး ဘာမှပြန်မတောင်းခဲ့သူ

၁၉၉၄ ခုနှစ် ဂျပန်အင်ဂျင်နီယာ မာဆာဟီရို ဟာရာဟာ Denso Wave ကုမ္ပဏီမှာ အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေခဲ့ရတယ်။ ကားပစ္စည်းတွေကို ခြေရာခံဖို့ ရိုးရိုး barcode တွေက လုံလောက်မှုမရှိတော့ဘူး။
ဒါနဲ့ သူက တီထွင်မှုအသစ်တစ်ခုကို ဖန်တီးလိုက်တယ် - Quick Response (QR) Code ပါ။

⁃ ရိုးရိုး barcode တွေထက် အဆ၁၀၀ ပိုများတဲ့ အချက်အလက်တွေ သိမ်းနိုင်တယ်။
⁃ ပိုမြန်ဆန်စွာ scan လုပ်နိုင်သလို ဘယ်ထောင့်ကနေမဆို ဖတ်နိုင်တယ်။
⁃ အနည်းငယ်ပျက်စီးနေလည်း အဆင်ပြေတယ်။

ဒါပေမယ့် ကမ္ဘာကို တကယ်ပြောင်းလဲစေခဲ့တာက ဒီအပိုင်းပါ။
⁃ အမြတ်အတွက် မူပိုင်ခွင့်patent မယူဘဲ Denso Wave က QR code ကို လူတိုင်းအတွက် အခမဲ့ပေးလိုက်တယ်။
-လိုင်စင်ကြေးမယူ၊ ကန့်သတ်ချက်မရှိ၊ လွတ်လပ်စွာအသုံးပြုခွင့် - ဒါကြောင့်မို့ ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းတွေမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့တယ်။
-လေယာဉ်လက်မှတ်၊ ငွေပေးချေမှုအက်ပ်၊ စားသောက်ဆိုင်မီနူး၊ COVID ကာကွယ်ဆေးမှတ်တမ်း၊ ပွဲလက်မှတ်တွေအထိ - QR code တွေဟာ ကမ္ဘာ့စံ ဒစ်ဂျစ်တယ်ဘာသာစကား ဖြစ်သွားခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နယ်နိမိတ်မရှိ တီထွင်မှုကို ယုံကြည်တဲ့ ရိုးသားစိတ်ရှိတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ ကျေးဇူးပါ။

မာဆာဟီရို ဟာရာဟာ ကုဒ်တစ်ခုကို တီထွင်ခဲ့တာမျှမဟုတ် - ပွင့်လင်းတဲ့နည်းပညာယဉ်ကျေးမှုကို ပုံဖော်ခဲ့တာပါ။

နောက်တစ်ကြိမ် QR code scan လုပ်တဲ့အခါ သတိရပါ - ဒါဟာ လက်ဆောင်တစ်ခုပါ။

ဘာသာပြန် -ဒေါက်တာစိုးသန်း
Photo from internet

Thanks for being a top engager and making it on to my weekly engagement list! 🎉Htwe Htwe, Thel Su, Sandar Thin, Than Tha...
19/09/2025

Thanks for being a top engager and making it on to my weekly engagement list! 🎉

Htwe Htwe, Thel Su, Sandar Thin, Than Than Oo, Kochit Gyi

17/09/2025
စာဖတ်သမား ၃ မျိုးပထမတစ်မျိုးက ဗဟုသုတရရုံဖတ်တာ။ တချို့လည်း လူကြားသူကြားမှာ ပြောနိုင်ဆိုနိုင်ဖို့ဖတ်ကြတာ။ ဒါပေမဲ့ သူတို့က ...
17/09/2025

စာဖတ်သမား ၃ မျိုး

ပထမတစ်မျိုးက ဗဟုသုတရရုံဖတ်တာ။ တချို့လည်း လူကြားသူကြားမှာ ပြောနိုင်ဆိုနိုင်ဖို့ဖတ်ကြတာ။ ဒါပေမဲ့ သူတို့က စာဖတ်လိုက်လို့ရတဲ့အသိကို အသိအဖြစ်ပဲထားပြီး Apply မလုပ်ဖြစ်ဘူး။ ဒီအမျိုးအစားသမားတွေက လူတောတိုးပေမဲ့ လက်တွေ့မှာ အပြောင်းအလဲကြီးကြီးမားမားမဖြစ်ကြဘူး။

ဒုတိယတစ်မျိုးက အများက စာအုပ်ကြီးသမားလို့ခေါ်မယ့်သူမျိုးတွေ။ သူတို့က စာဖတ်ပြီးကျင့်သုံးတယ်။ ကျင့်သုံးတာကိုမှ သူဖတ်ထားတဲ့အထဲကအတိုင်း တစ်သဝေမတိမ်းယူဖို့ကြိုးစားတာ။ ခက်တာက စာအုပ်တွေထဲကအရာအားလုံး ကိုယ်လိုက်လုပ်လို့အဆင်ပြေချင်မှပြောတာ။ ဥပမာ - နိုင်ငံခြားသားရေးတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်နည်းစာအုပ်အတိုင်း မြန်မာပြည်မှာ တစ်သဝေမတိမ်းလိုက်လုပ်လို့ မရပါဘူး။ သူတို့နိုင်ငံက ဥပဒေ၊ မူဝါဒတွေ၊ Consumer Behavior တွေ စသဖြင့် ကိုယ့်နိုင်ငံက အခြေအနေနဲ့ တူတာတွေရှိသလို ခြားနားတာတွေလည်း အများကြီးရှိနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ လက်တွေ့အသုံးချဖို့အတွက်ဖတ်တဲ့သူတွေ။ သူတို့က စာဖတ်တယ်။ စာအုပ်အစုံဖတ်တယ်။ ဖတ်ထားတဲ့အထဲကနေ ကောင်းနိုးရာရာ၊ ကိုယ့်နဲ့သင့်တော်ရာကို ထုတ်နုတ်ပြီး လက်တွေ့အသုံးချဖြစ်တာ။ ယူသင့်တာကို ယူပြီး ပယ်သင့်တာကို ပယ်တယ်။ သူတို့ကတော့ ပါးနပ်တဲ့၊ ဉာဏ်ကောင်းတဲ့ စာဖတ်သမားလို့လည်း ပြောလို့ရတယ်။

မိတ်ဆွေဆိုရင်ကော ဘယ်စာဖတ်သမားအမျိုးအစားထဲ ပါလဲ။



photo from.pixabay

အခက်အခဲတစ်ခုခု စွန့်လွှတ်ပေးဆပ်စရာ တစ်ခုခုနဲ့ ကြုံလာတဲ့အခါတိုင်း ကျွန်မက ပိုကောင်းဖို့ဖြစ်လာတာပါလို့ ကိုယ့်ကိုယ်ကိုယ် အာ...
15/09/2025

အခက်အခဲတစ်ခုခု စွန့်လွှတ်ပေးဆပ်စရာ တစ်ခုခုနဲ့ ကြုံလာတဲ့အခါတိုင်း ကျွန်မက ပိုကောင်းဖို့ဖြစ်လာတာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်လေ့ရှိပါတယ် ။ တကယ်လည်း ပိုကောင်းဖို့အတွက် အဆိုးဆုံးသော အခြေအနေတွေကို ကျွန်မတို့ ဖြတ်ကျော်ခဲ့ဖူးပါတယ် ။ အမှောင်ဆုံးနေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းနေချိန်မျိုးမှာတောင် ကျွန်မက အလင်းရောင်ရှိရာနေ့ရက်လေးဆီ မှန်းဆမြင်ယောင်ကြည့်မိတတ်ပါတယ် ။

စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်းလည်း ငါ ကံဆိုးလိုက်တာ ဖြစ်မှဖြစ်ရလေစတဲ့ အတွေးမျိုးတွေ မတွေးဘဲ အို..ပိုကောင်းဖို့ဖြစ်လာတာ….လို့ မမြင်ရသေးတဲ့ အနာဂါတ်ကို လှမ်းပြီး အကောင်းမြင် တွေးထားလိုက်ပါတယ် ။ အဲ့ဒီလိုတွေးလိုက်တာဟာ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်ကလေးနဲ့ ရှင်သန်နေအောင် အားပေးဖေးမနှစ်သိမ့်လိုက်ခြင်းလည်းဖြစ်ပါတယ် ။

တစ်ခါတစ်ရံမှာ ကျွန်မတို့ဘဝမှာ မျှော်လင့်စရာမရှိတော့လောက်အောင် ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ လူက ကူကယ်ရာမဲ့ အားငယ်တုန်လှုပ်သွားတတ်ပါတယ် ။ စိတ်ဓါတ်တွေကျသွားတတ်ပါတယ် ။ အဆိုးဆုံးအခြေအနေတစ်ခု ဖြစ်နေဆဲဆိုရင်တောင် မကြာခင်မှာ အကောင်းတစ်ခု ဖြစ်လာတော့မှာလို့ ကြိုတွေးထားလိုက်စေချင်ပါတယ်..။ တကယ်လည်း ကိုယ့်ရဲ့စိတ်ကို အကောင်းဘက်ကို တည့်ထားပေးပြီး…ကိုယ် လုပ်သင့်တာတွေကို ပုံမှန်လေး ဆက်လုပ်နေဖို့ လိုပါတယ်…။

အဆင်မပြေစရာ ဒုက္ခတစ်ခုနဲ့ရင်ဆိုင်ရတိုင်း ကျွန်မက ငါ့မှာ ကုသိုလ်နည်းနေပြီလို့တွေးပြီး ကောင်းမှုကုသိုလ်တွေ ပိုလုပ်ဖြစ်ပါတယ် ။ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရတုန်းကဆို တစ်နေ့တစ်နေ့ တရားအလုပ်တွေနဲ့သာ အချိန်ကုန်စေပြီး ကိုယ့်ရဲ့ အားငယ်နွမ်းလျနေတဲ့ စိတ်နှလုံးကို တရားရေအေးအကြည်ဓာတ်ကလေးနဲ့သာ စိမ်ထားလိုက်တော့တာပါပဲ ။ ပြီးတော့…တွေးပါသေးတယ် ။

ဪ ငါတို့ဘဝမှာ အားကိုးစရာ ဒီတရားရှိနေတာဘယ်လောက်လုံခြုံလိုက်သလဲ ဘာတွေပဲဖြစ်လာဖြစ်လာလူတောင်တစ်နေ့ ေ့သရဦးမှာ အားလုံးကို ရင်ဆိုင်ရမှာပဲဆိုတဲ့အတွေးနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်..။

တကယ်တွေးကြည့်လိုက်တိုင်း ကျေးဇူးတင်စရာကောင်းလှပါတယ် ။ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ တရားကို အားကိုးလိုက်တိုင်း စိတ်နှလုံးငြိမ်းချမ်းသွားပြီး ဘာကိုမှ ကြောက်ရွံ့အားငယ်ခြင်း မဖြစ်တော့တာ တရားရဲ့တန်ခိုးပဲဖြစ်ပါတယ် ။ တကယ်လည်း အဆိုးဆုံးအခြေအနေကနေ တဖြည်းဖြည်း ကောင်းကောင်းလာခဲ့တာပါပဲ ။ ဘယ်သူ့ဘဝမှာမှ တစ်ချိန်လုံး အဆိုးတွေချည်း ရင်ဆိုင်နေရတာမဟုတ်ပါဘူး ။ အဆိုးနဲ့ ရင်ဆိုင်ရတိုင်း ကောင်းတာတွေ
ပိုလုပ်ပြီး ကောင်းဖို့ဖြစ်လာတာလို့ တွေးကြည့်ပါ ။

#လွန်းထားထား #ပိုကောင်းဖို့ဖြစ်တာပါ

photo from pixabay

Turn your wounds into Wisdom.              Oprah Winfrey ဒဏ်ရာတွေကို ညဏ်ပညာဖြစ်အောင်ပြောင်းလဲပါ။              အော်ပရာဝင်...
14/09/2025

Turn your wounds
into Wisdom.
Oprah Winfrey

ဒဏ်ရာတွေကို ညဏ်ပညာဖြစ်အောင်
ပြောင်းလဲပါ။
အော်ပရာဝင်းဖရေး

from google

ကျွန်မဖေဖေက မိန်းမချစ်တဲ့သူလို့ အများသိထားကြပေမယ့် ကျွန်မ မင်္ဂဆောင်ပြီးတဲ့ နောက်တစ်နေ့မှာပဲ မေမေနဲ့ ကွာရှင်းဖို့ သူဆုံး...
12/09/2025

ကျွန်မဖေဖေက မိန်းမချစ်တဲ့သူလို့ အများသိထားကြပေမယ့် ကျွန်မ မင်္ဂဆောင်ပြီးတဲ့ နောက်တစ်နေ့မှာပဲ မေမေနဲ့ ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မ မင်္ဂလာရက် ဒုတိယနေ့မှာ ဖေဖေဟာ မေမေ၊ ကိုကိုနဲ့ ကျွန်မတို့ကို ခေါ်ပြီး "ငါ ကွာရှင်းချင်တယ်" လို့ တည်တည်ငြိမ်ငြိမ် ပြောပါတယ်။

ဖေဖေ့စကားကြားတာနဲ့ ကျွန်မတို့
ရုတ်တရက် မှင်သက်သွားကြတယ်။

မေမေ့မျက်နှာပေါ် ရှက်ရိပ်၊ ဝမ်းနည်းရိပ်တွေ ဖြတ်စီးသွားတယ်။ ဖေဖေက " ငါပင်ပန်းနေပြီ... အခု မင်းတို့လည်း အိမ်ထောင်ကျကုန်ပြီဆိုတော့ လက်ကျန်အချိန်လေးမှာ ငါ့အတွက် ငါရှင်ချင်သေးတယ်"လို့ ပြောတယ်။

မေမေက မာနတစ်ခွဲသားနဲ့ "ကွာဆိုလည်း ကွာပေါ့... အိမ်က ပစ္စည်းဥစ္စာတွေက ကျွန်မ ရှာထားတာတွေပဲ... တစ်ပြားတစ်ချပ်မှ ရဖို့ မစဉ်းစားနဲ့" လို့ ဒေါသတကြီးအော်တယ်။ ဖေဖေက ဘာမှမပြောဘဲ ခေါင်းညိတ်လို့သာ နေတယ်။

တစ်ပတ်အကြာမှာ ကွာရှင်းစာချုပ် ယူပြီး ဖေဖေ ရွာပြန်သွားတယ်။ လွတ်လပ်မှုက လွဲပြီး သူ ဘာမှ ယူမသွားဘူး။

🔸

တစ်ချိန်တုန်းက ဖေဖေ့ကို မေမေ စပိုးပန်းခဲ့တာပါ။ တက္ကသိုလ်တက်တုန်းက ဖေဖေက ဆင်းရဲပေမယ့် ရုပ်ချောတယ်၊ အရည်အချင်းရှိတယ်။ မေမေ့မိသားစုက ချမ်းသာတယ်။ ဖေဖေ့ကို မေမေက နေရောင်ခြည်လို အမြဲနွေးထွေးမှုပေးတယ်။

ကျောင်းပြီးတော့ လူကြီးမိဘတွေ ကန့်ကွက်တာကြောင့် နှစ်ယောက်သား နာနာကျင်ကျင် လမ်းခွဲလိုက်ကြတယ်။ ရထားနဲ့ ထွက်သွားတဲ့ ဖေဖေ့နောက် မေမေ ငိုပြီး အပြေးလိုက်တယ်။ ဖေဖေက နောက်ဘူတာမှာ ဆင်းပြီး မေမေ့ဆီ အပြေးပြန်လာတယ်။ ဒီနောက်ပြန်အလှည့်က ဘဝတစ်ဝက်စာလောက် ဖြစ်သွားတယ်။

လက်ထပ်ပြီးနောက် အဘိုးအဘွားက မေမေကို အိမ်နဲ့ကား ဝယ်ပေးတယ်။ ဖေဖေက ဒီဇိုင်းသုတေသနဌာနကို ဝင်ခွင့်ရတယ်။ ကိုကို့ကို မွေးတော့ ကလေးထိန်းငှားတာ အဆင်မပြေခဲ့ဘူး။ တစ်နေ့မှာ ကိုကို အသည်းအသန်ငိုတယ်...ကလေးထိန်းက သူ့ဖုန်းနဲ့ပဲ အလုပ်များနေတယ်။ ဒါကို ဖေဖေတွေ့တော့ ကလေးထိန်းကို ချက်ချင်း အလုပ်ထုတ်ပစ်ပြီး သူပဲ ကလေးထိန်း လုပ်တော့တယ်။

ကျွန်မကို မွေးတော့ ဖေဖေ အလုပ်ပိုများလာတယ်။ အနှီးလဲရ၊ အိမ်စာကူလုပ်ရ၊ မိဘအစည်းအဝေးတက်ရနဲ့ နေ့မအား ညမအား ဖြစ်တော့တယ်။

မေမေကလည်း သူ့အလုပ်နဲ့သူ မအားဘူး။ ကျွန်မတို့မှတ်ဉာဏ်ထဲမှာ မေမေဟာ "ပိုက်ဆံပေးသူ" လို့ပဲ ကျွန်မတို့ သိထားတယ်။

ကျွန်မဆယ်နှစ်အရွယ်မှာ အဘိုးအပြင်းဖျားတယ်။ မေမေက စက်ရုံအလုပ် တာဝန်ယူရလို့ အဘိုးကို ပြုစုစောင့်ရှောက်တဲ့ တာဝန်က ဖေဖေ့တာဝန်ဖြစ်သွားတယ်။ အဘွားက "သူက အားနေတဲ့လူပဲ" လို့ ပြောတယ်။

၂ နှစ်အကြာ အဘိုးလေဖြတ်ပြီး လုံးဝမလှုပ်နိုင်တော့ ထမင်းခွံ၊ ကျင်ကြီး ကျင်ငယ်စွန့်၊ ရေပတ်တိုက်တာတွေ ဖေဖေပဲ လုပ်တယ်။ နောက်ဆုံး ဖေဖေ အရိုးအဆစ်ရောင်ရောဂါ ရပြီး တူကိုင်ရင်တောင် လက်တုန်တယ်။

ဒါကို တစ်အိမ်သားလုံး အလေးအနက် မထားကြဘူး။ ဒီအလုပ်က ဖေဖေ လုပ်သင့်လုပ်ထိုက်တယ်ပဲ ထင်ခဲ့ကြတယ်။

ပုန်ကန်တဲ့အရွယ်မှာ မေမေနဲ့ ကျွန်မတို့ မကြာခဏ ငြင်းခုံစကားများကြတယ်။ ဖေဖေက ကျွန်မတို့ကို ခေါ်ပြီး မေမေ့အလုပ် လိုက်ပြတယ်။ တောထဲက ဆင်းရဲသားလေးတွေကို လိုက်ပြတယ်။
"မေမေ အလုပ်ကြိုးစားလုပ်နေတာဟာ သမီးတို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင်လို့... သူက သမီးတို့အပေါ် နည်းမှန်လမ်းမှန် မလုပ်တတ်လို့ပါ" လို့ ဖေဖေပြောတယ်။ မိသားစုမျှတမှုကို ဖေဖေ အမြဲ ကာကွယ်ခဲ့တယ်။

မေမေ့အပေါ် ဖေဖေ အကြင်နာပိုခဲ့တယ်။ မေမေ အိမ်ပြန် ဘယ်လောက်ပဲ နောက်ကျနေပါစေ မီးဖိုထဲမှာ ဟင်းရည်နွေးနွေး အမြဲရှိတယ်။ မေမေ ရေချိုးရင် အဝတ်အစားတွေ သူ ကူယူပေးတယ်။ မေမေဖျားရင် ခြေဆုပ်လက်နှယ် သူပြုစုတယ်။

ဒါဟာ ဖေဖေ့စိတ်တိုင်းကျလို့ လူတိုင်းထင်နေခဲ့တာကြောင့် ကွာရှင်းဖို့ ဖေဖေပြောလာတဲ့အခါ ကျွန်မတို့ လက်မခံနိုင်ဖြစ်ကြတယ်။

🔸

ဖေဖေမရှိတဲ့နောက် မေမေ့နေ့ရက်တွေ ရှုပ်ယှက်ခတ်သွားတယ်။ အဲဒီနှစ် ဆောင်းအဝင်မှာပဲ အဘွားအဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ရတယ်။ မေမေက နေ့ဘက်အလုပ်လုပ် ညဘက် အဘွားကို စောင့်ရှောက်နဲ့ နေ့မအား ညမအား ဖြစ်တော့တယ်။

ပင်ပန်းလွန်းလို့ မေမေရောဂါဟောင်း ပြန်ထတယ်။ ဦးလေးနဲ့ ဒေါ်လေးက တစ်ယောက်ကိုတစ်ယောက် လွဲချတယ်.. "အရင်တုန်းက ခဲအိုက အပြုအစုသိပ်ကောင်းတယ်"။ အဲဒီအချိန်ကျမှ အဘွားနောင်တရပြီး မေမေကို ဖေဖေနဲ့ ပြန်ပေါင်းဖို့ စည်းရုံးကြည့်လို့ ကျွန်မဆီ ဖုန်းဆက်ပြောတယ်.. " နင့်အမေကတော့ နင့်အဖေမရှိရင် အခက်တွေ့လိမ့်မယ်"

နှစ်သစ်ကူးခါနီး အဘွား ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားတယ်။
မေမေ တော်တော်နာကျင်ခံစားရပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးရာထူးကနေ နှုတ်ထွက်လိုက်တယ်။ ခြောက်လအကြာမေမေ စိတ်ကျရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိလိုက်တယ်။

နေထိုင်မှုစွမ်းရည် မေမေကျရှုံးလာတယ်။ မေမေ ထမင်းဟင်းချက်တာ အိမ်မီးလောင်ခါနီးပဲ။ သူ နေပျော်မနေတော့ဘူး။ သားနဲ့ ချွေးမကလည်း ကလေးရှိတော့ ကိုယ်ခွဲမရှိဘူး။ ကျွန်မက အဝေးမှာ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိနေတော့ မေမေဟာ တကယ်ပဲ တစ်ယောက်တည်းဖြစ်နေတော့တယ်။

တစ်နှစ်တောင် မကြာဘူး မေမေရုပ်ကျသွားတယ်။ ကျွန်မအိမ်ပြန်ချိန် ညနက်သန်းခေါင်မှာ ဓာတ်ပုံဟောင်းတွေ ထုတ်ကြည့်ပြီး မေမေငိုနေတာ ကြားခဲ့ရတယ်။ မေမေ နောင်တရနေပါပြီ... မိသားစုတစ်စုလုံး ဖေဖေ့ပေးဆပ်မှုကို ခံယူပြီး ဖေဖေ့ကို အမှန်တကယ် မလေးစားခဲ့ကြဘူး။

ကွာရှင်းပြီး ဒုတိယနှစ် ဆောင်းနေ့မှာ မေမေ ကြောင်တောင်တောင်နဲ့ လမ်းဖြတ်ကူးလို့ ကားတိုက်ခါနီးဖြစ်ခဲ့တယ်။ အိမ်နီးချင်းတွေက သူရက်အတော်ကြာ အိမ်ထဲအိမ်ပြင် မထွက်ဘူးလို့ ပြောတယ်။ ကိုကိုနဲ့ ကျွန်မ ဖေဖေ့ကို မရရအောင် သွားရှာတော့တယ်။

သတင်းကြားတာနဲ့ ဖေဖေ ချက်ချင်း ရောက်လာတယ်။ မေမေက ဖေဖေကို တွေ့တာနဲ့ လက်မောင်းဖက်ပြီး ငိုတယ်။ ဖေဖေလည်း မျက်ရည်အဝဲသားနဲ့.. "ဘာမဖြစ်ဘူး.. ဘာမဖြစ်ဘူး.. ကိုယ်ရှိနေပြီနော်" လို့ ဆိုတယ်။ ဖေဖေက မေမေကို သူနေတဲ့ တံငါရွာလေးဆီ ခေါ်သွားလိုက်တယ်။

နွေရာသီရောက်လို့ သူတို့ဆီ ကျွန်မသွားလည်တော့ မေမေ့အသား ညိုမည်းသွားပေမယ့် စွမ်းအင်အပြည့် ဖြစ်နေတယ်။ မျက်လုံးအရောင် တောက်နေတယ်။ ကျွန်မတို့စားဖို့ ထမင်းဟင်းကို သူ ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်တယ်။ တစ်ချိန်တုန်းက ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ခဲ့တဲ့ သူဌေးသမီးနဲ့ တခြားစီပါပဲ။

"အရင်တုန်းက မေမေကို ဖေဖေက ပိုးမွေးသလို မွေးခဲ့တာလေ.. ခုတော့ သူနဲ့အတူ အိမ်မှုကိစ္စလုပ်၊ သက်ကြီရွယ်အိုတွေကို ပြုစုတယ်" လို့ ဖေဖေက ပြောတယ်။

ဒီမိသားစုဟာ အဖေ့ရဲ့ ပံ့ပိုးကူညီမှုအောက် ခွဲထွက်လို့ မရဘူးဆိုတာ မေမေနားလည်သွားတယ်။ အရင်တုန်းက စိတ်တိုင်းကျ မေမေ နေထိုင် လုပ်ကိုင်နိုင်တာဟာ သူ့နောက်ကွယ်မှာ ဖေဖေက အရာရာကို ပခုံးထမ်းထားလို့ ဖြစ်တယ်။

"ဒီကိုရောက်မှ သမီးဖေဖေ ပင်လယ်စာကြိုက်မှန်း မေမေသိတယ်။ မေမေက ပင်လယ်စာနဲ့ မတည့်လို့ အိမ်ထောင်ကျတဲ့တစ်လျှောက် ထမင်းစားပွဲမှာ ပင်လယ်စာ မတွေ့ခဲ့ဘူး" မေမေက မျက်ရည်အဝဲသားနဲ့ ဖေဖေ့ကို "ကျွန်မအလိုကို လိုက်ခဲ့သမျှ ကျေးဇူးတင်ပါတယ်နော်.. နောင်ဘဝရှိရင် ရှင့်ကိုတစ်လှည့် ကျွန်မ ပြုစုစောင့်ရှောက်ပါရစေ" လို့ ပြောတယ်။

ဖေဖေ့မျက်ဝန်းလည်း အရည်လဲ့နေတယ်။ သူလည်း တစ်ချိန်က ရည်မှန်းချက်တွေ ရှိခဲ့ပေမယ့် မွေးရပ်မြေကို ခွာပြီး မိသားစုတစ်ခုလုံးအတွက် ပေးဆပ်ခဲ့တယ်။

ပေးဆပ်တာက ကြောက်စရာမကောင်းပါဘူး.. ကြောက်စရာကောင်းတာက အဲဒီပေးဆပ်မှုကို မမြင်၊ တန်ဖိုးထားမခံရတာပါ။ ဖေဖေဟာ အေးစက်နာကျင်တဲ့ နှလုံးသားနဲ့ ထွက်ခွာခဲ့ပြီး လက်ကျန်ဘဝကို သူရွေးချယ်တဲ့ လမ်းအတိုင်း ဖြတ်သန်းနေခဲ့တယ်။ ဒါပေမဲ့ မေမေလိုအပ်လာချိန်မှာတော့ တုံ့ဆိုင်းမနေဘဲ ပြန်လှည့်လာခဲ့တယ်။

ဖေဖေရဲ့ ပေးဆပ်အနစ်နာခံတာကို နောက်ဆုံးမှာ ကံကောင်းစွာနဲ့ မေမေနားလည်သွားတယ်။ ပြန်လည်ပေးဆပ်ဖို့၊ တန်ဖိုးထားဖို့ကိုလည်း သင်ယူနိုင်သွားတယ်။

နှလုံးသားနှစ်ခု နီးကပ်လာတဲ့အခါ အချင်းချင်း နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုကလည်း ရှိလာတယ်။ ဒီလိုဆိုရင် လက်ကျန်ဘဝဟာ မိုးလေကင်းပြီး ချမ်းမြေ့သာယာနေမှာဖြစ်ပါတယ်။
(ဖတ်မိတဲ့ စာတစ်ပုဒ်.. ဘာသာပြန်မျှဝေပါတယ် )
#နိုင်းနိုင်းစနေ

ဒဏ်ရာဒဏ်ချက်တွေကြားက ပြန်လည်ရှင်သန်လာတဲ့အခါ  အရင်ကထက် ပိုလှပပါတယ်။Kintsugi ဆိုတာ သုံးနေကျဖန်ခွက်လေးတွေ ပန်းအိုးလေးတွေ ကျ...
11/09/2025

ဒဏ်ရာဒဏ်ချက်တွေကြားက ပြန်လည်ရှင်သန်လာတဲ့အခါ အရင်ကထက် ပိုလှပပါတယ်။

Kintsugi ဆိုတာ သုံးနေကျဖန်ခွက်လေးတွေ ပန်းအိုးလေးတွေ ကျကွဲသွားတဲ့အခါ လွှင့်မပစ်ဘဲ ရွှေနဲ့ပြန်ဆက်ပြီး ပြုပြင်တဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ အက်ကွဲကြောင်းလေးတွေကို ဖုံးကွယ်မထားဘဲနဲ့ ကွဲအက်ခြင်းရဲ့ သမိုင်းကြောင်းကိုဖော်ပြပြီး ပိုမိုလှပစေပါတယ်လို့ ဆိုလိုပါတယ်။

ဒီတော့. . . Kintsugi ရဲ့အဓိပ္ပာယ်က ဒဏ်ရာတွေကို အလှတရားအဖြစ်ပြောင်းလဲခြင်းပါပဲ💐

ကျွန်မတို့ရဲ့ ဘဝတွေမှာလည်း ဖန်ခွက်လေးတွေလို အကြိမ်ကြိမ်အခါခါ ကျကွဲခဲ့ဖူးပါတယ်

စိတ်ရောကိုယ်ပါ ကျိုးကြေပျက်စီးခဲ့ဖူးတယ်
အိပ်မက်တွေလည်း ကျကွဲခဲ့ဖူးမှာပဲ

အသည်းတွေလည်း ကွဲဖူးတယ်
ငွေကြေးတွေလည်း ဆုံးရှုံးဖူးသလို
ကိုယ်တိုင်ချခွဲခဲ့ရတဲ့ အနာဂတ်တွေလည်း ရှိဖူးပါတယ်

ဒဏ်ရာတိုင်းဟာ သင်ခန်းစာပါပဲ။ ကြုံလာတဲ့ နာကျင်မှုတိုင်းဟာ ကျွန်မတို့ဘဝတွေကို ပိုမိုကောင်းမွန်စွာနဲ့ ဆက်လက်ရှင်သန်စေပါတယ်။

လူတိုင်းလူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ရလာတဲ့ စိတ်ဒဏ်ရာတွေရှိကြပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေရတာဟာ ကျွန်မတို့နဲ့တိုက်ရိုက်အချိုးကျမနေရင်တောင် ပြန်လည်ကုစားနိုင်ဖို့ဟာတော့ ကျွန်မတို့ရဲ့တာဝန်သာဖြစ်ပါတယ်။

#စူးရှမေ
#ကုစားခြင်းနှင့်ရှေ့ဆက်ခြင်း

Address

Abu Dhabi

Website

Alerts

Be the first to know and let us send you an email when Ko Share Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share