Travel with Min Wai

Travel with Min Wai Emiratesလေကြောင်းမှာအလုပ်လုပ်ရင်းအခွင့်ရလို့သွားရတဲ့လေယာဉ်မောင်ခရီးစဉ်တွေကိုလိုက်ကြည့်ကြည့်ပါခင်ဗျား။

15/12/2025

ညနေဘက် ရောက်ရောက်ချင်း ခဏ အိပ်ကြပြီး China Town လည်လည် ထွက်

14/12/2025

ဒီနေ့ တော့ Bangkok ရောက်တာ ပထမဆုံးနေပါ။ ဟိုတယ်ရောက်တော့ မောမောနဲ့ အိပ်ပျော်သွားကြတာ ညနေ ၅ နာရီ က ည ၈ နာရီထိပဲ ။ ၈:၃၀ မှာ ထ ပြီး China Town မှာ ထမင်းသွားစားတာ မြန်မာတွေအများကြီးဆိုတော့ ပျော်စရာကြီးပေါ့။

BBC က သတင်းတက်လာတယ်။ Australia နိုင်ငံ bondi beach မှာ ဂျူးလူမျိုးတွေ ဘာသာရေးပွဲ တွေလုပ်နေတုန်း ဝင်ပစ်တာလို့ ၁၂ ယောက်သေတ...
14/12/2025

BBC က သတင်းတက်လာတယ်။ Australia နိုင်ငံ bondi beach မှာ ဂျူးလူမျိုးတွေ ဘာသာရေးပွဲ တွေလုပ်နေတုန်း ဝင်ပစ်တာလို့ ၁၂ ယောက်သေတယ်တဲ့ ။ ကျွန်တော်တို့ မြန်မာတွေ BBC အောက်မှာ ဝင်မန့်ကြတာလေးတွေတွေ့တယ်။

စာလေးဘာလေးဖတ်ကြ၊ Chat GPT လေးတော့ အနည်းဆုံးသုံးကြ။ အဲ့သေနတ်ပစ်တဲ့လူကို လက်ဗလာနဲ့ ဝင်လုံးပြီး သေနတ်လုတဲ့ လူနာမည်က Ahmed Al Ahmed ဆိုတဲ့ မူဆလင် သစ်သီးရောင်းတဲ့ ဆိုင်ကလူ၊ ဒါမျိုးကျ သတောင်း၊ စား BBC က နာမည်ထည့်မရေးဘူး။ အနောက်တိုင်း Media တွေ မှိုင်းတိုက်တာကို အမြဲ ဘုမသိဘမသိ ထိုင်ဆဲနေတယ်။

မြန်မာပြည်မှာလည်း မူဆလင်တွေအများကြီး ၃သန်းက ၅ သန်းလောက်နေတယ်။ ပြသာနာတွေ ဒီလောက်ဖြစ်နေတာ၊ ဘယ်မြန်မာ မူဆလင်က တိုင်းပြည်ပျက်အောင် ပြသာနာရှာဘူးလဲ။ မူဆလင်မဟုတ်တဲ့ သူတွေဘဲ တိုင်းပြည်ဖျက်နေကြတာမဟုတ်ဖူးလား။

14/12/2025

ဒီတခေါက် အားဖော်ကို ဘုရားဖူးလိုက်ပို့ကြတာပါ

Vacation mode on
14/12/2025

Vacation mode on

ပဉ္စမပိုင်းမှာ Blue Chip နဲ့ Cryptocurrency future အကြောင်းကိုဆက်ပါအုန်းမယါ။ Soni အဖမ်းခံရပြီးပေမဲ့ ငွေတွေအားလုံးကို Rec...
13/12/2025

ပဉ္စမပိုင်းမှာ Blue Chip နဲ့ Cryptocurrency future အကြောင်းကိုဆက်ပါအုန်းမယါ။

Soni အဖမ်းခံရပြီးပေမဲ့ ငွေတွေအားလုံးကို Recover လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါ။ အချို့ငွေတွေဟာ အတိုးအဖြစ်ပြန်ပေးလိုက်ပြီးပြီဖြစ်သလို ၊ ကြော်ငြာတွေ လူတွေ ရုံးခန်းတွေ အတုလုပ်ရတာတွေကြောင့်ရော၊ လောလောဆယ် biggest amount ကို ခြေရာခံမိတာ Crypto wallet ဖြစ်ပေမဲ့ အားလုံးကို Recovery လုပ်ဖို့ဆိုတာ မလွယ်သေးပါ။ သို့သော် Crypto ရဲ့ အသုံးချပုံ စံနှုန်းက ပြောင်းလဲသွားပါပြီ။ အရင်ကျွန်တော်နားလည်ထားတာ Crypto ကို ခြေရာခံလို့မရသောကြောင့် black money ငွေမည်းသမားတွေက ကြိုက်လို့ အကုန်ပုံအော်ထည့်ကြရာက စျေးတွေကြီးမြင့်လာသောလည်း အချိန်တခုမှာ အစိုးရတွေက ကန့်သတ်လိုက်ရင် ၊ bank တွေက ငွေလွှဲ ငွေထုတ်တာတင်းကျပ်လိုက်ရင် လူတွေ ထိုးရောင်းလို့ စျေးကျပျက်သုန်းသွားမည့် Scam တခု မျှလို့ထင်ခဲ့ပါတယ်။

ယခုအခါတော့ Crypto ဟာ Trace လို့ရသွားတာနဲ့ အမျှ Biance လို့ Company ကြီးတွေက Regulation Requirements တွေ ၊ KYC update (Know Your Customer) ကို ကျင့်သုံးခြင်း၊ Banking sector မှာလည်း ကျယ်ပျံသထက် ကျယ်ပျံ အသုံးပြုလာခြင်း၊ ငွေမည်းသာမက ငွေဖြူသမား ၊အစိုးရတို့ Bank တို့ကိုပါ အယုံအကြည်မရှိသူတွေက သုံးလာနေခြင်းတို့ကြောင့်၊ Privacy ကိုသာ လိုလားတဲ့ ငွေမည်းသမားများက Zcash တို့ ~~~အခြား privacy coin တွေကို ပြောင်းသုံးကြပါလိမ့်မယ်။ သို့သော် ထို coin များကို နိုင်ငံတွေက Exchange ပလက်ဖောင်းက Ban တာဖြစ်ဖြစ် Swift က နေတခုခုလုပ်တာဖြစ်ဖြစ်အရေးရှိသေးတာကြောင့် ထို coin တွေဆီရင်းနှီးမြုပ်နှံဖို့ကလည်း Risk များနေအုန်းမှာမို့ ထင်သလောက်စျေးတက်မှာမဟုတ်ပါ။ Cryptocurrency က ကြောက်ဖို့ကောင်းပါတယ်။ စလုံးက တောင်ကိုရီးယားသား UST နဲ့ Luna Coin ကိစ္စဆို အချိန်ပိုင်းအတွင်း USD billion နဲ့ချီ Wipe out ဖြစ်သွားလို့ ဆုံးရှုံးသူတွေ အများကြီးပါ။

Cryptocurrency ကဆက်လက်တည်ရှိနေအုန်းမှာပါ။ Bitcoin ရဲ့ Limited amount ဖြစ်တယ်၊ 21 million သာရှိတယ်ဆိုတဲ့ scarcity

စတ္တူထပိုင်းဖြစ်တဲ့ Blue Chip နဲ့ Cryptocurrency အနာဂတ်ကို ဆက်ရရင်Soni ရဲ့ Company က အမြတ်ငွေအနည်းဆုံးတလ ၃ ရာခိုင်နှုန်း...
13/12/2025

စတ္တူထပိုင်းဖြစ်တဲ့ Blue Chip နဲ့ Cryptocurrency အနာဂတ်ကို ဆက်ရရင်

Soni ရဲ့ Company က အမြတ်ငွေအနည်းဆုံးတလ ၃ ရာခိုင်နှုန်း၊ အနည်းဆုံး ၁၈လ ပြန်ထုတ်လို့မရတဲ့ Lock လုပ်ထားရမဲ့ Investment အဖြစ်မက်လုံးပေးပြီး စည်းရုံးပါတယ်။ တနှစ်ကို ၃၆ ရာခိုင်နှုန်းဆိုတာ အလွန်များတဲ့ ပမာဏပါ။ UAE bank တွေတောင် တနှစ်လုံးနေမှ ၄၊၅ ရာနှုန်းပေးတာပါ။ လူတွေကလည်းတယာက်က နည်းနည်းထည့်ရာက လတိုင်းမှန်မှန်ပေးနေတယ်ဆိုတော့ ဝိုင်းထည့်ကြတာပေါ့။

သူက Cheque လတ်မှတ်တွေရေးပေး၊ Blue Chip Company နာမည်ပေါက်နဲ့ ဝယ်ထားပါတယ်ဆိုတဲ့ Tittle Deed အတုတွေပြ၊ ငှါးခတွေ pre leasing တွေ ထုတ်ပြပြီး အယုံသွင်းပါတယ်။ တကယ် လူတွေစတင်ပြီး အများပြားရင်းနှီးချိန်က ၂၀၂၄ January ဖြစ်ပြီး လူပေါင်း ၈၀၀ ခန့် ပါဝင်ကြပါတယ်။ အရင်တုန်းကလိမ်ထားတဲ့ ငွေတွေကို ချူဆီအဖြစ် စပေးထားထာဖြစ်ပါလိမ့်မယ်။ နောက်ပိုင်း investor တွေများလာတော့ ဟိုလူဆီက ရတဲ့ငွေ အရင်လူကို အတိုးပေးနဲ့ ၊ အတိုးရတဲ့သူကလည်း သူပေးတာမှန်နေတော့ ထိုအတိုးကို ဆပွါးနဲ့ ပြန်ထည့်ကြပါလိမ့်မယ်။ ponzi scam ပေါ့။

ထိုကပိုတဲ့ငွေတွေကို ဘယ်မှာမှ မရင်းနှီးပါဘူး။ June လောက်လည်းကျရော ၊ အကုန်မပြီး ထွက်ပြေးတာပေါ့။ dhs သန်း ၄၀၀ စာရင်းမှာပေါပြီး ၊ ထိုထဲက ၄၁ သန်းကို Blue Chip မပိတ်ပြေးခင် ၊ ငွေတွေ အမြောက်အများ သေတ္တာထဲထည့်နေတဲ့ သူ့ပုံကို CCtV camera ကမိထားပြီး၊၄၁ သန်းကျော်ကို Crypto Wallet ထဲကို ထည့်ခဲ့တယ်လို့ Khalejee Times သတင်းစာက ခြေရာခံ ဖော်ထုတ်ခဲ့ပါတယ်။ ဒီအမှုမှာ တခုထူးခြားသွားတာက လိမ်ခံရသူတွေက နိုင်ငံပေါင်းစုံက လူအများအပြားပါဝင်နေတာပါ။ ဒါကြောင့် Digital Forensic လိုက်ရာမှာ ၊ အရင်ဆို Crypto ကို Trace လိုက်ဖို့ မလွယ်ပေမဲ့ ၊ ယခုအမှုကတော့ နိုင်ငံတကာ bank တွေက သူ့လူတွေပါဝင်တဲ့အတွက် အကုန်ဖွင့်ချ ကူညီဆောင်ရွက်ခဲ့ရာ ၊ ယခုအခါ Bitcoin တို့ အခြားနာမည်ရှိ Coin တွေကို အတော်များများ ဘယ် Wallet တွေရောက်သွားလည်းဆိုတာ ခြေရာခံနိုင်ခဲ့ပါပြီ။

တိုးတက်လာတဲ့ AI ခေတ်ကြီးမှာ အရင်လပေါင်းများစွာ Computer ပေါင်းများစွာဖြိုရမဲ့ Code ကို အချိန်အနည်းငယ်နဲ့ လုပ်ဆောင်နိုင်လာသလို၊ ကျားဖြန့်တို့လို Digital Crime တွေကိုရင်ဆိုင်ဖို့ နိုင်ငံတွေကလည်း Cyber Security ကဏ္ဏမှာတိုးတက် လုပ်ဆောင် မြုပ်နှံလာခဲ့တဲ့ အကျိုးကျေးဇူးပါ။ ဆက်ပါအုန်းမည်။

တတိယပိုင်းရဲ့ Blue Chip နဲ့ Future of Cryptocurrency အကြောင်းဆက်ပြောရရင်အိန္ဒိယနိုင်ငံသား Mr. Ravindra Nath Soni ဆိုသူကိ...
12/12/2025

တတိယပိုင်းရဲ့ Blue Chip နဲ့ Future of Cryptocurrency အကြောင်းဆက်ပြောရရင်

အိန္ဒိယနိုင်ငံသား Mr. Ravindra Nath Soni ဆိုသူကို Dubai Court ကနေ 2024 June လမှာ ပဏမစွဲချက် အဖြစ် Dhs 10.05 သန်း Cheque ကို ရေးပေးထားရာ ငွေသားမရှိတဲ့အတွက် Cheque Bounce ဖြစ်လို့ တိုင်ကြားခံရမှုနဲ့ ဖမ်းဖို့ ဝရမ်းထွက်လာပါတယ်။ ထိုအချိန်ကစပြီး အိန္ဒိယ ယူအေအီး နဲ့ Khaleeje Times သတင်းစာတို့ရဲ့ကြိုးပမ်းမှုတွေနဲ့ နောက်ဆုံး ၁ နှစ် ၈ လ အကြာမှာ Delivery Apps ကနေ Soni ကို ခြေရာခံပြီး India က Uttarakhand ပြည် Dehradun မှာ ဖမ်းမိခဲ့ပါတယ်။
ဒီလူက အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၈-၂၀၂၀ မှာလည်း သူလည်ပတ်တဲ့ Financial management company တွေက အရှုံးပေါ်တယ်ဆိုပြီး သန်းပေါင်းများစွာပျောက်ဆုံးကုန်တယ်။ Dubai Court ကသူ့ကို investor တယောက်ဆီ ငွေ ၂ သန်း ပြန်ပေးဖို့ ၂၀၂၃ မှာ ညွှန်ကြားခံထားရပါတယ်။ India မှာလည်း ၂၀၂၂ က double your money ဆိုတဲ့ Scam နဲ့ အဖမ်းခံရဖူးပါတယ်။ ထိုရက်ပိုင်း Blue Chip Company မပိတ်ခင်ရက်ပိုင်းတင်မှာ အမည်မသိတဲ့ Crypto Wallet ဆီကို Dirhams 41.35 သန်း လွှဲပြောင်းခဲ့တယ်လို့ Khaleeje Times News က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲတော့ သူ မည်သို့လုပ်ခဲ့သလဲ။ ဘာတွေလုပ်ခဲ့သလဲ။ စတ္တုထပိုင်းကို ကြည့်ရအောင်။

ကြိုက်ရင် အပိုင်းတွေအကုန် page မှာတင်ပေးမှာဖြစ်လို့ Like Share Follow လုပ်ကြအုန်း။

ဒီအဖြစ်ပျက်က တကယ်ကို ဖြစ်ခဲ့တာနော်။



ဒုတိယပိုင်း Blue Chip နဲ့ Cryptocurrency future အကြောင်းကိုဆက်ရရင်တော့BLUE Chip ရဲ့ ရုံးခန်းရှေ့မှာ အလိမ်ခံရသူတွေ အုတ်အေ...
12/12/2025

ဒုတိယပိုင်း Blue Chip နဲ့ Cryptocurrency future အကြောင်းကိုဆက်ရရင်တော့

BLUE Chip ရဲ့ ရုံးခန်းရှေ့မှာ အလိမ်ခံရသူတွေ အုတ်အော်သောင်းနှင်း တသုတ်ပြီးတသုတ်ကြီး လာလိုက်သွားလိုက် မတ်တပ်ရပ်စောင့်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန် ၊ တမနက် ရုံးရှေ့မှာစာလာကပ်ထားပါတယ်။ Blue Chip ပိုက် assets တွေကို တားမြစ်လိုက်ပြီ။

အိမ်တွေ ခြံတွေ Blue Chip ပိုင်တာတွေ ဝရမ်းကပ်ပြီး ၊ Assest တွေအကုန် ပြန်လည်ထုခွဲရောင်းချပြီး ဝေငှါမှ ဖြစ်လို့ ၊ ဒီရှေ့နေရုံးခန်းကို ဆက်သွယ်နိုင်တယ်ပေါ့။ လူတွေလည်း တခါ ထိုရုံးခန်းကိုလိုက်ကြတယ်။ ထိုရုံးခန်းရောက်တော့ စာရွက်စာတမ်းတွေဖြည့်ကြ မေးကြမြန်းကြတော့၊ Claim လုပ်မဲ့ အမောင့်ရဲ့ ၅ ရာနှုန်း ၊ သူတို့ service ခ ရုံးစားရိတ် အတွက် ပေးရမယ်ပေါ့။ သန်း ၄၀၀ ရဲ့ ၅ ရာနှုန်း မှာ အချို့ ပေးနိုင်တဲ့ သူ​တွေဆီက နောက်ထပ် 3.5 သန်း ထပ်လိမ်ခံရပြန်ရော။ အင်တာပိုလ် နဲ့ ချိတ်ဖမ်းပေးမယ်တို့ ၊ recovery agents တို့ အတုအယောင် Court တွေပြပြီးတော့ ထပ်မံ သမတ ခံရပြန်ရော။ ဒါပေမဲ့ ထိုအချိန်က ၁ နှစ်နဲ့ ၈ လအထိ Blue Chip ရဲ့ Owner ကို ဖမ်းမမိခဲ့ရာက တနေ့…..တတိယပိုင်း ဆက်ရေးမယ်နော်။
ကြိုက်ရင် အပိုင်းတွေအကုန် page မှာတင်ပေးမှာဖြစ်လို့ Like Share Follow လုပ်ကြအုန်း။

ဒီအဖြစ်ပျက်က တကယ်ကို ဖြစ်ခဲ့တာနော်။



UAE မှာ ဖြစ်သွားတဲ့ USD 109 millions (Dhs သန်း ၄၀၀) တန် လိမ်လည်မှု နဲ့ Cryptocurrency ရဲ့ အနာဂတ်ပြောင်းလဲမှုBlue Chip co...
12/12/2025

UAE မှာ ဖြစ်သွားတဲ့ USD 109 millions (Dhs သန်း ၄၀၀) တန် လိမ်လည်မှု နဲ့ Cryptocurrency ရဲ့ အနာဂတ်ပြောင်းလဲမှု

Blue Chip company ဆိုတာ Dubai ရဲ့ မြို့လယ်ကောင် အထင်ကရ Bur Dubai ဆိုတဲ့ ရပ်ကွပ်မှာ ရုံးခန်းကြီးဖွင့်ပြီး၊ အလုပ်သမားများစွာနဲ့ လည်ပတ်နေတဲ့ Real Estate Investment company ကြီးပေါ့။ သူတို့ ပြောတာတော့ သူတို့ဆီ မှာ အာမခံတဲ့ အလွန်မြင့်မားတဲ့ high returns အတိုးတွေ၊ လစဉ်ပေးမဲ့ အငှါးခကရမဲ့ အမြတ်ငွေတွေ၊ စိတ်ချရတဲ့ လုံခြုံတဲ့အိမ်ခြံမြေ ရင်းနှီးမြုပ်
နှံထားမှုတွေပေါ့။ ပြန်ရောင်းရင် ချက်ချင်းပြန်ဝယ်မဲ့ Buy Back grantees , Risk free investment package ဆိုပြီး ၊ လက်ကမ်းစာစောင်လှလှ၊ အရောင်းစာရေး ခန့်ခန့်ညားညားတွေ နဲ့ ဖွင့်ထားတဲ့ company ကြီးပေါ့။ ၂၀၂၄ April လောက်မှာ ထို company နဲ့ ရင်းနှီးမြုပ်နှံထားသူတွေအကုန် လစဉ်ငွေဝင်မလာတော့ပါဘူး။

ထို company ကို လိုက်သွားကြတော့ တရားရုံးက တားမြစ်စာနဲ့ ချိတ်ပိတ်ထားတဲ့ ရုံခန်းကြီးသာရှိပြီး ၊ Owner နဲ့ စီနီယာ အရာရှိတွေ ပျောက်နေပါတယ်။ လူတွေအားလုံးစုလိုက်တော့ လူပေါင်း ၈၀၀ ရဲ့ ငွေ Dhs သန်းပေါင်း ၄၀၀ ဟာ ၊ နေ့ညချင်းကိုမရှိတော့ပါ။ ထို ၈၀၀ တွေကတော့ အိန္ဒိယတွေ ပါကစ်စတာနီတွေ ဖီလစ်ပင်းတွေ နဲ့ အာဖရိကန်တွေရဲ့ ချွေးနဲစာတွေပေါ့။ အချို့က ၂ သောင်း က ၅ သောင်း။ အချို့က သိန်းချီပေါ့။

ဒုတိယပိုင်း ဆက်ပါမယ်။ Share Like လုပ်ပေးခြင်းဖြင့် အားပေးပါ။

India သမုဒ္ဒရာထဲ က Mauritius ဆိုတဲ့ ကျွန်းနိုင်ပေါ်ရောက်နေပါတယ်။ ပြင်သစ်စကားပြောတဲ့ ဒီနိုင်ငံက UAE က တောင်ဘက်ကို တည့်တည်...
12/12/2025

India သမုဒ္ဒရာထဲ က Mauritius ဆိုတဲ့ ကျွန်းနိုင်ပေါ်ရောက်နေပါတယ်။ ပြင်သစ်စကားပြောတဲ့ ဒီနိုင်ငံက UAE က တောင်ဘက်ကို တည့်တည့် ၆ နာရီ ဆင်းရင် Maldives နိုင်ငံ ကို ၃ နာရီ ခန့် ကြာ ဖြန်ကျော်၊ Seychelles ဆိုရင် ၄ နာရီ ကြာဖြတ်ပျံရင် ၊ ဒီနိုင်ငံရောက်ပါတယ်။ အရမ်းလှတဲ့ ကောင်းကင်ပြာပြာ ၊ ရေပြာပြာကို ပိုင်ဆိုင်ထားလို့ Tourism ဖွံ့ဖြိုးပါတယ်။



11/12/2025

Emirates က Crew တွေကို Layover မှာ ဒီလိုထားပါတယ် Part 7

Address

Dubai
0000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959798636291

Alerts

Be the first to know and let us send you an email when Travel with Min Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel with Min Wai:

Share