Able's Recipes and Thrillers

Able's Recipes and Thrillers Serving up killer recipes and even deadlier stories!

Burmese Carrot Salad for my Sri Lankan Friend's Potluck 🥕သူငယ်ချင်းအိမ်မှာ ညစာ စု စားဖြစ်တော့ ဘာယူသွားရမယ်မသိတာနဲ့ သူတို...
13/04/2026

Burmese Carrot Salad for my Sri Lankan Friend's Potluck 🥕

သူငယ်ချင်းအိမ်မှာ ညစာ စု စားဖြစ်တော့ ဘာယူသွားရမယ်မသိတာနဲ့ သူတို့လည်း စားလို့ အဆင်ပြေ ပေါ့ပေါ့ပါးပါးလည်းရှိတဲ့ vegetarian friendly မုန်လာဥနီ သုပ်လေး ပြင်သွားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေက မုန်လာဥနီ၊ မြေပဲ၊ ငြုပ်သီးစိမ်း၊ ပဲကျက်မှုန့်၊ သံပုရာသီး၊ ကြက်သွန်နီ ဆီချက်နဲ့ အရသာအတွက် ဆား၊ အချိုမှုန့်ရယ်၊ နံနံပင်၊ နှမ်းဖြူ/နက် တို့က (optional) ပါ။

အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ မုန်လာဥနီကို ခြစ်ထားပြီး ဆားနဲ့နယ်ထားပါမယ်။ ပြီးရင် ရေစင်အောင်ဆေးပြီး လက်ကျန်ရေ မရှိအောင် စစ်ရပါမယ်။ မြေပဲထောင်းထားပါမယ်။

ကြက်သွန်နီ ဆီချက် ချက်တဲ့အခါမှာ ကြက်သွန်ကို ပါးပါးမလှီးခင် အလုံးလိုက်ရေဆေးတာက ဆီချက်ချက်ရင် ရေပါလို့ ‌ဆီပေါက်တာကို မရှိသလောက် သက်သာစေပါတယ်။ ကြက်သွန်ကိုထည့်ကြော်ရင်း နွမ်းလာတဲ့အခါမှာ ဆနွင်းထည့်ပြီး မီးပိတ်၊ အပူရှိန်နဲ့ ဆက်ကြော်ပေးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် တူးသွားတတ်လို့ပါ။

အားလုံးပြီးရင်တော့ အကုန်ရောနယ်လိုက်ရုံပါပဲ။ သားသတ်လွတ်မစားရင်‌‌တော့ ပုစွန်ခြောက်ထောင်းထည့်လိုက်ရင် အရသာပိုပြည့်စုံသွားမှာပါ။

စမ်းလုပ်ကြည့်ဦးနော်!

ခေါက်ဆွဲကြော်ကို ဆိုင်တွေမှာ စားရတဲ့အတိုင်းကြော်ဖို့ဆိုရင်တော့ သကြားကို ချိန်ဆပြီး ထည့်တတ်ရပါမယ်။အိမ်မှာချက်တဲ့နည်းကတော့...
11/04/2026

ခေါက်ဆွဲကြော်ကို ဆိုင်တွေမှာ စားရတဲ့အတိုင်းကြော်ဖို့ဆိုရင်တော့ သကြားကို ချိန်ဆပြီး ထည့်တတ်ရပါမယ်။

အိမ်မှာချက်တဲ့နည်းကတော့ 50:25:25 အချိုးပါ။ ခေါက်ဆွဲက 50% ဆို 25% က အသားနဲ့ 25% အသီးအရွက်ပေါ့။

မပါမဖြစ်ကတော့ ပဲသီး၊ ဂေါ်ဖီ၊ မုန်လာဥနီပေမယ့် ဒီမှာတော့ ပြောင်းဖူးလေးတွေနဲ့ ဘောက်ချွိုင်ရွက်ပါ ထည့်ပါတယ်။

ဆော့စ်အတွက်က ပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြားနဲ့ ဆား ထည့်ရပါမယ်။

အသားကို ကိုယ်ကြိုက်ရာအသားထည့်လို့ရပါတယ်။ အရသာနှပ်တဲ့နေရာမှာ ပဲငံပြာရည် အကြည်အနောက်နှစ်မျိုးလုံးထည့်မှ အရောင်ပိုလှပါတယ်။ နောက် ဆား၊ သကြားထုံးစံအတိုင်းထည့်ပါမယ်။

ကြက်ဥကို ဆားနည်းနည်းထည့်ပြီး ခေါက်ထားရပါမယ်။ ကြက်သွန်နီ လေးစိပ်စိပ်ထား၊ ကြက်သွန်နီ ဓားပြားရိုက်ထားပါမယ်။

ခေါက်ဆွဲက ဂျုံပြားအကြီးသုံးသုံး၊ ပုံထဲကအတိုင်း ခပ်သေးသေး အဆင်ပြေပါတယ်။ ပြုတ်ပြီးရင် ရေအေးနဲ့ခဏစိမ် ရေစစ်ပြီး ပဲငံပြာရည် အနောက်နဲ့နယ်ပါမယ်။

ကြော်တဲ့နေရာမှာ ပထမဆုံး ကြက်ဥကို အချပ်လိုက်ကြော်၊ နောက်မှညှပ်ပြီး ပြန်ထည့်ပါမယ်။ အလုပ်ရှုပ်သက်သာချင်ရင် တစ်ခါတည်းမွှေကြော်လိုက်လည်းရပါတယ်။

ကျန်တဲ့ဆီထဲမှာ သကြားထည့်ပြီးကြော်ပါမယ်။ ကြက်သွန်ဖြူနီ ဆီသတ်ပြီး ပြန်ဆယ်ထားရပါမယ်။ မဟုတ်ရင် အသီးအရွက်ထည့်ကြော်တဲ့အချိန်ရေထွက်လာပြီး ပျော့သွားတတ်ပါတယ်။

ပြီးရင် အသားထည့်ကြော်ပေးပါမယ်။ နောက်အသီးအရွက်တွေထည့်ကြော်ရင်း နူးပြီဆိုမှ အဆင်သင့်ပြင်ထားတဲ့ခေါက်ဆွဲထည့်ကြော်ရုံပါပဲ။ အရသာတွေ လိုသလိုပြင် နှံ့စပ်အောင်မွှေပြီး၊ အရသာလိုသလို ပြင်ရုံပါပဲ။

Video ကတော့ နောက်မှ တင်ပေးပါမယ် 🤭🙆🏻‍♀️

ပြောင်းဖူးကြော် 🌽အကြော်မှုန့်က ကိုယ်တိုင်မစပ်ဘဲ မွှေး အကြော်မှုန့်ကို သုံးထားတာဆိုတော့ လွယ်လွယ်လေး...သူ့အညွှန်းအတိုင်း ရ...
10/04/2026

ပြောင်းဖူးကြော် 🌽

အကြော်မှုန့်က ကိုယ်တိုင်မစပ်ဘဲ မွှေး အကြော်မှုန့်ကို သုံးထားတာဆိုတော့ လွယ်လွယ်လေး...သူ့အညွှန်းအတိုင်း ရေရောထည့်ပြီး ဆားနည်းနည်း ဆနွင်းမှုန့် နည်းနည်း ထည့်ရင်ရပြီ။ နောက်မှ ကိုယ်စားချင်တဲ့ အသီးအရွက်ထည့်ပြီး ကြော်ရုံပဲ။

အဓိက က အချဉ် 🤭

ပါဝင်ပစ္စည်းတွေက - ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်း ညက်နေအောင်ထောင်းထားတာရယ်၊ နံနံပင် နုတ်နုတ်လှီးထားတာရယ် ပြင်ထားရမယ်။

နောက် အိုးထဲမှာ ရေရယ် ထန်းလျက်ရယ် ထည့်ပြုတ် ပစ်လာရင် မန်ကျည်းရည်ထည့် ပြီး နည်းနည်ထပ်တည် ကျက်ခါနီးရင် ကြိတ်ထားတာတွေ အကုန်ရောမွှေလိုက်ရင် ရပြီ။ သကြားနည်းနည်း ဆားနည်းနည်း အရသာလိုသလိုပြင်လိုက်ရင် ရှယ်ကောင်းတဲ့ မန်ကျည်းချဉ် မွှေးမွှေးစပ်စပ်လေးရပါပြီ။

ရေနွေးကြမ်းလေးနဲ့မြည်းရင်တော့ ဆွေမျိုးပါမေ့ 😋

စမ်းလုပ်ကြည့်ဦးနော် 🙆🏻‍♀️

Honey glazed grilled chicken with chilli pineapple sauce and a farmer salad. ကြက်သားကို အရသာဝင်အောင် သေချာလေး နှပ်ပြီး o...
09/04/2026

Honey glazed grilled chicken with chilli pineapple sauce and a farmer salad.

ကြက်သားကို အရသာဝင်အောင် သေချာလေး နှပ်ပြီး oven baked လုပ်လိုက်တော့ juicy ဖြစ်ပြီး စားကောင်းနေရော 😍

Stay-tuned for the full recipe.

ဟင်းချက်ရတာ ငြီးငွေ့လာတာ‌ရော ကျောက်ပွင့်သုပ်မစားရတာကြာတာရောကြောင့် သုပ်စားဖြစ်တုန်း အားလုံးနဲ့ sharing လုပ်ပေးလိုက်ပါတယ်...
08/04/2026

ဟင်းချက်ရတာ ငြီးငွေ့လာတာ‌ရော ကျောက်ပွင့်သုပ်မစားရတာကြာတာရောကြောင့် သုပ်စားဖြစ်တုန်း အားလုံးနဲ့ sharing လုပ်ပေးလိုက်ပါတယ်။ 🙆🏻‍♀️

အဓိကပါဝင်ပစ္စည်းကတော့ ကျောက်ပွင့်ပါ။

တစ်ယောက်တည်းစားတာဆိုပေမယ့် တစ်ပွင့်ကျော်ကျော် နှစ်ပွင့်နီးပါးလောက် ရေစိမ်ထားလိုက်ပါတယ်။ (ဤသည်ကား ကြော်ငြာ 😁)

အရောင်စုံတာလေး သဘောကျတာမို့ ခရမ်းချဉ်သီး ပါးပါးလှီးထည့်တယ်။ မုန်လာဥနီကို ခြစ်ထားတယ်။ ဂေါ်ဖီး ပါးပါးလှီးထားတာနဲ့ ငြုပ်သီးစိမ်း နံနံပင် အကုန်ထည့်ဖို့ ပြင်ဆင်ထားလိုက်ပါတယ်။

နောက် ပုစွန်ပြုတ်ပြီး အတုံး ခပ်သေးသေး တုံးထားပါတယ်။ (မီးကင်ထည့်ရင်‌တော့ ပိုမွှေး ပိုကောင်းမယ်။)

မျှင်ငါးပိနည်းနည်းလေး မီးကင်ပြီး ထည့်လိုက်ပါတယ်။

မြေပဲလှော်ကို မညက်တညက်လေး ထောင်းထည့်ပြီး သံပုရာရည်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ရောနယ်လိုက်ရုံပါပဲ။ ဒီနေရာမှာ ဆီက လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်းလောက်ပဲထည့်ပါတယ်။

အဆီများတာတွေ ငြီးငွေ့လာရင် ပေါ့ပေါ့ပါးပါး အသုပ်လေးတွေနဲ့ ထမင်းဖြူနဲ့တွဲစားလည်း ထမင်းမြိန်တာပါပဲ။

ကျောက်ပွင့်ကို ရခိုင်မကျ မြန်မာ မကျ သုပ်ထားပေမယ့် အရသာတကယ်ရှိတာမို့ စမ်းလုပ်ကြည့်ဦးနော်။

#ကျောက်ပွင့်သုပ်

07/04/2026

*ငါးဖယ် ခရမ်းချဉ်သီးချက်*
ချက်ရတာ လွယ်တာမို့ စမ်းချက်ကြည့်ဦးနော်။

#ငါးဖယ်

ထမင်း အရမ်းမြိန်တဲ့ ပူပူစပ်စပ် မျှစ်ရခိုင်ချက် 🥵အဓိကပါဝင်ပစ္စည်းတွေက - မျှစ်၊ ငြုပ်သီးစိမ်း၊ ဟင်းခပ်အနေနဲ့ ပုစွန်ခြောက်သ...
06/04/2026

ထမင်း အရမ်းမြိန်တဲ့ ပူပူစပ်စပ် မျှစ်ရခိုင်ချက် 🥵

အဓိကပါဝင်ပစ္စည်းတွေက - မျှစ်၊ ငြုပ်သီးစိမ်း၊ ဟင်းခပ်အနေနဲ့ ပုစွန်ခြောက်သုံးရင်သုံး မသုံးရင် ပုစွန်စိမ်း၊ နောက် မျှင်ငါးပိ၊ ကြက်သွန်ဖြူ၊ နီ - ပါပဲ။

အရသာအတွက်က ဆား၊ အချိုမှုန့် မဟုတ်ရင် ကြက်စားမှုန့်၊ နနွင်းနဲ့ အချဉ်အတွက် မန်ကျည်းမှည့်ရည်။

အကုန်လုံးကို အိုး တစ်ခုထဲရောထည့်ပြီး ဆီ နည်းနည်းလေးထည့် ရေထည့်ပြီး တည်ထားရုံပါပဲ။ ဒီနေရာမှာ မန်ကျည်းမှည့်ကို မျှစ်တွေ နူးလာပြီး ကျက်ခါနီးမှ ထည့်ပေးတာ ပိုကောင်းပါတယ်။

ပါဝင်ပစ္စည်းကလည်း အရမ်းမများ ချက်ရတာလွယ်ပြီး အချိန်လည်းမကုန်တာမို့ စမ်းချက်ကြည့်ဦးနော်!

#မျှစ်ရခိုင်ချက်

06/04/2026

မျှစ်ရခိုင်ချက်
ချက်နည်း အပြည့်အစုံကို page မှာ တင်ပေးထားပါတယ်။
#မျှစ်ရခိုင်ချက်

04/04/2026

*ခရမ်းချဉ်သီး ငါးပိချက်*

ချက်ရတာလွယ်ပြီး ထမင်းပူပူလေးနဲ့ တွဲစားရင် အရမ်းကောင်း 😋

#ငါးပိချက်

03/04/2026

Burmese Fishcakes 🐠 ငါးဖယ်ကြော်
ကြော်ရင်းစား စားရင်ကြော် 🤣
#ငါးဖယ်ကြော်

Start your day with a healthy breakfast! 😉 Breakfast special: Avocado Toast 🥑, sausages, omelette 🍳 and iced Spanish lat...
02/04/2026

Start your day with a healthy breakfast! 😉

Breakfast special: Avocado Toast 🥑, sausages, omelette 🍳 and iced Spanish latte 🥤

ထောပတ်သီးကို ဖျော်ရည်ပဲလုပ်သောက်နေရတာရိုးလာရင် toast လေး လုပ်စားကြည့်နော်!

Avocado Toast လုပ်နည်းက ထင်တာထပ်အများကြီး လွယ်ပါတယ်။ ပါဝင်ပစ္စည်း နည်းနည်းနဲ့ အရသာရှိပြီး ကျန်းမာရေးအတွက်လိုအပ်တဲ့ healthy fat တွေလည်းရတာမို့ တစ်ပတ် နှစ်ခါ/သုံးခါလောက်တော့ အနည်းဆုံး စားဖြစ်တာမို့ အားလုံးလည်း လိုက်လုပ်စားလို့ရအောင် တင်ပေးလိုက်ပါတယ်။

*ပါဝင်ပစ္စည်းနဲ့ ပြင်ဆင်ပုံ*
- ထောပတ်သီး (အခွံ အစိမ်းရင့်ရင့်နဲ့ ရိုးတံနေရာမှာ ခပ် ညိုညိုရှိတာလေး ရွေးဝယ်ပါ။ Mexicoက လာတတ်တဲ့ အသီးတွေက ပိုကောင်းပါတယ်။)
ထောပတ်သီးကို အခွံနွှာ အစေ့ဖယ်ပြီး ခက်ရင်း‌လေးနဲ့ ဖိခြေထားပါ။
- ခရမ်းချဉ်သီး (အစေ့တွေအားလုံးဖယ်ပြီး အပြင်သားကိုပဲ ခပ်သေးသေး လှီးထားပါ။)
- နံနံပင် ( ရေသေချာဆေးပြီး နုတ်နုတ်လှီးထားပါ။)
- ကြက်သွန်နီ (အဖြူရောင် အကြီးကို သုံးရင် ပိုကောင်းပေမယ့် အနီခပ်သေးသေးတွေလည်း သုံးလို့ရပါတယ်။)
သူ့ကိုလည်း ရေဆေးပြီး ခပ်သေးသေး လှီးထားပါ။
- ဆား၊ ငြုပ်ကောင်း (အစေ့ကို crush လုပ်တာက အဆင်သင့် ကြိတ်ထားတဲ့ အမှုန့်တွေထပ်ပိုကောင်းပါတယ်)
- ငြုပ်သီးစိမ်းကို ပါးပါးလှီးထားပါ။ အစပ်မစားရင် မထည့်လည်းရပါတယ်။
- သံပုယိုသီး တစ်လုံး/ တစ်ခြမ်း ကိုယ်သုံးတဲ့ ထောပတ်သီး ပမာဏ အပေါ်မူတည်ပြီး ထည့်ပေးရပါမယ်။ ဒါမှာ ထောပတ်သီး အရောင်မပြောင်းသွားမှာပါ။

အားလုံးပြီးရင် ပြင်ဆင်ထားတာတွေ အကုန်လုံးကို နှံ့စပ်အောင် ရောမွှေပေးလိုက်ရုံပါပဲ။ ဆီလည်းမပါ ချက်စရာလည်း မလိုတာမို့ ပြင်ဆင်ရလည်း အရမ်းလွယ်ကူပါတယ်။

Mexican လူမျိုးတွေရဲ့ Guacamole နဲ့ လုပ်နည်းအတူတူပါပဲ။ Toast ပေါ်တင်လိုက်ရင် avocado toast ဖြစ်ပြီးတော့ dipping sauce အနေနဲ့ သုံးသုံး၊ chip တွေနဲ့ တွဲစားစား အဆင်ပြေပါတယ်။

အဓိက ဂရုစိုက်ရမှာက ပါဝင်ပစ္စည်းတွေ ပြင်ဆင်ရာမှာ ရေမပါစေဖို့ပါ။ ရေပါရင် soggy ဖြစ်ပြီး စားမကောင်းတာမို့ အသီးအရွက်တွေကို ရေဆေးပြီး tissue paper လေးနဲ့ သုတ်ပေးတာက ပိုအဆင်ပြေပါတယ်။

စမ်းလုပ်ပြီးရင် ဘယ်လိုနေလဲ ပြောပေးပါဦး!


Address

Jumairah
5668

Alerts

Be the first to know and let us send you an email when Able's Recipes and Thrillers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share