Eric's Journey

Eric's Journey Travel stories from Dubai & beyond | Follow my journey!

Graceful, respectful, and proud – the spirit of Thai culture in every fold.
07/05/2025

Graceful, respectful, and proud – the spirit of Thai culture in every fold.

ဒီရင်မှာ ခိုနားအိပ်စက်ပါ ကိုယ့်ရဲ့ချစ်သူလေး 🦋
14/04/2025

ဒီရင်မှာ ခိုနားအိပ်စက်ပါ ကိုယ့်ရဲ့ချစ်သူလေး 🦋

Will you still love me when I got nothing but my aching soul?
13/04/2025

Will you still love me when I got nothing but my aching soul?

Hello Thailand,I’m coming
11/04/2025

Hello Thailand,I’m coming

𝙃𝙤𝙬 𝙩𝙤 𝙋𝙡𝙖𝙣 𝙖𝙣𝙙 𝙂𝙤 𝙤𝙣 𝙖 𝘽𝙪𝙙𝙜𝙚𝙩 𝙏𝙧𝙞𝙥 𝙩𝙤 𝙩𝙝𝙚 𝙈𝙖𝙡𝙙𝙞𝙫𝙚𝙨?Maldives ဆိုတာ Luxury Travel Destination တစ်ခုလို ပြောလေ့ရှိပေမဲ့ စျ...
27/03/2025

𝙃𝙤𝙬 𝙩𝙤 𝙋𝙡𝙖𝙣 𝙖𝙣𝙙 𝙂𝙤 𝙤𝙣 𝙖 𝘽𝙪𝙙𝙜𝙚𝙩 𝙏𝙧𝙞𝙥 𝙩𝙤 𝙩𝙝𝙚 𝙈𝙖𝙡𝙙𝙞𝙫𝙚𝙨?

Maldives ဆိုတာ Luxury Travel Destination တစ်ခုလို ပြောလေ့ရှိပေမဲ့ စျေးသက်သက် သာသာနဲ့ ခရီးသွားနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်နော်။ ခရီး သွားရတာကြိုက်တဲ့ Eric တို့လို့ လူတွေအတွက်ကတော့ နေရာအသစ်၊ အစားသောက်၊ အတွေ့အကြုံအသစ်တွေကို ခံစားဖို့ ထိုက်တန်ပါတယ်။ တစ်နှစ်ပတ်လုံး အလုပ်တွေပဲ လုပ်နေပြီး စိတ်ပင်ပန်း၊ လူပင်ပန်း ခဲ့ရသမျှကို ခရီးသွားပြီး အပန်ဖြေလိုက်ကြရအောင်။ ခရီးသွားတဲ့ နေရာမှာလည်း စျေးသက်သက် သာသာနဲ့ ပျော်ရွှင်ရမယ်ဆိုရင် ပိုပြီး ပြည့်စုံသွားမှာပေါ့။

မကြာခင်မှာ Vacation တွေ ရကြတော့မှာဆိုတော့ ခရီးတွေသွားဖို့ ကြိုတင် ပြင်ဆင်နေလောက်ပြီလို့ ထင်ပါတယ်။ အဲ့ဒီအတွက် Eric ကိုယ်တိုင် သွားခဲ့တဲ့ Budget trip to Maldives ကို အသေးစိတ် ပြန်လည်ဝေမျှပေးချင်ပါတယ်‌။

Maldives နိုင်ငံက On-Arrival Visa ဆိုတော့ Visa အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။ Visa-Free Entry ဖြစ်ပြီးတော့ ရက်ပေါင်း ၃၀ လောက် နေလို့ရပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

✔အနည်းဆုံး (၆) လ သက်တမ်းရှိတဲ့ Passport ဖြစ်ရမယ်။
✔အပြန်လေယာဉ်လက်မှတ် ပါရှိရမယ်။
✔Hotel Booking Confirmation လည်းရှိရပါမယ်။
✔UAE မှာနေတယ်ဆိုရင် Emirates ID ပါ တောင်းကြည့်ပါတယ်။
✔Printed Traveller Declaration Letter ကို [Imuga - Maldives Immigration](https://imuga.immigration.gov.mv/) တစ်ဆင့် ၃၆ နာရီ မတိုင်ခင် declare လုပ်ထားရပါတယ်)

ခရီးစရိတ်

Maldives ခရီးစရိတ်ကို ခန့်မှန်းကြည့်မယ်ဆိုရင် -

✔Package Deal – AED 2500 (Flight + Hotel + Breakfast)
✔အစားအသောက် & Activity – USD 400

Eric တို့ တုန်းက Holiday Factory ကနေ package deal အနေနဲ့ AED 2500 တန် package ကို booking လုပ်ခဲ့ပါတယ်။ Package ထဲမှာ သွား/ပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်အိပ်ခန်း၊ နံနက်စာ အစရှိတာတွေ ပါဝင်ပါတယ်။ ထပ်ပြီး အစားအသောက်နဲ့ island tour activities တွေအတွက် USD 400 အသုံးပြုခဲ့ရပါတယ်။ Luxury Resort တစ်ခုမှာတည်းမယ်ဆိုရင်တော့ တစ်ညမှာပဲ USD 500+တောင် ကျနိုင်တာကြောင့် budget-friendly option တွေကို ရှာဖွေသင့်ပါတယ်။

Budget ခရီးသွားမှာ ဖြစ်တဲ့အတွက် သက်သက်သာသာနဲ့ သွားလို့ရအောင် စျေးနှုန်းလေးတွေကို သတ်မှတ်ထား ပြီးတော့ လျာထားရပါမယ်။ Total Budget (AED 4000 – 4500) လောက် ကုန်ကျနိုင်ပါတယ်။

✔Flight + Hotel Package အတွက် (AED 2500)
✔Activities & Tours အတွက် (AED 800)
✔Food & Drinks အတွက် (AED 500)
✔Local Transport အတွက် (AED 200)

ဘယ်လိုချွေတာမလဲ?

1. Package Deals ကိုရှာပါ - Holiday Factory, Travel Agencies, Online Platforms တွေနဲ့ compare လုပ်ပြီး ပိုသက်သာတဲ့ deal ကို ရွေးပါ။
2. Local Islands မှာ တည်းပါ - Resort များထက် Local Island (Maafushi, Thulusdhoo, Hulhumale) တွေမှာ တည်းခြင်းဖြင့် ပိုမိုချွေတာနိုင်ပါတယ်။
3. Public Ferry သုံးပါ - Private Speedboat မလိုဘဲ Public Ferry တွေသုံးမယ်ဆိုရင် Transportation စရိတ်သက်သာနိုင်ပါတယ်။
4. Restaurant တွေကစားမယ့်အစား Local Food စားကြည့်ပါ - Local Restaurant တွေမှာစားခြင်းဖြင့် Food Budget ကို ချွေတာနိုင်ပါတယ်။
5. သွားမယ့် Season ကို သေချာရွေးချယ်ပါ - High Season (Dec - Mar) မဟုတ်ပဲ Off-peak travel (May –Oct) ခရီးသွားများ မများတဲ့ အချိန်ကို ရွေးဝယ်ယူစေချင်းကလည်း သင့်ရဲ့ Budget ကို ချွေတာ စေမှာဖြစ်ပါတယ်။

Budget လျာထားပြီး ပြီဆိုရင်‌ ‌Flight ticket နှင့် Hotel Package တွေ ကို ဘယ်မှာ ဝယ်ရမလဲဆိုတာ ပြောပြပါမယ်။ မိမိအစီအစဉ်ဖြင့် ဝယ်မယ်ဆိုရင် Dubai မှာ Holiday Factory နဲ့ Musafir တို့လို့ Online Travel Agencies တွေမှ တဆင့် ဝယ်ယူနိုင်သလို Budget Airline Website တွေဖြစ်တဲ့ Flydubai, Air Arabia, Wizzair တွေအပြင် Hotel Booking Website, Local Tour Operators မှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။ https://www.skyscanner.ae/ ဒီ website မှာလည်း ကြည့်လို့ရပါတယ်။ Agency တွေ မှာ ရောင်းတဲ့ Flash Sales, Promotion တွေ နဲ့ ဝယ်ယူနိုင်သလို ခရီးမသွားခင် ၁ လ သို့မဟုတ် ၂ လ ကြိုတင် ဝယ်ယူခြင်းကစျေးနှုန်း သက်သာစေပါတယ်။ ဒါ့အပြင် UAE မှ Maldives ကို Emirates Airlines, Flydubai, Etihad Airways နဲ့ Wizzair စတဲ့ Airline တွေက ပျံသန်းပြီးတော့ စျေးအသက်သာဆုံး ကတော့ Wizzair ပါ။ စျေးသက်သာတဲ့ အလျှောက် Delay ကလည်း နည်းနည်းကြာပါတယ်။ ခရီးသွားတာဆိုတော့ Delay ဖြစ်တာက ကိစ္စသိပ်မရှိဘူးလို့ Eric က ‌တော့ မြင်ပါတယ်။ အသွားကို Abu Dhabi မှ Male အထိ Wizzair နဲ့ သွားပြီး အပြန်ကို Male မှ Abu Dhabi ကို Etihad Airway နဲ့ သွားမယ်ဆိုရင် စျေးသက်သာပါတယ်။ စျေးနှုန်း ကလည်း Round Trip ကို AED 1300 လောက်ကျသင့်မှာပါ။ Dubai လေဆိပ်ကနေ ထွက်တဲ့ Flight တွေကတော့ စျေးနည်းနည်း များတယ်။ အဲ့ဒါကြောင့် Abu Dhabi ကနေ သွားဖို့ ကို တိုက်တွန်း ပါတယ်နော်။

လေယာဉ်ချိန်ကလည်း Abu Dhabi မှ Maldives အထိကို စုစုပေါင်း ၅ နာရီ ၁၅ မီးနစ် လောက် စီးရပါတယ်။ စျေးသက်သာတဲ့ Flight တွေကို စီးမယ်ဆိုရင် အဲ့ဒီအချိန်ထက် ပိုပြီးတော့ ကြာနိုင်ပါတယ်။ပြီးတော့ Eric တို့ ရဲ့ Package ထဲမှာပါတဲ့ Hotel ကလည်း 3 stars ရှိပြီး မနက်စာ ပါပြီးသားဆိုတော့ နေ့လည်စာ နဲ့ ညစာ ကို အပြင်မှာ စားလို့ရပါတယ်။ တစ်ချို့ activities တွေမှာ နေ့လည်စာ ပါပြီးသား ဖြစ်တဲ့အတွက် သီးသန့်ဝယ်စားနေရတာမျိုး မရှိပဲ ညစာကိုပဲ ဝယ်စားရပါတယ်။ Eric တို့က ဟော်တယ် နဲ့ အနီးနားမှာရှိတဲ့ Starry Beach Inn က ထိုင်း စားသောက် ဆိုင်မှာပဲ စားပါတယ်။ အသားတွေ မစားတဲ့အတွက် ကြက်ဉကြော်သုပ်/ ထမင်းဖြူ နဲ့ ကျောက်ကျော စားပြီး အားလုံးပေါင်း MVR 400 ကျော် နဲ့ $28 (နှစ်ယောက်စာ) ပဲ ကုန်ပါတယ်။ စားတာ သောက်တာကတော့ မိမိ တို့ စားသလောက် ကုန်ကျနိုင်ပါတယ်။ (စျေးနှုန်းတွေကလည်း ပြောင်းလဲ နိုင်ပါတယ်နော်) Hotel သီးသန့်ပဲ ဆိုရင်တော့ တစ်ရက် ကို AED 300 ကျော် လောက်ပဲ ရှိပါတယ်။ (မနှစ်က သွားထားတာဆိုတော့ စျေးနှုန်း အပြောင်းအလဲတော့ ရှိနိုင်ပါတယ်) အကောင်းဆုံး အကြံပြုချင်တာကတော့ စျေးသက်သာတဲ့ Agency ကနေ တစ်ဆင့် ဝယ်တာကို အားပေးပါတယ်။

ဘာတွေလုပ်နိုင်မလဲ?

✔Island Adventure Cruise
✔Snorkeling
✔Local Island Visit
✔Sunset Dolphin Cruise
✔Luxury Resort Day Visit

Eric တို့က Holiday Factory Travel Agency ကနေ တိုက်ရိုက် ဝယ်လိုက်တာ ဖြစ်တဲ့အတွက် Maldives လေဆိပ်ရောက်တော့ သူတို့ agency ကနေ လာကြိုပေးပြီး ဟော်တယ်အထိ လိုက်ပို့ပါတယ်။ ဟော်တယ် ရောက်တာနဲ့ နောက်ရက်တွေမှာ လုပ်လို့ရမဲ့ activities တွေ ရှင်းပြပေးပါတယ်။

Eric တို့က Island Adventure Cruising Package ကို ဟော်တယ် ရောက်တဲ့ ညကတည်း ရွေးထားတဲ့အတွက် မနက် ၉ နာရီ လောက် ဟော်တယ်ကို ကားနဲ့ လာကြိုပေးပြီး Hulhumale Westside Jetty ကို ကားနဲ့ လိုက်ပို့ပေးပါတယ်။ Eric တို့ သွားတဲ့ အချိန်တုန်းက ခရီးသွားနည်းတဲ့ အချိန်ဖြစ်တာကြောင့် Boat အသေးနဲ့ပဲ သွားခဲ့တာပါ။ တစ်ယောက်စာကို $60 ပေးရပြီး ပုံမှန်အချိန်ဆို $120 ပေးရပါတယ်။

Island Adventure Cruising Package ထဲမှာ Dolphin Watching, Island Hopping (Local Islands Visit - Himmafushi ကျွန်း) Snorkeling (Public Reef & House Reefs) အနေနဲ့ Sandbank Island Hopping ဆိုတဲ့ Activities တွေ ပါဝင်ပါတယ်။ နေ့လည်စာကိုလည်း Himmafushi ကျွန်းမှာပဲ (Welcome drink/ Water / Buffet ပါပြီး) ကျွေးပါတယ်။ Eric တို့ သွားတဲ့ ရက်က ရုတ်တရက် မိုးရွာပြီး လှိုင်းတွေ အရမ်းကြီးပြီး Boat တောင် မနည်းမောင်းပြီး ပြန်ခဲ့ရတဲ့အတွက် Sandbank မသွားလိုက်ရဘူးပေါ့နော်။

Budget ခရီးဆိုပေမဲ့လို့ Resort Day Visit (Budget-Friendly Resorts) တွေကို သွားသင့်ပါတယ်။ အရင်တုန်းကတော့ resorts တွေက အခမဲ့ အလည်အပတ် ခွင့်ပြုပေမဲ့ နောက်ပိုင်းမှာ နေ့လည်စာ စားမှသာ လက်ခံတဲ့အတွက် တစ်ယောက်ကို $59 ပေးပြီး Booking လုပ်ရပါတယ်။ Eric တို့က Cinnamon Dhonveli Resort ကို သွားဖို့ ရွေးလိုက်ပါတယ်။ ပေးရတဲ့ စျေးနဲ့တန်ပြီး ကျွန်းက တော်တော် ကျယ်သလို အစားသောက်တွေလည်း (International Buffet) ရတဲ့အတွက် အရမ်းကောင်းပါတယ်။ Eric တို့လို ဓါတ်ပုံ ရိုက်ရတာ ဝါသနာပါတဲ့ သူတွေအတွက်ကတော့ အရမ်းကို တန်ပါတယ်။ မှတ်မှတ်ရရ Eric စားခဲ့တာ ငါးပြုတ်ကို သံပရာသီး ညှစ်ပြီး ငရုပ်သီးလျှော် နဲ့ ကိုက်စားရတာ သတိရနေတုန်းပဲ။ Visitor တွေ အတွက် အချို့နေရာလေးတွေကတော့ ကန့်သတ်ထားတယ်ပေါ့နော်။ Package ထဲမှာ မပါတဲ့ တစ်ခြား စားသောက်တာတွေကိုတော့ ‌ဟော်တယ်က ပြန်မထွက်ခင် အကုန်ပြန်ရှင်း ပေးရပါတယ်။ Wifi သုံးချင်တယ်ဆို တစ်ယောက်ကို $10 ပေးရပါတယ်။ အမိုက်ဆုံးကတော့ ရေပေါ်အိပ်ခန်းတွေမှာ ဓါတ်ပုံရိုက်တာနဲ့ Beach Bar မှာ ရေကူးပြီး Mock tails ဂုန်းဆင်းခဲ့ရတာပဲ။

နောက်ရက်တွေမှာလည်း Maafushi နဲ့ Fulidhoo ကျွန်းတို့လို နာမည်ကြီးတဲ့ နေရာသွားချင်ပေမဲ့ အရမ်း‌‌ဝေးလို့ မသွားတော့ပဲ Crossroad ကိုပဲ သွားခဲ့ပါတယ်။ အဲ့ကို သွားဖို့အတွက် Online ကနေ မိမိ တို့ သွားချင်တဲ့ ရက်/အချိန်ကို လိုအပ်တဲ့ အမည်၊ ဖုန်းနံပါတ်၊ Passport တွေ ဖြည့် Booking လုပ်ပြီး သွားလို့ရပါတယ်။ Email ကနေ Confirmation ပို့ပေးရင် သွားလို့ရပါပြီ။ Crossroad ကို သွားဖို့အတွက် Eric တို့ နေတဲ့ Hulhumale ကနေ Maldives ရဲ့ မြို့တော် Male ကို Taxi ဌားပြီး သူတို့လာကြိုတဲ့ သဘော်ကို စီးရပါတယ်။ အဲ့ကျွန်းကို သွားဖို့အတွက် အနည်းဆုံး $20 သုံးပေးရမှာပါ။ Wifi အလကား ရပေမဲ့ နေ့လည်စာ စားတာ တစ်ယောက်ကို $45 လောက် ကျသင့်ပါတယ်။ ‌ဒါ့အပြင် လှေလှော်ဖို့ နှစ်ယောက်စာ $25 ဆိုပေမဲ့ Cash ပဲ လက်ခံလို့ မစီးလိုက်ရဘူး။ ကျွန်း ၂ ကျွန်း ကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ဓါတ်ပုံရိုက်ရတာ အလှဆုံးပဲ။ မယုံရင် ကိုယ်တိုင် သွားကြည့်လိုက်‌နော်။

ပထမ ရက်တုန်းက Sandbank ကို မသွားလိုက်ရလို့ နောက် ရက်မှာ Island Adventure Cursing Package ပြန်ယူပါတယ်။ ဒုတိယ အခေါက်ဖြစ်တဲ့အတွက် $50 နဲ့ လျှော့ပေးပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဉတု သာယာတဲ့အတွက် ဓါတ်ပုံရိုက်ရတာ လှလှလေးတွေ ရခဲ့ပါတယ်။ မပြန်ခင်တစ်ရက်ကိုတော့ Eric တို့ ‌ဟော်တယ် အနီးနာက ကမ်းခြေမှာပဲ လှေလျှော်ပြီး အနားယူခဲ့ပါတယ်။

သင့်အတွက် အကြံပြုချက်များ

✔ Budget ကို ချမှတ်ပြီး အစီအစဉ်သေချာလုပ်ပါ
✔ Package Deal တွေကို သေချာရှာဖွေပါ
✔ Local Islands တွေကို စဉ်းစားကြည့်ပါ
✔ Cash ကြိုတင်ယူသွားပါ (Exchange rate တွေကိုကြိုတင်စစ်ဆေးပါ)
✔ Sunscreen & Sunglasses မဖြစ်မနေလိုအပ်ပါမယ်

ခရီးသွားရတာကြိုက်တဲ့ Maldives သွားချင်တဲ့ Eric တို့လို လူတွေအတွက် ဒီ Tips and Plan လေးက အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ Budget ချွေတာပြီးတော့လည်း Maldives ရဲ့ အံ့အားသင့်ဖွယ်အလှတွေကို ခံစားလိုက်ပါ။ သင့်ရဲ့ Vacation ကို မှာ ဘယ်သွားဖို့ ပြင်ဆင်နေပြီလဲဆိုတာ Comment မှာ မျှဝေခဲ့ပါဦး‌နော်။😃



Eric ရဲ့ website link ထဲမှာလည်း ဝင်ဖတ်လို့ရပါပြီ။ https://waiyanaung27.wixsite.com/wai-yan-aung/my/post/81890004

I can’t see anyone else like you
26/03/2025

I can’t see anyone else like you

Address

Dubai

Alerts

Be the first to know and let us send you an email when Eric's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eric's Journey:

Share

Category