April 825 April 825 Online Shop🗯

11/06/2024

တနင်္ဂနွေ မနက် ၅ နာရီ— 🍂

❝ နင့်အတွက်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ပေမယ့် ငါအတွက်တော့ နင်က ဘဝဖြစ်ခဲ့တယ်❞

တောင်ကိုရီးယားရဲ့ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ တနင်္ဂနွေ မနက်ခင်း ၄ နာရီကျော်လောက်ပါ။ အမျိုးသမီးငယ်တစ်ယောက်ဟာ သူ့ချစ်သူကို စာပို့လိုက်တယ်။

▬▬▬▬▬▬▬

🔞( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန်မှုခင်းများကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက် ၁၈ နှစ်အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)🔞

▬▬▬▬▬▬▬▬

စာပို့ပြီးတော့ အမျိုးသမီးငယ်လေးဟာ ကြိုးဆွဲချ ေ။သ တယ်။

အချိန်က ၂၀၂၄ ခုနှစ် ဇွန်လ ၂ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီ ဝန်းကျင် ဖြစ်ပါတယ်။

အမျိုးသမီးငယ်လေး သူ့ကိုယ်သူ သ။တ် ေ။သသွားပြီဆိုတာကို ည ၁၀ နာရီလောက်မှ လူတွေသိကြတယ်။

ဒီသတင်းဟာ ကျမတို့ တောင်ကိုရီးယားရောက်မြန်မာတွေကို ဝမ်းနည်း ထိတ်လန့်စေပါတယ်။

❝ ဘာလို့ ကြိုးဆွဲချဿေတာပါလိမ့် ❞ ဆိုတဲ့ မေးခွန်းတွေဆူလာတယ်။ ထင်မြင်ချက်တွေပေးလာတယ်။

အဲ့ဒီ့မှာ ‘ST’ ဆိုတဲ့လူရဲ့ နာမည်ထွက်လာတာပဲ။

🍂

နိုင်ငံခြားရောက် အိမ်ထောင်သည် တချို့ဟာ အိမ်ထောင်ဖက်နဲ့ နှစ်ပေါင်းများစွာ ခွဲနေရတော့ အထီးကျန်ကြတယ်ထင်ပါရဲ့၊ တချို့ကအရက်၊ တချို့က ပြည့်တန်ဆာ၊ တချို့ကျ အပေါင်းအသင်းတွေ…

အင်း..တချို့ကျ ရည်းစားတွေထပ်ထား၊ ဖေါက်ပြန်ပြီး အထီးကျန်မှုကို ဖြတ်ကျော်ကြတာမျိုး..။

🍂

ST တောင်ကိုရီးယား ကို စလာတုန်းကအများတကာလိုပဲ မိသားစုအတွက်၊ အိမ်ပြန်လှဖို့အတွက်၊ မိသားစု လုပ်ကျွေးဖို့အတွက် တောင်ကိုးရီးယားမှာ အလုပ်ကြမ်းလုပ်ဖို့လာခဲ့တာပဲ။

သူများနည်းတူ နှစ်အတော်ကြာအောင် မမောမပန်း အလုပ်လုပ်တယ်။ မိသားစုကို တစ်လ သိန်း ၂၀ မှန်မှန်ပို့တယ်။

🍂

နောက်ပိုင်း ST ကအဲ့ဒီမြန်မာနိုင်ငံက ရည်မှန်းချက်ကြီးကြီးနဲ့ တောင်ကိုရီးယားကိုကျောင်းလာတက်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ ခင်မင်တယ်။ရင်းနှီးသွားကြတော့ မိသားစုကိစ္စအခက်အခဲလေးတွေပြောကြပေါ့။ တစ်နှစ်နီးပါးကြာတော့ ရည်းစားအထိဖြစ်ကုန်တယ်။

🍂

ဟုတ်တယ်— ST က အဲ့ဒီ့ကတည်းက ပြတ်ပြတ်သားသားလုပ်ရမှာ။

ဒါပေမဲ့ သူ့ကို ချစ်ခင်တွယ်တာတဲ့ ဇနီးကိုလည်း သစ္စာမစောင့်သိခဲ့ဘူး။

အနာဂတ်မျှော်လင့်ချက်တွေအပြည့်နဲ့ တောင်ကိုရီးယားကိုရောက်လာတဲ့ အမျိုးသမီးငယ်လေး ကိုလည်း မရေရာတဲ့ ကတိတွေပေးတယ်။

အမျိုးသမီးနှစ်ဦးကြား ဟန်ချက်ညီညီမပြတ်မသား လှည့်စား လိမ်ညာနေခဲ့တာတော့ အမှန်ပဲ။

🍂

ဒီအကြောင်းကို ဇနီးသည်က သိသွားတယ်။ အဲ့ဒီ့တော့ ပိုလိမ်တာပေါ့။ ပိုလိမ်တော့ သူ့အပြစ်က တနေ့တခြား ပိုပြီးပိုပြီးကြီးလာတာပါပဲ။

အချိန်ကြာလာတာနဲ့ အမျှ လိမ်လည်လှည့်ဖြားမှုက ဖုံးမရ ဖိမရပေါ်လာတယ်။

🍂

ဇနီးသည်ကတော့ အဝေးကဆိုတော့ ST ပြောသမျှကိုယုံတယ်။ အားကိုးတကြီးနဲ့ သူ့ကိုယုံကြည်ပြီး သူပြန်လာမယ့်နေ့ကိုစောင့်နေတယ်။

🍂

အမျိုးသမီးငယ်လေးက ST နဲ့ အနီးကပ်ရှိနေတော့ မရိုးသားတာ ရိပ်မိတယ်။

အဲ့ဒီ့မှာ ကျောင်းသူလေးက ပိုပြီးအထီးကျန်လာတာပဲ။ ဘေးမှာရှိတဲ့ ချစ်သူဟာ သူမ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ ‘လှည့်စားခြင်း’ အတွက်ပါ ပိုပြီးခံစားရတယ်။

အချစ်ဆိုတဲ့အရာက တခါတလေ မီးလိုပူလောင်တယ်ဆိုတာ..

🍂

အဲ့ဒီ့မှာ အမျိုးသမီးငယ်လေး က စိတ်ပိုင်းဆိုင်ရာ ကမောက်ကမတွေ ပြင်းထန်လာတာပဲ။ လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုသလို အမျိုးသမီးငယ်လေး မှာလည်း အခြားစိတ်ညစ်စရာတွေလည်းရှိတယ်။ အဲ့ဒီတော့ ပိုဆိုးတာပေါ့။

🍂

အဲ့ဒီ စနေနေ့ညက အမျိုးသမီးငယ်လေး နဲ့ ST စကားများတယ်။

ST က အမျိုးသမီးငယ်လေး နဲ့ သူ စကားများတဲ့ကိစ္စကို ပြေလည်အောင် အဆုံးအထိမဖြေရှင်းပဲ အမျိုးသမီးငယ်လေးရှိတဲ့ဆီ ခဏပြန်လာလိုက်၊ အပြင်ထွက်သွားလိုက်လုပ်တယ်။

အမျိုးသမီးငယ်လေးရှိတဲ့ ဆိုင်မှာလူကုန်ပြီး အိမ်ပြန်ရတော့မယ်ဆိုတော့ အမျိုးသမီးငယ်လေး က သူ့သူငယ်ချင်းမလေးကို ဖုန်းဆက်ခေါ်တယ်။

ပထမ အမျိုးသမီးငယ်လေးက ဆိုင်အပြင်ထွက်ပြီး ထိုင်နေသေးတယ်။ ပြီးမှ သူငယ်ချင်းမလေးရောက်လာပြီး အတူတူ သူ့အခန်းပြန်သွားတယ်။သူ့သူငယ်ချင်းမလေးက အမျိုးသမီးငယ်လေး အခန်းထဲအထိ ဝင်လိုက်ပို့ပေးတဲ့အပြင် အတူထိုင်ပေးနေခဲ့သေးတယ်။

အမျိုးသမီးငယ်လေးက သူ့ သူငယ်ချင်းမလေးကို အိမ်ပြန်ခိုင်းမှ သူငယ်ချင်းမလေးလည်း သူ့အိမ်ပြန်သွားတယ်။

သူငယ်ချင်းမ အိမ်ပြန်သွားတဲ့အခါ အမျိုးသမီးငယ်လေးဟာ ကြေကွဲဖွယ်ကောင်းတဲ့အဲ့ဒီ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။

🍂

အမျိုးသမီးငယ်လေး နောက်ဆုံးပို့တဲ့စာကတော့ ❝ နင့်အတွက်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ပေမယ့် ငါအတွက်တော့ နင်က ဘဝဖြစ်ခဲ့တယ်❞ တဲ့။

ပြီးတော့ သူမရဲ့ ဘဝကို ကြိုးတစ်ချောင်းနဲ့ အဆုံးသတ်လိုက်တယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီ ဝန်းကျင် ဖြစ်ပါတယ်။

🍂

ST က အရင်ကလိုပဲ နောက်တော့လည်းပြန် အဆင်ပြေသွားမှာပဲလို့ ပေါ့ပေါ့တွေးတယ်။

နောင်တ..
နောင်တဆိုတာနောင်မှရတယ်။

🍂

ST ကတော့ သူ့လုပ်ရပ်တွေရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရင်းကျန်ရစ်ခဲ့ပါပြီ။

သူလည်း အသက်ရှင်နေပေမဲ့ ကျောင်းသူလေးလိုပဲ ေ။သလူ ဖြစ်သွားတာပဲ။ ဂုဏ်သိက္ခာဿေသွားတဲ့သူဟာ ဘာနဲ့ အသက်ဆက်ရှင်မလဲ။

မြန်မာပြည်က ဇနီးသည်ကလည်း အမှန်တရားကို သိသွားတဲ့အခါ ရှင်လျက်နဲ့ေ။သလူဖြစ်သွားတာပဲ။

ကဲ — ဒီဇာတ်လမ်းမှာ ဘဝမပျက်တဲ့သူ ဘယ်သူရှိလဲ။

🍂

မရိုးသားမှုနဲ့ ဖောက်ပြန်မှုရဲ့ ဆိုးရွားတဲ့ရလဒ်..၊ ဒါ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါ။

ST ဟာ တစ်ကိုယ်ကောင်းဆန်ပြီး ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့တာမို့ အဓိကတရားခံက သူပဲ။

ယုံကြည်မှုကို လှည့်ဖြားတာ ဘယ်
သောအခါမှ ဘယ်သူကမှ လက်မခံနိုင်ပါဘူး။

အခုတော့ ကျောင်းသူလေး အသက်ဆုံးရှုံးရတဲ့အပြင် များစွာသောလူအပေါင်းတို့နာကျင်ဝမ်းနည်းမှုကို ခံစားနေရတယ်။

🍂

ဒါကြောင့် သူငယ်ချင်း၊မိသားစု၊ ချစ်သူ၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း စတဲ့ ဆက်ဆံရေးအားလုံးမှာ ရိုးသားမှုနဲ့ လေးစားမှုဟာ အရမ်းအရေးကြီးပါတယ်။

အဲ့ဒီ့နှစ်ခုမရှိရင် နောက်ပြန်ဆုတ်လို့မရတဲ့ ဆိုးကျိုးတွေရမှာပဲ။

🍂

ကိုယ့် ဆန္ဒ၊ အတ္တတွေကို ဖြည့်ဆည်းဖို့ သူတစ်ပါးကို ထိခိုက်နစ်နာစေမယ့်အပြုအမူတွေကို ရှောင်ကျဉ်ဖို့ ကျမတို့ နေ့စဉ်ဘဝမှာသိပ်အရေးကြီးတယ်။

ကျမတို့ တစ်ဦးချင်းစီက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ဂရုစိုက်ဖို့အတွက် လိုအပ်တယ်။

🍂

တောင်ကိုရီးယားရောက် မြန်မာ အမျိုးသားတွေရော အမျိုးသမီးတွေရော ST လိုလူတွေ အများကြီးရှိနေတာမို့ ဒီဆောင်းပါးကိုရေးရခြင်းဖြစ်ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်မှုရဲ့ ဆိုးရွားသောအကျိုးဆက်တွေဟာအဲ့ဒီ့ကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံးအပေါ် သက်ရောက်နိုင်တယ်ဆိုကိုသိကြစေဖို့ပါ။

🍂

သစ္စာဖောက်တာကို ဘယ်သူမှ သဘောတူလက်ခံနိုင်စရာမရှိသလို၊ သစ္စာဖောက်လို့ရလာတဲ့ နာကျင်မှုတွေနဲ့ ခံစားမှုတွေဟာ ဘာနဲ့မှ တုပလို့မရနိုင်အောင်ကြီးမား ဆိုးရွားလှတယ်။

ဒါဟာ တကယ့်ကို ကြေကွဲဖွယ်ကောင်းတဲ့ အဖြစ်ဆိုးဖြစ်သွားတာပဲ။ တန်ဖိုးရှိတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ အသက် ဆုံးရှုံးခဲ့ရပြီ။ လူတွေရဲ့ ဒေါသက ST ဆီသို့…

🍂

ဒီလို သနားစရာ မိန်းမငယ်လေး ေ။သ ဆုံးတာကို ဝမ်းနည်းရမယ့်အစား ပိုသိက္ခာကျအောင် ဗိုက်ကြီးနေတယ်၊ ဒါဟာ ဘာဖြစ်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဝေဖန်ကြပြီး ကျောင်းသူလေးဘဝကို နှစ်ခါသေအောင် ထပ်လုပ်နေတဲ့အုပ်စု တစ်စုပေါ်လာတယ်။

မိန်းမငယ် ေ။သတာအကြောင်းပြု နာမည်ကြီးချင်ပြီး စောင်ဆရာကြီးတွေဖြစ်ကုန်တဲ့ အုပ်စုလည်းပေါ်လာတယ်။

မိန်းမငယ် ေ။သတာအကြောင်းပြု တော်လှန်ရေးအာရုံလွဲအောင် မီးရှို့တဲ့ ဒလန်အုပ်စုလည်းပေါ်လာတယ်။

မိန်းကလေးငယ်ကို မေတ္တာနဲ့ အိမ်တိုင်ရာရောက်ပို့ပေးတဲ့ သူငယ်ချင်းမလေးကို ဘာမဆိုင် ညာမဆိုင် တရားခံလိုလို အပြစ်ချတဲ့သူကလည်းရှိသေးတယ်။

ပြဿနာဖြစ်လာတော့ ST ရဲ့ ဘာမှ နားမလည်း အသက်မပြည့်သေးတဲ့ ကလေးကို ဓာတ်ပုံတင်၊ ကျိန်စာတိုက်တဲ့ အုပ်စုလည်းရှိတယ်။

ဒါကတော့ ‘မတရားမှု’ ကိုကျူးလွန်တာပဲ။သားသမီးဆိုတာ မိဘကိုရွေးချယ်ခွင့်ရှိတာ မဟုတ်ဘူး။

တချို့တွေကလည်းသူတို့ယောက်ျားတွေ၊ ရည်းစားတွေဖေါက်ပြန်မှာစိုးလို့ စောင်းချိတ်ရေးချင်တာနဲ့ သေဆုံးသွားတဲ့ မိန်းကလေးကို ဝင် ဝုန်း တာမျိုးကရှိသေး။

ဘယ်မှာလဲ— အမျိုးသမီးငယ်အတွက် အမှန်တကယ် ချစ်ခြင်းမေတ္တာနဲ့၊ စာနာဂရုဏာစိတ်..။

ကဲ— ကျမတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ အောက်တန်းကျတဲ့ သူတွေ ဘယ်လိုတွေတောင် ကိုယ်ကျင့်တရားမဲ့ စာနာမှုမဲ့နေကြသလဲ၊ တချို့က လူမဟုတ်ဘူး။ လူ မျက်နှာဖုံးစွပ်ထားတဲ့ မိစ္ဆာကောင်တွေ၊ အများကြီးမှ အများကြီး ။လူစိတ်နည်းနည်းလေးမှ မရှိကြဘူး။

🍂

မိန်းမငယ်လေးကတော့ သူ့ကို နှစ်ခါသေစေချင်တဲ့ မိစ္ဆာကောင်တွေအကြောင်းတွေကိုလည်း မသိရှာတော့ပါ။

သေသွားပါပြီ။

🍂🍂🍂

▬▬▬▬▬▬▬▬

မရွှေမိုး-ကိုရီးယား
June 11th, 2024.


(ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို သက်ရှိ သက်မဲ့ အထောက်အထားတွေကိုလေ့လာ မေးမြန်းပြီးအမျိုးသမီးငယ်ရဲ့ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ရေးပါတယ်။ )

ပိုက်ဆံအိတ် အရောင် ရွေးကြစို့ 💗⚜မိမိရဲ့ မြန်မာ မွေးသက္ကရာဇ်ကို တည်ပါ။  (၇) နှင့်  စားပါ။ အကြွင်းအလိုက်ဖတ်ကြည့်နော် 💐ကိုယ...
11/06/2024

ပိုက်ဆံအိတ် အရောင် ရွေးကြစို့ 💗⚜

မိမိရဲ့ မြန်မာ မွေးသက္ကရာဇ်ကို တည်ပါ။ (၇) နှင့် စားပါ။ အကြွင်းအလိုက်ဖတ်ကြည့်နော် 💐

ကိုယ်ကိုင်ဆောင်တဲ့ပိုက်ဆံအိတ်ကို အမွှေးနံ့သာများလည်း မကြာခဏ ဆွတ်ဖြန်းပေးပါ။

✨📝

🍿M18🤗️ သီးချင်းနားထောင်ဖို့လား? 🤗 ဖုန်းပြောဖို့လား? �ဂိမ်းဆော့ဖို့လား🤗? ရုပ်ရှင်ကြည့်ဖို့လား? 🍾လက်ဆောင်ပေးဖို့လား?🚩 Supr...
11/06/2024

🍿M18

🤗️ သီးချင်းနားထောင်ဖို့လား?
🤗 ဖုန်းပြောဖို့လား?
�ဂိမ်းဆော့ဖို့လား🤗?
ရုပ်ရှင်ကြည့်ဖို့လား?
🍾လက်ဆောင်ပေးဖို့လား?
🚩 Suprise Gift လား?

🎊အားလုံးအဆင်ပြေတယ်နော်🎊

10/06/2024
10/06/2024

😘😘

👑ဟုတ်ကဲ့....မဂ်လာပါ...😍Quality...လဲ ကောင်းရမယ်ဒီဇိုင်းးလေးလဲ...မိုက်ရမယ်ဆိုတဲ့. ချစ်တို့အတွက်   ....အိတ်ကောင်းကောင်း  လေ...
10/06/2024

👑ဟုတ်ကဲ့....

မဂ်လာပါ...

😍Quality...လဲ ကောင်းရမယ်
ဒီဇိုင်းးလေးလဲ...မိုက်ရမယ်ဆိုတဲ့.

ချစ်တို့အတွက် ....

အိတ်ကောင်းကောင်း လေး တစ်လုံးကို ပိုင်ဆိုင်စေမဲ့.. အခွင့်ရေးလေနော်...🎺🎺🎺🎺

🏵လင်ငင်းပေးမှ မဟုတ်ဘူးနော်...

🏵အရစ်ကျ ပေးသွင်းလို့ရတယ်..

🏵သတ်မှတ် ထားတဲ့... တစ်နေ့..2000/3000ပေးငွေးယုံနဲ့ ပိုင်ဆိုင်နိုင်ပါတယ်

🏵အကယ်လ်ို့..ချစ်တို့ဘက်မှ...သွငိးနေရင်းနဲ့..မ

ယူဖြစ်တော့ဘူးဆိုရင်တော့ အဆုံးပါနော်..

🏵သွင်းတဲ့ပမာဏ ပြည့်ပြီးနောက်ရက်ဆိူရက်ပို့ပေးတယ်နော.....ရန်ကုန်ဆိုရင်တော့.Deliခပဲ ပေးချေရပြီး...

🏵နယ်ဝယ်ဆိုရင်တော့..တန်ဆာခနဲ့Deliခကိုချစ်တို့ဘက်မှ ပေးချေ ရပါမယ်ရှင်😘

⚜️ Horsekit sling shoulder/ Crossbody ⚜️🎁Box  ပါ🎁လွယ်လိုက်တာနဲ့ လုံးဝကို Class တစ်ခုမှာ ရှိနေစေတဲ့ အိတ်လေးနော် 🧡 အစစ်နဲ့...
04/06/2024

⚜️ Horsekit sling shoulder/ Crossbody ⚜️

🎁Box ပါ🎁

လွယ်လိုက်တာနဲ့ လုံးဝကို Class တစ်ခုမှာ ရှိနေစေတဲ့ အိတ်လေးနော်

🧡 အစစ်နဲ့အတူဆုံး Quality ကိုရှာနေတာဆို ဒါလေးတွေ ကိုင်နော်🤍

📐 Size~~အလျား 8လက်မ

အမြငိ့ 5လက်မခွဲ

💸 Price~~42000

💯 Quality~~ Quality A Leather with inner & outer Full Logo with Code🔎 Silky Dustbag & Logo Box 🕋

🟥​နေ့သွင်း 2000×22ရက်

😘😘😘😘
04/06/2024

😘😘😘😘

03/06/2024

😘😘အသဲလေး

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier Ă  savoir et laissez-nous vous envoyer un courriel lorsque April 825 publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisĂŠe Ă  d'autres fins, et vous pouvez vous dĂŠsabonner Ă  tout moment.

Partager