Phyo & Khin

Phyo &  Khin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo & Khin, Création digitale, Rajshahi Division.

2018ကနေ2023အထိ မြန်မာပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပြီ2024မှ ယခုအချိန်ထိ ဂျပန်မှာ ကားပြုပြင်လုပ်ငန်း လုပ်ကိုင်...
17/06/2025

2018ကနေ2023အထိ မြန်မာပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပြီ
2024မှ ယခုအချိန်ထိ ဂျပန်မှာ ကားပြုပြင်လုပ်ငန်း လုပ်ကိုင်လျှပ်ရှိပါတယ်☺️🇲🇲🇯🇵

ဂျပန်ပြည်တွင်း ဟင်းတွေအော်ဒါမှာလို့ရပါပီနော် 😁😁ငါးခြောက်နှပ်  ပုဇွန်ခြောက်ပါလချောင်ကြော်ချဉ်ပေါင်ကြော်ဘဲသွေးကြော်ကြက်သား...
15/06/2025

ဂျပန်ပြည်တွင်း ဟင်းတွေအော်ဒါမှာလို့ရပါပီနော် 😁😁
ငါးခြောက်နှပ်
ပုဇွန်ခြောက်ပါလချောင်ကြော်
ချဉ်ပေါင်ကြော်
ဘဲသွေးကြော်
ကြက်သားကြွပ်ကြွပ်မွှေးမွှေးကြော်
ကြက်ပေါင် ပင်စိမ်းချက်
ငါးပ်ိထောင်း
အမဲကလီစာကြော် ဂျင်းကြက်သွန်ဖြူနံ့သင်းသင်းလေး😋🍀🍀

ပိတ်ရက်မှာ ချက်ကြီးလုပ်ရတာနဲ့ အချိန်ကုန်ခဲ့ပြီ☺️ဝက်လက်ကြေးအိုးချဉ်စပ်/ကြက်ကလိစာကုန်းဘောင်ကြော်/ဝက်သုံးထပ်သားချက်/ပုစွန်င...
12/06/2025

ပိတ်ရက်မှာ ချက်ကြီးလုပ်ရတာနဲ့ အချိန်ကုန်ခဲ့ပြီ☺️
ဝက်လက်ကြေးအိုးချဉ်စပ်/ကြက်ကလိစာကုန်းဘောင်ကြော်/ဝက်သုံးထပ်သားချက်/ပုစွန်ငပိထောင်း/မြန်မာပြည်အလွမ်းပြေ မြေပဲဆံကြော်☺️☺️☺️🇲🇲🇯🇵

ဒီနေ့လုပ်စားဖြစ်တဲ့ ဝက်သုံးထပ်သားအကြွပ်ကြော်လေးပါ😋🇯🇵🇲🇲
09/06/2025

ဒီနေ့လုပ်စားဖြစ်တဲ့ ဝက်သုံးထပ်သားအကြွပ်ကြော်လေးပါ😋🇯🇵🇲🇲

ဒီနေ့တော့ ဂျပန်ရောက်ရင် ၃နှစ်အတွင်းလုပ်မယ်လို့ ရည်မှန်းထားတဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ ဂျပန်ကားမောင်းလိုင်စင်ကို ၁နှစ်ကျော်...
07/06/2025

ဒီနေ့တော့ ဂျပန်ရောက်ရင် ၃နှစ်အတွင်းလုပ်မယ်လို့ ရည်မှန်းထားတဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ ဂျပန်ကားမောင်းလိုင်စင်ကို ၁နှစ်ကျော်ကျော်အတွင်း အောင်မြင်စွာ ရယူနိုင်ခဲ့ပါပြီ။အဲဒီအတွက် ကျွန်တော်‌ အရမ်းပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။

မေး။ဘာကြောင့် ဂျပန်ကားမောင်းလိုင်စင်ကို လိုချင်ခဲ့တာလဲ?
ဖြေ။ကျွန်တော်က ဂျပန်နိုင်ငံကို ကားပြုပြင်ရေးလုပ်ငန်းနဲ့လာရောက်ခဲ့တာဖြစ်ပါတယ်။အလုပ်က ကားနဲ့ပတ်သက်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်မှာ ဂျပန်ကားမောင်းလိုင်စင်ရှိတယ်ဆိုရင် အများကြီးအထောက်အကူပြုပါတယ်။နောက်တစ်ခုက ကျနော်နေတဲ့အိမ်နဲ့အလုပ်က တစ်ရက် စက်ဘီးနဲ့ အသွားအပြန်ကြာချိန် ၁နာရီ၃၀မိနစ်ခန့်ကွာဝေးတာဖြစ်တဲ့အတွက်ကြောင့် ကားလိုင်စင်ကိုလိုချင်ခဲ့တာပေါ့နော်။ နောက်ထပ်က ဂျပန်လိုင်စင်ရဲ့ အရေးပါမှုကိုသိရှိပြီးသောအခါ ဂျပန်ကားမောင်းလိုင်စင်ရှိမယ်ဆိုရင် ဂျပန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများစွာရှိပါတယ်။ ဂျပန်ကားမောင်းလိုင်စင်ဟာဆိုရင် Geneva Convention မှာ လက်မှတ်ရေးထိုးထားတာဖြစ်တဲ့အတွက် နိုင်ငံပေါင်း ၁၀၀ကျော်မှာ IDPလို့‌ခေါ်တဲ့ International Driving Permit လျှောက်ထားပြီး လွယ်ကူစွာတရားဝင်ကားမောင်းနိုင်ခွင့်ရှိလို့ဂျပန်ကားလိုင်စင်ကို လိုချင်ခဲ့တာဖြစ်ပါတယ်။

မေး။ဘယ်လိုနည်းလမ်းနဲ့ လိုင်စင်ရယူခဲ့တာလဲ?
ဖြေ။ ဂျပန်မှာဆိုရင် ကားကျောင်းတတ်ပြီးလိုင်စင်ယူတဲ့နည်းလမ်းနဲ့ မြန်မာကားမောင်းလိုင်စင်ကတဆင့် ကူးပြောင်းတဲ့နည်းလမ်းဆိုပြီး ၂မျိုးရှ်ိပါတယ်။ ကျနော်ကတော့ မြန်မာကားလိုင်စင်ကနေ ကူးပြောင်းခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပုံမှန်ကားလိုင်စင်စနစ်က Auto (AT)နဲ့ Manual(MT)ရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ Autoလိုင်စင်ယူမယ်ဆိုရင် Autoကားတစ်မျိုးပဲ မောင်းနှင်ခွင့်ရှိပါတယ်။ Manualလိုင်စင်ယူမယ်ဆိုရင်တော့ Autoကားပဲမောင်းမောင်း Manualကားပဲမောင်းမောင်း တရားဝင်မောင်းနှင်ခွင့်ရှိပါတယ်။ကျနော်ကတော့ Manual (MT)ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

မေး။ မြန်မာလိုင်စင်ကနေ ကူးပြောင်းတဲ့နည်းလမ်းနဲ့ ‌ပိုက်ဆံဘယ်လောက် ကုန်ကျနိုင်လဲ?
ဖြေ။ ကျနော်ကတော့ စာရွက်စာတမ်းဖိုး/ကားမောင်း‌လေ့ကျင့်ခြင်း/အသွားအပြန်ရထားခ စုစုပေါင်းအားလုံးကုန်ကျစရိတ် ဂျပန်‌ယန်း 75,000 ကုန်ကျခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို 23သိန်းလောက်ပေါ့နော်။

မေး။ ဂျပန်လိုင်စင်ရဖို့ ခက်ခဲလား?
ဖြေ။ ရေးဖြေစာမေးပွဲက ၁ကြိမ်ထဲနဲ့အောင်ခဲ့ပါတယ်။ မြန်မာဘာသာနဲ့ဖြေလို့ရတာဖြစ်တဲ့အတွက်ကြောင့် လွယ်ကူပါတယ်။ ကားအမောင်းစာမေးပွဲမှာတော့ ၃ကြိမ်မြှောက်မှာ အောင်မြင်ခဲ့ပါတယ်။ချောချောမွေ့မွေ့နဲ့တော့မအောင်မြင်ခဲ့ပါဘူး။အခက်အခဲတွေ အဆင်မပြေမှုတွေကိုတော့ ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် အချိန်/ဇွဲ/လုံ့လ/ဝီရိယ/ကြိုးစားမှု‌တွေနဲ့ပေါင်းစပ်ရင် သေချာပေါက်အောင်မြင်မှာပါနော်။

အကြံပြုချက်။စည်းကမ်းတင်းကြပ်‌သောလမ်းရှုပ်ထွေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ဂျပန်ကားလိုင်စင်ရပြီဆိုရင် ကားတမ်းမောင်းတာမျိုးမဟုတ်ပဲ ဒီနိုင်ငံရဲ့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း/ဆိုင်းပုတ်တွေရဲ့အ‌ဓိပ္ပာယ်ကို ‌ပိုမိုသိစုံကြွယ်ဝအောင် လေ့လာပြီးမှ မောင်းသင့်ပါတယ်လို့ အကြံပြုပါတယ်နော်။

မိတ်ဆက်ခြင်း။ ကျနော် ယခုလုပ်နေတဲ့ company ဟာဆိုရင်ဖြင့် ကားနဲ့ပတ်သက်လာရင် တစ်နေရာထဲမှာပြီးပြည့်စုံအောင် ဝန်ဆောင်မှုပေးနိုင်တဲ့ company ပဲဖြစ်ပါတယ်။ ကား အသစ်ရောင်း‌ပေးခြင်း/တပတ်ရစ်ကားရောင်းပေးခြင်း(Used Car)/ ကားစစ်ဆေးပြုပြင်ခြင်း(Car Service)/ကားဘော်ဒီပြုပြင်ခြင်း(Body Repair)/ကားအငှါးဌာန/ကားသန့်ရှင်းရေး/ကားအာမခံအမျိုးမျိုး/အရစ်ကျစနစ်ဖြင့်လဲ ဝယ်ယူလို့ရပါတယ်နော်။ လိုအပ်တာရှိရင် ကျနော့်ကို ဆက်သွယ်လို့ရပါတယ်နော်။

နိဂုံး။ဂျပန်မှာရှိတဲ့ ကျနော့်ရဲ့ သူငယ်ချင်းအသိမိတ်ဆွေတွေလဲ မြန်မာလိုင်စင်ပါလာခဲ့ရင် လုပ်သင့်ပါတယ်လို့ အကြံပြုပါတယ်နော်။ အခွင့်အရေးရနေဆဲမှာပဲ မိမိရရဆုပ်ကိုင်သင့်ပါတယ်။နောက်မှဆိုတာ မသေချာတဲ့အရာတွေရှိနေနိုင်ပါတယ်။ဂျပန်မှာကားပြုပြင်လုပ်ငန်း/ဂျပန်လိုင်စင်နဲ့ပတ်သက်လို့နောက်ထပ်သိချင်တာတွေရှိရင်လဲ Comment ‌မှာရေးခဲ့လို့ရပါတယ်နော်။နောက်ကျရင် Video နဲ့တကွ ဖြေဆိုပေးမှာဖြစ်တဲ့အတွက် ကျနော်ရဲ့ pageလေးကို Like and Follow လေးနဲ့ ကူညီပေးသွားပါအုံးနော်။
Mg Jame Japanese Vlog 🇯🇵🇲🇲

15/05/2025
15/05/2025
08/02/2025

တစ်ချိန်က ဂေါ်တော်မူများ ☺️🇲🇲🇯🇵

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when Phyo & Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share