Meowing Across the Beer Land: Germany & Beyond

Meowing Across the Beer Land: Germany & Beyond Meow ...

ဒီနိုင်ငံမှာ အသိမိတ်ဆွေ သူငယ်ချင်း ဆွေမျိုး မရှိတဲ့ သူအနေနဲ့ Videx Form မှာ  Reference Person ဘယ်သူ့ကို ဖြည့်မလဲ ဘယ်လို ...
01/09/2025

ဒီနိုင်ငံမှာ အသိမိတ်ဆွေ သူငယ်ချင်း ဆွေမျိုး မရှိတဲ့ သူအနေနဲ့ Videx Form မှာ Reference Person ဘယ်သူ့ကို ဖြည့်မလဲ ဘယ်လို ဖြည့်ရမလဲ ဆိုတဲ့ အကြောင်း ညီမ တစ်ယောက် message ကနေ မေးလာလို့ သူ့ကို ဖြေပေးတဲ့ အတိုင်း ကျွန်မ လျှောက်တုန်းက ဖြည့်ခဲ့တဲ့ အကြောင်းပါ

Reference Person ဆိုတာ ကျွန်မ နားလည်တဲ့ သဘောက

Form မှာ ဖြည့်ထားသမျှ ၊ ကိုယ်လျှောက်ဖို့ ပြထားတဲ့ စာရွက်စာတမ်း ၊ ကိုယ့်ရဲ့ motivation letter မှာ ရေးထားတဲ့ story မှန်ကန်ကြောင်း ကို ကိုယ့်ရဲ့အကြောင်း facts check ဖို့ တောင်းတာလို့ နားလည်ပါတယ်

ကိုယ်က အဲ့နေရာမှာ ဖြည့်ပေးလိုက်တဲ့ သူရဲ့ contact information ကနေ တစ်ဆင့် ကိုယ့်အကြောင်း မှန်ကန်လား သံရုံးဘက်ကနေ ဆက်သွယ်ပြီး စုံစမ်းချင် စုံစမ်းနိုင်ပါတယ်

အဲ့ဒါကြောင့် ကျွန်မ ဖြည့်ခဲ့တုန်းက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် (Indian) တယောက်ရဲ့ contact ဖြည့်ပါတယ် သူ့ကိုလဲ ကျွန်မ Visa လျှောက်ထားကြောင်းနဲ့ ကျွန်မအကြောင်းဖုန်းဆက်မေးခဲ့ရင် ထောက်ခံပေးဖို့ သေချာဖြေပေးဖို့ အကြောင်းကြားထားပါတယ်

လက်ရှိ ဂျာမဏီကို ရောက်နေတဲ့သူ ဖြစ်ဖို့ မလိုပါဘူး ကိုယ့်အကြောင်းကို သေချာသိတဲ့ စာသင်ပေးတဲ့ဆရာ ဖြစ်ဖြစ် ၊ ကိုယ့်အလုပ်က မန်နေဂျာ ၊ သူဌေး ကစလို့ ကိုယ့်ကို သေချာလေး အကူညီပေးမယ့် အင်္ဂလိပ်စကား ပြောနိုင်မယ့် သူဖြည့်တာ ကောင်းတယ် လို့ ထင်ပါတယ်

ဗီဇာ မရခင် ကျွန်မအကြောင်း သံရုံးက ဖုန်း/ အီးမေးလ် ကနေ ဆက်သွယ်ပြီး မမေးခဲ့ပါဘူး မေးချင်မှလဲ မေးမှာပါ ဂျာမဏီသံရုံးက မေးမမေးလဲ ကျွန်မ သေချာမသိပါဘူး ဒါပေမယ့် ကနေဒါ ဗီဇာ လျှောက်ရင်တော့ randomly သံရုံးက သူတို့ မေးချင်တဲ့သူရှိရင် ဖုန်းဆက်မေးတာတော့ သူငယ်ချင်းတချို့ ကြုံလို့ ကြားဖူးပါတယ် အဲ့ဒါကြောင့် စိတ်ချရအောင် ကိုယ့်ကို ကူညီပြီး ထောက်ခံပေးမယ့် သူကို ဖြည့်တာ စိတ်ချရမယ်လို့ ထင်ပါတယ်

အကယ်၍ ဖုန်း/ အီးမေလ် နဲ့ အမေးခံရလို့ ဖြေတဲ့အခါမှာလဲ စာသင်ပေးတဲ့ဆရာ ဆိုရင် စာကြိုးစားကြောင်း ရိုးသားကြောင်း တော်ကြောင်း ၊ မန်နေဂျာဆိုရင်လဲ အလုပ်ထဲမှာ ကြိုးစားကြောင်း လုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်ကြောင်း ပြောပေးရင် လုံလောက်ပါတယ်

လာမေးတဲ့ ညီမကိုလဲ ကျေးဇူးတင်ပါတယ် ကျွန်မပိုစ့်တွေ
က အထောက်အကူဖြစ်တယ်ဆိုတာ သိရလို့လဲ ဝမ်းသာရပါတယ် အဆင်ပြေကြပါစေ…

30/08/2025

Opportunity Card နဲ့လာပြီး အဆင်ပြေ/မပြေ နဲ့
အလုပ်ရ/မရ တွေ ပိုစိတ်ဝင်စားလာကြလို့ ဒီရောက်ရင် ဘာမှ လုပ်စရာမရှိရင်တောင် ဒါလေးရှိပါတယ်လို့ အားပေးတာပါ 🌚

စတာပါဗျာ 😆…

နောက်ရက်ကျရင် Opportunity Card Visa နဲ့ ဝင်လာပြီး ရထားတဲ့ job contract နဲ့ EU blue card ကို ၂လအတွင်း ရခဲ့လို့ အလုပ်ချက်ခြင်း ဆင်းခွင့်ရတဲ့ အကြောင်း တင်ပေးပါမယ်

Disclaimer: ကျွန်မ Page အစ လုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ လုပ်ခဲ့သမျှ သူငယ်ချင်းတွေကို တစ်ယောက်ချင်း ဆို ခဏခဏ ပြောရလို့ စာတွေစုရေးပေးထား တဲ့အခါ တစ်ခါတည်း ဖတ်ပြီး စိတ်ဝင်စားတဲ့သူ လိုက်လုပ်လို့ရအောင် ရည်ရွယ်တာကြောင့် ဒီလာရင် စလုံးလောက်

အဆင်ပြေပါ့မလား?
အလုပ်ရပါ့မလား ?
လာသင့်လား ?
လစာနည်းလား ?
နေထိုင်ရအဆင်ပြေလား ?

ဆိုတဲ့ မေးခွန်းတွေ အတွက် အဖြေမရှိပါဘူး

ကျွန်မအတွက် အဆင်ပြေပေမယ့် ကျန်တဲ့သူအတွက်တော့ အဆင်ပြေမပြေ ကြိုက်မကြိုက် အခြေနေတွေ ရှိတာမို့ ကျွန်မလို ဘာဖြစ်ဖြစ်ဟာ သွားမှာပဲ ဆိုတဲ့ သူအတွက်ကတော့ အဆင်မပြေတာတွေ ရှိလဲ မရရအောင် ကြိုးစားရင်း ဒီမှာနေရတဲ့ slow living life ကို ကြိုက်ပါတယ် …

အဆင်ပြေကြပါစေ ….

Supporting Document အနေနဲ့ တင်ခဲ့တဲ့ Cover Letter ကို reference ယူချင်သူများအတွက် ဖြစ်ပါတယ်Cover Letter က mandatory တောင...
21/07/2025

Supporting Document အနေနဲ့ တင်ခဲ့တဲ့ Cover Letter ကို reference ယူချင်သူများအတွက် ဖြစ်ပါတယ်

Cover Letter က mandatory တောင်းတဲ့ document ထဲမပါပေမယ့် ကျွန်မ လျှောက်တုန်းက ထည့်ဖြစ်ခဲ့ပါတယ်

ရည်ရွယ်ချက်ကတော့ ကျွန်မ နဲ့အတူတူ spouse ပါလျှောက်တယ် ဆိုတာ သိစေချင်တာရယ် ကျွန်မရော spouse ရော ၂ယောက်လုံးရဲ့ working field ကို သတိထားမိ စေချင်တာကြောင့် ဖြစ်ပါတယ်

Visa တင်တဲ့အရခါ individual တင်ရတာမို့ Motivation Letter ထဲမှာ spouse အကြောင်းကို mention လုပ်ပြီးရေးရင် ကျွန်မအကြောင်း နဲ့ ရောကုန်မှာ စိုးတာကြောင့် အဆင်မပြေလောက်ဘူး ထင်လို့ Cover Letter ရေးပြီး အသိပေးတဲ့ သဘောအနေနဲ့ ထည့်ခဲ့ပါတယ်

အဆင်ပြေပါစေ …

Motivation Letter ရေးဖို့ အခက်အခဲ ရှိသူတွေ အတွက် ကျွန်မ ရေးခဲ့တုန်းက format ဖြစ်ပါတယ် စာအများကြီး ဆို ကျွန်မလဲ ဖတ်ဖို့ ပ...
21/07/2025

Motivation Letter ရေးဖို့ အခက်အခဲ ရှိသူတွေ အတွက် ကျွန်မ ရေးခဲ့တုန်းက format ဖြစ်ပါတယ် စာအများကြီး ဆို ကျွန်မလဲ ဖတ်ဖို့ ပျင်းတာမို့ visa officer တွေ ဆိုတာ တနေ့ကို ဒီလိုစာတွေ တစောင်မက ဖတ်ရမယ် လို့ ယူဆပြီး သူတို့လဲ မပျင်းရအောင် short to the points ပဲ ကျွန်မ ရေးခဲ့ပါတယ်

တစ်ခု သတိထားစေချင်တာက လက်ရှိ အလုပ်လုပ်နေတဲ့ job title ကို German embassy က ဖော်ပြထားတဲ့ bottle neck professional မှာ ဝင်စစ်ပြီး ကိုယ့် job title နဲ့ ခေါင်းစဉ် တည့်တည့်ကြီး တူမနေခဲ့ရင်/ပါမနေခဲ့ရင် job title ကို သူတို့ ဖတ်လိုက်တာနဲ့ bottle neck professional မှာ သွားစစ်တဲ့အခါ အကုန်တူမနေရင်တောင် သူတို့သိတဲ့ key word လေးတွေ ထည့်ပေးမှ Visa chance ပိုများမယ်လို့ ထင်ပါတယ် (ကျွန်မအယူအဆပါ)

ဥပမာ - Software Engineer, IT Team Lead, Project Manager လို job title တွေက visa officer အနေနဲ့ ရင်းနှီးပြီးသား ရှာလို့ လွယ်မယ့် နာမည်တွေဖြစ်ပေမယ့်

Quantity Surveyor (QS) , BIM Coordinator, BIM Lead , BIM Modeller, Drafter အစရှိတဲ့ job title မျိုးတွေက bottle neck professional ထဲမှာလဲ တိုက်ရိုက်မပါသလို သာမာန်လူအနေနဲ့ ဖတ်လိုက်ရင်လဲ ဘာအလုပ်လုပ်မှန်း ရေရေရာရာ မသိသာစေပါဘူး စာထဲမှာ ထည့်ရှင်းပြမယ်လို့ တွေးထားပေမယ့်လည်း စာသေချာ မဖတ်တဲ့ Visa officer လိုမျိုးနဲ့ တွေ့မယ်ဆိုရင်/ ကိုယ့်အလုပ်အကြောင်းရှင်းပြထားပေမယ့်လည်း သူတို့ နားမလည်ခဲ့ရင် Visa chance အတွက်က အခက်အခဲရှိနိုင်ပါတယ်

ကျွန်မလျှောက်ခဲ့တုန်းကတော့ Construction နဲ့ Engineer ဆိုတဲ့ စကားလုံး ပါအောင်ထည့်ခဲ့ပါတယ် Construction/ Engineer ဆိုတဲ့ စကားလုံးက တော်တော်များများ ရင်းနှီးပြီးသားဖြစ်သလို bottle neck professional မှာလဲ Construction Project manager / Engineer လို job title ပါတဲ့ အတွက် visa officer decision အတွက်လဲ လွယ်လွယ်ကူကူ အထောက်အကူ ပြုစေမှာပါ

အဆင်ပြေပါစေ …

KMK Recognition application လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုဖြစ်တဲ့ Final Project ပြီးစီးကြောင်း ကျောင်းရဲ့ စာရွက် တော...
21/07/2025

KMK Recognition application လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုဖြစ်တဲ့ Final Project ပြီးစီးကြောင်း ကျောင်းရဲ့ စာရွက် တောင်းရတဲ့အခါ တစ်ချို့ကျောင်းတွေက ရေးရမယ့် စာနဲ့ format တောင်းကြလို့ ကျွန်မ ထုတ်ခဲ့တုန်းက ကျောင်းက ဌာနမှုး ရေးပေးတဲ့ စာ နမူနာ တင်ပေးလိုက်ပါတယ်

အဆင်ပြေပါစေ …

Adresse

Hamburg

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Meowing Across the Beer Land: Germany & Beyond erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen

Kategorie