My Kitchen Jungle Myanmar

My Kitchen Jungle Myanmar My review myanmar is great not just for recipes, but for tips on the best techniques when it comes to

20/09/2026

ဒီ၁ခေါက်waterparkက videoလေးမတင်ရသေးတာနဲ့ ပြန်တင်ပရစေရှင့်.....

ကျွန်မတို့အဖွဲ့ရဲ့ ဆည်းလည်းကြီးကြောင့်လဲ အူတက်ရတဲ့ နေ့လေး၁နေ့ပေါ့ .....😅😅

💦 Waterpark သွားတယ်ဆိုတာ… ရေကူးဖို့ပဲ မဟုတ်ဘူးနော် 😂
ဒီနေ့တော့ လူကြီးဖြစ်နေမှန်း ခဏမေ့ပြီး ကလေးဘဝကို ပြန်သွားခဲ့ပါတယ် 🤣🌊 အဲ့လိုပြောပြောပြီး ခနခနသွားနေတာ 🤣🤣

ရေလျှောစီးမယ်ဆိုပြီး စီးလိုက်တာ… အပေါ်ရောက်ဖို့ကိုလဲ တက်လိုက်ရတာဆိုတာ ...
အသက်ရလာပြီဆိုတော့လဲလေ ဖြစ်တတ်ပါတယ် 🤣🤣 အပေါ်ကနေ အောက်ရောက်တဲ့အထိ စီးလာတော့လဲ ကျွန်မပဲအော်နေလို့ တူတူစီးလာတဲ့သူတွေက ကြည့်ပြီး မဆုအော်လိုက်တာ သမီးအော်ဖို့ပါမေ့သွားတယ်ဆိုတဲ့ ကာကာ. ....
ရေထဲမှာ ပျော်နေတုန်းကတော့ “နောက်တစ်ခါ ထပ်စီးမယ်” ဆိုပြီး…
ပြန်ထွက်လာတော့ “ဒီနေ့အတွက် ဒီလောက်ဆို တော်ပြီ” ဖြစ်သွားရော 🤣🤣
နေပူတာလည်း မမုန်းဘူး၊ မျက်နှာမိတ်ကပ်ေတွ ပျက်ကုန်တာလည်း မမုန်းဘူး…

ရေကူးတတ်တယ်ဟဲ့ဆိုပြီး ၃မီတာလောက်နက်တဲ့ကန်ထဲလဲ ခုန်ဆင်းလိုက်သေးတယ် ....
တော်သေးတယ် ဘေးကလူတွေလှမ်းဆွဲလို့ .... 😵‍💫😵‍💫

Waterpark ကနေ ပြန်လာတဲ့အခါ အလှအပထက် အမှတ်တရတွေက ပိုကျန်ခဲ့တယ် 😂❤️
တစ်နေ့လုံး ရေစို၊ ဆံပင်ရှုပ်၊ မျက်နှာမိတ်ကပ်မရှိ…
ဒါပေမယ့် ပျော်တယ်ဆိုတာတော့ 100% 😆💦
ဘဝမှာ တစ်ခါတလေ
“Adulting” ကို ခဏပိတ်ပြီး “Playing” ကို ON လုပ်ဖို့ လိုတယ် 😂🌊
Result —
📸 Photos များ
😂 ရယ်သံများ
💦 ရေစိုများ
😴 အိမ်ပြန်ရောက်တော့ အိပ်ချင်တာများ
Overall… 10/10 would get wet again! 😂💦

 ゚viralシ
17/09/2026

゚viralシ

ကဲ အလုပ်လျောက်လို့ရပါပြီရှင့်....
16/09/2026

ကဲ အလုပ်လျောက်လို့ရပါပြီရှင့်....

ပိတ်ရက်တုန်းက shan village မှာသွားစားဖြစ်လိုက်တယ် .....အရသာကတော့ရှယ်ပဲ🤤🤤 မြန်မာပြည်ပြန်ရောက်သွားသလိုပဲ🥰🥰🥰🥰ဒူဘိုင်းမှာအကြ...
13/09/2026

ပိတ်ရက်တုန်းက shan village မှာသွားစားဖြစ်လိုက်တယ် .....
အရသာကတော့ရှယ်ပဲ🤤🤤 မြန်မာပြည်ပြန်ရောက်သွားသလိုပဲ🥰🥰🥰🥰

ဒူဘိုင်းမှာအကြိုက်ဆုံးဆိုင်တွေထဲက ၁ဆိုင်လို့ပြောရမယ်......👍👍👍

အိမ်လွမ်းနေတဲ့အချိန်တို့ စိတ်အဆင်မပြေတဲ့အချိန်တွေဆို မြန်မာအစားအသောက်လောက် comfortလုပ်ပေးနိုင်မယ့်အစားအသောက်မရှိတော့ဘူး.....

My comfort food ever 🥰🥰🥰🤩🤩😘😘😘

゚viralシ

အချိုချဉ်ကြော် (Sweet & Sour) ရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းနှင့် အလွယ်ကူဆုံး ချက်နည်း 🤤✨ချိုချဉ်ဟင်းလျာ၏ သမိုင်းအစ (...
09/09/2026

အချိုချဉ်ကြော် (Sweet & Sour) ရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းနှင့် အလွယ်ကူဆုံး ချက်နည်း 🤤✨

ချိုချဉ်ဟင်းလျာ၏ သမိုင်းအစ (History of Sweet & Sour) ချိုချဉ်အရသာ (Sweet and Sour) စတိုင်ချက်ပြုတ်နည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီကတည်းက တရုတ်နိုင်ငံ၊ ဟူနန်နှင့် ဂွမ်ဒုန်း (ကျွန်းတုန်း) ဒေသများမှ စတင်မြစ်ဖျားခံခဲ့တာ ဖြစ်ပါတယ်။ မူလတရုတ်ရိုးရာ ဟင်းလျာများတွင် ငါး သို့မဟုတ် အသားများကို သကြားနှင့် ရှာလကာရည် ရောစပ်ထားသည့် ဆော့စ်ဖြင့် ရိုးရှင်းစွာ ချက်ပြုတ်ခဲ့ကြတာပါ။ ၁၉ ရာစုခေတ်နောက်ပိုင်း တရုတ်ရွှေ့ပြောင်းလုပ်သားများမှတစ်ဆင့် အနောက်နိုင်ငံများသို့ ရောက်ရှိသွားချိန်တွင် ခရမ်းချဉ်သီးဆော့စ်၊ နာနတ်သီးနှင့် ငရုတ်ပွတို့ ရောစပ်ချက်ပြုတ်သည့် ခေတ်သစ် အချိုချဉ်ဟင်းလျာအဖြစ် ကမ္ဘာအနှံ့ ရေပန်းစား လူကြိုက်များလာခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ မိသားစုထမင်းဝိုင်းတိုင်းမှာ လူကြိုက်အများဆုံးဖြစ်တဲ့ ဒီ အချိုချဉ်ကြော်လေးကို အိမ်မှာတင် အရသာကြွပြီး အရောင်လှလှလေး ရရှိအောင် လွယ်လွယ်ကူကူ ချက်ပြုတ်နိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (Ingredients)

အသား: ပုစွန်၊ ငါး၊ ကြက်သား သို့မဟုတ် ဝက်သား (အတုံးသေး စိတ်ကြိုက်တုံးနိုင်ပါတယ်)

အသီးအရွက်: ငရုတ်ပွ (အနီ/အစိမ်း)၊ ကြက်သွန်နီ၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ သခွားသီး

ဂျုံ/ကော်မှုန့်: ကြော်ရန် ကော်မှုန့် သို့မဟုတ် အကြော်မှုန့်

အချိုချဉ်ဆော့စ်: ခရမ်းချဉ်သီးဆော့စ် ၊ ငရုတ်သီးဆော့စ်၊ သကြား ၊ ရှာလကာရည် သို့မဟုတ် သံပုရာရည် ၊ သားငါးငံပြာရည် (နေရာပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်)

ချက်ပြုတ်ပုံ အဆင့်ဆင့် (Instructions)

အသားနှပ်၍ ကြော်ခြင်း: အသားကို ဆား၊ ကြက်သားမှုန့်၊ ငံပြာရည် အနည်းငယ်တို့ဖြင့် နှပ်ထားပါ။ ပြီးလျှင် ကော်မှုန့် သို့မဟုတ် အကြော်မှုန့် လူး၍ ဆီပူတွင် ရွှေဝါရောင်သန်းပြီး အပြင်ဘက် ကြွပ်ရွသွားသည်အထိ ကြော်ထုတ်ထားပါ။

ဆော့စ်စပ်ခြင်း: ပန်းကန်လုံးတစ်ခုထဲတွင် ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်၊ သကြား၊ ရှာလကာရည်နှင့် ငံပြာရည်တို့ကို ရေအနည်းငယ်ထည့်၍ သမအောင် မွှေစပ်ထားပါ။

အသီးအရွက်ကြော်ခြင်း: ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူဓားပြားရိုက်ကို ဆီသတ်ပါ။ ပြီးလျှင် လှီးဖြတ်ထားသော ကြက်သွန်နီ၊ ငရုတ်ပွ၊ သခွားသီးနှင့် နာနတ်သီးတို့ကို ထည့်၍ ခေတ္တမျှ မွှေကြော်ပါ။

ရောစပ်၍ အပြီးသတ်ခြင်း: စပ်ထားသော အချိုချဉ်ဆော့စ်ကို လောင်းထည့်ပါ။ ဆော့စ်ဆူပွက်လာပါက ကြော်ထားသော အသားများကို ထည့်မွှေပါ။ ဆော့စ်များ အသားတွင် သမသွားပါက မီးပိတ်၍ သုံးဆောင်နိုင်ပါပြီ။

📌 Pro-Tip: နာနတ်သီး ထည့်ချက်ပေးခြင်းက အချိုချဉ်ဟင်းကို သဘာဝအတိုင်း ရနံ့မွှေးစေပြီး အချဉ်ဓာတ်ကို ပိုမို ပေါ်လွင်စေပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ထမင်းမြိန်စေမယ့် ဒီအချိုချဉ်ကြော်လေးကို ဒီနေ့ပဲ အိမ်မှာ စမ်းသပ်ချက်ပြုတ်ကြည့်လိုက်ကြရအောင်နော်။



ချိုချဉ်ကြော်ချက်ရင် ကြက်သားနဲ့ ကြိုက်ကြလား၊ ဝက်သားနဲ့ ပိုကြိုက်ကြလား?"
​"ချိုချဉ်ဟင်းထဲမှာ နာနတ်သီးပါမှ ကြိုက်တဲ့သူတွေ Comment မှာ မန့်ခဲ့ကြပါဦးနော်!"

06/09/2026

This time, it’s not goodbye. It’s simply “see you again” in the culinary world. 👨‍🍳

Thank you, Chef, for your guidance, leadership, and inspiration. It has been a privilege to work with you and learn from you.

Wishing you continued success in your next adventure. I’m sure our paths will cross again somewhere in the culinary world. 🤍

゚ ゚viralシ

Korean Spicy Fried Chickenဒီနေ့တော့ ကိုရီးယားကားလေးကြည့်ရင် ကိုရီးယားကြက်ကြော်လေး ကြော်စားကြရအောင်နော်…ကိုရီးယားကြက်ကြော...
04/09/2026

Korean Spicy Fried Chicken
ဒီနေ့တော့ ကိုရီးယားကားလေးကြည့်ရင် ကိုရီးယားကြက်ကြော်လေး ကြော်စားကြရအောင်နော်…
ကိုရီးယားကြက်ကြော်လေးတွေလေးတွေက အိအိလေးအပြင်၊ ပျားရည်ရဲ့အချိုအရသာလေးကြောင့် ကလေးရော၊ လူကြီးပါကြိုက်နှစ်သက်ကြပါတယ်။ ဆုမြတ်ကိုရီးယားကြက်ကြော်ကို ပထမဦးဆုံးစားဖူးတာကတော့ Korean Expo 2016တုန်းကပါ။ အဲ့အချိန်တုန်းက ကိုရီးယားပါမောက္ခက သူ့သားနဲ့အတူ ကိုရီးယားကြက်ကြော်လေးရောင်းတယ်။ ဆုမြတ်နဲ့သူငယ်ချင်းကတော့ ရုပ်လေးပြစားပြီး ကြက်ကြော်ကူရောင်းတာပေါ့နော်…. (နောက်တာပါ)။ အဲ့တုန်းကတော့ ကြက်ကြော်မှာ တော့ပုကီချောင်းတွေ၊ ကြက်သွန်နီအတုံးလေးတွေနဲ့ အာလူးအတုံးလေးတွေ ထည့်ကြော်ပြီးရောင်းတာ။
နောက်ပိုင်းLotteria မြန်မာပြည်ရောက်လာတော့ သူတို့ကကိုရီးယားကြက်ကြော်လေးကို ရွှေဖရုံသီးလေးတွေ ထည့်ကြော်ပြီးထည့်တယ်။ မြေပဲလေးတွေဖြူးပြီးထည့်တော့ စားရတာ ချိုချိုဆိမ့်ဆိမ့်လေးပေါ့။ ဒီနေ့ဆုမြတ်ကြော်ပြမယ့် ကြက်ကြော်လေးကိုတော့ စပ်စပ်လေးဖြစ်အောင် ငရုတ်သီးမှုန့်ထည့်ပြီးကြော်ထားတယ်။ သူတို့ပုံမှန်ကြော်နေကျ အတုံးလေးတွေထက်အလွှာလေးတွေ လုပ်ပြီးကြော်ထားတယ်။ ဘာမှထပ်မထည့်ထားပဲ နှမ်းလှော်လေးနဲ့ နှမ်းဆီလေးပဲဆမ်းထားတော့ ချိုချို၊ စပ်စပ်၊ မွှေးမွှေးလေးပေါ့…
လုပ်စားရအောင်နော်….

ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံ တစ်ခြမ်း
Dashiရေညှိမှုန့် လက်ဖက်ဇွန်း၁ဇွန်း
ကြက်ကြော်မှုန့် လိုသလောက်
ဆား လက်ဖက်ဇွန်း၁ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ဟင်းသီးဟင်းရွက်ဆီ ကြော်ရန်
ရေခဲရေ ၁ခွက်
ဆော့စ်ပြုလုပ်ရန်
Korean Gochujang paste စားပွဲဇွန်း၁ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း၂ဇွန်း
ရှာလကာရည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည်အကြည် စားပွဲဇွန်း၁ဇွန်း
ပျားရည် စားပွဲဇွန်း၄၊ ၅ဇွန်း
နှမ်းဆီ စားပွဲဇွန်း၁ဇွန်း
ကြက်သွန်ဖြူ စားပွဲဇွန်း၂ဇွန်း
ငရုတ်သီးမှုန့် စားပွဲဇွန်း၁ဇွန်း
နှမ်းလှော် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်ရင်ပုံကို ရေနှင့်သေချာဆေးကြောပြီး အလွှာလေးတွေလှီးထားပါ။ ကြက်ကြော်အမှုန့်ကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ရေညှိမှုန့်တို့နဲ့ရောထားပါ။ ရေခဲရေကို ခွက်တစ်ခွက်ထဲမှာ သပ်သပ်ပြင်ထားပါ။
၂။ ဒယ်အိုးထဲမှာကြက်သားမြုပ်လောက်တဲ့ထိ ဆီထည့်ပြီး ဆီပူလာတဲ့ထိစောင့်ပါ။ ဆီပူလာပြီဆိုရင် ကြက်သားအလွှာလေးတွေကို အကြော်မှုန့်ထဲအရင်နှစ်ပါ။ ပြီးရင်ရေခဲရေထဲနှစ်ပြီး ချက်ချင်းပြန်ဆယ်ပါ။ နောက်တစ်ခေါက် ကြက်ကြော်အမှုန့်ထဲနှစ်ပြီး ဆီပူထည့်မှာထည့်ကြော်ပါ။ နီညိုရောင်သမ်းထာတဲ့ထိ ကြော်ပြီးခနဆယ်ထားပါ။ နောက်၃၊ ၄မိနစ်လောက် ထပ်ကြော်ပါ။
၃။ ဆော့စ်စပ်ရန်အတွက် နှမ်းလှော်ကလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောထားပါ။ အိုးအသစ်တစ်လုံးထဲမှာ ကြော်ထားတဲ့ကြက်ကြော်များနှင့် ဆောစ့်များကိုရောပြီးလိမ့်ပေးပါ။ ပန်းကန်ထဲမှာ တည်ခင်းပြီးနှမ်းလှော်ဖြူးပါ။ ချိုချို၊ စပ်စပ်၊ မွှေးမွှေးကိုရီးယားကြက်ကြော်လေးကို သုံးဆောင်နိုင်ပါပြီနော်…….
Korean Spicy Fried Chicken
Hi everyone!! Welcome back to my kitchen jungle. Today, let’s eat Korean spicy fried chicken while watching Korean drama.
Korean fried chicken tastes sweet because of honey and the texture of chicken is so nice. Children and adults love to eat Korean fried chicken. The first time I ate Korean fried chicken was at the Korean Expo 2016. At that time our Korean professor and his son sold Korean fried chicken and me and a friend assisted them with our beauty face. (Haha just kidding) At that time they sold fried chicken with fried Korean rice sticks, onion and potato.
Later Lotteria brand reach our country, they sell fried chicken with fried pumpkin and sprinkle it with peanuts. So it tastes so sweet and nutty. Today I added chillies powder to taste a little bit spicy. I don’t dice the chicken as usual. I slice the chicken like fillets. And also I didn’t add more and I just added roasted sesame and sesame oil, so the taste is so sweet, a little bit spicy and smells good.
Let’s make it…….
Ingredients
1 Chicken Breast
Dashi Seaweed Powder 1Tsp
Salt 1Tsp
Fried Chicken Buttermilk Powder Optimal
Pepper A little bit
Vegetable oil For fried
Ice water 1 Cup
For sauce
Korean Gochujang Paste 1Tbsp
Garlic paste 2Tbsp
Vinegar 1Tbsp
Light soy sauce 1Tbsp
Honey 4/5Tbsp
Sesame oil 1Tbsp
Chili powder 1Tbsp
Roasted sesame Optimal
Vegetable oil 1Tbsp
Instructions
1. Wash the chicken breast and slices into fillets. Mixed fried chicken buttermilk powder with pepper, salt and dashi seaweed powder. Ice water placed into a bowl.
2. Heat the pan and pour the vegetable oil into the pan until it covers the chicken fillets. Take the chicken fillets, lightly dust them with fried chicken buttermilk powder and dip them in the ice water. Then place them in the fried chicken buttermilk powder again.
3. Add the chicken into the oil and cook until the chicken is turned into golden brown colour. Place the fried chicken set aside and fried the chicken second time for 3 to 4 minutes and set aside.
4. Put all ingredients except roasted sesame and mix thoroughly. Place the new pan, add all fried chicken and mix with sauce thoroughly. Served the fried chicken into the plate and sprinkled it with roasted sesame.

01/09/2026

အစားလေးလဲစား ဂိမ်းလေးလဲဆော့ 🥰🥰🥰
ရှုံးတဲ့သူ နှုတ်ခမ်းနီနဲ့အတို့ခံရတော့ မျက်နှာတွေဆ်ုတာ ရဲဗလောင်းခါနေတာပဲ🤣🤣🤣😂😂
゚viralシ

30/08/2026

၂၀၁၉တုန်းကရိုက်ထားတဲ့ video လေး ခုနေပြန်ကြည့်တော့ အားမလိုအားမရလေး 😊😊
Videoလေးပြန်ကြည့်မိတော့ ကြက်ကြော်လေးတောင်ပြန်စားချင်မိ 😋😋
゚

Address

Dubai

Alerts

Be the first to know and let us send you an email when My Kitchen Jungle Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Kitchen Jungle Myanmar:

Shortcuts

Share