02/07/2026
Conversion Thinking ဆိုတာ ဘာလဲ?
Digital Marketing ကို စလုပ်တဲ့အချိန်မှာ ကျွန်တော်လည်း Reach, Likes, Followers တွေကို အရမ်းအာရုံစိုက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် အလုပ်အတွေ့အကြုံတွေ များလာတာနဲ့အမျှ အရေးကြီးဆုံးမေးခွန်းတစ်ခုကို ပိုစဉ်းစားလာမိတယ်။ ဒီ Marketing Activity က Business အတွက် ဘာရလဒ်ရစေလဲပေါ့။ အဲ့ဒီ Mindset ကိုပဲ Conversion Thinking လို့ ကျွန်တော် မြင်ပါတယ်။
ဥပမာ လူ 100,000 မြင်တဲ့ Post တစ်ခုရှိတယ်။ ဒါပေမယ့် Website ကို ဘယ်သူမှ မဝင်ဘူး။
Message မလာဘူး။ Order လည်းမတက်ဘူးဆိုရင် ဒီ Reach က Business အတွက် တန်ဖိုးဘယ်လောက်ရှိမလဲ?
တစ်ဖက်မှာ Reach 10,000 ပဲ ရှိပေမယ့်—
✅ Website Visit ရတယ်
✅ Message ဝင်တယ်
✅ Booking ရတယ်
✅ Sale ဖြစ်တယ် ဆိုရင်
ဒီ Campaign ကတော့ Business အတွက် ပိုတန်ဖိုးရှိပါတယ်။ ဒါကြောင့် Marketing လုပ်တဲ့အခါလူဘယ်နှယောက် မြင်သလဲ ဆိုတာထက် မြင်တဲ့သူတွေ ဘာ Action ယူသွားလဲ ဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
Conversion ဆိုတာ Sale တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ Business Goal ပေါ်မူတည်ပြီး Conversion က ပြောင်းလဲနိုင်ပါတယ်။
ဥပမာ
📩 Message ပို့တာ
📞 Phone Call လုပ်တာ
🌐 Website ဝင်တာ
📍 Store Visit လုပ်တာ
🛒 Purchase လုပ်တာ ဒါတွေ အားလုံးဟာ Conversion ဖြစ်နိုင်ပါတယ်။
ကျွန်တော်အတွက်တော့ Marketing က Content ဖန်တီးတာ မဟုတ်ဘူး။ Marketing က လူတွေကို Action ယူစေတဲ့ Process တစ်ခုလို့ ယုံကြည်ပါတယ်။
ခင်ဗျားတို့အနေနဲ့ Marketing Campaign တစ်ခုကို တိုင်းတာတဲ့အခါ ဘယ် Result ကို အရေးအကြီးဆုံးလို့ မြင်ပါသလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်။