19/01/2025
The Mandalay
https://www.facebook.com/share/p/15BUudjiPM/?mibextid=wwXIfr
ရက်စွဲ။ ၁၉၊ ၀၁၊ ၂၀၂၅
အကြောင်းအရာ။ သတင်းထုတ်ပြန်ခြင်း
၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမူဖြင့် Eagle Brigade (ANyar Eagles) အဖွဲ့၊ No More Dictatorship People Defence Force _NMD အဖွဲ့၊ ကျွန်တော်တို့ Shadow (Mandalay)အဖွဲ့နှင့် ဒေသခံတော်လှန်ရေး ရဲဘော်အင်အားစုများ ပူးပေါင်းကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်၊ ညနေ(၄)နာရီ (၂၀) မိနစ် အချိန်မှစတင်၍ စစ်ရှုံးကောင်စီလေတပ် အားထားရသော မကွေးတိုင်း ဆိပ်ဖြုမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)အမှတ်(၂၁)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး (၈)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၇)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါသည်။
၂။ စစ်ရှုံးကောင်စီ၏ ကပစ (၂၁) သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြုမြို့နယ်တွင် တည်ရှိပြီး စစ်ကောင်စီ ၏ လေတပ်က နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ပေါင်၅၀၀ဗုံးသီးများ၊cluster ဗုံးသီးများ အပါအဝင် တိုက်လေယဉ်သုံး လူသတ်ဗုံးသီးအမျိုးမျိုးကို အဓိကထုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည့်အတွက် ကျွန်ုပ်တို့ BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ( ၂၁) ကို လေတပ် ဆက်စပ် ပစ်မှတ်အဖြစ် သော်လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ်အဖြစ် သော်လည်းကောင်း သတ်မှတ်၍ ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
၃။ ကပစ ၂၁ တိုက်ခိုက်မှု မစ်ရှင်အတွင်း စစ်ရှုံးကောင်စီ၏ ကပစ ၂၁ ဗုံးသီးထုတ်စက်ရုံအတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦးသတင်းရရှိလာပြီး တိကျသော အသေးစိတ်နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းကာ ကြေညာပေးသွားပါမည်။
Shadow Mandalay Team
Mandalay