11/08/2025
M1 Carbine
ဒုတိယကမ္ဘာစစ်ကြီးကနေ ယနေ့ထိအသုံးဝင်နေဆဲလက်နက်တွေထဲမှာ စစ်သည်တွေနဲ့ မုဆိုးတွေ အကြိုက်ဆုံးလက်နက်ကတော့ ကာဘိုင်ဆိုတာတော့ငြင်းမရပါဘူး။ခြေလျင်လက်နက်တွေအားလုံးထဲကမှ ကျွန်တော် အကြိုက်ဆုံး သေနတ်တစ်လက်ဖြစ်ပြီး ကျည်ဆံရှားပါးမှုကြောင့် ဒီနေ့အထိပစ်ခတ်ဖို့အခွင့်ရေးမရခဲ့တဲ့ သေနတ်လည်းဖြစ်ပါတယ်။
ကာဘိုင်တစ်လက်ဟာ ဘာတွေများ ထူးခြားနေလို့ လူတွေက ဒီနေ့အထိ တမ်းတမ်းတတ ဖြစ်နေကြတာလဲလို့ မိတ်ဆွေတို့က မေးကြပါလိမ့်မယ်။ အကြောင်းကတော့ စနစ်တကျ ချိန်သီးညှိထားတဲ့ ကာဘိုင်တစ်လက်နဲ့၂၅ကိုက်အကွာက ဖယောင်းတိုင်နဲ့ကိုက် ၅၀အကွာက ကျပ်စေ့ကိုတောင် မှန်အောင်ပစ်နိုင်တဲ့ စစ်သည်တွေရှိပါတယ်။ ဒီစာစုမှာညကျနော့်အနေနဲ့ ကာဘိုင်သေနတ်ရဲ့သမိုင်းကြောင်း..သေနတ်ရဲ့ထိရောက်မှူ့ ..အတွင်းပိုင်းတည်ဆောက်ပုံ စတာတွေကို မိတ်ဆွေ တို့နားလည်လွယ်စေဖို့ တစ်ဆင့်ချင်းရေးသွားပါ့မယ်။
ပထမဦးဆုံးအနေနဲ့ တချို့လူတွေထင်သလိုမျိုး ကာဘိုင်သေနတ်ကို ထောင်ကျနေတဲ့ကာဘိုင်ဝီလျံက တီထွင်တယ်။ ဒါ့ကြောင့် တီထွင်သူနာမည် ကာဘိုင်ဝီလျံကို အစွဲပြုပြီး ကာဘိုင်လို့ခေါ်တယ် ဆိုတာမဟုတ်ပါဘူး။
ကာဘိုင်သေနတ်က မတူညီတဲ့ အင်ဂျင်နီယာတွေ မတူညီတဲ့ အတွေးအခေါ်တွေကို စုပေါင်း ထုတ် ထားတဲ့ လက်နက်ဖြစ်ပါတယ်။ နောက်တစ်ခုက တချို့ထင်ကြသလိုမျိုး ကာဘိုင်ဟာ M1 Garand ရဲ့စကေးချုံ့ဗားရှင်းဆိုတာလည်းမဟုတ်ပါဘူး။
M1 Garand ရဲ့အတွင်းပိုင်းလုပ်ဆောင်မှုတွေနဲ့
M1 ကာဘိုင်ရဲ့အတွင်းပိုင်းတည်ဆောက်ပုံတွေ
တစ်ခုနဲ့တစ်ခုမတူပါ။
M1 ဆိုတာတော့အမေရိကန်စစ်ဘက်ရဲ့ လက်နက် အမည်ပေးစနစ်အောက်ကနေထွက်
လာတဲ့ သင်္ကေတပါ။
ကာဘိုင်ဆိုတာတော့ သမားရိုးကျ တိုက်ပွဲဝင်ရိုင်ဖယ်ထက် အလျားပိုတိုတဲ့ လက်နက်ပါ။ အလယ်ခေတ် အလွန်ဥရောပ မြင်းတပ်တွေအတွက် မတ်စကတ်သေနတ်ရှည်ကြီးတွေကို မြင်းစီးရင်းပစ်လို့ရအောင် ဆိုဒ်ချုံ့ပေး၊ပြောင်းတိုပေးရာကနေ ကာဘိုင်ဆိုတဲ့သေနတ် အယူအဆဖြစ်လာပါတယ်။ ဒီလောက်ဆိုရင် မိတ်ဆွေတို့အကြမ်းဖျင်း သိလောက်ပြီလို့ ယူဆပါတယ်။
M1ကာဘိုင်ဖြစ်ပေါ်လာပုံကိုဆက်ပြောပါမယ်။ဒုတိယကမ္ဘာစစ် အလယ်ပိုင်းမှာ အမေရိကန် စစ်ထဲဝင်တိုက်တော့ M1 Garand ရိုင်ဖယ်တွေနဲ့ပါ Semi Auto ဆိုပေမယ့် အလျားကသိပ်ရှည်ပြီး ကြီးမားလေးလံပါတယ်။
အဲ့ဒီတုန်းကအမေရိကန်စစ်ဘက်ဟာ သူတို့တိုက်ခိုက်ရေးတပ်တွေကိုရော အကူလက်ရုံးတပ်တွေကိုပါ Garand တွေထုတ်ပေးပါတယ်။ တခြားမှာ ပြသနာမရှိပေမယ့် ဆက်သွယ်ရေးစက်ကိုင်စစ်သည်တွေ ..ဆက်သားရဲဘော်နဲ့ ယာဥ်မောင်းတွေအတွက် Garand ရိုင်ဖယ်ကကြီးမားလေးလံနေ ပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် သွမ်ဆင်နဲ့ Grease လို စက်သေနတ်အသေးစားလေးတွေ ထုတ်ပေးပေမယ့် အလျားတိုတာကလွဲရင် အလေးချိန်က ကြီးမားနေဆဲပဲဖြစ်ပါတယ်။ ဒါ့ကြောင့် M1911 လို ပစ္စတိုတွေထုတ်ပေး ပြန်တော့လည်း ကျည်ထိရောက်မှူ့ အကွာဝေးကအတော်နည်းပါးနေတုန်းပါပဲ။
ဒီကြားထဲ ရန်သူတော်တွေဖြစ်တဲ့ဂျာမန်စစ်ဘက်က ဘရစ်ခလစ် ဆိုပြီး လျှပ်စီးလို စစ်ဆင်မှုမျိုးနဲ့ မဟာမိတ်နယ်မြေတွေထဲကို ဂလိုက်ဒါတွေနဲ့ဆင်းချလာတာတွေကြုံလာရတော့ အမေရိကန်စစ်ဘက်ကလည်း ကောင်တာပြန်ဖို့လက်နက်ပိုလိုလာပြီ။
ဒီတော့ ၁၉၃၈လောက်မှာ သူတို့လက်နက်အသစ်ထပ်ထုတ်ဖို့ ဘုတ်အဖွဲ့ကနေ လက်နက်အသစ်တစ်မျိုး စမ်းထုတ်ဖို့ ညွှန်ကြားချက်ထုတ်တယ်။လက်နက်အမျိုးအစားက အပေါ့စားရိုင်ဖယ် သို့မဟုတ်ကာဘိုင်ဖြစ်ရမယ်။ ပေါ့ရမယ်၊ တိုရမယ်၊ ပေါ့တယ်ဆိုတာမှာ အလေးချိန် ငါးပေါင်ထက်မပိုရဘူး၊ ထိရောက်မှူ့ အကွာဝေး ကိုက်၅၀၀အတွင်း ရှိိရမယ်။ လေထိီးတပ်အတွက်ခေါက်ဒင် တပ်လို့ရရမယ်။ စသဖြင့်သတ်မှတ်ချက်တွေထုတ်တယ်။သတ်မှတ်ချက်တွေ စုပြီး၁၉၄၀လောက်မှာ.. တင်ဒါစခေါ်တယ်။ သတ်မှတ်ချက်အတိုင်းလုပ်နိုင်တဲ့လူတွေ လာပြိုင်ကြပါဘာညာပေါ့။
ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ခေါ်ရမယ်။
အဲ့ဒီအချိန်က ဝင်ချက်စတာ ကုမ္ပဏီမှာ .30-06ရိုင်ဖယ်ကို John Ed Browning က ထုတ်နေတယ်။ John Ed Browning ဆိုတာ M2 ပွိုင့်ဖိုက် ထွင်တဲ့ ဘရောင်နင်ရဲ့ညီ။ အဲ့ဒီမယ် သေနတ်ကထုတ်နေရင်း Ed Browning ဆုံးသွားရော။ဆုံးတော့ သူ့သေနတ်ကို ဆက်ထုတ်ရအောင်လို့ ဝင်ချက်စတာ ကလူသစ်ထပ်ရှာထားတယ်။
လူသစ်က David Marshal Carbine Willians.
သူကလူသတ်မှုနဲ့ မြောက်ကာရိုလိုင်းနားမှာ အလုပ်ကြမ်းနဲ့ထောင်ကျနေတာ။ ထောင်ထဲမှာတင် သူက Short Stroke မောင်းပြန်စနစ်နဲ့ သေနတ်ဒီဇိုင်းဆွဲပြီး ထုတ်နိုင်တော့ ဝင်ချက်စတာက သူ့ကို အလုပ်ခန့်လိုက်တယ်။
ဒီတော့ လူသစ်က John Ed Browning မပြီးသေးတဲ့ ရိုင်ဖယ်မှာသူ့ရဲ့ short stroke စနစ်ကိုပြောင်းတယ်၊.30 06 ကျည်သုံးတော့ Garand ရိုင်ဖယ်က မောင်းတုံးနဲ့ မောင်းတင်တံ၊ မောင်းတုံးလက်တံကို ယူထည့်လိုက်တာမှာ ဝီလျံကာဘိုင် ထုတ်ထားတဲ့ M2 ဘရောင်နင်ရိုင်ဖယ်
၁၉၃၉ မှာထွက်လာတာရှိနေတယ်။
၁၉၄၀ မှာခဲယမ်းဘုတ်က တင်ဒါစတော့ ဝင်ချက်စတာ ကုမ္ပဏီက သွားပြိုင်ပြီ။ ခဲယမ်းဘုတ်ကလိုအပ်ချက်တွေနဲ့အကုန် ကွက်တိကျတယ်။ဒါပေမယ့်ပြသနာက ၇ ပေါင်ကျော်အောင်လေးနေတုန်းပဲ။ အဲ့ဒီမယ် ခဲယမ်းဘုတ်က အကြောင်းပြန်တယ်..။ လူကြီးမင်းတို့ သေနတ်ကိုအလေးချိန် ၄ပေါင်ခွဲ ၅ပေါင်အထိ လျှော့ချနိုင်ပါလျှင် အမေရိကန်စစ်ဘက်က ရွေးချယ်ပါမည် ဖြစ်ကြောင်းဘာညာပေါ့။
ဒီတော့ ဝင်ချက်စတာကုမ္ပဏီက သူတို့ရိုင်ဖယ်ကို
ဝိတ်လျော့ဖို့ အပူတပြင်းလုပ်တော့တာပဲ။ အဲ့ဒီမယ်.၃၀ ၀၆ ရိုင်ဖယ်ကို.၃၀ SLကျည်သုံးတဲ့ ကာဘိုင်ဖြစ်အောင်၁၃ရက်အတွင်း William C Romer, Fred Humestom / Edwin Pagsley နဲ့ ဝင်ချက်စတာကုမ္ပဏီက အင်ဂျင်နီယာ ၂ဦးပေါင်းပြီး သေနတ်ကို ဆိုဒ်ချုံ့တယ်။ အရင်တင်ဒါမှာဝင်ပြိုင်ထားတဲ့ .30 06 ရိုင်ဖယ်က Short Stroke Piston, M1905 ဝင်ချက်စတာ ရဲ့ မောင်းခလုပ်အုပ်စု, M1 Garand ရဲ့ သေနတ်ဒီဇိုင်း၊ မောင်းတုန်း မောင်းတင်တံ စတာတွေပေါင်းစုထားတဲ့ ကာဘိုင်သေနတ်တစ်လက်ထွက်လာတယ်။ သေနတ်ဒီဇိုင်းအပြီးသတ်တော့မှာ ကာဘိုင်ဝီလျံရောက်လာပြီး အချောသပ်နိူင်တာပါ။
ဝင်ချက်စတာကုမ္ပဏီက သူတို့ပြန်ပြင်ထားတဲ့ ကာဘိုင်ကို ၁၉၄၁စက်တင်ဘာလမှာ ခဲယမ်းဘုတ်သွားတင်တယ်။ ခဲယမ်းဘုတ်ကစမ်းကြည့်တော့ အိုကေတယ် ငါတို့ကြိုက်ပြီ၊ ထုတ်မယ်ပေါ့။ အောက်တိုဘာလထဲမှာအတည်ပြုပြီး ကာဘိုင်တွေထုတ်တော့တာပါပဲ။
သေနတ်တည်ဆောက်မှူ့ အနေထားမှာကာဘိုင်သေနတ်ဟာရိုးရှင်းတယ်လို့ဆိုရမယ်။ သေနတ်မှာ ပြောင်း၊မောင်းတုံးအုပ်စုကို သစ်မာသားနဲ့ လုပ်ထားတဲ့ အပေါ်ပြောင်းကာနဲ့သစ်မာသားကိုယ်ထည် နှစ်ခုနဲ့ငုံပြီးအုပ်ထားတယ်။
Short Stroke Piston နဲ့ မောင်းပြန်တော့ ယမ်းခိုးပြွန်ကို ပြောင်းအောက်ကနေ ယမ်းငွေ့ ပြွန်က အဆို့ရှင်နဲ့ဆက်ထားတယ်။ မောင်းပြန်စပရင်နဲ့ မောင်းတုံးအုပ်စုကို ယမ်းငွေ့ပြွန်ကနေ ထွက်လာတဲ့အဆို့ရှင်နဲ့တေ့ ဆက်ထားတော့ ပစ်ခတ်မှုတစ်ချက်ပြုတိုင်း ထွက်လာတဲ့ယမ်းငွေ့က အဆို့ရှင်ကိုပိတ်တွန်းတဲ့အခါ မောင်းတုံးအုပ်စုကိုပါဆက်ရွေ့အောင်လုပ်ပြီးမောင်းပြန်တယ်။
မောင်းတင်တံနောက်ကိုပြန်ပို့တော့ တခါထဲဆက်ထားတဲ့ မောင်းတုံးခေါင်းကို လည်ထွက်သွားအောင် လုပ်ပြီး ပြောင်းရင်းခန်းထဲကျည်ခွံကိုဆွဲထုတ်တယ်..မောင်းတုံးနောက်ကိုပြန်ဆွဲတဲ့အချိန်မှာ အပစ်ခလုပ်အုပ်စုထဲမှာရှိတဲ့ ကျည်ရိုက်မောင်းကို နောက်လှန်ချသွားပြီး ဆီယာနဲ့ သွားချိတ်ကျန်ခဲ့တယ်။
မောင်းတုံးကတော့ မောင်းပြန်စပရင်နဲ့ ရှေ့ကို ပြန်ဆွဲသွားပြီး ကျည်အိမ်က ကျည်တစ်တောင့်ကိုပြောင်းရင်းခန်းထဲ လော့ချပိတ်ရင်းသွင်းလိုက်တဲ့အခါမှာ နောက်တကြိမ်ပစ်ခတ်ဖို့အသင့်ဖြစ်သွားတယ်။
အပစ်ခလုပ်အုပ်စုကြီးမှာတော့ ရိုက်မောင်း ၊ မောင်းခလုပ်၊ ဆီယာနဲ့ မောင်းရိုက် စပရင်ပါတယ်။ (ဒီမှာစကားစပ်လို့ပြောရရင် မောင်းရိုက်စပရင် ဖြုတ်ကြည့်လိုက်ရင် ဘရောင်နင်ပစ္စတိုရဲ့မောင်းပြန်စပရင် ပုံစံနဲ့အတော်တူတယ်။တူဆို လက်နက် ထွက်တဲ့နေရာကအတူတူကိုးဗျ။ ကျနော်လည်းငယ်ငယ်ကမသိဘူး။ တူတယ်လို့ပဲသိတာ။ ကြီးမှစာတွေဖတ်ရင်း သဘောပေါက်တာ...နောက်တစ်ခုရှိတာက ကာဘိုင်ရဲ့ cycle operations တွေအရေးကြီးတာက ယမ်းငွေ့ပြွန်ကျပ်ကအဆို့ရှင်ဗျ။ညအဲ့ဒီအဆို့ရှင်ကလေးက ေရှ့နောက် မရွေ့ဘူးဆိုရင် သေနတ်ကမောင်းမပြန်နိုင်ဘူး။ညတစ်စစီဖြတ်တဲ့အခါကျရင် ပြောင်းရင်းကို လက်နဲ့ပိတ်ပြီး ပြောင်းဝကနေစုပ်လိုက် မှုတ်လိုက်လုပ်ကြည့်ရင်အဆို့ရှင်ပုံမှန် အလုပ်လုပ်မလုပ်သိတယ်)
ကာဘိုင်ကိုအတွဲလိုက်တစ်တောင့််ချင်းပစ်ဖို့အတွက်ဆိုရင် အဲ့ဒီအုပ်စုထဲက ဆီယာမှာပဲလာကလိရတာ။ကာဘိုင်ရဲ့ 8cycle operation က ဒီလောက်ပဲမိတ်ဆွေတို့... Model တွေနဲ့ ထိရောက်မှူ့အကြောင်းဆက်သွားကြမယ်။
ပထမဆုံး M1 ကာဘိုင်ထွက်လာတော့ အမေရိကန်စစ်သည်အတော်များများ သဘောကျကြတယ်။ သေနတ်ခပ်သေးသေးမှာ ကျည်ကလည်းနေရာသိပ်မယူတော့ များများသယ်လို့ရတယ်။M1 ကာဘိုင်တွေထွက်လာတော့ ဘက်နက်တပ်မရသေးဘူး။ ရှေ့ ချိန်သီးနဲ့နောက်ချိန်ပေါက်မှာ... နောက်ချိန်ပေါက်က ကိုက် ၁၅၀ / ၃၀၀ ချိုးလှန်လို့ရတဲ့ flip Sight ပဲပါတယ်။
လုံခြုံရေးခလုပ်က ဘုနဲ့ခလုပ်...ဒီတော့မဂ္ဂဇင်းကျည်အိမ် အဖြုတ်အတပ်ခလုပ်နဲ့ အတော်နီးတော့ သူတင်ကိုယ်တင်ပစ်တဲ့အခါကျရင်ရုတ်တရက် မှားနှိပ်မိတတ်တယ်။
လေတပ်အတွက် လေထီးကာဘိုင်ဆိုပြီး
အပစ်လက်ကိုင် ရယ်ခေါက်ဒင်ရယ်တွဲ
ထားတဲ့ M1A1 ကာဘိုင်တွေထပ်ထုတ်တယ်။
နောက်ချိန်သီးကိုလည်း လှန်ချိုးရတဲ့ချိန်သီးကနေ ကိုက်၁၀၀ /၂၀၀/ ၂၅၀ /၃၀၀ ရွေ့လို့ ရတဲ့ လှေကားထစ်ပုံချိန်သီးပြောင်းတယ်။
( အဲ့ဒီမယ် လေတိုက်နှုန်းပါ ချိန်လို့ရတယ်)
၃၀ကျည်အနေနဲ့ ကျည်အရွယ်စားသေးပေမယ့် ဒုစစ်တုန်းက .၄၅ သွမ်ဆင်စက်သေနတ်ကလေးထက် နှစ်ဆဝေးဝေးပစ်နိုင်တယ်။ ကိုက် ၁၀၀ အတွင်းမှာ ၅လက္မကျည်စုကနေ ၃လက်မကျည်စုအထိရတယ်။ အရင်ခေတ် စစ်သားဟောင်းကြီးတွေကတော့ကိုက် ၁၀၀/ ၁၅၀မှာ ယုန်ကြောင် ခေါင်းမှန်အောင် ပစ်နိုင်တဲ့သူတွေရှိတယ်လို့ဆိုတယ်။၂လက္မကျည်စုအတွင်းဝင်အောင်ပစ်နိုင်မှပဲ ထိဖို့လွယ်မယ်လို့ ကျွန်တော်တော့ယူဆမိတယ်။၃၀ကျည်ရဲ့ ထိရောက်မှူ့ အကွာဝေးက ကိုက် ၃၀၀ ဆိုပေမယ့် ကာဘိုင်တွေမှာကိုက်၂၀၀ ထက်ပို ရောက်တာနဲ့ ကျည်က အောက်ကို အတာ်စကျလာတယ်။ ထိရောက်မှူ့ အကွာဝေးက ကိုက် ၂၀၀နဲ့၂၅၀ကြားမှာပဲရှိနိုင်တယ်။
ဒါပေမယ့်ညInRange TV မှာလားတော့မသိဘူး။ forgotten Weapon က အီရန်မက္ကောလေး က M1 ကာဘိုင်နဲ့ AKs74U နဲ့ယှဥ်ပစ်ပြတာ တိကျမှုမှာ M1ကာဘိုင်ကအသာကြီး။
74U မှာ Holo Sight တပ်ပစ်တာတောင် M1 ကာဘိုင်ရဲ့ထိရောက်မှူ့ကိုယှဥ်မရဘူး။
M1 ကာဘိုင်တွေမှာပြောင်းထွက်ရှိန် ၁၉၉၀ fps ရှိပြီးတော့ တစ်မိနစ်ကို ကျည်တောင့်ရေ ၆၀ကနေ ၇၀အတွင်း ပစ်လို့ရတယ်။
M1 ကာဘိုင်တွေကို ဥရောပစစ်မျက်နှာမှာ လက်ရုံးတပ်တွေ၊ ဆေးတပ်သား၊ အမြှောက် လက်နက်ကြီးသမားတွေကိုစတွဲပေးတယ်။ မကြာခင်မှာပဲ ခြေ လျင်ကပါအလုအယက် တပ်ကြတယ်။ ခေါက်ဒင်နဲ့ M1A1 ကာဘိုင်တွေကိုတော့ 82nd နဲ့ 101st လေကြောင်းချီတပ်တွေမှာစထုတ်ပေးတယ်။
ဂျာမန် STG လို ချေမှုန်းရေးရိုင်ဖယ် အယူဆတွေ လွှမ်းမိုးလာတော့ အမေရိကန်စစ်ဘက်ကလည်း M1 ကာဘိုင်ကို အတွဲလိုက်ပစ်ဖို့ အဆင့်မြှင့်တင်ရင်း M2 ကာဘိုင်ဖြစ်လာတယ်။ညတစ်မိနစ်ကို ကျည်တောင့်ရေ ၇၅၀အထိပစ်လို့ရသွားတယ်။ M2 မှာ အဓိကပြောင်းလဲသွားတာတော့ Fire Slector ခေါ်ရမယ်ထင်တယ်။ မြန်မာလိုတော့ မောင်းပြောင်းခလုပ်ကို ခခွေး စပိန်ရင်နဲ့ဖိပြီးသေနတ်ဘယ်ဘက်မှာ ထည့်ပေးထားတယ်။
သူ့ အလုပ်လုပ်ပုံက ကျည်ရိုက်မောင်း နဲ့ အပစ်ခလုပ်က ဆီယာကိုဖိထားပေးတာ။
M1 ကနေ M2 အလွယ်တကူပြောင်းလို့ ရတာရယ် ထုတ်လုပ်ကုန်ကျစားရိတ်က အဲ့ဒီခေတ်က ၄၅ဒေါ်လာ ဒီနေ့စျေးနဲ့ ၆၇၀ညလောက်ရှိတော့ ကုန်ကျစားရိတ်နည်းတယ်။ အလက်ရေ ၆သန်းကျော်အောင် အမေရိကန်စစ်တပ် ကအရပ်ဘက်ကုမ္ပဏီတွေကို ပေးထုတ်တယ်။
စထုတ်ကာစ M1 ကာဘိုင်တွေမှာ ၁၅တောင့်ဝင်ကျည်အိမ် အဖြောင့်ပဲပါပေမယ့်ညနောင်အတွဲလိုက်ပစ်လို့ရတဲ့ M2 ကာဘိုင်စထွက်လာတော့ ၁၅တောင့်ဝင်ကျည်အိမ်အတိုကမလောက်မငှဖြစ်လာလို့ ၃ဝ ဝင်ကျည်အိမ် အကောက်တွေထုတ်လာရတယ်။
M1 ကာဘိုင်စထွက်ကာစက ဘက်နက်တပ်ဖို့နေရာမပါသေးဘူး။ စစ်သားအများစုက သူတို့လက်နက်ကိုဘက်နက်တပ်သုံးချင်ကြတော့ ဘက်နက်တပ်ဖို့ကိုယ်တိုင်လျှောက်လုပ်ရတယ်။ တကယ့်စံပြုဘက်နက်ထုတ်ပေးနိုင်တာ ကိုရီးယားစစ်ပွဲကာလမှထုတ်ပေးနိုင်တယ်။ နောက်ပြီး ကာဘိုင်ထွက်လာတော့ အီနာဂါပစ်ဖို့ပါအီနာဂါဗုံးသီးတွေထုတ်ကြပေမယ့် တကယ်ပစ်တော့ ဒင်တွေဘာတွေ ကွဲထွက်ကုန်လို့ကာဘိုင်ဗုံးသီးမထုတ်ဘဲ ပြောင်းအောက်တွဲ၂၂မီလီမီတာဗုံးပစ်လောင်ချာပဲ တပ်လိုက်ရတယ်။
M1/M2 ကာဘိုင်တွေအပြင် အမေရိကန်စစ်ဖက်က M3 ကာဘိုင်တွေ ထပ်ထုတ်သေးတယ်။ အဓိက ပြောင်းတာတော့ M3 ကာဘိုင်မှာ ချိန်သီးမပါဘူး။ ချိန်သီးအစားမီးကာပဲပါတယ်။ M3 ရဲ့အဓိကအေပြာင်းလဲကတော့ ညကြည့်မှန်ပြောင်းပဲ။ ဂျာမနီမှာလိုမျိုး အမေရိကန်တွေလည်း ကာဘိုင်ပေါ်မှာညကြည့်မှန်ပြောင်းတပ်ထားတဲ့ M3 ကာဘိုင်တွေကို ဂျပန်နဲ့တိုက်တဲ့ အိုကီနာဝါကျွန်းစုတိုက်ပွဲတွေမှာ သုံးခဲ့သေးတယ်။အဓိကအားဖြင့်တော့ ညတိုက်ပွဲမကြာမကြာလုပ်တတ်တဲ့ ဂျပန်တပ်တွေကို အသာစီးရဖို့သုံးတယ်။
အဲ့ဒီခေတ်က ဒီနေ့လို ညကြည့်မှန်ပြောင်းနဲ့ နည်းပညာက သိပ်မဖွံ့ဖြိုးသေးတော့ M3 ကာဘိုင်ကိုင်တဲ့စစ်သည်က မှန်ပြောင်းအတွက် ဘတ္ထရီအိုးကြီးလွယ်ထားရတယ်။ ဒါပေမယ့်လည်း သေနတ်ပြောင်းကမီးပွား မထွက်အောင်လုပ်ထားတဲ့ကာဘိုင်နဲ့ ညကြည့််မှန်ပြောင်းပေါင်းလိုက်တော့ညညတိုက်ပွဲကိုအားကိုးတဲ့ဂျပန်တွေ အတော်အထိနာတယ်။ညM3 ကာဘိုင်မှာ အားနည်းချက်ကြီးက မြူထူရင် ညကြည့်မှန်ပြောင်းက မြင်တာ အကွာဝေးလျှော့သွားတယ်။ ဒါပေမယ့်အနီးကပ်တိုက်ပွဲဧရိယာမှာတော့အလုပ်ဖြစ်နေတုန်းပဲ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အမေရိကန်စစ်တပ်ဟာ ကာဘိုင်မျိုးကွဲတွေ အားလုံးကို ပြန်ပြုပြင်တယ်။ ချိန်သီး၊ လှံစွပ်၊ မီးကာ၊ ကျည်အိမ်အရှည်နဲ့ ကျည်အိမ်နှစ်ခုပူးချိတ်လို့ရတဲ့ ကလစ်တွေ ကျည်အိမ်ထဲ ကျည်အမြန်ဖြည့်ကလစ်တွေ ထပ်ထုတ်လာပြီး တိုက်ခိုက်ရေးသုံးလုံးဝဆန်လာအောင်ပြုပြင်ပြီတော့ ကိုရီးယားစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲကာလတွေမှာပါ ဆက်သုံးတယ်။
ဖြစ်စဥ်တစ်ခုဖြစ်မှာ... ဗီယက်နမ်စစ်ပွဲအတွင်း ကာဘိုင်သေနတ်တွေချည်းသုံးပြီး တိုက်တဲ့ ဗီယက်ကောင်း တပ်ရင်းတစ်ရင်းရှိတယ်။အမေရိကန်တွေကိုယ့်လက်နက်နဲ့ကိုယ် ပြန်အတီးခံရတာပေါ့ဗျာ။
မြန်မာပြည် နဲ့ ကာဘိုင်ဇတ်လမ်း
-----------------------------------------------------
အမေရိကန်အစိုးဟာ အရှေ့တောင်အာရှဒေသမှာ ကွန်မြူနစ်ဆိုရင် အသေမုန်းပြီး စပယ်ရှယ်နှိမ်နှင်းနေစဥ်ကာလတွေတုန်းကပေါ့။
အဲ့ချိန်က မြန်မာပြည်မှာလည်း ဗကပနဲ့ အကြီးကျယ်ချနေကြလေရဲ့ ။ ဒီတော့ အမေရိကန်က မြန်မာကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဘာညာဆိုပြီး တာဘိုသရပ် ဆေးဖြန်းလေယာဥ်လေးတွေ နဲ့လက်နက်တွေထောက်ပံ့ပေးတဲ့အထဲမှာ ကာဘိုင်တွေပါလာတယ်။ အမေရိကန်စစ်တပ်သုံး M2 ကာဘိုင်ချည်း အလက်ရေ သုံးသောင်းနဲ့ ခြောက်သောင်းကြားထဲမှာထောက်ပံ့ခဲ့တယ်။
မိတ်ဆွေတို့ကမေးကြလိမ့်မယ်
မူးယစ်ဆေးဝါးတိုက်ဖျက်တာ ဘိန်းခင်းဖျက်ဖို့ ဆေးဖြန်းလေယာဥ်တော့ဟုတ်ပါပြီ...ကာဘိုင် ခြောက်သောင်းကဘာလုပ်တာလဲလို့ မေးလိမ့်မယ်။ ဘိန်းခင်းဖျက်တာ ကာဘိုင်နဲ့ဆိုင်မဆိုင်တော့မသိဘူး... ဟောင်ဝစ်ဇာအမြှောက်ကြီးတွေနဲ့ Bell ရဟတ်ယာဥ်တွေပါ အမေရိကန်က ရှယ်ထောက်ပံ့သွားတာ။
(သူတို့ချင်း တည့်နေကြတုန်းကပါ။ နောက်ပိုင်းဇတ်လမ်းကတော့ သိကြတဲ့အတိုင်းပါပဲ )
ကျွန်တော်တို့ဆီရောက်လာတဲ့ကာဘိုင်တွေကို စစ်မြေပြင်မယ် တန်းသုံးတယ်။ ကျည်ကလည်း အလျှံပယ်ရှိလာတော့ အရာရှိတွေနဲ့ အခြားဆင့် အရာရှိတွေကိုထုတ်ပေးတယ်။ စကားစပ်လို့ပြောရရင် အခြားဆင့်အရာရှိဆိုတာ ပြန်တမ်းဝင်မဟုတ်တဲ့အရာရှိ ဥပမာ ဒုတပ်ကြပ်ကနေ အရာခံဗိုလ်အထိ ပါတယ်။ သာမန်ရဲဘော်တွေထဲကလည်း လက်ဖြောင့်သူဆွေဆိုကာဘိုင်ရတယ်။ဒါ့ကြောင့်အပေါ်မှာကျနော်ရေးခဲ့တာ မိတ်ဆွေတို့မြင်ယောင်ပြီ။
၈၈ မှာ အရေးအခင်းဖြစ်ပြီးနောက်ပိုင်း စစ်တပ်နဲ့ အမေရိကန်တို့ ခွာပြဲတဲ့အချိန်ရောက်လာတော့ အမေရိကန်က ဘာမှမထောက်ပံ့တော့ဘူး။ကျည်ကိုလည်း စစ်တပ်တစ်ခုစာလုံလောက်အောင် မရောင်းချပေးတော့ ကာဘိုင်တွေ အတွဲလိုက်ပစ်ခတ်ဖို့အတော်ပြသနာတက်လာတယ်။ ဒီတော့ ကျည်ချွေတာတဲ့အနေနဲ့ M2 ကာဘိုင်တွေမှာ မောင်းပြောင်းခလုပ်က ခခွေးစပရင်ကို ဖြုတ်ထားလိုက်ပြီး တစ်ချက်ချင်းပဲပစ်ကြရတော့တယ်။ ကျည်အရွယ်စားကလည်း သေးလာတော့ ကာဘိုင်တွေကိုနောက်ပိုင်းမှာတိုက်ပွဲဝင် အဆင့်ကနေလျှော့ချလိုက်ပြီး အရန်လက်နက်အဖြစ် လျှော့ချပစ်လိုက်တော့ တခြားသောနိုင်ငံတွေမှာလိုပဲ မြန်မာပြည်ရဲ့စစ်မြေပြင်မှာကာဘိုင်တွေရဲ့ကဏ္ဍက မှေးမှိန်သွားတယ်။
ဘယ်လိုပဲနေနေ ကာဘိုင်ကတော့ ဒုတိယကမ္ဘာစစ်သုံးခြေလျင်လက်နက်ငယ်တွေထဲမှာ ကျွန်တော့အကြိုက်ဆုံးလက်နက်ပါပဲ။လက်နက်တစ်ခုအနေနဲ့ဆိုတာထက် ကျွန်တော့အတွက်ဂန္တဝင်မြောက် အနုပညာပစ္စည်းတစ်ခုလိုတောင်ဖြစ်နေတယ်။ ကာဘိုင်မှာ အကြိုက်ဆုံးက လွယ်ကြိုးတပ်တဲ့နေရာကလည်းတစ်ခုအပါဝင်ပဲဗျာ။ ပြောင်းအောက်ကနေလွယ်ကြိုးဆက်လာပြီး ဒင်မှာ ဆီဘူးကလေးနဲ့လွယ်ကြိုးဆို့ထားတယ်။
ဒီနေ့ခေတ်မှာတော့ ကာဘိုင်တွေကို ဥရောပစျေးကွက်မှာ Semi Auto အနေထားနဲ့ အရပ်သားစျေးကွက်တွေမှာဝယ်ယူလို့.ရနေသလို တချို့သောပြည်နယ်တွေမှာ M1 ကာဘိုင်ကို အိမ်မှာတင်ပဲ Full Auto ပစ်လို့ရအောင် T17/T18 kit ထွက်နေပါပြီ။
ကာဘိုင်တွေဟာ စစ်မြေပြင်ကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့ရပေမယ့် ပေါ့ပါးမှုနဲ့ တိကျမှုကြောင့် တစ်ချိန်က ကိုင်ဆောင်ဖူးသူတွေ... အမဲလိုက်ဝါသနာရှင် မုဆိုးတွေကြားမှာ နောင်နှစ်ပေါင်းများစွာအထိရှင်သန်ဦးမယ့် လက်နက်ဖြစ်ပါတယ်လို့ရေးသားရင်းကာဘိုင်သေနတ် အကြောင်းကို နိုဂုံးချုပ်လိုက်ပါတယ်။
စာဖတ်သူမိတ်ဆွေများ ညီအကိုများ မိသားစုနှင့်တကွ ဘေးရန်ကင်းကြပါစေလို့ဒီနေရာကနေဆုတောင်းပေးပါတယ်.။အပြင်ထွက်ရင် Mask တပ်ပါ။လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါ။အတတ်နိုင်ဆုံးကျန်းမာအောင်နေပါ
ချစ်ခြင်းအားဖြင့်...
HtetMyetHeil