Sathapana Limited Myanmar

Sathapana Limited Myanmar SATHAPANA Limited is one of the ten Myanmar MFI,founded in 2015 and provides financialservices.
(5)

နှစ်သစ်မှာ ငွေကြေးပင်ပန်မှုကင်းစွာနဲ့ အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ဖို့ SATHAPANA Limitet myanmar ချေးငွေ ကုမဏီနဲ့ လ...
06/03/2025

နှစ်သစ်မှာ ငွေကြေးပင်ပန်မှုကင်းစွာနဲ့ အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ဖို့ SATHAPANA Limitet myanmar ချေးငွေ ကုမဏီနဲ့ လက်တွဲကျပါစို့

📌စထာပါနာလီမိတက်မြန်မာမှ လူကြီးမင်းတို့၏ အခက်အခဲ များကို ကူညီဖြေရှင်းပေးနေပါပြီ

📌ငွေကြေးအခက်အခဲ ဖြစ်နေပါသလား..?

📌မိသားစုအတွက် ငွေတကယ်လိုအပ်နေပါသလား..?

📌ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးလိုနေပါသလား..?

📌ကိုယ်ပိုင်ဆိုင်လေး ဖွင့်ချင်လို့ ငွေမရှိလို့စိတ်ညစ်နေပါသလား..?

📌လူကြီးမင်းတို့ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့

📌စထာပါနာလီမိတက် မြန်မာမှ အာမခံ ဝန်ဆောင်မှု့ရှိပြီး
📌အသက်သာဆုံးအတိုးနှုန်း တိုးဖြင့် အမြန်ဆုံးဝန်ဆောင်မှု့

📌အယုံကြည်ရဆုံး ချေးငွေဖြစ်လို့ ချေးယူသူအပေါင်းစိတ်ချမ်းသာစေရပါမယ်

အသေးစိတ်နဲ့ ချေးငွေလျှောက်ထားလိုပါက
Pages Messengerမှာ ယုံကြည်စိတ်ချစွာ ချေးယူနိုင်ပါတယ် ရှင့်💯💯
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ချေးယူနိုင်ပါတယ်ရှင်

👉 အကောင်အတု အလိမ်အညာများ အထူးသတိပြုပါသည်👈

ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရလို့ Post တင်ပါသည်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့
စထာပါနာချေးငွေ ကုမဏီမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🙏🙏

08/09/2024

📢 SATHAPANA Limited Myanmar ၏ Official page မှ ပြန်လည်ကြိုဆိုအပ်ပါတယ် 🎉✨

ယခုတစ်ခါမှာတော့ 💰 စထာပါနာလီမိတက်မှ ဝန်ဆောင်မှုပေးအပ်နေသော စုဆောင်းငွေ အမျိုးအစားများ 🏦 ကို ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

📌 စထာပါနာလီမိတက် မှာ မိမိတို့ ဆန္ဒအလျောက် စုဆောင်းနိုင်သော

✅ သာမာန် စုဆောင်းငွေ စာရင်း (Normal Savings)
✅ ပိုစုပိုရ စုဆောင်းငွေ စာရင်း (Loyal Savings)
✅ စာရင်းသေ အပ်ငွေ (Fixed Deposit)
📌 စုစုပေါင်း (၃) မျိုး ရှိပါတယ်။

💡 စုဆောင်းငွေ ဝန်ဆောင်မှုများ 💼 ရယူရန် လိုအပ်ချက်များ နှင့် အတိုးနှုန်းကွာခြားမှုများ 📊 ကို Video မှာ အသေးစိတ်ရှင်းလင်းပြောပြထားတဲ့အတွက် အဆုံးထိကြည့်ရှုပေးဖို့ 📽️ မေတ္တာရပ်ခံပါတယ် 🙏။

📌📌📌 ပိုမိုသိရှိလိုပါက
Page messengerမှာ မေးမြန်းနိုင်ပါတယ်

📌
#စုငွေ #ဝန်ထမ်းချေးငွေ
#တစ်ဦးချင်းချေးငွေ #အတိုးနှုန်းသက်သာစွာ
#စထာပါနာလီမိတက်မြန်မာ 🎯

စထာပါနာလီမိတက် နှင့် Capital Taiyo အသက်အာမခံ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပခြင်းဖေဖော...
25/08/2024

စထာပါနာလီမိတက် နှင့် Capital Taiyo အသက်အာမခံ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်ပွဲ ကျင်းပခြင်း

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်၊ ရန်ကုန်မြို့။

စထာပါနာလီမိတက်နှင့် Capital Taiyo အသက်အာမခံလီမိတက်တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်တွင် PARKYOYAL ဟိုတယ်၌ မြန်မာနိုင်ငံရှိပြည်သူများအား ဘဏ်အာမခံဝန်ဆောင်မှုများပေးအပ်ရန် ရည်ရွယ်ချက် ဖြင့် “အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း” အထိမ်းအမှတ်ပွဲ” အားကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ နှစ်ဖက် အဖွဲ့အစည်းမှ အကြီးတန်းစီမံခန့်ခွဲသူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Capital Taiyo အသက်အာမခံလီမိတက်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးရန်ပိုင်စိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းမှ စထာပါနာလီမိတက်မြန်မာနှင့် အောင်မြင်စွာ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ပဏာမ ချီးကျူးဂုဏ်ပြုကာ Capital Taiyo အသက်အာမခံလီမိတက် လုပ်ငန်းအကြောင်းအား အကျဉ်းချုပ်မိတ်ဆက်ခဲ့ပါသည်။ အသက်အာမခံသည် ဝန်ဆောင်မှု ထုတ်ကုန် တစ်ခုထက်ပိုပြီး၊ မြန်မာနိုင်ငံရှိ လူတစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစုများနှင့် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် အမှန်တကယ် ထိရောက်သော အကျိုးသက်ရောက်မှု ဖြစ်စေမည့် ကတိကဝတ်တစ်ခု ဖြစ်ကြောင်း ၄င်းမှ အလေးထား ပြောကြားပါသည်။ ထို့အပြင် ပြည်သူအားလုံးပါဝင်သော ဘဏ္ဍာရေး စနစ်တွင် ငွေကြေးဆိုင်ရာ အကာအကွယ်လည်းပါဝင်ပြီး၊ ၄င်းအကာအကွယ်မှတစ်ဆင့် အသင်းသားများအတွက် ပိုမိုသော လုံခြုံမှု၊ ဘဏ္ဍာရေးတည်ငြိမ်မှုများကို ပေးစွမ်းနိုင်မှာဖြစ်ကာ ကြံ့ကြံ့ခံနိုင်သော နိုင်ငံစီးပွားရေးတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်ကိုပါ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ငွေကြေးဆိုင်ရာအကာ အကွယ်များရရှိခြင်းသည် အခွင့်ထူးမဟုတ်ဘဲ လူတိုင်းရရှိရထိုက်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်းကိုလည်း ၄င်းမှ ပြောကြားပါသည်။ ၄င်းအနေနှင့် ယခုကဲ့သို့ ခိုင်မာသော အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အသင်းသားများ၏ အနာဂတ်ခိုင်မာမှုအတွက် ဆန်းသစ်သော အဖြေရှာခြင်းများ ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောဆိုခဲ့ပါသည်။ Capital Taiyo အသက်အာမခံလီမိတက်အနေနှင့်လည်း အသင်းသားများ ၏ အသံများ၊ ဘဏ္ဍာရေးကဏ္ဍ၏ ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်တည်ဆောက်ရေးအတွက် ခိုင်မာသော ကတိကဝတ်ထားရှိမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားပါသည်။

တစ်ဖန် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Sudeep Gupta မှ အမှာစကား ပြောကြားပါသည်။ ၄င်းအနေနှင့် ယနေ့ပွဲသည် ကြီးမားသော မှတ်တိုင်တစ်ခုဖြစ်ကာ ပိုမိုလက်လှမ်းမီသော ဘဏ္ဍာရေးအဖြေရှာခြင်းများတွင် စထာပါနာလီမိတက်နှင့် Capital Taiyo အသက်အာမခံလီမိတက်တို့၏ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိုမိုလက်လှမ်းမီပါဝင်နိုင်ရန် ကြိုးပမ်းမှု တို့အတွက် ခိုင်မာသော ကတိကဝတ်ထားရှိမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ Mr. Gupta သည် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများကို စထာပါနာ လီမိတက်နှင့် Capital Taiyo အသက်အာမခံလီမိတက်တို့အနေနှင့် လက်လှမ်းမီတတ်နိုင်ပြီး ယုံကြည်စိတ်ချ ရသော အာမခံဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ ၄င်းအနေနှင့် စထာပါနာလီမိတက်၏ အသင်းသားများအတွက် ဘဏ္ဍာရေးဆိုင်ရာ အားကိုးရာတစ်ခုကို ပေးစွမ်းရန် ကတိကဝတ်ထားရှိမှုကို ထပ်လောင်းပြောကြားပါသည်။

Mr. Gupta မှ နှစ်ဖက်အဖွဲ့အစည်းရှိ အသင်းအဖွဲ့များ၏ ကျွမ်းကျင်အားထုတ်မှုများမပါဘဲ ယနေ့ပွဲမှာ ဖြစ်မြောက်လာနိုင်မည်မဟုတ်ကြောင်းကို အသိအမှတ်ပြုကာ ၄င်းတို့၏ ကြိုးစားအားထုတ်မှု၊ ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် အသင်းသားဗဟိုပြု အဖြေရှာခြင်းတို့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။ ၄င်းနောက် ယနေ့ပွဲသို့ တက်ရောက်လာကြသူများအားလုံးကို Mr. Gupta မှ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ယခုကဲ့သို့ အရေးပါသောဆောင်ရွက်မှုတွင် စဉ်ဆက်မပြတ်သော အားပေးမှုတို့ကို အသိအမှတ် ပြုကာ အနာဂတ်တွင် ပိုမိုကြံ့ခိုင်သော ဘဏ္ဍာရေးနယ်ပယ်တစ်ရပ် တည်ဆောက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

၄င်းနောက် Capital Taiyo ဘဏ်အာမခံ ဌာန၏ အမှုဆောင်အရာရှိဖြစ်သူမှ ကျေးဇူးတင်စကားပြောကြားကာ စထာပါနာလီမိတက်၏ အကြီးတန်းစျေးကွက်ဌာနမှူးမှ ဝန်ဆောင်မှုထုတ်ကုန်များကိုမိတ်ဆက်ခြင်းနှင့် အနာဂတ် အတွက် ဆက်လက်၍ ပူးပေါင်း လုပ်ဆောင်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါပွဲအား နှစ်ဖက်အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်များမှ Partnership Agreement လက်မှတ် ရေးထိုးပြီး လက်ဆောင်ပစ္စည်းများလဲလှယ်ကာ တက်ရောက်လာသူများအား အစားအသောက်များ တည်ခင်း ဧည့်ခံခြင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ခ)၊ ပြည်လမ်း
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐒athapana 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐌𝐲𝐚𝐧𝐦𝐚𝐫

Address

Dubai
NONE

Alerts

Be the first to know and let us send you an email when Sathapana Limited Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sathapana Limited Myanmar:

Share

Category