Ye Htet's Adventures

Ye Htet's Adventures Sharing my daily life, experiences, and reflections. From gardening to music, learning, and more. Just my journey in words and moments. ✨

Green Tea မှာလိုက်တာ လက်ဖက်ရည်အစိမ်းရောင်ကြီးလာချပေးတယ်🤣
22/09/2025

Green Tea မှာလိုက်တာ
လက်ဖက်ရည်အစိမ်းရောင်ကြီးလာချပေးတယ်🤣

22/09/2025

ဒီနေ့တော့ နေ့လည်စာချက်ရပျင်းတာနဲ့
ထွက်စားတယ်🥰❤️



အရမ်း ပလေးတယ်နော်၆လပိုင်းကတည်းက တစ်ပတ်တစ်ခါလောက်ကို CV တွေ ထပ်ခါထပ်ခါ update လုပ်ခိုင်းခု၉လပိုင်း ကုန်တော့မယ် ထပ်ပီး စဉ်...
22/09/2025

အရမ်း ပလေးတယ်နော်
၆လပိုင်းကတည်းက တစ်ပတ်တစ်ခါလောက်ကို
CV တွေ ထပ်ခါထပ်ခါ update လုပ်ခိုင်း
ခု၉လပိုင်း ကုန်တော့မယ် ထပ်ပီး စဉ်းစားနေတုန်း😬
ငါ့မှာ ထွက်စာ ၂လတင်လို့ နောက်အလုပ်ပါဝင်တော့မယ်
သူက စဉ်းစားဦးမယ်နော်တဲ့😭
ဒီတစ်ခါတော့ ကံကောင်းပါစေလို့ပဲဆုတောင်းရမှာပဲ😇

Happiness is a butterfly 🦋 ပျော်ရွှင်မှုဆိုတာ အရောင်လှပတဲ့လိပ်ပြာလေးတစ်ကောင်လိုပဲလိပ်ပြာလေးကို ဖမ်းယူဖို့ကြိုးစားရင်းနှစ...
21/09/2025

Happiness is a butterfly 🦋

ပျော်ရွှင်မှုဆိုတာ အရောင်လှပတဲ့
လိပ်ပြာလေးတစ်ကောင်လိုပဲ

လိပ်ပြာလေးကို ဖမ်းယူဖို့ကြိုးစားရင်း
နှစ်ဦးနှစ်ဖက် နာကြင်ရတာထက်

ဒီအတိုင်း သဘာဝအတိုင်းလေးပဲ
ကြည့်ရှုခံစားလိုက်ရင် မကောင်းဘူးလား

ကိုယ့်အတွက်သီးသန့်ဖြစ်တည်လာတာဆို
လမ်းမမှားပဲ တည့်တည့်ရောက်လာမှာပါ

ဒီလိုပါပဲ နေ့စဉ်ဘဝမှာလဲ
အဆိုးအကောင်း တွေကြားထဲ

ပျော်အောင်နေဖို့က
နံပတ်တစ် အရေးကြီးဆုံး



UAE မှာ Resident Visa လျောက်တဲ့အခါအရင်လို passport စာအုပ် ပထမ စာမျက်နှာနဲ့ပဲမရတော့ပါဘူးPassport စာအုပ် အဖုံးပါတင်ပီးလျော...
19/09/2025

UAE မှာ Resident Visa လျောက်တဲ့အခါ

အရင်လို passport စာအုပ်

ပထမ စာမျက်နှာနဲ့ပဲမရတော့ပါဘူး

Passport စာအုပ် အဖုံးပါတင်ပီးလျောက်ရပါမယ်

အလုပ်ပြောင်းလို့ Resident Visa အသစ်လျောက်တာ

ဒီနေ့မှ HR က စာအုပ်အဖုံးပါ ပြရမယ်ဆိုပီး

ရှင်းပြမှသိရတာ

18/09/2025

ဒါလေးက Azerbaijan ကပြန်လာတုန်းက Video လေးပါ

မှတ်မှတ်ရရ လေယာဉ်ပေါ်မှာ ခရီးသည်က

လေယာဉ်ဝန်ထမ်းကို နှိမ့်ချပီးဆက်ဆံတာကြောင့်

လေယာဉ်ပေါ်မှာပဲ ၂နာရီကျော် ၃နာရီ ပူပူလောင်လောင်နဲ့ AC မပါပဲ

လေယာဉ်ပေါ်မှာ တက်မရ

ဆင်းမရနဲ့ပိတ်မိခဲ့တာလေးက အမှတ်တရပါပဲ🥲

ဘယ်နေရာ ဘယ်ဒေသရောက်ရောက်

ကိုယ်ကဘာကောင်ကြီးပဲ ဖြစ်နေနေ

လူတိုင်းကို လေးစားမှုနဲ့ဆက်ဆံသင့်တယ်မဟုတ်ဘူးလား

စော်ကားပြောဆိုတဲ့ စုံတွဲလဲလေယာဉ်ပေါ်က မောင်းချခံရပီး
ရဲကလာဖမ်းသွားပါတယ်🤭



Seafood နဲ့ ပက်သက်ပီး trauma ရတာလေးတစ်ခုပြောပြမလို့ ဒူဘိုင်းမလာခင် မြန်မာပြည်ကနေ brace တပ်ထားတဲ့ကာလတစ်ခုမှ အစားအသောက်ဆို...
09/09/2025

Seafood နဲ့ ပက်သက်ပီး trauma ရတာလေးတစ်ခုပြောပြမလို့
ဒူဘိုင်းမလာခင် မြန်မာပြည်ကနေ brace တပ်ထားတဲ့ကာလတစ်ခုမှ အစားအသောက်ဆို မာတာတွေစားလို့မရဘူးကွာ
ဘာလို့ဆို brace ကြောင့် သွားကတော်ရုံကိုက်မိတာနဲ့ မျက်ရည်ကျတဲ့အထိကိုနာတာ
အထူးသဖြင့် brace ကကြိုးအသစ်လဲပီးဆွဲညှိလိုက်တာမျိုးကြောင့်
အဲ့လိုနဲ့ ဒူဘိုင်းသွားမယ်ဆိုတော့ braceအကုန်ဖြုတ်
သွားပို့ပေါက်တွေဖာ ညှိစရာရှိတာညှိ ရှင်းစရာရှိတာရှင်းပေါ့
ဘာလို့ဆို ဒူဘိုင်းက သွားနဲ့ပက်သက်တာစျေးအရမ်းကြီးတယ်လို့သိထားတာ

ဒီလိုနဲ့ ဒူဘိုင်းရောက်လာတော့ ပျော်နေတာ
ရောက်တာနဲ့ သွားမယ်စားမယ်လုပ်တာပေါ့
ဆိုင်တွေပတ်စားရင်းနဲ့ ဒုတိယနေ့မှာ Deira နားက Wemart ဆိုင်ကို ညပိုင်းကြီးရောက်ချသွားတာ

ဂဏန်းလက်မကြီးတွေ တွေ့တော့စားချင်တာပေါ့
မှာချလိုက်ရော 🤣
အလုပ်ကဘယ်ဆီနေမှန်းမသိသေးဘူး
အစားအသောက် ကိုမီးလိုတောက်နေတာ

မှာထားတာရောက်လဲရောက်လာရော
ပျော်နေတာပေါ့ ဘယ်ရမလဲ ကိုက်ပလိုက်တာ
ဂွက်ခနဲဆို အသံလေးကြားပီး ဖာထားတဲ့သွားက ကျွတ်ကျလာရော 😂😂😂😂😂

အိမ်သာထဲပြေးကြည့်တော့ အရှေ့ဆုံးသွားကနေအပေါက်လေးက ဝိုင်းဝိုင်းလေးနဲ့ ပြောင်နေသလို🥲

အဲတာနဲ့စားမယ့်ဟာတွေချပြီးအဆောင်ပြန်တာမအိပ်နိုင်ဘူး😂
နောက်နေ့ကျဆေးခန်းချက်ချင်းပြေးပြီး ဖာလိုက်ရတယ်
100AED ဆိုတာဘာမှမဟုတ်ပေမယ့် အလုပ်ရှာနေတဲ့လူတစ်ယောက်အတွက်တော့ တစ်ပတ်စာထမင်းဖိုးဆိုတော့ အဲ့တုန်းကနှမြောတာပေါ့😬

အစားမတော်တလုပ်ဆိုတာဒါပါပဲ
Seafood ဆိုအဲ့အချိန်ကစပီး
ရည်းစားလေး မခွံ့ကျွေးရင်စားကိုမစားရဲတော့တာ🤭

07/09/2025

အဘူဒါဘီမှာ လကြတ်နေတဲ့အချိန်မြင်ကွင်းတစ်ချိန်တည်းမှာပဲ ချစ်ရတဲ့သူ မိသားစု သူငယ်ချင်းတွေ တစ်ချိန်တည်းစောင့်ကြည့်နေကြတော့ Time Zone တွေဘယ်လောက်ကွာကွာ ဘယ်လောက်ပဲနီးနီးဝေးဝေးအတူတူရှိနေကြတယ်လို့ ခံစားရတယ်😻

မြန်မာပြည်ကလာတဲ့လေယာဉ်တွေဆို ဒူဘိုင်းလေဆိပ် Terminal 2 မှာဆိုက်တာ မှတ်မှတ်ရရပဲဒူဘိုင်းရောက်ခါစဆိုတော့ ပျော်နေတာပေါ့လေယာဉ...
07/09/2025

မြန်မာပြည်ကလာတဲ့လေယာဉ်တွေဆို ဒူဘိုင်းလေဆိပ် Terminal 2 မှာဆိုက်တာ မှတ်မှတ်ရရပဲ

ဒူဘိုင်းရောက်ခါစဆိုတော့ ပျော်နေတာပေါ့
လေယာဉ်ပေါ်က ဆင်းရော
မျက်နှာရေနွေးနဲ့ကောက်ပက်လိုက်သလိုပဲ ပူတာပြောမနေနဲ့

ဪ ရာသီဥတုမတူလို့နေမှာပါပေါ့
လေထဲ ရေငွေ့တွေများပြီး အသက်ရှူရတာမောသလိုလိုနဲ့

အဲ့လိုနဲ့ လေယာဉ်ပေါ်ကနေ ကားနဲ့ လေဆိပ်ထဲခေါ်သွားရော
လေဆိပ်ထဲရောက် Immigration ဖြတ်ဘာညာ ပါလာတဲ့အထုပ်တွေရွေးပေါ့

ဒီလို့နဲ့အားလုံးပီးတော့ WC သွားချင်လို့ လိုက်ရှာတာတွေ့ပါလေရော
ကိစ္စပီးလို့ရေပန်းလဲသုံးရော အရှင်လတ်လတ် ရေနွေးနဲ့အပြုတ်ခံလိုက်ရတဲ့အတိုင်းပဲ🥲🥲

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းခံလိုက်ရတဲ့
တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှမမေ့တော့မယ့် အတွေ့အကြုံလေးတစ်ခုပေါ့🤣

မနေ့က European လင်မယားနဲ့အခန်းကိစ္စစကားပြောနေရင်းနဲ့ ရာသီဥတုဘက်စကားရောက်သွားရော၂ပတ်လောက်နေမှာဆိုတော့အဘိုးကြီးကနေထမေးရော ...
23/08/2025

မနေ့က European လင်မယားနဲ့အခန်းကိစ္စစကားပြောနေရင်းနဲ့ ရာသီဥတုဘက်စကားရောက်သွားရော
၂ပတ်လောက်နေမှာဆိုတော့
အဘိုးကြီးကနေထမေးရော ဒီမှာပူလားပေါ့
ကိုယ်ကလဲ အရမ်းပူတယ် အပြင်သွားရင် ဂရုစိုက် ရေများများသောက်ပေါ့ ပြောနေတုန်း ရှိသေးထဖောက်လေရော
အဲတာဆိုရင် beach မှာပဲ အချိန်ကုန်တော့မယ်တဲ့
မင်းလိုအသားအရေမျိူးလေးရအောင်တဲ့
ရုတ်တရက်ဆိုတော့ ကြောင်သွားတာ🥲
အာရှသူအာရှသားတွေက အသားဖြူလေလှလေမလား
ဘာပြောရမလဲမသိ ပြောစရာစကားတွေပျောက်ဆုံးသွားတာ😂
European တွေက Tan Skinဆိုအသေကြိုက်တာလေ
ပီးတော့မှချီးကျူးနေတာပဲဆိုပီး
အောင့်သက်သက်နဲ့ Thank You ပေါ့🥶
Sunscreen လေးတော့ဆောင်ပေါ့လို့ပြန်ပြောလိုက်ရတယ်🥲🥲




21/08/2025

ဟော်တယ် ၃ခု ရှိတဲ့ property ဆိုတော့ ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ဆိုတော်ရုံ လမ်းလျောက်ရင် ၁၅ မိနစ် မိနစ်၂၀ လောက် လမ်းလျောက်ရပါတယ် 🥲

Address

Abu Dhabi

Website

Alerts

Be the first to know and let us send you an email when Ye Htet's Adventures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share