Laymro Media

Laymro Media News of Western Arakan Hills ပြန်ကြားရေး၀န်ကြီးဌာနမှ သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြုလက်မှတ်အမှတ် (၀၀၃၄၃)ကို ရရှိထားသည့် တရား၀င်သတင်းဌာနဖြစ်ပါသည်။

ဗန်းမော်မှ ပြန်ဆင်းလာသည့် စစ်သင်္ဘော ၂ စီး စင်းခန်းတံတားအနီး နစ်မြုပ်(လေးမြို့၊ စက်တင်ဘာ ၉)ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ...
09/09/2026

ဗန်းမော်မှ ပြန်ဆင်းလာသည့် စစ်သင်္ဘော ၂ စီး စင်းခန်းတံတားအနီး နစ်မြုပ်
(လေးမြို့၊ စက်တင်ဘာ ၉)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ရွှေကူမြို့ဘက်သို့ ပြန်စုန်ဆင်းလာသည့် စစ်အုပ်စု၏ သင်္ဘော ၄ စီးကို စင်းခန်းတံတားအနီးတွင် KIA ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး နစ်မြုပ်ပြီး ကျန် ၂ စီးမှာ ထိခိုက်ပျက်စီးမှုများကြောင့် ဝဲမရွာအနီး အရေးပေါ်ကမ်းကပ်ခဲ့ရကြောင်း သိရသည်။

နစ်မြုပ်သွားသည့် သင်္ဘောများမှာ နတ်ခုတ်ရွာနှင့် ဇင်းဘုံရွာအနီးတို့တွင် ဖြစ်ပြီး၊ သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲကာ မြစ်လယ်တွင် နစ်မြုပ်သွားသည့် ဗီဒီယိုမှတ်တမ်းလည်း ထွက်ပေါ်လာသည်။

အဆိုပါ သင်္ဘောများသည် မန္တလေးမှ ဗန်းမော်သို့ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ပြီးနောက် ပြန်လည်ဆင်းလာသည့် သင်္ဘောအုပ်စုမှ ဖြစ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်းတွင် ရွှေကူမြို့၌ ရပ်နားထားသည့် စစ်အုပ်စုသင်္ဘော ၄ စီးလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများအရ သိရသည်။

ဗန်းမော်–ရွှေကူဒေသအတွင်း စစ်ကူနှင့် ရိက္ခာများ ဖြည့်တင်းကာ မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်နေခြင်းနှင့်အတူ မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်မှုများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

လေးမြို့မီဒီယာ
ဓါတ်ပုံ - CJ

ပလက်ဝ၌ ရက္ခိုင်စာ သင်ကြားမှုအပေါ် ကန့်ကွက်မှုရှိနေသော်လည်း ခူမီးကျောင်းသား ၁၆ ဦးသာ ရှိ(လေးမြို့၊ စက်တင်ဘာ ၉)ပလက်ဝခရိုင်အ...
09/09/2026

ပလက်ဝ၌ ရက္ခိုင်စာ သင်ကြားမှုအပေါ် ကန့်ကွက်မှုရှိနေသော်လည်း ခူမီးကျောင်းသား ၁၆ ဦးသာ ရှိ
(လေးမြို့၊ စက်တင်ဘာ ၉)

ပလက်ဝခရိုင်အတွင်း ၁၂ တန်းပညာသင်ကြားရာတွင် မြန်မာစာအစား ရက္ခိုင်စာသင်ရိုးသစ်ကို ထည့်သွင်းသင်ကြားမည်ဆိုသည့်အပေါ် ပြည်ပရောက်ခူမီးအဖွဲ့များက ကန့်ကွက်မှုများ ရှိနေသော်လည်း ယခု ၂၀၂၆ ပညာသင်နှစ်၌ အာရက္ခအမျိုးသားပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် ၁၂ တန်းပညာသင်ယူနေသူ စုစုပေါင်း ၁၅၈ ဦးအနက် ခူမီးကျောင်းသား ၁၆ ဦးသာ ပါဝင်ကြောင်း သိရသည်။

အာရက္ခအမျိုးသားပညာရေးဌာန၏ ထုတ်ပြန်ချက်အရ စစ်ရေးအခက်အခဲများကြားမှ ၁၂ တန်းရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုးထားသော်လည်း ကျောင်းသား၊ ကျောင်းသူများကို ရက္ခိုင်စာ မဖြစ်မနေသင်ယူစေမည်မဟုတ်ဘဲ မြန်မာစာနှင့် ရက္ခိုင်စာ နှစ်ဘာသာအနက် မိမိတို့နှစ်သက်ရာ ဘာသာတစ်ခုကို ရွေးချယ်သင်ယူနိုင်မည့် မူဝါဒကို နောင်တွင်ကျင့်သုံးမည်ဖြစ်‌ေကြာင်း ULA /AA ပြောခွင့်ရ ဦးခိုင်သုခ၏ ဖေ့စဘုတ်စာမျက်နှာတွင် ရေးသားထားကို တွေ့ရသည်။

ပလက်ဝခရိုင်အတွင်း ယခုနှစ် ၁၂ တန်းပညာသင်ယူနေသူ ၁၅၈ ဦးအနက် ရက္ခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီး ၁၆ ဦး၊ ဒိုင်းနက် ၃ ဦးနှင့် မြို ၁ ဦး ပါဝင်ကြောင်း အာရက္ခအမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားသည်။

လေးမြို့မီဒီယာ
Photo by EMG

အုခီးယားဒုက္ခသည်စခန်းမှာ ARSA တပ်မှူးအပါအဝင် ၂ ဦးကို APBn ဖမ်းဆီး(လေးမြို့ ၊ စက်တင်ဘာ ၈)ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇာ...
08/09/2026

အုခီးယားဒုက္ခသည်စခန်းမှာ ARSA တပ်မှူးအပါအဝင် ၂ ဦးကို APBn ဖမ်းဆီး
(လေးမြို့ ၊ စက်တင်ဘာ ၈)

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အုခီးယားမူဆလင်ဒုက္ခသည်စခန်းများအတွင်း စစ်သွီးကြွ ARSA အဖွဲ့ဝင် ၂ ဦးကို ဘင်္ဂလားဒေ့ချ်အထူးရဲတပ်ရင်း (APBn) က စက်တင်ဘာ ၅ ရက်နှင့် ၇ ရက်တို့တွင် သီးခြားစီ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ARSA တပ်မှူး Mv Rahamot Korim နှင့် အဖွဲ့ဝင် Mohammad Zahir တို့ဖြစ်ပြီး၊ ၎င်းတို့သည် ဒုက္ခသည်စခန်းများအတွင်း လူသတ်မှုအပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်စပ်ပတ်သက်နေသူများဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ်အာဏာပိုင်များက ပြောဆိုထားသည်။

စက်တင်ဘာ ၅ ရက်တွင် Mohammad Zahir ကို အုခီးယားဒုက္ခသည်စခန်း အမှတ် (၁၁)၌ ဖမ်းဆီးရာ နိုင်ငံခြားဖြစ် ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည် ၄ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း RAB တပ်ရင်း (၁၅) က ပြောသည်။ စက်တင်ဘာ ၇ ရက်တွင်လည်း Mv Rahamot Korim ကို စခန်းအမှတ် (1E)၊ ဘလောက် D-8 မှ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးထားသူ ၂ ဦးကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် အုခီးယားရဲစခန်းတွင် ထိန်းသိမ်းထားပြီး စခန်းများအတွင်း အကြမ်းဖက်မှုများနှင့် ဆက်စပ်သူများကို ဆက်လက်ဖမ်းဆီးရန် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း သိရသည်။

လေးမြို့မီဒီယာ
Ref: ARSA Member Arrested with Pistol in Ukhia / Business Times
Photo – Business Times / Courtesy

၄၉၂၆ စစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်တပ် အကျအဆုံးများပြီး တပ်ပြန်ဆုတ်(လေးမြို့၊ စက်တင်ဘာ ၈)၁၀၂၇ စစ်ဆင်ရေးကို အားကျ၍ အာဏာသိမ်း...
08/09/2026

၄၉၂၆ စစ်ဆင်ရေး ပွဲဦးထွက်တွင် စစ်တပ် အကျအဆုံးများပြီး တပ်ပြန်ဆုတ်
(လေးမြို့၊ စက်တင်ဘာ ၈)

၁၀၂၇ စစ်ဆင်ရေးကို အားကျ၍ အာဏာသိမ်းစစ်တပ်က အာရက္ခပြည်တွင် စတင်ခဲ့သည့် ၄၉၂၆ စစ်ဆင်ရေး ပွဲဦးထွက် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အကျအဆုံးများပြားကာ စစ်ကြောင်းများ တပ်ပြန်ဆုတ်ခဲ့ရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ ၄ ရက်မှစ၍ စစ်တွေမြို့အခြေစိုက် တပ်ရင်းများကို အခြေပြုကာ စစ်တွေ–ပုဏ္ဏားကျွန်းအစပ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများဘက်သို့ စစ်ကြောင်းသုံးကြောင်းခန့်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုခဲ့သော်လည်း တိုက်ပွဲများအတွင်း အကျအဆုံးများပြားခဲ့ကြောင်း ဆိုသည်။

ရွှေမင်းဂံနှင့် စပါးထားဘက်တွင် စစ်တပ်ဘက်မှ အကျအဆုံးများပြီး တပ်ပြန်ဆုတ်ခဲ့ရသလို၊ အမြင့်ကျွန်း–မင်းချောင်းတံတားဘက်မှ ကွမ်းတောင်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းလည်း တိုက်ပွဲအပြီး တံတားဘက်သို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ စက်တင်ဘာ ၄ ရက်မှစသည့် နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အနည်းဆုံး ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း သိရသော်လည်း အဆိုပါအရေအတွက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် စစ်တပ်ဘက်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လေးမြို့မီဒီယာ
ဓာတ်ပုံ – ပုံဟောင်းသာ။

သံတွဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ(လေးမြို့မီဒီယာ | စက်တင်ဘာ ၇)ရခိုင်ပြည်၊ သံတ...
07/09/2026

သံတွဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
(လေးမြို့မီဒီယာ | စက်တင်ဘာ ၇)

ရခိုင်ပြည်၊ သံတွဲမြို့နယ် အမှတ် (၈) ရပ်ကွက်ကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းသန်းကြွယ်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး မမို့မို့မြင့်အောင် (၂၈ နှစ်)၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နှင့် ကိုရန်နောင်ထက် (၂၈ နှစ်) တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများကို အရေးပေါ် ဆေးကုသမှုပေးနေကြောင်း သိရသည်။

ထို့အပြင် ဗုံးစထိမှန်မှုကြောင့် နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။လတ်တလော ရက်ပိုင်းအတွင်း ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကို သတိပြုကြရန် ULA/AA က အသိပေးထားသည်။

လေးမြို့မီဒီယာ
ဓါတ်ပုံ - AA

ပုဏ္ဏားကျွန်းဘက် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တန်ပြန်တိုက်ခိုက်ခံရပြီး ပြန်ဆုတ်(လေးမြို့ ၊ စက်တင်ဘာ ၇)ပုဏ္ဏားကျွန်းမြိ...
07/09/2026

ပုဏ္ဏားကျွန်းဘက် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တန်ပြန်တိုက်ခိုက်ခံရပြီး ပြန်ဆုတ်
(လေးမြို့ ၊ စက်တင်ဘာ ၇)

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များသည် လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် စစ်တွေမြို့နယ်ဘက်မှ မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယနေ့အထိ မင်းချောင်းတံတားအနီးနှင့် ကွမ်းတောင်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့အတွင်း နေရာအချို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ စစ်ကောင်စီတပ်များသည် တိုက်ပွဲစတင်ချိန်မှစ၍ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် အမြင့်ကျွန်းတံတားဘက်မှပါ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ပုဏ္ဏားကျွန်းနှင့် အနီးဝန်းကျင်ဒေသများ၌ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် AA က သတိပေးထားသည်။

လေးမြို့မီဒီယာ
ဓါတ်ပုံ - ပုံဟောင်း

ကပစ စက်ရုံများအနီးထိ AA ပူးပေါင်းတပ်များ ထိုးဖောက်တိုက်ခိုက်နေ(လေးမြို့ ၊ စက်တင်ဘာ ၇)ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမ...
07/09/2026

ကပစ စက်ရုံများအနီးထိ AA ပူးပေါင်းတပ်များ ထိုးဖောက်တိုက်ခိုက်နေ
(လေးမြို့ ၊ စက်တင်ဘာ ၇)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် မသုန်ကျေးရွာအနီးတွင် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက စစ်တပ်စခန်းများအနီးအထိ ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ကပစ-၁၆ နှင့် ကပစ-၉ တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းမှလည်း စစ်ကူတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်တပ်၏ လက်နက်နှင့် ခဲယမ်းထုတ်လုပ်ရေး ကပစ စက်ရုံများအတွက် အရေးပါသည့် အမိုးနီးယားအက်ဆစ်များ သယ်ယူပို့ဆောင်သည့် ယာဉ်တန်းများသည် ပုံမှန်အသုံးပြုနေသည့် ရန်ကုန်-ပြည်လမ်းကြောင်းကို ရှောင်ကာ ပုသိမ်-မုံရွာ လမ်းကြောင်းမှတစ်ဆင့် ဧရာဝတီတိုင်းအတွင်း ကွေ့ပတ်သယ်ယူနေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ရေးလေ့လာသူများကမူ ကပစ စက်ရုံနယ်မြေများအနီးသို့ တော်လှန်ရေးတပ်များ ပိုမိုနီးကပ်လာခြင်းသည် စစ်တပ်၏ စက်ရုံလုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများအပေါ် ဖိအားများ တိုးလာစေနိုင်ကြောင်း သုံးသပ်ထားသည်။

လေးမြို့မီဒီယာ
Photo by BNI

ငါတို့၏ FN-6(ဓါတ်ပုံအက်ဆေး)ငါတို့မှာ သူတို့ကို "ကာလာနာ မြွေပွေးကိုက်သေချင်းဆိုး"ဟုကျိန်ဆဲရုံမှအပအခြားမတတ်နိုင် .....အာလူ...
06/09/2026

ငါတို့၏ FN-6
(ဓါတ်ပုံအက်ဆေး)

ငါတို့မှာ
သူတို့ကို
"ကာလာနာ
မြွေပွေးကိုက်
သေချင်းဆိုး"ဟု
ကျိန်ဆဲရုံမှအပ
အခြားမတတ်နိုင် .....

အာလူချေ (လေးမြို့)

ဓါတ်ပုံ - ရက္ခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့ရှိ ရက္ခိုင့်‌ေရှးဟောင်းအမွေအနှစ်ဖြစ်သည့် ဂူ၀ဘုရားအား စစ်ကောင်စီ‌ေလတပ်က ယမန်‌ေန့ စက်တင်ဘာလ ၅ ရက်‌ေန့၍ ဗုံးကြဲဖျက်ဆီးခဲ့ပြီးနောက် မြင်တွေ့ရစဉ်/အင်တာနက်

အာရက္ခပြည်အနှံ့ လာမည့်ရက်များတွင် မိုးကြီးနိုင်၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် သတိပြုရန်လိုလေးမြို့မီဒီယာ၊ စက်တင်ဘာ ၄၊ ၂၀...
05/09/2026

အာရက္ခပြည်အနှံ့ လာမည့်ရက်များတွင် မိုးကြီးနိုင်၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် သတိပြုရန်လို

လေးမြို့မီဒီယာ၊ စက်တင်ဘာ ၄၊ ၂၀၂၆

အာရက္ခပြည်အတွင်း နေရာအနှံ့အပြား၌ လာမည့်ရက်များအတွင်း မိုးထစ်ချုန်းရွာသွန်းပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသဌာန၏ စက်တင်ဘာ ၄ ရက် ညနေ ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

အာရက္ခဒေသတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေသဖြင့် ရက္ခိုင်ကမ်းရိုးတန်းနှင့် အာရက္ခပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သဖြင့် ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်အတွင်း သွားလာသူများအနေဖြင့် မိုးလေဝသအခြေအနေကို အထူးဂရုပြုရန် လိုအပ်သည်။

လေးမြို့မီဒီယာ
ဓာတ်ပုံ – မိုးလေဝသဌာန

"ပြည့်၀တဲ့အာဟာရ  ... ရွှေရောင်လက်မယ့် အနဂတ်အတွက် မေမေတို့ရဲ့ မီပိုလက်"လူကြီးမင်းတို့၏ ရင်သွေးငယ်များ ကျန်းမာသန်စွမ်းပြီး...
05/09/2026

"ပြည့်၀တဲ့အာဟာရ ... ရွှေရောင်လက်မယ့် အနဂတ်အတွက် မေမေတို့ရဲ့ မီပိုလက်"

လူကြီးမင်းတို့၏ ရင်သွေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေဖို့အတွက် Mipolac (မိပိုလက်) မှ အထူးဖော်စပ်ထားသော New Improved Formula ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ကလေးငယ်တစ်ယောက်ရဲ့ ဘဝအစဦးပိုင်း (၆) လမှ (၁၂) လအတွင်းမှာ အာဟာရပြည့်ဝမှုက အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ မီပိုလက် ၂ Mipolac Step 2 ကို သိပ္ပံနည်းကျစနစ်တကျ ဖော်စပ်ထားတာကြောင့် မိခင်တို့ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။

✨မီပိုလက် ၂ Mipolac (Step 2) ၏ ထူးခြားချက်များ
Essential Amino Acids: ခန္ဓာကိုယ်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ ပါဝင်ခြင်း။

Brain Development: Omega 3 ပါဝင်မှုကြောင့် မျက်စိနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း။

Supports Immunity: သဘာဝခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်မည့် အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်ခြင်း။

Easy to Digest: နုနယ်သော ရင်သွေးငယ်များ၏ အစာအိမ်အတွက် အစာကြေညက်လွယ်ကူခြင်း။

36 Essential Nutrients: ကလေးငယ်တစ်ယောက် နေ့စဉ်လိုအပ်သော အာဟာရဓာတ် (၃၆) မျိုးကို တစ်နေရာတည်းမှာ ရရှိနိုင်ခြင်း။

🛡️ ယုံကြည်စိတ်ချရမှု
Mipolac ကို ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို အလေးထား၍ အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ထားပါသည်။ ရင်သွေးငယ်များ အရပ်ရှည်၊ သန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ Mipolac ကို ယနေ့ပဲ ရွေးချယ်လိုက်ပါ။

"ယနေ့အာဟာရ ပြည့်ဝမှ၊ နောင်ဝယ်အောင်မြင် တောက်ပရမည်"

🛒 Mipolac ကို နီးစပ်ရာ အရောင်းဆိုင်ကြီးများနှင့် ကလေးပစ္စည်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။

Address

Flat 4B, Green Palace, , House 22, Road 10, Dhanmondi
Dhaka
1205

Opening Hours

09:00 - 17:00

Telephone

+959450541794

Alerts

Be the first to know and let us send you an email when Laymro Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laymro Media:

Shortcuts

Share