29/10/2025
ဘဝမှာ ပထမဆုံး ဂျာမဏီရောက်ပြီး Public Sauna (ချွေးထုတ်ခန်း) ဝင်ဖူးတဲ့ အတွေ့အကြုံကို share ပြမယ်။
ဝင်ကြေးက တစ်ယောက်ကို ၁၃ ယူရိုပဲပေးရတယ်။ ဝင်တဲ့အချိန်မှာ မပေးရဘူး။ ထွက်တော့မှ ပေးရတာ။
ကျွန်တော်က ရန်ကုန်မှာပဲ သွားဖူးတာဆိုတော့ ဒီမှာက ဘယ်လိုမှန်းမသိတော့ ဘာတွေဘယ်လိုယူရမလဲမေးတော့ သူငယ်ချင်း ဂျာမန်ကောင်မလေးက ခြေညှပ်ဖိနပ်ရယ်၊ တဘတ်တစ်ထည်ရယ်၊ ရေသန့်ဘူးတစ်ဘူးရယ်ပဲ ယူခဲ့ဆိုတာနဲ့ အဲဒါပဲယူသွားလိုက်တယ်။
ခြံထဲဝင်တာနဲ့ အထီးအမ မရွေး အကုန်လုံးက ကိုယ်လုံးတီးတွေကြီးပဲ။ ကိုယ်လည်းအစတော့ ရှက်တာပေါ့ (တဘတ်လေးပတ်လို့) ဒါပေမယ့် အကုန်လုံးက ကိုယ်လိုသူလိုပဲဆိုတော့ ကိုယ်လည်းမရှက်တော့ပါဘူး။ ကိုယ်လုံးတီးပဲနေတော့တယ်။
အခုသွားတဲ့ Sauna မှာတော့ Heat Room ရယ် Chill Room ရယ် Hot Tub ရယ် Ice Bath ရယ် အဓိက (၄) မျိုးရှိတယ်။
ပထမဆုံး Hot Room ထဲဝင်ပြီး ချွေးထုတ်၊ ပြီးရင် Cold Shower (သို့) Ice Bath လုပ်၊ ပြီးတာနဲ့ Chill Room ထဲဝင်ပြီး အပြည်အလှန် ဆီလူးနှိပ်ပေးကြပေါ့။ အစက German Sauna ဆိုတာ အသက်ကြီးကြီး လူတွေပဲရှိတယ်ကြားထားတာ ရောက်သွားတော့ လူငယ်တွေအများကြီးပဲ။ အကုန်လုံးက ကိုယ်လုံးတီးတွေပဲနော်။ ချစ်သူရည်းစားလင်မယားတွေ လာကြတာလည်းရှိသလို သူငယ်ချင်းတွေ အတူတူလာကြတာလဲရှိတယ်။ ဒါပေမယ့် အကုန်ပွင့်ပွင့်လင်းလင်းပဲ အပြန်အလှန်ဆီလူးနှိပ်ပေးနေကြတာ။
ကျွန်တော်နဲ့သွားတဲ့ ဂျာမန်သူငယ်ချင်းကောင်မလေးကလည်း အပြန်အလှန်ဆီလူးနှိပ်ပေးကြမယ် ဆိုလို့ တစ်ယောက်တစ်လှည့် လုပ်ပေးခဲ့လိုက်တယ်။
အစကမသွားခင်အထိ အဲလို လူတွေအများကြီးကြားမှာ ကိုယ်လုံးတီးနေဖို့ဆိုတာ ကိုယ့်ဘာသာ အဲလောက် confident မရှိခဲ့ဘူး။ အခုတော့ နောက်တစ်ခါ ထပ်သွားဖို့ သူ့ကို ရက်ချိန်းလိုက်ပြီ။ 😁
တစ်ကယ့်ကို မိုက်တယ်။ ခန္ဓာပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ခံစားချက် ပိုကောင်းလာတယ်။
#ဂျာမဏီ