The Ngephesizô Post

  • Home
  • The Ngephesizô Post

The Ngephesizô Post Eima reih tlaita rei awpa thâtihbu he pasô sila thapatlô lymâ suh vy!

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)မစ္စတာ ဘန်ကီမွန်း နေပြည်တော်သို့ရောက်ရှိလာကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)၊ The Elde...
23/04/2023

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)မစ္စတာ ဘန်ကီမွန်း နေပြည်တော်သို့ရောက်ရှိလာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)၊ The Elders အဖွဲ့၏ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်း ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၃ ရက်(ယနေ့)ညနေပိုင်းက လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းအား နေပြည်တော်လေဆိပ်၌ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်း၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူများက ကြို ဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Credit

မနက်အစောပိုင်းက စစ်ကောင်စီရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ...
22/04/2023

မနက်အစောပိုင်းက စစ်ကောင်စီရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ။

- ဧပြီ ၂၂ ရက် ၂၀၂၃။

ယမန်နေ့မနက် အစောပိုင်းက မိုးဗြဲ လွိုင်ကော်လမ်းမကြီးတနေရာမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို KNDF B 03 နဲ့ ဖယ်ခုံ တပ်ရင်း (၂) ဗိုလ်တထောင်တပ်ခွဲ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

"မနက်အစောပိုင်း ၂ နာရီလောက်ကနေ ၃ နာရီလောက်ထိ တိုက်ပွဲဖြစ်ကြတယ်၊ စစ်တပ် ယာဉ်တန်းက အစီး ၂၀ ကျော်ပါတယ်၊ လက်နက်ခဲယမ်းတွေ တင်ထားတာ၊ ဒေါတမကြီး ဒေါညေးခူနားတဝိုက်မှာ သူတို့အထိနာထားတော့ အဲ့ဒီကို လက်နက်သယ်တဲ့ ယာဉ်တန်းလို့ ကျတော်တို့ ယူဆပါတယ်" လို့ ဗိုလ်တထောင်တပ်ခွဲ ပြန်ကြားရေးတာဝန်ရှိသူက Karenni's Voice ကို ပြောပြပါတယ်။

ထိတွေ့တိုက်ပွဲဟာ တနာရီနီးပါးကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီက လွိုင်ကော်အမြှောက်တပ် နဲ့ ၄၂၂ တပ်တို့ကနေ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။ အရပ်သားတဦးဟာ လည်ပင်းကို ထိခိုက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

"တိုက်ပွဲပြီးခါနီးလောက်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်တာ၊ ကျတဲ့ရွာက တိုက်ပွဲနေရာနဲ့ ၅ မိုင်ကျော်ဝေးတယ်၊ ရွာသား ၂ ယောက်ထိသွားတာ တယောက်က လည်ပင်းထိတာမို့ စိုးရိမ်ရတယ်၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေတာတွေလည်း ရှိတယ်၊ ဒါပေမဲ့ မနက် ၂ နာရီမှာဖြစ်တာဆိုတော့ အတည်ပြုဖို့ခက်တယ်၊ သေချာမမြင်ရဘူးပေါ့၊ ပြီးတော့ သူတို့ တပ်ဖွဲ့အချင်းချင်းမှားပစ်လို့ ၂ ယောက် သေတယ်လို့လည်း ကြားတယ်၊ သိပ်တော့မသေချာဘူး၊ ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိပါဘူး" လို့ ဆက်လက် ပြောပြပါတယ်။

‌ဒေါတမကြီး၊ ဒေါညေးခူတဝိုက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့များဖြစ်ပွားတဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီက အယောက် ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း KNDF က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။ ယခု တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ ဒေါညေးခူဘက်ကို သွားတဲ့ လက်နက်ယာဉ်တန်းလို့ တပ်ဖွဲ့များက ယူဆပါတယ်။ ဧပြီ ၁၉ ရက်ကလည်း ခမရ ၈၀ ရဲ့ ဒေါညေးခူဘက်လာတဲ့ ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်‌သား ၈ ဦးသေဆုံးကာ လက်နက် ၆ လက် ရရှိခဲ့ပါသေးတယ်။

Cridet - Karenni's Voice (People's Radio Myanmar)

Photo - ဗိုလ်တထောင်တပ်ခွဲ

Telegram - https://t.me/karennivoice/83

ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေး သိန်း ၃၀ နီးပါးအထိရှိလာကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးကွက်...
22/04/2023

ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေး သိန်း ၃၀ နီးပါးအထိရှိလာ

ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း၌ သိန်း ၃၀ နီးပါးအထိ ဈေးမြင့်တက်နေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

သင်္ကြန်ကာလအပြီး ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ဧပြီ ၂၂ ရက် (ယနေ့ နံနက်ပိုင်း)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၈၃ ဒေါ်လာ ရှိခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်းမှာ ကျပ် ၂,၉၉၀,၀၀၀ အထိ မြင့်တက်မှုရှိနေကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

သင်္ကြန်မတိုင်မီကာလတွင် ကမ္ဘာ့ရွှေဈေးသည် ၂၀၀၇ ဒေါ်လာရှိခဲ့ပြီး ရွှေဈေးနှုန်းမှာလည်း ၂၉၅၀၀၀၀ အထိသာရှိခဲ့ကြောင်း သိရသည်။ ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)မှ သတ်မှတ်ရွှေဈေးနှုန်းသည် ၂,၃၃၆၂၀၀ ကျပ်ဖြစ်သည်။

ပြည်တွင်း ရွှေဈေးနှုန်းသည် ဧပြီ ၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၆၅,၀၀၀ ကျပ်၊ ဧပြီ ၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၅၉,၀၀၀ ကျပ်၊ ဧပြီ ၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၀,၀၀၀ ကျပ်နှင့် သင်္ကြန်ကာလအပြီး ဧပြီ ၁၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၈,၀၀၀ ကျပ်၊ ဧပြီ ၁၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၈၂,၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့သည်။

မတ်လ တတိယပတ်မှစတင်ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးကွက်အတွင်းမှာလည်း သိန်း ၃၀ နီးပါးအထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးမြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးကြောင်းလည်း သိရသည်။

COPY @ Popular News Journal

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုညွှန်ချုပ် ပစ်ခတ်ခံရပြီးသေဆုံး~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ပြည်ထောင်စုရွေးက...
22/04/2023

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုညွှန်ချုပ် ပစ်ခတ်ခံရပြီးသေဆုံး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့က၊ ဝေဇယန္တာလမ်းမပေါ်မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်တာခံရပြီး သေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

‘’ရွှေလီလမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကနေ သင်္ဃန်းကျွန်း သူ့အိမ်ကို ထမင်းစားဖို့ အပြန်မှာ ပစ်ခတ်ခံရတာ။ ကားနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ သေနတ်သမားတွေက နှစ်ဖက် ညှပ်ပြီး ပစ်ခတ်တာကို ရှောင်ရင်း သူ့ကားက ဓာတ်တိုင်ကို တိုက်မိတယ်။ အောင်ရတနာဆေးရုံကို တင်ဖို့ လုပ်ပေမဲ့ ဒဏ်ရာပြင်းလို့ ဆေးရုံကြီးကို ခေါ်သွားတဲ့အချိန်မှာ အသက်ဆုံးတယ်’’ လို့ သိရတယ်ဆိုပြီး မြေပြင်အခြေအနေသိရှိသူ သတင်းရင်းမြစ်က ပြောပါတယ်။

COPY Burmese
#ဘီဘီစီမြန်မာပိုင်း

ရွေးကော်ဒုညွှန်ချုပ်သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး
22/04/2023

ရွေးကော်ဒုညွှန်ချုပ်
သေနတ်ဖြင့်ပစ်ခတ်ခံရပြီး
သေဆုံး

ကျောင်းသား ကျောင်းသူ မိဘများသိစေရန်Grade 10, 11,12 သုံးနှစ်လုံးမှာ Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကိုရွေးချယ်လို့ရမ...
18/03/2023

ကျောင်းသား ကျောင်းသူ မိဘများသိစေရန်

Grade 10, 11,12 သုံးနှစ်လုံးမှာ
Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး Grade B,C ရတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ။

#စနစ်သစ်ပညာရေးအကြောင်း

ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၁_၂၀၂၂ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၃_၂၀၂၄ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။

မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။

ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။

* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

#ပညာရေးသတင်စုံလင်

စစ်ဘေးရှောင်ရင်း ဒေါက်တာဆာဆာ၏ မိခင် ကွယ်လွန်။အောက်တိုဘာ ၁၃ ၊ ၂၀၂၂။NUG ၏ ပြည်ထောင်ဝန်ကြီး ဒေါက်တာဆာဆာ၏ မွေးမိခင်‌ဒေါ် မာဇ...
13/10/2022

စစ်ဘေးရှောင်ရင်း ဒေါက်တာဆာဆာ၏ မိခင် ကွယ်လွန်။

အောက်တိုဘာ ၁၃ ၊ ၂၀၂၂။

NUG ၏ ပြည်ထောင်ဝန်ကြီး ဒေါက်တာဆာဆာ၏ မွေးမိခင်‌ဒေါ် မာဇိုင် (Pino. Mazai) ဟာ ယနေ့ အောက်တိုဘာလ ၁၃ရက်နေ့တွင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ဘေးရှောင်ရင်း ယနေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ် မာဇိုင်ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါသည်။

Copy - T Media

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီဖမ်းဆီးဗြိတိန်နိုင်ငံသူတစ်ဦးဖမ်းဆီးခံရမှုအပေါ် စိုးရိမ်ကြောင်းသံရုံးပြော...
25/08/2022

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီဖမ်းဆီး

ဗြိတိန်နိုင်ငံသူတစ်ဦးဖမ်းဆီးခံရမှုအပေါ် စိုးရိမ်ကြောင်းသံရုံးပြောခွင့်ရသူက ဘီဘီစီကိုပြော

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို စစ်ကောင်စီတပ်တွေက မနေ့ သြဂုတ် ၂၄ ရက်ညပိုင်းမှာ ရန်ကုန်မြို့က ၄င်းတို့နေအိမ်မှာဖမ်းဆီးသွားတယ်လို့ မစ္စဗစ်ကီဘိုးမန်းတို့မိသားစုနဲ့နီးစပ်သူထံက သိရပါတယ်။

မစ္စ ဗစ်ကီဘိုးမန်းကို စစ်ဆေးဖို့ရှိတယ်လို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးထိန်လင်းက အဖော်လိုက်ပါသွားကြောင်းနဲ့ မစ္စ ဗစ်ကီဘိုးမန်းကိုလူ၀င်မှု ကြီးကြပ်ရေးအက်ဥပဒေနဲ့ငြိစွန်းတယ်လို့ စွပ်စွဲထားတယ်လို့ ကနဦးသိရကြောင်းနဲ့ ချုပ်ရက်ရမန်ယူဖို့ပြင်ဆင်နေတယ်လို့သိရကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ ဗြိတိန်သံရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဖမ်းခံရတဲ့ဖြစ်စဥ်မှန်ကန်ကြောင်းအတည်ပြုပါတယ်။
ဒီသတင်းအပြည့်အစုံအပါအ၀င်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-62661328

Credit to BBC Burmese

ဖော်ပြပါ ဓာတ်ပုံရှင်အားသိရှိသူများဆက်သွယ် အကူညီတောင်းခံနိူင်ပါသည်။******************************************        ဖော်...
23/08/2022

ဖော်ပြပါ ဓာတ်ပုံရှင်အားသိရှိသူများဆက်သွယ် အကူညီတောင်းခံနိူင်ပါသည်။
******************************************
ဖော်ပြပါ ဓာတ်ပုံရှင်မြန်မာနိူင်ငံသားတစ်ဦးသည် မလေးရှားနိူင်ငံ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘရူးမြို့ ဆေးရုံကြီးတွင် မိမိကိုယ်ကိုမိမိအဆုံးစီရင် (ကြိုးစွဲချ) သေဆုံးကြောင်း ဆေးရုံမှအကူညီတောင်းခံလာသောကြောင့်သိရှိရပါသည်။နာရေးကိစ္စအားစုံစမ်းသောအခါ မည်သူဖြစ်ကြောင်းအတိအကျမသိရှိရသေးဖြစ်နေပါသည်။
သို့ဖြစ်ပါ၍ မိသားစု မိသင်္ဂဟများများမှသဂြိုလ်ရန်အတွက် နာရေးကိစ္စအားဆက်သွယ်အကူညီတောင်းခံနိူင်ပါသည်။

ဆက်သွယ်ရန်
*************
ထွန်းသစ်စ ပရဟိတလူမှုကူညီရေးအသင်း(J.B)
016-6006588
ရတ္တနာ့စက်အနာရေးကူညီမှုအသင်း(J.B)
013-7838448
မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)...K.L
0166577903
ထံသို့ဆက်သွယ်နိူင်ပါသည်။
🙏🙏🙏
မိသားစုများနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းမိပါသည်။(RIP)

ဓာတ်ပုံ/သတင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)

Credit

CDF-Mindat ဦးဆောင်သူတစ်ဦးရဲ့ဖခင် ထောက်ပို့တပ်သားတစ်ဦးဟာ ယမန်နေ့ သြဂုတ် ၁၇ ရက်က မိုင်းမတော်တဆမှုဖြစ် ကျဆုံးသွားတယ်လို့ သတ...
18/08/2022

CDF-Mindat ဦးဆောင်သူတစ်ဦးရဲ့ဖခင် ထောက်ပို့တပ်သားတစ်ဦးဟာ ယမန်နေ့ သြဂုတ် ၁၇ ရက်က မိုင်းမတော်တဆမှုဖြစ် ကျဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အသက်ထွက်ခါနီးလေးမှာ " ပေးထားတဲ့ကတိတွေမတည်နိုင်တော့လို့ ခွင့်လွှတ်ပေးကြပါ" လို့ပြောသွားပါတယ်။

Facebook ကိုပိတ်ပြီး အခြားလူမှုကွန်ရက် တည်ဆောက်မယ်လို့ စစ်ကောင်စီပြော~~~~~■ ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက် ဖေ...
17/08/2022

Facebook ကိုပိတ်ပြီး အခြားလူမှုကွန်ရက် တည်ဆောက်မယ်လို့ စစ်ကောင်စီပြော
~~~~~
■ ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် (Facebook) ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခု အစားထိုး တည်ဆောက်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Facebook က အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပြီး ဒီအတွက် အစားထိုးသုံးနိုင်ဖို့ လူမှုကွန်ရက်မီဒီယာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

"နှစ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ နံပါတ်တစ်အနေနဲ့က ကန့်သတ်လိုက်တဲ့အခါမှာ ကျော်လို့ရတဲ့နည်းလမ်းနဲ့ ကျော်နေတာ ရှိပါတယ်။ VPN ခံပြီးကျော်နေတာရှိပါတယ်။ သို့သော်လည်း ဒီဟာကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် အောင်မြင်မှု အပြည့်အဝ မရသေးပါဘူး။ အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်"

ဒီလူမှုကွန်ရက်မီဒီယာကို ပညာရှင်တွေ၊ ပြည်တွင်းက ဝန်ကြီးဌာန သုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီက လူမှုကွန်ရက်မီဒီယာ လုပ်မယ်ဆိုတာဟာ အဓိပ္ပာယ်မရှိသလို ဒီလိုလုပ်နိုင်ရင်တောင် သုံးကြမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Content Writer အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

"အဓိပ္ပာယ်ရှိတယ်လို့ကို မထင်ပါဘူး။ Facebook ကို ပိတ်လိုက်တယ်ပဲ ထားပါဦး တခြား Platform တွေမှ အများကြီး။ သူတို့ကိုယ်ပိုင်ထွင်မယ်ဆိုတဲ့ဟာကြီးကိုတော့ ကျနော်တို့ လုံး၀ သုံးစရာ အကြောင်းလည်းမရှိဘူး။ Facebook က တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ Personal Account တွေ၊ သတင်းမှန်ပြန်ကြားရေး Page တွေ၊ တခြားသောသူတို့ရဲ့ ဝါဒဖြန့်မယ့် မီဒီယာအမည်ခံတွေကို လိုက်ဖျက်ချနေလို့ ခုလိုပြောတာပဲ ထင်ပါတယ်။ သူတို့ အဲဒီလိုမျိုး လုပ်နိုင်တဲ့ အဆင့်ထိလည်း ရောက်သွားမယ် မထင်ပါဘူး"

စစ်ကောင်စီအနေနဲ့ လက်ရှိမှာလည်း Facebook ကို ပိတ်ပင်ထားပေမယ့် မအောင်မြင်သေးဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံက သေနတ်ပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သတင်းပို့စ် ဖြုတ်ချခံရတာနဲ့ ပတ်သက်လို့လည်း Facebook ကုမ္ပဏီကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝေဖန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်တာ၊ အချိန်ကန့်သတ်တာတွေအပြင် Facebook အပါအဝင် လူမှုကွန်ရက်မီဒီယာတချို့ကို ပြည်တွင်းကနေ အသုံးမပြုနိုင်အောင် ကန့်သတ်ထားပါတယ်။

အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) အသုံးပြုတဲ့သူတွေကိုလည်း ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လက်ကိုင် စမတ်ဖုန်းတွေမှာ VPN အက်ပလီကေးရှင်း ရှိ၊ မရှိကိုပါ စစ်ဆေးမှုတွေလည်း ဒီနှစ် ဇန်နဝါရီလကစပြီး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Facebook ကို မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူပေါင်း ၁၉ ဒသမ ၂၅ သန်းက သုံးစွဲနေတယ်လို့ DataReportal ဝက်ဘ်ဆိုက်ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
- Unicode
---------------

Facebook ကိုပိတ်ပြီး အခြားလူမှုကွန်ရက် တည်ဆောက်မယ်လို့ စစ်ကောင်စီပြော
~~~~~
■ ပြည်တွင်းမှာ လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် (Facebook) ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခု အစားထိုး တည်ဆောက်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Facebook က အမျိုးသားရေးနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပို့စ်တွေကို ဖြုတ်ချနေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပြီး ဒီအတွက် အစားထိုးသုံးနိုင်ဖို့ လူမှုကွန်ရက်မီဒီယာတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

"နှစ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ နံပါတ်တစ်အနေနဲ့က ကန့်သတ်လိုက်တဲ့အခါမှာ ကျော်လို့ရတဲ့နည်းလမ်းနဲ့ ကျော်နေတာ ရှိပါတယ်။ VPN ခံပြီးကျော်နေတာရှိပါတယ်။ သို့သော်လည်း ဒီဟာကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် အောင်မြင်မှု အပြည့်အဝ မရသေးပါဘူး။ အဲဒီနေရာကို အစားထိုးနိုင်ဖို့အတွက်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်"

ဒီလူမှုကွန်ရက်မီဒီယာကို ပညာရှင်တွေ၊ ပြည်တွင်းက ဝန်ကြီးဌာန သုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီက လူမှုကွန်ရက်မီဒီယာ လုပ်မယ်ဆိုတာဟာ အဓိပ္ပာယ်မရှိသလို ဒီလိုလုပ်နိုင်ရင်တောင် သုံးကြမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Content Writer အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

"အဓိပ္ပာယ်ရှိတယ်လို့ကို မထင်ပါဘူး။ Facebook ကို ပိတ်လိုက်တယ်ပဲ ထားပါဦး တခြား Platform တွေမှ အများကြီး။ သူတို့ကိုယ်ပိုင်ထွင်မယ်ဆိုတဲ့ဟာကြီးကိုတော့ ကျနော်တို့ လုံး၀ သုံးစရာ အကြောင်းလည်းမရှိဘူး။ Facebook က တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ရဲ့ Personal Account တွေ၊ သတင်းမှန်ပြန်ကြားရေး Page တွေ၊ တခြားသောသူတို့ရဲ့ ဝါဒဖြန့်မယ့် မီဒီယာအမည်ခံတွေကို လိုက်ဖျက်ချနေလို့ ခုလိုပြောတာပဲ ထင်ပါတယ်။ သူတို့ အဲဒီလိုမျိုး လုပ်နိုင်တဲ့ အဆင့်ထိလည်း ရောက်သွားမယ် မထင်ပါဘူး"

စစ်ကောင်စီအနေနဲ့ လက်ရှိမှာလည်း Facebook ကို ပိတ်ပင်ထားပေမယ့် မအောင်မြင်သေးဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံက သေနတ်ပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ သတင်းပို့စ် ဖြုတ်ချခံရတာနဲ့ ပတ်သက်လို့လည်း Facebook ကုမ္ပဏီကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝေဖန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်တာ၊ အချိန်ကန့်သတ်တာတွေအပြင် Facebook အပါအဝင် လူမှုကွန်ရက်မီဒီယာတချို့ကို ပြည်တွင်းကနေ အသုံးမပြုနိုင်အောင် ကန့်သတ်ထားပါတယ်။

အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) အသုံးပြုတဲ့သူတွေကိုလည်း ထောင်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လက်ကိုင် စမတ်ဖုန်းတွေမှာ VPN အက်ပလီကေးရှင်း ရှိ၊ မရှိကိုပါ စစ်ဆေးမှုတွေလည်း ဒီနှစ် ဇန်နဝါရီလကစပြီး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Facebook ကို မြန်မာနိုင်ငံတစ်ဝန်းက သုံးစွဲသူပေါင်း ၁၉ ဒသမ ၂၅ သန်းက သုံးစွဲနေတယ်လို့ DataReportal ဝက်ဘ်ဆိုက်ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
- Zawgyi
---------------

Photo: RFA

(မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်)

𝐶𝑟𝑒𝑑𝑖𝑡

၁၇.၈.၂၀၂၂,မနက်(၈:၃၀)မလေးရှားနိုင်ငံ၊ကေအယ်/ကပုန်း(ပဆာဘိုရုန်း)ဆလာယန်းဧရိယာအတွင်းအဖွဲ့အစည်းစုံအော်ပရာစီဖမ်းဆီးမှုမြင်ကွင်း...
17/08/2022

၁၇.၈.၂၀၂၂,မနက်(၈:၃၀)

မလေးရှားနိုင်ငံ၊ကေအယ်/ကပုန်း(ပဆာဘိုရုန်း)ဆလာယန်းဧရိယာအတွင်းအဖွဲ့အစည်းစုံအော်ပရာစီဖမ်းဆီးမှုမြင်ကွင်းမှတ်တမ်းဓာတ်ပုံများဖြစ်သည်၊သတင်းတော့ဝင်မယ်လို့ကြားထားတာကြာပါပြီဝင်တော့လည်းညမဝင်ပဲ အငိုက်ဖမ်းအလုပ်သွားချိန် မနက်အစောကြီးဝင်သွားတာ၊လက်ရှိသတင်းအရ နိုင်ငံခြားသားအလုပ်သမားအယောက်(၂၀၀)ကျော်ဖမ်းဆီးခံရတယ်လို့သတင်းရရှိထားပါတယ်။

***[email protected]***

Min Htet Akar

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်သို့ ရောက်ရှိ~~~~~~~~~~~ကုလသမဂ္ဂအတွင်းရေးမှူး...
16/08/2022

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်သို့ ရောက်ရှိ
~~~~~~~~~~~
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ ဟာ ဒီနေ့ ဩဂုတ်လ(၁၆)ရက် နံနက်က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ (၂၅) ရက်က ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာ အနေနဲ့ ဩဂုတ် (၁၇) ရက်မှာတော့ နေပြည်တော်မှာ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ဆီက သိရပါတယ်။
နိုလင်းဟေဇာရဲ့ မြန်မာခရီးစဉ်အတွင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ နောက်ဆုံးတောင်း ဆို မှုဖြစ်တဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်နိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ကုလသမဂ္ဂက ဩဂုတ် (၁၅) ရက်က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် သူရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့နယ်(၃)ခုမှ နိုင်ငံ့ဝန်ထမ်းများ လစာနှစ်ဆတိုး~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်...
10/08/2022

မြို့နယ်(၃)ခုမှ နိုင်ငံ့ဝန်ထမ်းများ လစာနှစ်ဆတိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်သုံးခုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သုံးလစာ အတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုထားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန် ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဲဒီဒေသတွေရဲ့ လက်ရှိအခြေအနေအရ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလစာအတွက် မူရင်းလစာရဲ့ နှစ်ဆကို ခံစားခွင့် ပြုတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နေ့စားအလုပ်သမား တွေကိုလည်း ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေအတွက် တစ်ရက်လုပ်ခကျပ်(၆၅၀၀)ကို အထူးကိစ္စရပ်အနေနဲ့ ခံစားခွင့် ပြုလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီလို ခံစားခွင့် ပြုဖို့ကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခွင့်ပြုချက်နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

COPY News Myanmar

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ SSPP တွေ့ဆုံ ဆွေးနွေးCNI News ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SS...
04/08/2022

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ SSPP တွေ့ဆုံ ဆွေးနွေး

CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ (သြဂုတ် ၄ ရက်) တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်ပြီး ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်ကြပြီး သြဂုတ် ၃ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SSPP ကိုယ်စား လှယ် အဖွဲ့တို့ ယနေ့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

ယနေ့ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက မည်သည့် အကြောင်း အရာများ ဆွေးနွေးခဲ့သည်ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် သြဂုတ် ၅ ရက်တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

လက်ရှိတွင် တပ်မတော်နှင့် SSPP ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို တပ်မတော်က နောက်ဆုတ်ခိုင်းခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုများဖြင့် ရင်ဆိုင်နေကြရသည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြားမှာပဲ ယခုတွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

SSPP အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော အချိန်က တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည်။

တခြားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလိုင် ၇ ရက်နေ့အတွင်း နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သည်။

#လက်နက်ကိုင် #နစက #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ပုံ- SSPP ကိုယ်စားလှည်အဖွဲ့နှင့် နစက ဥက္ကဌ ဥိးဆောင်သော အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ရစဉ်

Credit

ယနေ့ ၄ နာရီ ၁၅ အချိန်က ကလေးမြို့ကိုဖြတ်ပြီး မြောက်မှ တောင်ဘက်သို့ လေယာဉ်တစ်စီးပျံသန်းသွားပါတယ်။ စစ်ကောင်စီတပ်သည် ယနေ့ညနေ...
04/08/2022

ယနေ့ ၄ နာရီ ၁၅ အချိန်က ကလေးမြို့ကိုဖြတ်ပြီး မြောက်မှ တောင်ဘက်သို့ လေယာဉ်တစ်စီးပျံသန်းသွားပါတယ်။

စစ်ကောင်စီတပ်သည် ယနေ့ညနေ ၃ နာရီအချိန်ကစပြီး မြို့တွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် မြို့လှရပ်ကွက်နှင့် ကျေးရွာအချို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ကနသိရှိရ။

ယင်းအပြင် ညနေ ၄ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်က သာယာကုန်းကျေးရွာတွင် မီးရှို့မှုများပြုလုပ်နေကြောင်း သိရှိရ။

Credit

မလေးရှားတွင် မြန်မာနိုင်ငံသား ဖခင်က ကလေးသုံးယောက်ကို တံတားပေါ်မှ ပစ်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည့်ဖြစ်စဉ်မှ သေဆ...
04/08/2022

မလေးရှားတွင် မြန်မာနိုင်ငံသား ဖခင်က ကလေးသုံးယောက်ကို တံတားပေါ်မှ ပစ်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည့်ဖြစ်စဉ်မှ သေဆုံးသွားသည့် ကလေးငယ်များနှင့် ဖခင်၏ နာရေးပြုလုပ်

“ကျန်ရစ်သောခန္ဓာကိုယ်ကို ကြာသပတေးနေ့ သြဂုတ် ၄ ရက်တွင် ဒေသဆိုင်ရာ ချင်းအမျိုးသားများ ကွန်မြူနတီအဖွဲ့အစည်းစုံ မိသားစုများနှင့် ပူးပေါင်းကာ နေ့လည် (၁:၃၀)နာရီ၌ စလန်းကောပြည်နယ် (စမုံ့ညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင်ဆုတောင်းပွဲကျင်းပကာ မြေသို့အပ်နှံသဂြိုလ်ပြီးစီးခဲ့ပါသည်” ဟု မြန်မာလူမှုကူညီရေးအသင်းက ထုတ်ပြန်သည်။

■ Photo - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)

Read More - - - >>> https://news-eleven.com/article/235121

■ (Zawgyi ဖြင့်ဖတ်ရန်)

မလေးရှားတွင် မြန်မာနိုင်ငံသား ဖခင်က ကလေးသုံးယောက်ကို တံတားပေါ်မှ ပစ်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည့်ဖြစ်စဉ်မှ သေဆုံးသွားသည့် ကလေးငယ်များနှင့် ဖခင်၏ နာရေးပြုလုပ်

“ကျန်ရစ်သောခန္ဓာကိုယ်ကို ကြာသပတေးနေ့ သြဂုတ် ၄ ရက်တွင် ဒေသဆိုင်ရာ ချင်းအမျိုးသားများ ကွန်မြူနတီအဖွဲ့အစည်းစုံ မိသားစုများနှင့် ပူးပေါင်းကာ နေ့လည် (၁:၃၀)နာရီ၌ စလန်းကောပြည်နယ် (စမုံ့ညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင်ဆုတောင်းပွဲကျင်းပကာ မြေသို့အပ်နှံသဂြိုလ်ပြီးစီးခဲ့ပါသည်” ဟု မြန်မာလူမှုကူညီရေးအသင်းက ထုတ်ပြန်သည်။

■ Photo - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)

Read More - - - >>> https://news-eleven.com/article/235121

Telegram Channel ကို Subscribe လုပ်ရန် --->>> https://t.me/elevenmediagroup

Viber Community ကို Subscribe လုပ်ရန် - - - -> https://vb.me/elevenmediagroup

COPY@

စစ်ကောင်စီတပ်မှ ဒီပဲယင်းကျေးရွာအချို့အား လေကြောင်းမှ ပစ်ခတ်နေဒီပဲယင်း၊ သြဂုတ် ၄စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းခရိုင်ရှိ...
04/08/2022

စစ်ကောင်စီတပ်မှ ဒီပဲယင်းကျေးရွာအချို့အား လေကြောင်းမှ ပစ်ခတ်နေ

ဒီပဲယင်း၊ သြဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းခရိုင်ရှိ ကျေးရွာအချို့အား ယနေ့နံနက်ပိုင်းမှစ၍ စစ်ကောင်စီ တပ်မှ တိုက်ခိုက်ရေးယာဉ်များဖြင့် ပစ်ခတ်နေပြီး၊ လက်ရှိတွင်ကျေးရွာ၂ ရွာကို မီးရှို့နေကြောင်း‌ဒေသခံအချို့ကပြောသည်။

" ဒီနေ့လယ် ၁နာရီ ၁၅မိနစ်လောက်က သူတို့ရဟတ်ယာဉ်နဲ့လာပြီးချသွားတဲ့ စစ်တပ်က စစ်သားတွေက အင်ပင်နဲ့ ရွာဒင်ရွာကို မီးရှို့နေတယ်။ မနက်ကလည်း မြေပြင်တိုက် ခိုက်တာမျိုးမဟုတ် ဘဲတိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ ထောက်ပို့ယာဉ်၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ တယ်" ဒီပဲယင်းဒေသခံ တစ်ဦးကပြောသည်။

အဆိုပါရဟတ်ယာဉ်များထဲမှ ထောက်ပို့ယာဉ်များဖြင့် ကြည်ဘုရားထွက်ကျေးရွာမှ တပ်သားအင်အား များနှင့် မကျီး‌စောက်ကျေးရွာမှ အင်အားများကိုသယ်ပို့ကာ၊ အဆိုပါကျေးရွာ ၂ရွာနှင့် အနီးတဝိုက် ကျေးရွာများကို လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" လက်ရှိအဲ့ဒီရွာတွေက အခြေအနေတွေကို ကျွန်တော်တို့ သေချာမသိသေးဘူး။ ၂ရက်နေ့က စပြီး စစ်ကောင်စီတပ်တွေက တောက်လျှောက် ဒီပဲယင်းကို စစ်ကြောင်းတွေထိုး၊ လေကြောင်း တိုက်ခိုက်မှုတွေကို လုပ်နေတယ်" ဟု ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခံရသည့် ကျေးရွာ ဒေသခံများသည်ကြိုတင်ပြင်ဆင်ချိန်မရရှိဘဲ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Credit-Burma Associated Press

Address

MB

Alerts

Be the first to know and let us send you an email when The Ngephesizô Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share