Ko Share Channel

Ko Share Channel ”What go around comes around.” Development

04/01/2026

မှတ်ထားပါ... "Big doors swing on small hinges."တံခါးရွက်ကြီးကြီးတွေဟာ ပတ္တာသီး သေးသေးလေးတွေအပေါ်မှာပဲ မူတည်ပြီး ပွင့်ကြတ...
01/01/2026

မှတ်ထားပါ...
"Big doors swing on small hinges."
တံခါးရွက်ကြီးကြီးတွေဟာ ပတ္တာသီး သေးသေးလေးတွေအပေါ်မှာပဲ မူတည်ပြီး ပွင့်ကြတာပါ။
#ဖတ်မိသောစာ

25/12/2025

ဘဝက အရွယ်တစ်ခုရောက်လာတော့ပျော်ရွှင်ဖို့ထက် ပိုဦးစားပေးရမှာတွေသတိထားမိလာတယ်။တစ်ကယ်တော့ ဘဝက ဘယ်သူ့ကိုမှလိုသလောက် မပေးတာမဟု...
15/12/2025

ဘဝက အရွယ်တစ်ခုရောက်လာတော့
ပျော်ရွှင်ဖို့ထက် ပိုဦးစားပေးရမှာတွေ
သတိထားမိလာတယ်။

တစ်ကယ်တော့ ဘဝက ဘယ်သူ့ကိုမှ
လိုသလောက် မပေးတာမဟုတ်ပါဘူး
လူတွေက ပေးတာထက် အမြဲတမ်း
ပိုလိုချင်ခဲ့ကြတာပါ။

များများရနေရင်တောင် ဘဝက
လုံလောက်ပါပြီလေဆိုပြီး
အသံထွက်မလာတာ ကိုယ်အပါဝင်ပါပဲ။
အခုတော့ လုံလောက်နေပါပြီလို့
တွေးဖြစ်ဖို့ပဲ ကြိုးစားချင်တော့တယ်။

လောဘမောဟ ကင်းရတဲ့ဘဝက
ပိုပြီး ရှင်သန်ရလွယ်ကူစေတယ်
မဟုတ်လား?

ဘဝမှာ ဖြစ်ချိန်တန်ရင် ဖြစ်ရမှာပါပဲ
ပျက်ချိန်တန်ရင် ပျက်ရမှာပဲဆိုပြီး
တွေးကြည့်ပါ အရင်ဆုံး ကိုယ်ပဲ
အေးချမ်းရမှာ မဟုတ်လား။

ကိုယ်လုပ်ယူလို့ မရတဲ့အရာတွေကို
အကောင်းဘက်ကတွေးပြီး နားလည်တတ်ဖို့ပါ။
အမှန်တစ်ကယ် ကိုယ်လုပ်ယူလို့ရတာဟာ
ကိုယ့်ရဲ့ စိတ်တစ်ခုထဲပါ။
ဘယ်တော့မဆို အကောင်းအဆိုးဆိုတာ
ဒွန်တွဲနေတာမဟုတ်လား။

အမှန်တစ်ကယ် လိုအပ်တာက
ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ရိုးရှင်းပြီး
အရာရာကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့
မျှော်လင့်ပါတယ်။
#vℹ︎ctorℹ︎a
#စာပေ

ကြီးလာရင် ပြဿနာတွေကိုဖြေရှင်းနိုင်လိမ့်မယ်လို့ ငယ်ငယ်က ထင်ခဲ့တယ်။ကြီးလာမှ ပြဿနာအားလုံး စတယ်ဆိုတာနောက်ပိုင်းမှ သဘောပေါက်လ...
02/12/2025

ကြီးလာရင် ပြဿနာတွေကို
ဖြေရှင်းနိုင်လိမ့်မယ်လို့ ငယ်ငယ်က ထင်ခဲ့တယ်။

ကြီးလာမှ ပြဿနာအားလုံး စတယ်ဆိုတာ
နောက်ပိုင်းမှ သဘောပေါက်လာတယ်။

#နိုင်းနိုင်းစနေ
#စာပေ

မရိုးသားသည့်မိတ်ဆွေသည် သားရဲတိရိစ္ဆာန်ကြီးများထက်ပိုကြောက်ဖို့ ကောင်း၏။သားရဲများသည် လူကိုယ့်ကိုသာ နာကျင်အောင် လုပ်နိုင်ပ...
26/11/2025

မရိုးသားသည့်မိတ်ဆွေသည် သားရဲတိရိစ္ဆာန်ကြီးများထက်

ပိုကြောက်ဖို့ ကောင်း၏။

သားရဲများသည် လူကိုယ့်ကိုသာ နာကျင်အောင် လုပ်နိုင်ပြီး

မိတ်ဆွေဆိုးမှာမူ စိတ်ကိုပါ နာကျင်အောင်လုပ်နိုင်သည်။
#ဗုဒ္ဓ

💞 လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား🤍 မိန်းမဆီကနေ ယောက်ျားလိုအပ်တာက၁။ နားလည်ပေးမှု၂။ ယုံကြည်မှု၃။ အားပေးမှု...
23/11/2025

💞 လင်မယားကို တစ်သက်တာချစ်သူဖြစ်စေတဲ့ အကြောင်းတရား

🤍 မိန်းမဆီကနေ ယောက်ျားလိုအပ်တာက

၁။ နားလည်ပေးမှု
၂။ ယုံကြည်မှု
၃။ အားပေးမှု
၄။ အသိအမှတ်ပြုမှု
၅။ လေးစားမှု


🤍ယောက်ျားဆီကနေ မိန်းမလိုအပ်တာက

၁။ စိတ်လုံခြုံမှု
၂။ ရိုမန်တစ်ဆန်မှု ( surprise တိုက်တာ)
၃။ အလိုလိုက်တာ၊ ချော့မော့တာ


🤍 လင်မယားကြား အဓိကပြဿနာက

၁။ ငွေရေးကြေးရေးပြဿနာ
၂။ လိင်ပိုင်းဆိုင်ရာပြဿနာ
၃။ ပြောဆိုဆက်ဆံရေးပြဿနာ

🤍လင်မယားကြား ပိုလုပ်ရမယ့်အရာနဲ့
လျော့လုပ်ရမယ့်အရာ

၁။ သူ့ပြောင်းလဲမှုကို ပိုအာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ပိုကြည့်ပါ။
၃။ အပြုသဘောဆောင်တဲ့ စကားကို ပိုပြောပါ။
၄။ အပြစ်တင်တာ နည်းပါစေ။
၅။ ဝေဖန်တာ နည်းပါစေ။
၆။ အထင်မှားတာ နည်းပါစေ။

🤍 လင်မယားကြား လုပ်ဆောင်သင့်တဲ့အချက်

၁။ သူ့ကောင်းကွက်ကို အာရုံစိုက်ပါ။
၂။ သူ့အားသာချက်ကို ချီးကျူးပါ။
၃။ သူ့အခက်အခဲကို နားလည်ပါ။
၄။ သူ့အားနည်းချက်ကို သည်းခံပါ။

🤍 လင်မယားကြား ပြောရမယ့်စကား

၁။ ဆောရီး... ငါမှားသွားတယ်
၂။ နင့်ကို ငါယုံတယ်
၃။ နင့်အတွက် ငါဂုဏ်ယူတယ်
(နင် သိပ်တော်တာပဲ)
၄။ ချစ်တယ်နော်


🤍 လင်မယားကြား အတူတကွ ရှိသင့်တဲ့အချက်

၁။ ဘဝရည်မှန်းချက်
၂။ နေထိုင်မှုပတ်ဝန်းကျင်
၃။ ပြောစရာအကြောင်းအရာ
၄။ မိတ်ဆွေ သူငယ်ချင်း

မိသားစုကိစ္စမှာ အမှား၊ အမှန်ဆိုတာ မရှိဘူး။ သဟဇာတဖြစ်မဖြစ်၊ ညီညွတ်မှု ရှိမရှိပဲ ရှိတယ်။ သဟဇာတဖြစ်မှ အရာအားလုံး အောင်နိုင်တယ်။

အိမ်က အငြင်းပွားရာ နေရာ မဟုတ်ဘူး...
မေတ္တာအကြောင်း ပြောမယ့်နေရာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးက မေတ္တာဖြစ်ပြီး အစွမ်းထက်ဆုံး လက်နက်က ခံစားသက်ဝင်မှုဖြစ်တယ်။

-- မျှဝေပါတယ်.. ကျွန်မလည်း သင်ယူနေဆဲပါ

#နိုင်းနိုင်းစနေ

ငယ်ငယ်ကတည်းက ကျွန်မတို့အားလုံး "ခြိုးခြံချွေတာပါ။ ငွေစုပါ" ဆိုတဲ့ ဆုံးမစကားတွေကို ကြားလာခဲ့ရပါတယ်။ ငွေစုခြင်းဟာ ကိုယ့်အတ...
22/11/2025

ငယ်ငယ်ကတည်းက ကျွန်မတို့အားလုံး "ခြိုးခြံချွေတာပါ။ ငွေစုပါ" ဆိုတဲ့ ဆုံးမစကားတွေကို ကြားလာခဲ့ရပါတယ်။ ငွေစုခြင်းဟာ ကိုယ့်အတွက် လုံခြုံမှုနဲ့ စိတ်အေးချမ်းမှုကို ပေးတဲ့အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမဲ့ ခေတ်မီငွေကြေးလောကရဲ့ လည်ပတ်ပုံကို နားလည်လာတဲ့အခါမှာတော့ ငွေစုရုံသက်သက်ဟာ ကျွန်မတို့ရဲ့ အနာဂတ်အတွက် လုံလောက်တဲ့ အဖြေမဟုတ်တော့ပါဘူး ဆိုတဲ့ အချက်ကို လက်ခံဖို့ လိုအပ်လာပါတယ်။

ငွေစုဆောင်းတယ်ဆိုတာ ငွေကို ဘဏ်စာရင်းတစ်ခု ဒါမှမဟုတ် ဘေးကင်းတဲ့ နေရာတစ်ခုမှာ ထားရှိခြင်းကို ဆိုလိုပါတယ်။ ဒီနည်းလမ်းက ငွေကို ချက်ချင်းမသုံးပစ်မိအောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ရန်သူကြီးတစ်ယောက် ရှိနေပါတယ်။ အဲ့ဒါကတော့ ငွေကြေးဖောင်းပွမှု (Inflation) ပဲ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ဒီနေ့ ပိုက်ဆံ ၁ သိန်းနဲ့ ဝယ်နိုင်တဲ့ ပစ္စည်းဟာ နောက်နှစ်မှာ ပိုက်ဆံ ၁ သိန်းနဲ့ ဝယ်လို့မရတော့ပါဘူး။ ဥပမာ - တစ်နှစ်ကို ငွေကြေးဖောင်းပွမှုနှုန်း ၅% ရှိတယ်ဆိုပါစို့။ သင့်ရဲ့ ဘဏ်စုငွေက အတိုး ၁% သာ ရနေမယ်ဆိုရင် သင့်ရဲ့ ပိုက်ဆံတန်ဖိုးဟာ တစ်နှစ်ကို ၄% လျော့ကျသွားတာနဲ့ အတူတူပါပဲ။ ငွေစုဆောင်းခြင်းက သင့်မှာ ပိုက်ဆံ "ရှိနေစေဖို့" အာမခံနိုင်ပေမယ့် အဲ့ဒီပိုက်ဆံရဲ့ "ဝယ်ယူနိုင်စွမ်းတန်ဖိုး မကျဆင်းဖို့" ကိုတော့ အာမခံချက် မပေးပါဘူး။

ရင်းနှီးမြှုပ်နှံခြင်း (Investing) ဆိုတာကတော့ မိမိပိုင်ငွေကို လုပ်ငန်းတစ်ခုခု (ရှယ်ယာ၊ စီးပွားရေးလုပ်ငန်း၊ အိမ်ခြံမြေ စသည်) မှာ ထည့်ဝင်ခြင်းဖြင့် ငွေကနေ ငွေကို ပြန်လည်ထုတ်ပေးနိုင်ဖို့ ကြိုးစားခြင်းကို ဆိုလိုပါတယ်။ ရင်းနှီးမြှုပ်နှံခြင်းရဲ့ အစွမ်းထက်ဆုံး လျှို့ဝှက်ချက်ကတော့ ပေါင်းစပ်အတိုး (Compound Interest) ရရှိခြင်းပဲ ဖြစ်ပါတယ်။ ပေါင်းစပ်အတိုးဆိုတာက မိမိရဲ့ မူလရင်းနှီးငွေအပေါ်မှာ ရရှိတဲ့ အတိုးအပြင်၊ အဲ့ဒီအတိုးတွေပေါ်မှာပါ ထပ်မံအတိုးတွေ ရရှိလာခြင်းကို ဆိုလိုပါတယ်။ ဒါကို "Snowball Effect" လို့လည်း ခေါ်ကြပါတယ်။ အစပိုင်းမှာ ဖြည်းဖြည်းချင်း ကြီးထွားလာပေမယ့် အချိန်ကြာလာတာနဲ့အမျှ အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာပြီး ငွေကြေးဖောင်းပွမှုကိုပါ ပြန်လည်တိုက်ထုတ်နိုင်ပါတယ်။ စုဆောင်းခြင်းဟာ မိမိကိုယ်တိုင် ပင်ပန်းစွာ အလုပ်လုပ်ခြင်း ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံခြင်းကတော့ မိမိရဲ့ငွေကို မိမိအတွက် ပြန်လည်အလုပ်လုပ်ခိုင်းခြင်းပါပဲ။

ငွေစုဆောင်းသူအဖြစ်မှ ရင်းနှီးမြှုပ်နှံသူအဖြစ် ပြောင်းလဲဖို့ အကြီးမားဆုံးအတားအဆီးက "ငွေဆုံးရှုံးမှာ ကြောက်တဲ့စိတ်" ပဲ ဖြစ်ပါတယ်။ ဒီခံစားချက်ကို ကျော်လွှားဖို့အတွက် ပထမဦးဆုံး နည်းနည်းချင်း စတင်ပြီး ပုံမှန် မြှုပ်နှံသွားတဲ့ အလေ့အကျင့် (Dollar-Cost Averaging) ကို လုပ်ပါ။ မရင်းနှီးခင်မှာ မိမိမြှုပ်နှံမယ့် နယ်ပယ်၊ စနစ်အကြောင်းကို သေချာစွာ လေ့လာပါ။ မသိနားမလည်ဘဲ လုပ်ခြင်းကသာ အန္တရာယ်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို မရှိမဖြစ် ပေးရမယ့် လစဉ်ဘေလ်တစ်ခုလို သတ်မှတ်ပြီး ဝင်ငွေရတာနဲ့ အရင်ဆုံး သီးသန့်ဖယ်ထားဖို့လည်း လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်... ငွေစုဆောင်းခြင်းဟာ ငွေကြေးတည်ဆောက်မှုရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံခြင်းကတော့ အဲ့ဒီအုတ်မြစ်ပေါ်မှာ အနာဂတ်ရဲ့ အဆောက်အအုံကို တည်ဆောက်ခြင်းပါပဲ။ ရင်းနှီးမြှုပ်နှံတတ်ခြင်းကသာ ကိုယ့်ကို စစ်မှန်တဲ့ ငွေကြေးလွတ်လပ်မှုဆီကို အမြန်ဆုံး ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်နော်။

Address

Abu Dhabi

Website

Alerts

Be the first to know and let us send you an email when Ko Share Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share