Cele News

Cele News အနုပညာသတင်းအသစ်များ တင်ပေးပါတယ်
(interview videoအဟောင်းတွေကိုလည်း ပြန်တင်ပေးပါတယ်)
(3)

15/07/2025

ချယ်ရီသင်းဆိုတာနဲ့ ကောင်မလေးက ရွံနေလောက်ပြီဆိုတဲ့ ချယ်ရီသင်း

14/07/2025
"သား(၃)ယောက်ရှိတယ်။အားကိုးရတဲ့သား ကောင်းစံကတော့ လေဖြတ်သွားတယ်။သားအကြီးကတော့ ​ဆီးချို၊သွေးချိုနဲ့ ဆိုက်ကားနင်းနေတော့ မပံ့...
10/07/2025

"သား(၃)ယောက်ရှိတယ်။အားကိုးရတဲ့သား ကောင်းစံကတော့ လေဖြတ်သွားတယ်။သားအကြီးကတော့ ​
ဆီးချို၊သွေးချိုနဲ့ ဆိုက်ကားနင်းနေတော့ မပံ့ပိုးနိုင်ဘူး။သားအငယ်ဆုံးကတော့ ပညာတတ်။ဒါပေမယ့် ဒီကောင်ကလည်း အရိုးလေးဖက်နာဖြစ်နေတယ်။အဲတော့ သားတွေ မြေးတွေ အကုန်လုံးကို ဘဘအိမ်မှာပဲ ခေါ်ထားလိုက်တယ်။ ကိုယ့်ကုသိုလ်ကံကလည်း မကောင်းတော့
ခုထိ စီးပွါးရှာရတုန်း။ရှာလို့​ရတဲ့ငွေကြေးလေးတွေနဲ့ သားသမီးတွေကို စောင့်ရှောက်နေရတယ်။ဘဘကတော့ အခု ဆေးဖိုး၀ါးခ တအားကုန်တယ်။ဆီးချို၊သွေးချိုရှိပြီး ကျောက်ကပ်တစ်လုံး ထုတ်ထားရတယ်။ပြီးတော့ နှလုံးသွေးကြောကျဥ်းလို့ နှလုံးသွေးကြော(၃)ချောင်း လဲထားရတယ်။​သွေးတိုးလည်း ရှိတယ်"ဆိုပြီး သူရဲ့မိသားစုအကြောင်းနဲ့ကျန်းမာရေးကို ပြောပြလာတဲ့ ဦးမိုးဒီ

10.7.2025(ကြာသပတေးနေ့)၊ မနက်(၈)နာရီမှာ စာရေးဆရာမောင်သာချိုဟာ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ကွယ်လွန်ချိန်တွင်...
10/07/2025

10.7.2025(ကြာသပတေးနေ့)၊ မနက်(၈)နာရီမှာ စာရေးဆရာမောင်သာချိုဟာ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ကွယ်လွန်ချိန်တွင် အသက်(၆၇)နှစ်ရှိပြီ ဖြစ်ပါတယ်။

"ကျွန်တော်က ၆တန်းပဲ တက်ခဲ့ရတာ။ဘာမှနားမလည်ဘူး။ကျွန်တော်သက်ကြီးလူရွှင်တော်တွေကို စောင့်ရှောက်တယ်။ကျွန်တော့ကို ဒီလိုဖြစ်အော...
08/07/2025

"ကျွန်တော်က ၆တန်းပဲ တက်ခဲ့ရတာ။ဘာမှနားမလည်ဘူး။ကျွန်တော်သက်ကြီးလူရွှင်တော်တွေကို စောင့်ရှောက်တယ်။ကျွန်တော့ကို ဒီလိုဖြစ်အောင် လုပ်တဲ့သူတွေကိုလည်း ဘာမှမပြောဘူး။သူတို့သမိုင်း သူတို့ရေးနေသလိုကျွန်တော်လည်း ကျွန်တော့သမိုင်း ကျွန်တော်ရေးနေတာ။လူဆိုတာ သမိုင်းရှိရမယ်လေ။လူရွှင်တော်နဲ့
ပတ်သတ်ရင် ကျွန်တော်သမိုင်းတွင်အောင်လုပ်နေတာ။လူရွှင်တော်ထဲမှာ ဘုရားဒကာက ကျွန်တော်အရင်ပဲ။ဂုဏ်လိုချင်လို့ လှူတာမဟုတ်ဘူး။ငယ်ငယ်လေးကတည်းက ၀ါသနာပါတာ။လူရွှင်တော်တွေကို စိန်ခေါ်ရဲတာတစ်ခုတော့ ရှိတယ်။ပညာတော့ မဟုတ်ဘူး။အလှူအဒါန်းနဲ့
ပတ်သတ်ပြီး စိန်ခေါ်ရဲတာ။စော်ကားတာတော့ မဟုတ်ဘူး။ကျွန်တော်ပြောထားတာ ရှိတယ်။ကျွန်တော့ကို ဆဲ၊ကျွန်တော့မိသားစုကို ဆဲ၊ကိစ္စမရှိဘူး။လူရွှင်တော်ကိုတော့ မထိနဲ့"ဆိုပြီး သက်ကြီးလှူရွှင်တော်ပွဲမှာ လူရွှင်တော်နဲ့ပတ်သတ်ပြီး သူ့ရဲ့ခံစားချက်ကို ပြောလာတဲ့ ဒိန်းဒေါင်

2.7.2025ရက်နေ့က ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းနဲ့မြန်မာ​အမျိုးသမီးဘောလုံးအသင်းတို့ဟာအာရှဖလားခြေစစ်ပွဲအတွက်ယှဥ်ပြို...
03/07/2025

2.7.2025ရက်နေ့က ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းနဲ့မြန်မာ​အမျိုးသမီးဘောလုံးအသင်းတို့ဟာ
အာရှဖလားခြေစစ်ပွဲအတွက်ယှဥ်ပြိုင်ကစားခဲ့ရာ
ဘင်္ဂလားဒေ့ရှ်အသင်းက မြန်မာအသင်းကို 2-1နဲ့ အနိုင်ရသွားခဲ့ပါတယ်။

မြန်မာအသင်းကို အရမ်းမျှော်လင့်ထားပေမယ့် ရှုံးနိမ့်သွားတဲ့အတွက် ၀မ်းနည်းမိကြောင်း၊ယွန်း၀တီလှိုင်လို ပြေးအား တွန်းအားကောင်းတဲ့ကစားသမားကို ထုတ်လိုက်တာဟာ နည်းပြရဲ့မှားယွင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ကစားပုံကစားနည်းက ဟာကွက်တွေရှိပြီး ကစားတာ ပျော့​ကြောင်း၊ဒိုင်ကလည်း ကိုယ့်ဖက်မရှိသလိုဖြစ်နေပြီး ပန်နတီတွေအများကြီးရသင့်ပေမယ့် မပေးတာကြောင့် ​ရှုံးတာဖြစ်နိုင်တယ်လို့ သွားရောက်အားပေးတဲ့ ပရိတ်သတ်အချို့က ဆိုပါတယ်။

မြန်မာအမျိုးသမီးအသင်းနည်းပြအနေနဲ့ကတော့ ခုပွဲအတွက် စိတ်မကောင်းဖြစ်မိပြီး နောက်ပွဲတွေမှာ ကြိုးစားသွားပါမယ်လို့ ပြောကြားလာပါတယ်။

သို့ပေမယ့်လည်း ကစားပွဲရလဒ်အရ နောက်လာမယ့်ပွဲကို နိုင်ခဲ့ရင်တောင် မြန်မာအသင်းအတွက် အာရှဖလား၀င်ခွင့်ရဖို့ အခွင့်အရေးနည်းပါးဖြစ်သွားပြီ ဖြစ်ပါတယ်။

01/07/2025
"အနုပညာလောကထဲကပဲ အင်္ဂါနံနဲ့စပြီး စနေနံနဲ့ဆုံးတဲ့ အမျိုးသားတစ်ယောက်က သိန်းငါးဆယ်ချေးပြီး လိမ်သွားဖူးတယ်။အဲတုန်းက သိန်းငါ...
01/07/2025

"အနုပညာလောကထဲကပဲ အင်္ဂါနံနဲ့စပြီး စနေနံနဲ့ဆုံးတဲ့ အမျိုးသားတစ်ယောက်က သိန်းငါးဆယ်ချေးပြီး လိမ်သွားဖူးတယ်။အဲတုန်းက သိန်းငါးဆယ်က Proboxကားတစ်စီး၀ယ်လို့ရတယ်။ခုတော့ သူ့ဆီက တစ်၀က်ပဲ ယူလိုက်ပါတယ်။ကျန်တဲ့တစ်၀က်ကိုတော့ နိဗ္ဗာနဿ ပစ္စယော ဟောတုလုပ်လိုက်တော့တယ်။သူလည်း ပျော်သွားမှာပေါ့။ကိုယ်ကလည်း သူမရှိလို့ဖြစ်မှာပေါ့ဆိုပြီး မောင်နှမ​စိတ်တွေးပေးလိုက်တယ်"ဆိုတဲ့ မမဆောင်း

"ကျွန်တော်အကြိုက်ဆုံးမင်းသမီးကို ပြောပါဆိုရင်မသင်ဇာ၀င့်ကျော်ပါ။ဘာလို့ကြိုက်လဲဆို ဘာအကြောင်းပြချက်မှ မရှိပါဘူး။သူဖြစ်နေလိ...
29/06/2025

"ကျွန်တော်အကြိုက်ဆုံးမင်းသမီးကို ပြောပါဆိုရင်
မသင်ဇာ၀င့်ကျော်ပါ။ဘာလို့ကြိုက်လဲဆို ဘာအကြောင်းပြချက်မှ မရှိပါဘူး။သူဖြစ်နေလို့ကို ကြိုက်တာပါ။သူက အမြဲတမ်း ၁၈နှစ်လေးလိုပဲ။ရင့်မသွားဘူး။မသင်ဇာ၀င့်ကျော်နဲ့ မင်းသားနေရာကနေ ဇာတ်ကားရိုက်ဖို့လည်း မမျှော်လင့်ပါဘူး။ဘာလို့ဆို ကျွန်တော့ရုပ်ရည်နဲ့အသားအရည်နဲ့က ဘယ်လိုလုပ် မင်းသားဖြစ်နိုင်မှာလဲ။မင်းသားလုပ်ဖို့လည်း စိတ်မကူးပါဘူး။ကျွန်တော်က ထိုင်းအသင်းမှာ ကစားနေတော့ အဲလိုလုပ်ဖို့လည်း အချိန်မရှိဘူး။ကျွန်တော်က ဘောလုံးပဲ ကစားတတ်တာပါ"ဆိုတဲ့ မောင်မောင်လွင်

"ပုရွက်ဆိတ်ရယ်၊ခြင်ရယ်၊ပုရစ်ရယ်ဆိုပြီး နှိုင်းယှဥ်ပြထားတာကို တွေ့လိုက်ရတော့ တကယ်တူမှန်း လက်ခံသွားပါတယ်။သူတို့ကလည်း အဖျက်...
29/06/2025

"ပုရွက်ဆိတ်ရယ်၊ခြင်ရယ်၊ပုရစ်ရယ်ဆိုပြီး နှိုင်းယှဥ်ပြထားတာကို တွေ့လိုက်ရတော့ တကယ်တူမှန်း လက်ခံသွားပါတယ်။သူတို့ကလည်း အဖျက်သဘောနဲ့စနောက်တာမျိုးမဟုတ်ဘဲနဲ့ ဟာသအနေနဲ့ စနောက်တာဖြစ်တဲ့အတွက် စိတ်မဆိုးပါဘူး။ခြင်နဲ့တူတဲ့ အစ်ကိုကြီးကိုတော့ သူက တူလို့လား​ဆိုပြီး စဥ်းစားလိုက်တဲ့အချိန်မှာ ပိုတူသွားတာ။ချစ်စရာလည်း ကောင်းပါတယ်"ဆိုပြီး သူမကို ပုရွက်ဆိတ်နဲ့တူတယ်ဆိုပြီး စနောက်ကြတဲ့အပေါ်ကို ရယ်မောပြီးဖြေရှင်းလာတဲ့ သဲစုငြိမ်း

19/06/2025

Miss Grand Myanmarရဲ့ခုနစ်အလိုက်ရရှိခဲ့တဲ့ winnerများ
(ဘယ်သူ့catwalkအလှဆုံးလဲ)

13/06/2025

Address


Alerts

Be the first to know and let us send you an email when Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share