AT Pollen Fashion & Design

AT Pollen Fashion & Design 👰👰👰

တော်ကြပါတော့🥲
02/10/2025

တော်ကြပါတော့🥲

တန်ရာတန်ကြေး
02/10/2025

တန်ရာတန်ကြေး

မိမိမှာ မိမိဘာသာမိမိနေနေသော်လဲ ပြသနာကသူ့ဟာသူ ရောက်လာသောအခါ
30/09/2025

မိမိမှာ မိမိဘာသာမိမိနေနေသော်လဲ ပြသနာက
သူ့ဟာသူ ရောက်လာသောအခါ

တစ်ခုခုဆို မေ့တတ်လွန်းတာဟာအမြဲတမ်း ဉာဏ်ရောဂါဖြစ်တယ်။ပစ္စည်းတခု တနေရာရာမှာ သိမ်းမိရင်အဲ့အရာကအပြီးပျောက်သွားတာမျိုး။တစ်ယော...
30/09/2025

တစ်ခုခုဆို မေ့တတ်လွန်းတာဟာ
အမြဲတမ်း ဉာဏ်ရောဂါဖြစ်တယ်။
ပစ္စည်းတခု တနေရာရာမှာ သိမ်းမိရင်
အဲ့အရာက
အပြီးပျောက်သွားတာမျိုး။

တစ်ယောက်ယောက်ကို မေ့မရခြင်းကလည်း
အစွဲလမ်း ရောဂါဖြစ်နေပြန်တယ်။
တစုံတယောက်ကို ရင်ထဲသိမ်းမိရင်
အဲ့တယောက်က
အပြီး သေရာပါထိ မှတ်မိနေတာမျိုး။

နှလုံးသားက ချစ်သင့်မချစ်သင့် မခွဲခြားတဲ့အခါ
ဦးနှောက်ကလည်း မှတ်သင့်မမှတ်သင့် မခွဲခြားတော့။
.......
ဥပမာ
မမေ့ရမယ့်အရာတွေ မေ့ပြီး
မေ့ပစ်ရမယ့်အရာတွေ မမေ့နေတာမျိုး။

အင်း......
"မေ့တတ်ခြင်းဟာ အမြဲတမ်းရောဂါဖြစ်ပြီး
မေ့မရခြင်းဟာလည်း အစွဲလမ်းရောဂါပါပဲ"။

#ရဲသူလွင်(အင်ပင်မြို့)

ကားမူးတတ်လို့ပါ....🤣
29/09/2025

ကားမူးတတ်လို့ပါ....🤣

AI နဲ့လုပ်ထားတဲ့ပုံကြီးတော့ pf မချိန်းနဲ့လေဟယ် “🥲  ゚viralシypシ゚viralシhtag
28/09/2025

AI နဲ့လုပ်ထားတဲ့ပုံကြီးတော့ pf မချိန်းနဲ့လေဟယ် “🥲


゚viralシypシ゚viralシhtag

🌿ကိုယ့်ကိုယ်ကိုယ် အားပေးတတ်လာရင်...ဝမ်းနည်းမှုဆိုတာ မရှိတော့ဘူး။🌿ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တတ်လာရင်...အထီးကျန်ခြင်းဆိုတာ...
28/09/2025

🌿ကိုယ့်ကိုယ်ကိုယ် အားပေးတတ်လာရင်...
ဝမ်းနည်းမှုဆိုတာ မရှိတော့ဘူး။

🌿ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တတ်လာရင်...
အထီးကျန်ခြင်းဆိုတာ မရှိတော့ဘူး။

🌿ကိုယ့်ကိုယ်ကိုယ် ပြုပြင်တတ်လာရင်...
ပျက်စီးမှုဆိုတာ မရှိတော့ဘူး။

🌿တစ်ယောက်တည်း နေတတ်လာရင်...
အဖော်ဆိုတာ မလိုတော့ဘူး။

🌿ကိုယ့်ကိုယ်ကိုယ် ထိန်းတတ်လာရင်...
လဲကျမှုဆိုတာ မရှိတော့ဘူး။

🌿ကိုယ့်ဘဝခရီးအတွက်
ကိုယ်ကိုယ်တိုင်ကသာ
အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါ။
~~~~~~~~~~~

- ✍️
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

#မင်္ဂလာနေ့သစ်လေးပါ
#ရွှင်လန်းချမ်းမြေ့ကြပါစေ။

‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..‎‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လ...
28/09/2025

‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..

‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အရာရာကို တလေးတစား
‎လုပ်တတ်လာတယ်..

‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ စာနာတတ်လာတယ် ။

‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်..

‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အသိ သတိတွေနဲ့
‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ အစစ်အမှန်တွေကို
‎ထုတ်သုံးတတ်လာတယ်..

‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ နာခံတတ်လာပြီး
‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်..

‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်..
‎ တကယ်တော့...အကြောင်းတရားကောင်းမှ
‎အကျိုးတရား လှတာနော်~~~

#တန်ဖိုး #ဘဝ #စိတ်
#စာပေကြိုက်သူများ
#ချစ်ခင်စွာဖြင့်ပြန်လည်မျှဝေသည်
#စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
#စာပေခွန်အားဖြစ်စေသောစာများ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#ကံကောင်းမေတ္တာဖြင့်မျှဝေသည်
#စာပေဗဟုသုတများ

 #မဖြူစင်တဲ့သူဆိုတော့ သူဖြူစင်ကြောင်း တအားရှင်းပြချင်တာ... မရိုးသားတဲ့သူ ဆိုတော့ သူဘယ်လောက်ရိုးသားကြောင်း လူသိရှင်ကြား ပ...
22/09/2025

#မဖြူစင်တဲ့သူဆိုတော့
သူဖြူစင်ကြောင်း
တအားရှင်းပြချင်တာ...

မရိုးသားတဲ့သူ ဆိုတော့
သူဘယ်လောက်ရိုးသားကြောင်း
လူသိရှင်ကြား ပြောပြချင်တာ ....

ကျွန်တော် ကျွန်မကတော့
ဘယ်လောက်ဖြူစင်ပြီး
ဘယ်လိုရိုးသားပါတယ် ဆိုပြီး
ကိုယ်ရည်သွေးနေတဲ့ သူတွေကို
မြင်ရတိုင်း
ကိုယ့်မှာ ဆွံ အ ရတယ်...

နာမည်ကောင်း
ဂုဏ်သတင်းကောင်း ဆိုတာ
ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်ပေးဖို့
မလိုပါဘူး...

ကိုယ့်အကြောင်းသိတဲ့သူတွေက
ကိုယ့်လုပ်ရပ်ကိုကြည့်ပြီး
သတ်မှတ် ပေးလိမ့်မယ် ..

ကိုယ့်ကိုယ်ကို
သိပ်အမွှန်းတင်တယ်ဆိုတာ
အပုတ်နံ့များနေလို့
ရေမွှေးဆွတ်နေတာနဲ့တူတယ်....

#အချိန်တန်ရင်အနံ့ကတော့ထွက်နေမှာပဲ

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when AT Pollen Fashion & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share