Tech Learn - တက်လမ်း

  • Home
  • Tech Learn - တက်လမ်း

Tech Learn - တက်လမ်း Technology, Information, Knowledge and more will be available on this channel.

Virtual Machine ကို Proxmox နဲ့ စမ်းသုံးကြည့်ပါ။Virtual Machine ကို သုံးဖို့ VMware တို့ Vitual Box တို့အပြင်ကိုမှ Free ...
17/07/2025

Virtual Machine ကို Proxmox နဲ့ စမ်းသုံးကြည့်ပါ။
Virtual Machine ကို သုံးဖို့ VMware တို့ Vitual Box တို့အပြင်ကိုမှ Free သုံးလို့ရပြီး Open Source Platform တခုဖြစ်တဲ့ Proxmox ကိုအစားထိုးးအသုံးပြုနိုင်ပါတယ်။
Prxmox အားသာချက်တွေကတော
✅Free, Open-source ဖြစ်တာမလို့ လိုင်စင်ဝယ်စရာမလို / Crack installation လုပ်စရာမလို
✅ KVM-VM Based Virtualization
✅Container Support
✅Web UI
✅Backup and Snapshots
✅HS Clustering တွေအသုံးပြုလို့ရပါတယ်။
Installation Video ကို အောက်က Youtube မှာသွားကြည့်နိုင်ပါတယ်။

https://youtu.be/KoIlyqcT6fk?si=bzZ04WKZz9BHp5C7

Windows တင်တဲ့နေရာမှာအသုံးပြုတဲ့ Bootable USB အလွယ်ကူဆုံး ပြုလုပ်နည်းလေးကိုပြောပြပေးထားပါတယ်။ Video အပြည့်အစုံကို Youtub...
10/07/2025

Windows တင်တဲ့နေရာမှာအသုံးပြုတဲ့ Bootable USB အလွယ်ကူဆုံး ပြုလုပ်နည်းလေးကိုပြောပြပေးထားပါတယ်။
Video အပြည့်အစုံကို Youtube မှာသွားကြည့်နိုင်ပါတယ်။

https://youtu.be/e6XrWTyrrJY?si=MU6vONqOXT7pCxFY



နည်းပညာမှာ တရုတ်ကတော့ ခြေလှမ်းတွေ အရမ်းသွတ်နေပြီတရုတ်နိုင်ငံ ပေကျင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းတွေမှာ ဒီနှစ်နှောင်း...
14/03/2025

နည်းပညာမှာ တရုတ်ကတော့ ခြေလှမ်းတွေ အရမ်းသွတ်နေပြီ

တရုတ်နိုင်ငံ ပေကျင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းတွေမှာ ဒီနှစ်နှောင်းပိုင်းမှစပြီးတော့ ဉာဏ်ရည်တု (AI) အတန်းတွေကို စပြီးသင်ကြားပေးသွားမယ်လို့ တရုတ်အစိုးရ Media တွေကို မတ်လ ၁၂ ရက်မှာ ဖော်ပြသွားပါတယ်။ AI ကိုပိုမိုတိုးတက်ကောင်းမွန်အောင် အရှိန်အဟုန်မြှင့်တင်ဖို့ နဲ့ AI နည်းပညာဆိုင်ရာ စွမ်းရည်တွေကို ပိုမိုတိုးတက်လာအောင်လို့ပြောပါတယ်။ စက်တင်ဘာလမှာ AI Class ကို စတင် သင်ကြားပေးသွားမှာဖြစ်ပြီးတော့ စာသင်နှစ် တနှစ်ကို ၈ နာရီကြာ သင်ကြားပေးသွားမယ်လို့ ပြောပါတယ်။ ကျောင်းတွေအနေဲ့ AI ဘာသာရပ်သီးသန့် ဒါမှမဟုတ် တခြားသိပ္ပံ ကွန်ပြူတာဘာသာရပါတွေနဲ့လဲ တွဲဖက်သင်ကြားနိုင်တယ်လို့ ပြောထားပါတယ်။

ဒီနှစ်ပိုင်းမှာစပြီး နည်မည်ကြီးလာတဲ့ တရုတ်နိုင်ငံပိုင် AI တခုဖြစ်တဲ့ Deepseek အောင်မြင်လာပြီး အများက အာရုံးစိုက်လာတာနဲ့အတူ ChatGpt လိုမျိုးကို ပေကျင်းမှာရှိကျောင်းတွေနဲ့ သုသေတန လုပ်ငန်းတွေက စရိတ်သက်သက်သာသာနဲ့ sအသုံးပြုလိုက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံ သမ္မတ Xi Jinping က တရုတ်နိုင်ငံ ထိပ်တန်းနည်းပညာကုမ္ပဏီ တွေနဲ့ တွေ့ဆုံပြီးတော့ AI ဆိုင်ရာနည်းပညာတွေ အတွက် ChatBot ထပ်သာတဲ့ AI တွေပေါ် လာဖို့အတွက်အထောက်ပံ့တွေ ပေးအပ်သွားမယ်လို့ပြောပါတယ်။
#နည်းပညာ

Microsoft Windows 10 End of Support လာမယ့် အောက်တိုဘာ 24 ရက်နေ့ 2025 မှာ Admin Personal Microsoft ရဲ့ အကောင်းဆုံး Operat...
12/03/2025

Microsoft Windows 10 End of Support

လာမယ့် အောက်တိုဘာ 24 ရက်နေ့ 2025 မှာ Admin Personal Microsoft ရဲ့ အကောင်းဆုံး Operating System လို့ပြောလို့ရတဲ့ အမြန်ဆုံးနဲ့ သုံးလို့ အကောင်းဆုံး Windows 10 Operating System ကို Support မပေးတော့ ဘူးလို့ ပြောပါတယ်။ Microsft ကတော့ လက်ရှိ Windows 11 ကိုပိုမိုကောင်းမွန်အောင် နဲ့ Features အသစ်တွေပေါ်မှာပဲ အာရုံစိုက်သွားမယ်လို့ သိရပါတယ်။

Security update တွေမရတော့ ပေမယ့်လို့ ဆက်လက်ပြီးအသုံးပြုလို့တော့ ရနေဦးမှာဖြစ်ပါတယ်။
မိတ်ဆွေတို့ကော် Windows 10 ကိုပဲဆက်သုံးမှာလား Windows 11 ကို ပြောင်းသုံးမှာလား? Comment ကိုယ့်အမြင်ကိုရေးခဲ့လို့ရပါတယ်။

#နည်းပညာ

Trust But Verify & Zero Trust Security Pricipleဒီနေ့မှာတော့  Cyber Security မှာ အဓီကကျတဲ့ Principles 2 ခုဖြစ်တဲ့ Trust B...
11/03/2025

Trust But Verify & Zero Trust Security Priciple

ဒီနေ့မှာတော့ Cyber Security မှာ အဓီကကျတဲ့ Principles 2 ခုဖြစ်တဲ့ Trust But Verify နဲ့ Zero Turst အကြောင်းပြောကြပါမယ်။

1. Trust But Verify

Trust But Verify ဆိုတာကတော့ ဥပမာ လမ်းမှာ ရကတားလို့ ID တောင်ကြည့်ပြီး ID နဲ့ လူနဲ့ ကိုက်လားမကိုက်လားဆိုတာကို တိုက်စစ်တာမျိုးကိုပြောချင်တာဖြစ်ပါတယ်။
ဆိုလိုတာကတော့- ကျတော်တို့ဟာ ပုံမှန်အားဖြင့် လူတွေ ဒါမှမဟုတ် System တွေကို ယုံကြည်တက်ကြပေမယ့်လို့ ကျတော်တို့ ရုံကြည်တဲ့သူ ဟုတ်မဟုတ်သေချာစေဖို့ အတွက် သူတို့၏အထောက်အထား ဒါမှမဟုတ် လုပ်ဆောင်ချက်တွေ ကို စောင့်ကြည့် အတည်ပြုစစ်ဆေးတာဖြစ်ပါတယ်။

ဥပမာ- သူငယ်ချင်းတယောက်ယောက် က ကျတော်တို့ကို ပိုက်ဆံချေးဖို့ Message ပို့လိုက်တယ်ဆိုပါဆို့ ။ ကျတော်တို့ သူငယ်ချင်းပို့တာ ဟုတ်မဟုတ်ဆိုတာကို ပိုက်ဆံမလွဲပြောင်းခင် ဖုန်းခေါ် ပြီး မေးမြန် အတည်ပြု တာကိုဆိုလိုချင်တာဖြစ်ပါတယ်။ "ယုံကြည်သော်လည်း အတည်ပြုပါ"။

2. Zero Trust

Zero Trust ကတော့ ရှင်းပါတယ်။ ဘယ်သူ့ကိုမှမယုံဘူးလို့ပြောချင်တာဖြစ်ပါတယ်။
ဆိုလိုတာကတော့ - ဘယ်သူ့ကိုမှမယုံပါဘူး။ ခွင့်ပြုချက်ရှိမှသာ resources တွေကို အသံုးပြုခွင့်ပေးမယ်လို့ပြောချင်တာဖြစ်ပါတယ်။

ဥပမာ - ရုံးသွားတိုင်း Security Gate မှာ ရုံးထဲကိုမဝင်ခင် Security ကနေပြီးတော့ ဝန်ထမ်းကဒ်ပြပီးစစ်ဆေးတာမျိုးပါ။

Trust But Verify နဲ့ Zero Trust အဓီက ကွာခြားသွားတာကတော့
Trust But Verify: Trust first, then check. (ယုံကြည်သော်လည်း အမြဲတမ်း စစ်ေဆးပါ)
Zero Trust: Don’t trust anyone—verify everything first. (အားလုံးကို အရင်စစ်ဆေးပါ ဘယ်သူ့ကိုမှ မယုံကြည်ရ)

#နည်းပညာ

ဆိုက်ဘာလုံခြုံရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ CIA Triangle --------------------------------------------------------CIA Tria...
10/03/2025

ဆိုက်ဘာလုံခြုံရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ CIA Triangle
--------------------------------------------------------

CIA Triangle ဆိုတာကေတာ့ ဆိုက်ဘာလုံခြုံရေးအခြေခံစံသတ်မှတ်ချက်တခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကစုံစမ်းထောက်လှမ်းရေး Agency CIA မဟုတ်ပါဘူး။ ကျတော်တို့ ဒေတာတွေကို လုံလုံခြုံခြုံ နဲ့ တိတိကျကျ မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့အတွက် CIA Triangle ကိုအသုံးပြုပြီး ထိန်းသိမ်းထားလေ့ ရှိပါတယ်။ CIA ရဲ့ တခုချင်းစီအဓိပ္ပာယ်တွေကတော့

✅ **Confidentiality**
Data တွေကိုလျှို့ ဝှက်လုံခြုံစွာသိမ်းထားခြင်း
Confidentiality မရှိဘူးဆိုရင် ကျတော်တို့ရဲ့ email နဲ့ ဘဏ်အကောင့်တွေကို လူတိုင်းဝင်ပြီး သုံးလို့ရနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ Confidentiality က အရေးကြီးတဲ့ Data တွေကို ခွင့်ပြုတဲ့သူကလွဲလို့ တခြားဘယ်သူ့ ကိုမှ အသုံးမပြုနိုင်အောင်လို့ သတ်မှတ်တဲ့ စံနှုန်းတခုဖြစ်ပါတယ်။
ဥပမာ - Credit card တွေ နဲ့ Account Password ကို hacker တွေ ရန်ကနေကာကွယ်ထားတာမျိုးကို ဆိုလိုချင်တာဖြစ်ပါတယ်။

✅ **Integrity**
Integrity ကတော့ data တွေကို ပြုပြင်လို့ လို့မရအောင် နဲ့ Data တွေကို ပြုပြင်ရင်လဲ ဘယ်ပြောင်းလဲမှု့ကိုမဆို ဘယ်သူက ဘယ်ချိန်မှာ ဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားတာကိုဆိုလိုချင်တာဖြစ်ပါတယ်။
ဥပမာ - Online shop တခုကကိုယ်ကပစ္စည်းမှာလိုက်တာ ကိုယ့်လိပ်စာပေးလိုက်ရဲ့ သားနဲ့ ကိုယ့်ဆီမရောက်လာပဲ တခြားတယောက်ယောက် လိပ်စာကိုပြောင်းလဲအစားထိုးပြီး ကိုယ့်ပစ္စည်းကို ယူသွားလို့ ရနေတာမျိုးကို Data Integrity မရှိဘူးလို့ပြောလို့ရပါတယ်။

✅ **Availability**
Availability ကတော့ Data တွေကို လိုအပ်တဲ့အချိန်မှာ ပြန်လည် အသုံးပြုနိုင်ခြင်း
ဥပမာ - ဆေးရုံတခုက လူနာမှတ်တမ်းတွေကို လိုအပ်လာတဲ့ချိန်မှာ လူနာက ဘယ်အချိန်မှာ ဘာဖြစ်ခဲ့တယ် ဘာဆေး‌ေတွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ဆေးမှတ်တမ်းတွေကို အလွယ်တကူပြန်လည်ကြည့်နိုင်တာမျိုးကို Availability လို့ခေါ် ပါတယ်။

CIA Triangle ဆိုတဲ့ စံသတ်မှတ်ချက်ကို အသုံးမပြုထားဘူးဆိုရင် သေချာပါတယ်။ မိတ်ဆွေတို့ ရဲ့ System, Application တွေမှာ ဒေတာပေါက်ကြားတာတွေ, Hack ခံရတာတွေ တခုမဟုတ် တခုကြုံတွေ့ ရမှာဖြစ်ပါတယ်။

01/02/2025

ဖြစ်ရပ်မှန် ဖုန်းလိုင်းကနေ ဒေါ်လာသန်းပေါင်း 50 ကျော် Hack သွားတဲ့ Pakistan နိုင်ငံက FBI အလိုရှိဆုံး Hacker အကြောင်း

Youtube Link - https://youtu.be/YLZI_HLCios

Learn free cyber security from CEHCEH ကနေ  free Cyber security foundation course တွေလေ့လာလို့ရပါတယ်။
07/11/2022

Learn free cyber security from CEH
CEH ကနေ free Cyber security foundation course တွေလေ့လာလို့ရပါတယ်။

Free Cybersecurity Courses of Network Defense, Ethical Hacking & Digital Forensics. Start your entry-level career in Cybersecurity today with the EC-Council’ Essentials Series.

ESET NOD32 90 Days Trial Keys UpdatePlease consider like my page if the keys are working. Thank you.Product: ESET PROTEC...
07/11/2022

ESET NOD32 90 Days Trial Keys Update
Please consider like my page if the keys are working. Thank you.

Product: ESET PROTECT Advanced
Your License Key: TBKR-X28E-KG6U-6RV7-R5B8
Expiration date: 02/02/2023 (Days to expire : 91)
Quantity: 50 units
------------------------------------------------------------

ESET NOD32 90 Days Trial Keys Update
==================================
Product: ESET PROTECT Advanced
Your License Key: 2GVD-XUJ6-GBAE-FHVP-FMCX
Expiration date: 02/02/2023 (Days to expire : 91)
Quantity: 50 units
------------------------------------------------------------
Join My Group For more keys...
https://www.facebook.com/groups/750985829536919/
My page
https://www.facebook.com/Digitcen
My YouTube Channel
https://www.youtube.com/.../UC-iLIf2f9ArrbJxMm2oCPQg/about

Address


Alerts

Be the first to know and let us send you an email when Tech Learn - တက်လမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share