28/05/2026
ချင်းလူငယ်လေးတွေ ပထမဦးဆုံး အာရှအတွေ့အကြုံ အ Sae ခံရခြင်း 😆🇲🇲😄💥🙏
မြန်မာလူမျိုးတွေက သိတဲ့အတိုင်းပဲ၊ စိတ်အလိုမကျရင် အကုန်လုံးကိုပတ် Sae ပစ်တာပဲ၊ 😁
လက်ရှိ UFC ဥက္ကဌကြီး ဒေနာဝှိုက်ရဲ့ပိုင်ဆိုင်မှုက သန်း(၅၀၀)နဲ့ သန်း(၆၀၀)ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြတယ်၊ မနေ့က ဂျော်ရှုဝါဗန်နဲ့အတူလိုက်လာပေးတဲ့ ချင်းလူငယ်ဘော်ဒါကြီး ရွန်းတာလော့ရဲ့ Company က သန်း(၁၀၀)နဲ့ လည်ပတ်နေတာပါ၊ တန်ဖိုးတွက်ကြည့်ရင်တော့ သန်း(၂၀၀)ဝန်းကျင်တော့ ရှိနိုင်ပါလိမ့်မယ်၊ မီလီယံနာတစ်ယောက်ပါ၊
ရွန်းတာလော့က Harvard တက္ကသိုလ်က ကျောင်းဆင်းတစ်ယောက် ၊ The Thalop Group ကိုတည်ထောင်ခဲ့တဲ့ CEO တစ်ယောက်လည်းဖြစ်ပါတယ်၊ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ပြီးတော့ Foundation တွေလည်းတည်ထောင်ထားပြီး မြန်မာ အမေရိကန်ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့တာတွေ လုပ်နေပါတယ်၊ ငြိမ်းချမ်းရေးအတွက်လည်း ပါဝင်လုပ်ဆောင်နေသူဖြစ်ပါတယ်၊
အခုနာမည်ကြီးနေတဲ့ ဆံပင်ဖြူညီမလေး အက်စတာဗန်နီဆွေးပါ ဆိုရင်လည်း အမေရိကန်နိုင်ငံ Butler တက္ကသိုလ်က ဘွဲ့ရတစ်ယောက်ဖြစ်ပါတယ်၊ မလေးရှားထိပြန်လာပြီး Refugee ပွဲအတွက် ပါဝင်ကူညီနေတာဖြစ်ပါတယ်၊ သူမလည်း Thai Express စားသောက်ဆိုင်လုပ်ငန်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ၊
ချင်းလူငယ်လေးတွေက ဘယ်လုပ်ငန်းပဲလုပ်နေကြပါစေ စစ်ပြေးဒုက္ခသည်အရေးဆိုရင် ပါဝင်ကူညီ ဆောင်ရွက် ပေးကြတယ်၊ တာဝန်ယူပေးကြတယ်၊ သူတို့ကိုယ်တိုင်လည်း စစ်ပြေးဒုက္ခသည် ဘဝကနေ လာခဲ့ရသူတွေမို့ ဘဝမမေ့ကြပါဘူး၊
ဂျော်ရှုဝါဗန်က မလေးရှားကိုလာတယ်၊ စစ်ပြေးဒုက္ခသည်နှစ်ပတ်လည်ပွဲအတွက် လာရောက်ပါဝင်တာဖြစ်ပါတယ်၊ မီဇိုရမ်ပြည်နယ်သွားတာကလည်း မီဇိုချင်းတွေအတွက်သာဖြစ်ပါတယ်၊
အခြား ဖိတ်ခေါ်တာတွေဆိုရင် ငွေကြေးနဲ့ ဖိတ်ရတာတွေဖြစ်လို့ သူ့ရဲ့ Gym က မန်နေဂျာတွေနဲ့ပဲသက်ဆိုင်ပါတယ်၊ အခုလာတာက အမျိုးတွေနဲ့ အဖွဲ့အစည်းတွေကို လာတွေ့တာပဲဖြစ်ပါတယ်၊ အမျိုးတွေဆိုတဲ့နေရာမှာ မြန်မာပရိသတ်တွေလည်းအပါအဝင်ပါပဲ၊ ဗန်ချစ်ရတဲ့သူတွေပါ၊
ချင်းလူငယ်လေးတွေ အခုလိုအ Sae မခံရတာကြာပါပြီ၊ အမေရိကန်နိုင်ငံမှာတော့ လူတစ်ယောက်ကိုကြည့်မရတာနဲ့ ရည်ရွယ်ချက်ရှိရှိ အွန်လိုင်းကနေပြောဆိုတာကလည်း တရားစွဲလို့ရပါတယ်၊ အဲဒါကြောင့် ဘလိုင်းကြီး မဆဲရဲကြပါဘူး၊ ဥပဒေရှိလို့ပါ၊😆
အခု အာရှဘက်လာရင်တော့ အာရှအထာနဲ့ Sae ခံကြရတာပဲဖြစ်ပါတယ်၊ ကျွန်တော်ကတော့ လူငယ်ခေါင်းဆောင်လေးတွေကို အရမ်းအားကျပါတယ်၊ အားလည်းနာပါတယ်၊😁😁🙏😆😆သူတို့က ပြန်ပြောဖို့ဆိုတာ ဝေးသေး အရမ်းကို လိမ္မာပြီး စိတ်နိမ့်ချတတ်ကြတဲ့ သူတော်ကောင်းလေးတွေပါ၊🙏 သနားပါတယ်၊ 😆🇲🇲
ကျွန်တော်တို့ကတော့ နှုတ်ရဲ့အသီးအပွင့်အတိုင်း Sae လေ နစ်လေ၊ ပို Sae လေ ပိုနစ်လေ.....Ok guys🥴🥴😁😁😁ဒီအတိုင်းလေး အတူတူနေကြတာပေါ့၊😁😁
#ဂျော်ရှုဝါဗန်