04/02/2024
WARNING ⚠️ Graphic Footage
၁၉၄၅ခုနှစ်.ဧပြီလ.၁၁ရက်နေ့ Bergen စီရင်စုမှာ GremanတွေကBritish တပ်ရင်းစုနဲ့တိုက်ခိုက်တာမှာစစ်ရှုံးခဲ့ပြီးတော့စစ်စခန်းကနေပြီး ငြိမ်းချမ်းစွာ လက်နက်ချပြီးတပ်ဆုတ်ခဲ့ကြတယ်။
ဧပြီလ.၁၅ရက်နေ့မှာ ဂျာမနီရဲ့ အနောက်တောင်ဘက်ဘာဂန်မှာBritish စစ်တပ်ခွဲကနေပြီးတော့ Bergen-Besenဆိုတဲ့အကျဥ်းထောင်ကိုသိမ်းပိုက်နိုင်တာကြောင့်ပဲBritish တပ်ခွဲကထောင်ထဲကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့။အဲ့ထောင်ထဲမှာဖြစ်ဖျက်ခဲ့တဲ့နှိပ်စက်မှုတွေ
အကုန်လုံး ကမ္ဘာတစ်ဝှမ်းလုံးမှာနာမည်ကြီးသွားခဲ့ပါတော့တယ်။
Bergen-Besen ဆိုတဲ့ထောင်က ကမ္ဘာ့အဆိုးရွားဆုံးထောင်ဖြစ်ပြီးတော့ထောင်သားတွေကို အုပ်ချုပ်မှုဆိုးရွားပြီ၊ အကျဥ်းချရိုက်နှက်သတ်ဖျက်ခဲ့တဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံရတဲ့ထောင်ထဲကတစ်ခုပဲဖြစ်ပါတယ်။
ထောင်ကဘယ်လောက်တောင်ဆိုးရွားတာလဲ?
ပုတ်သိုးနေတဲ့လူသေအလောင်းတွေကိုလူမြင်ကွင်းဖြစ်တဲ့လမ်းလယ်ခေါင်တွေမှာပုံမှန်လိုပဲတွေ့မြင်ကြရမှာပါ။လူပေါင်း၁၃,၀၀၀ ကျော်မြေမမြုပ်ပဲထားထားတဲ့လူသေအလောင်းတွေလဲတောင်လိုပုံနေပြီးတော့၊ များသောအားဖြင့်တော့အဆာရေဆာငတ်ပြတ်ပြီးတော့သေဆုံးကြရတာပါ။
ထောင်ထဲမှာအဖမ်းခံခဲ့ထားရတဲ့လူပေါင်း ၆၀,၀၀၀ကျော်ဟာTuberculosis, Typhus fever တွေကူးစပ်ခံထားရပြီးတော့ထောင်ထဲမှာနှိပ်စပ်ခံရတာတွေလဲအများကြီးတွေ့ရှိခဲ့ကြပါတယ်။
ဒီထောင်ကြီးမှာ Irma Grace တို့လိုဆိုးရွားလှတဲ့ထောင်ထိန်းတွေအုပ်ချုပ်ခဲ့တာလဲဖြစ်ပါတယ်။
အဲ့အကျဥ်းထောင်ကြီးဟာဆိုရင်တော့အကျဥ်းချခံရတဲ့စစ်သုံန်းပန်းတွေ၊စစ်မှုထမ်းခဲ့တဲ့မိန်းမတွေမကျန်အကုန်လုံးကိုနာဇီအာဏာပိုင်တွေကမိန်းမထောင်ထိန်းတွေကိုအသုံးပြုပြီးတော့
ထောင်သားတွေကိုစီမံခိုင်း၊အလောင်းတွေကိုမြေမြှုပ်ပေးခိုင်းတာပါ။
ဒါပေမဲ့လက်တွေ့မှာတော့ ထောင်ထိန်းတွေကိုယ်တိုင်ကိုက ရက်စက်စွာနှိပ်စက်မှုတွေလုပ်ခဲ့ပါတယ်။
ဒီလုပ်ရပ်တွေအားလုံးကိုဧပြီလ.၁၅ရက်နေ့မှာ British တပ်သားတွေ တွေ့ရှိခဲ့ပြီးတော့ကျန်ရှိတဲ့ထောင်သားတွေကိုလွှတ်ပေးခဲ့ပြီးသေဆုံးသူတွေကိုတော့မြေမြှုပ်ပေးခဲ့ပါတယ်။
ထောင်ထိန်းတွေကိုတော့၁၉၄၅ခုနှစ်မှာရုံးတင်အပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကတော့ကမ္ဘာပေါ်မှာဆိုးရွားပြီးရက်စက်လှတဲ့လူတွေရဲ့သမိုင်းထဲကတစ်ခုလဲဖြစ်ပါတယ်။