Voice of Phaipi

Voice of Phaipi You will reap what you sow

01/11/2025

31/10/2025
25/08/2025

" ပေါင်မုန့်တစ်လုံးဝယ်ဖို့ ပိုက်ဆံမရှိလို့ အ​မေငို​နေတာ၊ မြင်ခဲ့ရတဲ့နေ့ကစပြီး...ဘဝကို ပြောင်းလဲချင်ရင် ကိုယ့်လက်နဲ့ကိုယ် ဖန်တီးယူရမယ်ဆိုတာကို နားလည်ခဲ့ရတယ်။ ''

ကျွန်တော်ကို စပိန်နိုင်ငံ၊ Galicia က ကျေးရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ။ အဖေက မီးရထားမှာ အလုပ်လုပ်ခဲ့ပြီး အမေကတော့ အိမ်တွေမှာလိုက်ပြီး သန့်ရှင်းရေး လုပ်ပါတယ်။

ကျွန်တော်တို့မှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိသလောက်ဆင်းရဲခဲ့ပါတယ်။ အထူးသဖြင့် ညတစ်ညကို အမှတ်ရနေပါ​သေးတယ်။

အမေက ကုန်စုံဆိုင်တစ်ဆိုင်မှာ စားစရာတစ်ချို့ကို အကြွေးနဲ့ ဝယ်ဖို့ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဆိုင်ရှင်က နောက်ထပ်အကြွေး မပေးနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။

ကျွန်တော်တို့ စကားတစ်ခွန်းမှမပြောပဲ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြတယ်။

အဲဒီတုန်းက ကျွန်တော် ဟာ ၁၂ နှစ်သားပဲရှိ​ပါသေးတယ်၊ ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ဆင်းရဲမှုကို တကယ်စက်ဆုပ်မိတဲ့ ပထမဆုံးနေ့ဖြစ်ခဲ့ပါတယ်။

ကျွန်​တော် ကျောင်းထွက်လိုက်ပြီးတဲ့နောက် အင်္ကျီဆိုင်တစ်ဆိုင်မှာ ဒယ်လီ ပစ္စည်းပို့သူအနေနဲ့ အလုပ်စလုပ်ခဲ့ပါတယ်။

ဒယ်လီလုပ်ပေမယ့် သူတို့ ဘယ်လိုချုပ်လဲ၊ ဖောက်သည်တွေနဲ့ ဘယ်လိုစကားပြောလဲ၊ ဘယ်လိုရောင်းလဲဆိုတာကို ကြည့်နေခဲ့တယ်။

ညနေတိုင်း လက်ထဲမှာ အပ်ချည်လုံးတွေအပြည့်၊ ခေါင်းထဲမှာ အိပ်မက်တွေအ​ပြည့်နဲ့ အိမ်ပြန်ခဲ့တယ်။

တစ်နေ့မှာတော့ ကျွန်တော့်ဇနီးနဲ့အတူ ရေချိုးခန်းသုံးအင်္ကျီဝတ်စုံတွေ စချုပ်ခဲ့ပါတယ်။

အိမ်တိုင်ယာရောက်လိုက်ရောင်းခဲ့ပါတယ်။ကျွန်တော်တို့မှာ ဆိုင်မရှိဘူး၊ အမှတ်တံဆိပ်မရှိဘူး၊ ပိုက်ဆံလည်းမရှိပါဘူး။ စိတ်ဓာတ်ခိုင်မာမှုပဲ ရှိပါတယ်။

ဆင်းရဲမှု ​ ဒုက္ခက ကျွန်တော်တို့ဘဝမှာ နေရာယူနေစဲပါပဲ။ တစ်ခါတလေ အပူပေးစက်ဖွင့်ရင် ပေးစရာပိုက်ဆံမရှိလို့ ချမ်းပြီး အအေးထဲမှာ နေခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။

တစ်ခု​သောခရစ်စမတ်မှာ ကျွန်​တော့်ရဲ့ကုန်ပစ္စည်းအားလုံး အခိုးခံလိုက်ရပါတယ်။

ဒါပေမဲ့ ဒီဆုံးရှုံးမှုတွေကြောင့် လက်လျှော့လိုက်မယ့်အစား ၁၉၇၅ မှာ ဇာယာ- Zara ဆိုတဲ့ ဆိုင်ငယ်လေးတစ်ခုကို လာကရိုညား La Coruña မှာ ဖွင့်ခဲ့တယ်။

ကျွန်တော် အာရုံစိုက်ခဲ့တာက ဘယ်သူမှ မလုပ်သေးတဲ့အရာ၊ လူတိုင်းအတွက် အမြန်ရနိုင်တဲ့ အမြန်ချုပ် ဖက်စ်ဖက်ရှင် fast fashion ပါပဲ။

ဆိုင်တစ်ဆိုင်ကနေ စခဲ့တဲ့ Zara အမှတ်တံဆိပ်ဟာ ဒီ​နေ့​တော့ နိုင်ငံပေါင်း ၉၀ ကျော်မှာ ရှိနေပါပြီ။

ဒါပေမဲ့ ကျွန်တော်တို့ ကတော့ အရင်အတိုင်းပါပဲ၊ ဇိမ်ခံပစ္စည်းတွေမဝယ်ပါဘူး၊ စျေးကြီးတဲ့ဝတ်စုံတွေ လည်းမဝတ်ပါဘူး…။

ဘာလို့လဲဆိုတော့ လူအများ အထင်ကြီးမှုကို ဝယ်လို့မရပါဘူး၊ကိုယ်တိုင်ကြိုးစားမှုမျိုးနဲ့ရယူရတာ မို့ပါ။

​ကျွန်​တော်တို့မှာ အကြပ်အတည်းရောက်ခဲ့တဲ့ အတိတ်တွေရှိပါတယ်။

ဒါပေမယ့် အတိတ်က ဘဝခရီးကို ရှေ့ဘယ်လောက်အထိ ရောက်သွားစေတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ရှေ့တွန်းပို့ပေးနိုင်မယ့် ခွန်အားတစ်ခုတော့ ဖြစ်စေပါတယ်။

​ဘယ်အခြေအနေက လာခဲ့တယ်ဆိုတာကို ဘယ်တော့မှ မင်း မရှက်ပါနဲ့။

မကြိုးစားခင်မှာ လက်လျှော့အရှုံးပေးလိုက်မိမှာကိုပဲ မင်းရှက်ပါ။

​ Saya U Khin Zaw ( ဘာသာပြန် )

22/08/2025

Address

Wandora Crescent
Adelaide, SA
5109

Website

Alerts

Be the first to know and let us send you an email when Voice of Phaipi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice of Phaipi:

Shortcuts

Share

Category