Haru

Haru Creation

06/02/2026

💔



အမေနဲ့ရိုက်ခဲ့တဲ့ပုံလေးတွေပြန်ကြည့်ပြီး ဒီပုံလေး‌တွေ့တော့မှ သတိရတာအဲ့တုန်းက အမေရေ ဟိုမှာ အကိုကြီး အဆင်လေးတွေ အဆင်လေးတွေ ...
23/01/2026

အမေနဲ့ရိုက်ခဲ့တဲ့ပုံလေးတွေပြန်ကြည့်ပြီး ဒီပုံလေး‌တွေ့တော့မှ သတိရတာ

အဲ့တုန်းက အမေရေ ဟိုမှာ အကိုကြီး အဆင်လေးတွေ အဆင်လေးတွေ သူတို့ပါအောင်ရိုက် သူတို့ပါအောင်ရိုက်ဆိုပြီးရိုက်ခဲ့တဲ့ပုံလေး ကျိုက္ကဆံဘုရားသွားတုန်းက🤣

သူတို့လဲမပါချင်ရှာပါဘူး ဖြီးလို့ ကိုယ့်တောင်ကြိုက်နေကြတာလားမသိဘူး😝

ပုံထဲမှာတော့ကိုယ်ကတည်ငြိမ်သူကြီးပါပေါ့ တကယ်တော့ အဆင်တွေငမ်းရလို့ ရင်ထဲမှာပီတိတွေဖြာနေတာပါ🤣

*စာလေးပိစိလောက်ရှည်မည်*သူများတွေကျောင်းပြီးအောင်တက်နေကြချိန်မှာကိုယ်ကအလုပ်လုပ်နေရလို့နောင်တရတာမျိုးရှိလားဆို ဟင့်အင်းပဲဖ...
20/01/2026

*စာလေးပိစိလောက်ရှည်မည်*

သူများတွေကျောင်းပြီးအောင်တက်နေကြချိန်မှာကိုယ်ကအလုပ်လုပ်နေရလို့နောင်တရတာမျိုးရှိလားဆို ဟင့်အင်းပဲဖြေမိမှာ

ဘာလို့ဆို သူများတွေဆိုမသိပေမဲ့ ကိုယ်ကကျကိုယ့်အမေတစ်ယောက်တည်း အဖေကလဲ ကိုယ့်အသက် ငါးနှစ်ကျော်ခြောက်နှစ်လောက်ကတည်းက ဆုံးပါးသွားတော့ အမေ့ခမျာ မိန်းမသားတစ်ယောက်တည်းရုန်းကန်ပြီး ဒီအရွယ်ကြီးထိရောက်အောင်ပြုစုစောင့်ရှောက်လာခဲ့တာ

အမေဖြစ်သူက နေ့စဉ်နေ့တိုင်း ပင်ပင်ပန်းပန်းလုပ်ပြီး ကိုယ်ကကျ မသေချာ မရေရာတဲ့အနာဂတ်ရှိနေတဲ့ကျောင်းကြီးကိုတက်ရမှာလုံးဝစိတ်ကပျော်မနေဘူး

အစကတည်းကကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့ရည်မှန်းချက်ရှိနေပြီး ထောက်ပံ့ပေးနိုင်တဲ့မိသားစုဝင်တွေရှိနေကြတဲ့သူတွေကျတမျိုးပေါ့လေ

ကိုယ်ကကျကျောင်းပြီးလို့နိုင်ငံခြားထွက်ကျောင်းဆက်တက်လို့ခိုင်းရင်တောင် အမေက အဲ့ပို့ပေးရမဲ့ပိုက်ဆံတွေကိုချေးငှား‌ပြီးလုပ်ပေးနေရဦးမှာ နိုင်ငံခြားကျောင်းတက်ရတဲ့လူတွေလဲသိမှာပဲ အချိန်ပိုင်းအလုပ်လုပ်ရင်တောင် ကိုယ့်ကျောင်းစရိတ်ကိုယ်လက်ဖြန့်တောင်းရမဲ့အနေအထားကြီးမှာ ကိုယ့်လို အမေတစ်ယောက်တည်းရှိတဲ့လူတွေကျ ဘယ်လိုမှအဆင်ပြေမနေဘူးလေ အမေကတော့ ကိုယ်လိုချင်ဖြစ်အောင်လုပ်ပေးမဲ့သူဆိုပေမဲ့ ကိုယ်က မလိုချင်ဘူး

ပြီးတော့ မြန်မာနိုင်ငံမှာပဲတက်တက် နိုင်ငံခြားမှာပဲတက်တက် ကျောင်းပြီးရင် ဘာဆက်လုပ်ရမလဲ ဆိုတဲ့အဲ့နောက်ဆက်တွဲပြဿနာကလဲရှိသေးတာ တက်ဖြစ်ခဲ့ရင်တောင် ငါ့အမေပိုက်ဆံကုန်ခံပြီးထားထားတာ မကြိုးစားလို့မရဘူးဆိုတဲ့ အဲ့ stress တွေးကြည့်လိုက်တာနဲ့တင် စိတ်ပင်ပန်းချင်စရာကြီး

ကိုယ်က Hedonism တော့မဟုတ်ပေမဲ့ ကိုယ်ပျော်ရာ ဆန္ဒရှိရာ ဝါသနာရှိရာကိုတော့ အနည်းနဲ့အများ ရွေးချယ်တတ်တယ်

စစပိုင်းကတော့ ငါကျောင်းဆက်မတက်လိုက်မိတာ မှားများသွားပြီလားဆိုပြီး နောင်တရချင်သလိုရှိပေမဲ့ သေချာပြန်တွေးကြည့်ရင် ငါအခုချိန်ကျောင်းတက်နေ‌ရင်ရော ဘာဖြစ်နေမှာလဲ ဒီလိုရော ငွေတွေစုမိနေမှာလားဆိုပြီး တွေးမိရင် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်နေမှန်းသိလိုက်ရတယ်

အခုတော့ရည်မှန်းချက်က ငါကြိုးစားမယ် ပိုက်ဆံရှာမယ် own business ပိုင်အောင်လုပ်မယ် ဝါသနာပါရာလုပ်မယ် ပျော်ရာလုပ်မယ် အမေ့ကို ပျော်အောင်ထားမယ် ဒါပဲ

အခုလောလောဆယ်တော့ ၁၆ နှစ် ကစပြီးအလုပ်လုပ်လာလိုက်တာ အခု အသက် ၂၀ မြန်မာမှာ နှစ်နှစ် နိုင်ငံခြားရောက်တာနှစ်နှစ်လေးနှစ်တော့ရှိနေပြီ ဒီ work life ထဲမှာ

ဘယ်အချိန်ထိ ရည်မှန်းချက်တွေပြည့်ဖို့ ဆက်ကြိုးစားရဦးမလဲ မသိပေမဲ့ လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီး ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာသိနေလို့ပျော်တယ် နောက်ပိုင်း အခွင့်အရေးတွေဆိုတာလာဦးမှာလေ ဖမ်းဆုပ်ဖို့အသင့်ပဲ 🙂‍↕️

Well ,life comes!You want to f*ck me right then just do it and just not forget to pay what I deserve 🫵🏻

ကိုယ့်အသက်အရွယ် ကိုယ်နဲ့ရွယ်တူတွေ ကိုယ်နဲ့ခင်ခဲ့ဖူးတဲ့သူတွေ အကုန်လုံး သူ့နယ်ပယ်နဲ့သူအောင်မြင်နေကြတာ ရွှေကြိုဖြစ်တဲ့သူကဖြ...
17/01/2026

ကိုယ့်အသက်အရွယ် ကိုယ်နဲ့ရွယ်တူတွေ ကိုယ်နဲ့ခင်ခဲ့ဖူးတဲ့သူတွေ အကုန်လုံး သူ့နယ်ပယ်နဲ့သူအောင်မြင်နေကြတာ ရွှေကြိုဖြစ်တဲ့သူကဖြစ် Dancer အဖြစ်အောင်မြင်တဲ့သူကအောင်မြင်ဟုတ်နေရော

ကိုယ့်ကို နင်ရောဘာဖြစ်နေပြီလဲလာမေးရင်တော့
ဖြစ်နေတာက အလုပ်သွား အလုပ်ပြန် အိပ်ယာထဲလှဲ ယောက်ျား ချင်းနမ်းတာတွေ ထိုင်ဖတ် ထိုင်ကြည့် သံသရာ လည်နေပါတယ်လို့

ဘယ်ဘဝက ဝဋ်ကြွေးတွေလဲမသိပါဘူး ဆပ်လို့ကလဲကောင်းလိုက်တာ 🫠

05/01/2026

02/01/2026

If you do sexualized and character assassination to that minor characters the story is whole different 🫩🤌🏻

This vd is only for those who are always sensitive and being so pessimistic on smt that not even bad🫵🏻

27/09/2025

မိမိမှာ waiter ဖြစ်နေသော်လဲ chefs များမှာ ဒိုးဆက်ထိုင်ဆော့နေကြသောအခါ🤌🏻

ငါ့နှယ်အေ မြန်မာနိုင်ငံကထွက်လာပြီဆိုတော့ VPN ကျော်သုံးရတဲ့ဘဝကလွတ်ပြီမှတ်တာ ဒင်းတို့က TikTok ကိုကောက်ဘန်းလိုက်တော့ ကျော်ပ...
15/03/2025

ငါ့နှယ်အေ မြန်မာနိုင်ငံကထွက်လာပြီဆိုတော့ VPN ကျော်သုံးရတဲ့ဘဝကလွတ်ပြီမှတ်တာ ဒင်းတို့က TikTok ကိုကောက်ဘန်းလိုက်တော့ ကျော်ပြီးသုံးရပြန်ရော မသုံးရမနေနိုင်ဆိုတော့လဲ🤣✋🏻

ဘန်းတဲ့အကြောင်းအရင်းကလဲ 2024 နှစ်ကုန်ပိုင်းလောက်မှာ 17 နှစ်အရွယ် ကောင်လေး နှစ်ယောက် social ပေါ်ကကိစ္စတစ်ခုနဲ့အချင်းများကြရာက ဓားထိုးမှုဖြစ်ပြီးတစ်ယောက်ကသော်ကေသွားတာကွာ

သူတို့ငြင်းတဲ့ social ကလဲ TikTok မဟုတ်ဘူး တခြား social တဲ့ ဒါပေမဲ့ ဒီက Albania ဝန်ကြီး ကတုံးက TikTok ကလူငယ်တွေပေါ် affect ဖြစ်တယ်ဆိုပြီး2025 မှာဘန်းမယ်လို့ 2024 မှာ ကြေငြာခဲ့တာ အခု March 13 မှာဘန်းသွားတာ တစ်နှစ်ပဲဘန်းမယ်လို့တော့ကြားတာပဲ

ဘာရယ်မဟုတ်ဘူး VPN ကျော်ရတဲ့ဘဝကမလွတ်နိုင်ဘူးဆိုတာ လာပြောပြတာ🤣✋🏻


နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တာ မခက်ခဲဘူးမထင်နဲ့ ခက်ခဲနက်နဲပါ့ အခက်ခဲဆုံးအချိန်ကတော့ဆောင်းတွင်းပိုင်းမနက်အိပ်ရာထတဲ့အချိန်န...
23/12/2024

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တာ မခက်ခဲဘူးမထင်နဲ့ ခက်ခဲနက်နဲပါ့

အခက်ခဲဆုံးအချိန်ကတော့

ဆောင်းတွင်းပိုင်းမနက်အိပ်ရာထတဲ့အချိန်နဲ့ ရေချိုးခန်းဝင်တဲ့အချိန်ပဲ😁

14/12/2024

ဒီနေ့ကတော့ ဘာသာရေး concept လေးနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တယ်ပေါ့နော်

ဒီမှာအလုပ်တူတူလုပ်တဲ့ Nigeria ကအမကပြောတာ "There has only one GOD" တဲ့ မှန်ပါတယ် ကိုယ်ကလဲမငြင်းလိုက်ပါဘူး ကိုယ်တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကလဲ GOD မဟုတ်ပဲ Human ဖြစ်ကြောင်းပြန်ရှင်းပြလိုက်တယ် လူသားကိုမှ လူသားအားလုံးထက်သာလွန်သောလူသား လမ်းမှန်ကိုညွှန်းပေးသောလူသား လူသားတို့ရဲ့ဆရာ လို့ပဲပြောလိုက်တယ်

အဲ့တော့သူကပြန်မေးတာ "နင်တို့ကဒါဆို ဘာကို praying လုပ်နေကြတာလဲ"တဲ့ ဟာရူညတိုင်းဘုရား ကန်တော့နေတာမြင်လို့နေမယ် ဟာရူကတော့ကိုယ်ခံယူထားတဲ့အတိုင်း ဘာကို prayingလုပ်လဲဆိုတော့လို့ ကိုယ့်ကိုလမ်းမှန်ညွှန်ပေးတဲ့ဆရာသမားရဲ့ကျေးဇူးကိုအောက်မေ့ပြီး ကျေးဇူးတင်တယ် ပြီးတော့ ဒီကမ္ဘာလောကမှာဖြစ်တည်ကြတဲ့ ဖြစ်တည်မှုတွေကို မေတ္တာပို့ပေးတာလို့ ပြန်ဖြေလိုက်တယ်

ဟာရူ့ခံယူချက်ကမှားသလား မှန်သလားမသိပေမဲ့ ကိုယ်ခံယူထားတာကတော့ ဗုဒ္ဓဘာသာဆိုတာ ဘာသာတစ်ခုဆိုတာထက် ဘဝမှာမှန်မှန်ကန်ကန်နေထိုင်နည်းလမ်းညွှန်နဲ့ပိုတူတယ် ဗုဒ္ဓလို့ခေါ်တဲ့သူက စွမ်းအားရှင်လဲမဟုတ်သလို လိုအင်တွေကိုဖြည့်ပေးနေတဲ့သူလဲမဟုတ်ဘူး သူ့ရဲ့ကျင့်ကြံမှုတွေကြောင့် လူသားတို့ထက်သာလွန်တဲ့ သဗ္ဗေညုတဉာဏ်ကိုရတာလေးပဲ အဲ့ဉာဏ်ကြောင့်ဘယ်အရာကမှား၏ ဘယ်အရာကမှန်၏ ဒီလိုလမ်းညွှန်ပေးနိုင်တာ လိုက်လုပ်ရမှာကကိုယ်တွေတာဝန်

ဘာသာမဲ့ဖြစ်ဖြစ် ဘယ်သာသာဝင်ဖြစ်ဖြစ် တစ်ဖက်လူကိုကူညီတာဟာကောင်းတဲ့အလုပ် ဒုက္ခ‌ေရာက်‌ေအာင်လုပ်တာဟာဆိုးတဲ့အလုပ်ဆိုတဲ့သဘောတရားကိုတော့သိကြတယ်လေ ဗုဒ္ဓဘာသာဆိုတာလဲဒါပဲ ဒါကိုပဲအခြေခံထားတာ ဘာသာကြီးတစ်ခုဆိုတာထက်နေထိုင်နည်းလမ်းညွှန်လို့မြင်ရက်ပိုကောင်းပါိတယ် ငါ့ကိုအကြွင်းမဲ့ယုံကြည် မယုံကြည်ရင် အဆိုးတွေနဲ့ပဲကြုံရမယ် ခွက့်မလွှတ်ဘူးတို့ အဖြစ်အပျက်အကုန်လုံးကို ငါစီမံနေတာတို့ မရှိပါဘူး သေသွားပြီသားလူပဲလေ ဘာမှဒီလောကမှာဖြစ်နေတာလဲ သိမှာမဟုတ်တော့ဘူး ဒါဆိုနင်တို့ကဘယ်ဟာကြီးကိုကိုးကွယ်ယုံကြည်နေတာလဲဆို အပေါ်ကပြောတဲ့အတိုင်း အဲ့လူသားချပေး ပြပေးခဲ့တဲ့လမ်းစဉ်ကိုပါ အဲ့လမ်းစဉ်ကိုလိုက်နာကျင့်သုံးနေတာပါ ကိုယ်လုပ်ခဲ့တဲ့အရာကိုယ်ပဲပြန်ခံစား/စံစားရမှာ မလုပ်ရင် မခံစား/မစံစားရဘူး ဒါပဲ အဖြစ်အပျက်အားလုံးရဲ့ တရားခံက ကိုယ်ကိုယ်တိုင်ပါပဲ

တချို့ အယူအဆလွဲနေတဲ့သူတွေ ‌တလွဲလုပ်‌နေတဲ့သူကတော့ခြွင်းချက်အနေနဲ့ရှိတာပေါ့ ဒါကတော့တခြား ယုံကြည်ရာဘာသာတိုင်းမှာလဲရှိမယ်လို့ထင်ပါတယ်

ဆိုတော့ အဓိကလိုအပ်တာက God လဲမဟုတ်ဘူး ဘုရားလဲမဟုတ်ဘူး "ကိုယ့်အသားလေးနာသလိုသူလဲနာပါလား " ကိုယ်ခံစားရသလို သူလဲခံစားရပါလား" ဆိုတဲ့ ကိုယ်ချင်းစာတရားရှိရင်ကို ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို အေးအေးချမ်းချမ်းနေနိုင်ကြပါတယ်

လွတ်လပ်စွာအထင်အမြင်ကွဲနိုင်ပါတယ်🫶🏻

13/12/2024

Albania ကိုရောက်တော့ EU ဆိုတော့ ဝါးးးးဆောင်းရာသီကျနှင်းတွေဖွေးနေအောင်မြင်ရမှာဆိုပြီးမျှော်လင့်ချက်လေးဝင်းသွားတာ တကယ်လဲဆောင်းတွင်းရောက်ရော ဘစိုင်းသီချင်းထဲကလို အေးပဲအေးတာ ပြီးရင်ဘာမှဆက်မဖြစ်ဘူး ဆိုသလိုပဲ🥲 ကိုယ်ရောက်နေတဲ့နေရာကပဲပင်လယ်ကမ်းစပ်ဖြစ်နေလို့လားမသိ တခြားမြို့တွေဆို ဖွေးလို့ကျတာ နှင်းမြင်ချင်ပါတယ်ဆိုမှ 😭🤌🏻

Address

VlorĂŤ

Website

Alerts

Be the first to know and let us send you an email when Haru posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category