Awaken Your Inner Motion

Awaken Your Inner Motion A warm welcome to you. This channel is devoted to sharing knowledge through spoken word, for those who cannot find the time to read.

May each listening moment bring light to your path and wisdom to your heart.💕

ဒီရက်ပိုင်းမှာ ဆရာမမွန်ဟော်စီရဲ့စာအုပ်လေးတစ်အုပ်ဖြစ်တဲ့ You are your universe ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးဖို့ စိတ်လေးဖြစ်...
06/09/2025

ဒီရက်ပိုင်းမှာ ဆရာမမွန်ဟော်စီရဲ့စာအုပ်လေးတစ်အုပ်ဖြစ်တဲ့ You are your universe ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးဖို့ စိတ်လေးဖြစ်နေတာနဲ့ ဖတ်ပြပေးထားပါတယ်ရှင်။စုရဲ့ YouTube channel လေးမှာနားဆင်ရင်း မိမိကိုယ်ပိုင်စကြာဝဠာတွေကိုရှာဖွေနိုင်ကြပါစေ။ ဖန်တီးနိုင်ကြပါစေ။ ငြိမ်းချမ်းကြပါစေရှင် 🙏🏻🌿💕

https://www.youtube.com/

ဒီစာအုပ်ရဲ့ အဓိကပေးချင်တဲ့ သတင်းစကားက လူတိုင်းမှာ ကိုယ့်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေကတဆင့် ကိုယ့်ဘဝကို ပြောင်းလဲဖန်တီးနိ...
17/08/2025

ဒီစာအုပ်ရဲ့ အဓိကပေးချင်တဲ့ သတင်းစကားက လူတိုင်းမှာ ကိုယ့်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေကတဆင့် ကိုယ့်ဘဝကို ပြောင်းလဲဖန်တီးနိုင်တဲ့ ကိုယ်ပိုင်အတွင်းစွမ်းအား ရှိတယ် ဆိုတာပါ။

စာအုပ်ကို ဖတ်ဖို့ အချိန်မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့နော်။ ကျွန်မရဲ့ audiobook YouTube channel ကို like & subscribe လုပ်ပြီးနားထောင်နိုင်ပါပြီရှင်။

အဓိကအချက်တွေကတော့-

🍀 🍀 ကိုယ့်ကိုချစ်ခြင်း (Self-Love)
ကိုယ့်ကိုချစ်ဖို့၊ ကိုယ့်ကို လက်ခံဖို့၊ ကိုယ့်အပြစ်တွေကို ခွင့်လွှတ်ဖို့ လိုအပ်တယ်။

🍀🍀 အတွေးတွေက ဘဝကို ဖန်တီးတယ် (Thoughts Create Reality)
မကောင်းတဲ့ အတွေးတွေကို သတိထားပြီး၊ ကောင်းတဲ့အတွေးတွေကို ရွေးချယ်ဖို့ လိုတယ်။

🍀🍀 အခိုင်အမာ ပြောဆိုခြင်း (Affirmations)
မကြာခဏ ကောင်းမွန်တဲ့ စကားတွေကို ပြန်ပြောခြင်းဖြင့် ကိုယ့်စိတ်ထဲမှာ ယုံကြည်ချက်အသစ်တွေ တည်ဆောက်နိုင်တယ်။

🍀🍀 ကိုယ့်ကိုယ်တွင်းမှ ကလေးငယ်(Inner Child)
ငယ်စဉ်ကတည်းက ထိခိုက်ခံစားခဲ့ရဖူးတဲ့ “ကလေး” ရှိတတ်လို့၊ အဲဒီကလေးကို ကုစားပြီး စောင့်ရှောက်ဖို့ လိုတယ်။

🍀🍀 မိမိကိုယ် မိမိတာဝန်ယူခြင်း (Responsibility)
ကိုယ့်ဘဝကို ကိုယ့်အတွက် တာဝန်ယူမှ တကယ့်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်။

🍀🍀 ခွင့်လွှတ်ခြင်း (Forgiveness)
အခြားသူများနဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှ စိတ်ဒဏ်ရာတွေ ပျောက်ကွယ်ပြီး တိုးတက်နိုင်မယ်။

Thank you. Thank you. Thank you💞
https://www.youtube.com/

03/08/2025

ဆရာမကြီး Louise L.Hay ရဲ့ The Power Is Within You ဆိုတဲ့စာအုပ်ကို ဒေါက်တာဒေါ်ခင်စန်းမော် ဘာသာပြန်ထားတဲ့ ကိုယ့်ကိုယ်တွင်းမှ ပါဝါစွမ်းအင်ဆိုတဲ့ စာအုပ်ကို ဖတ်ပြပေးထားတာဖြစ်ပါတယ်ရှင်...
အစ အဆုံးနားထောင်ချင်တယ်ဆိုရင် ကျွန်မရဲ့ YouTube channel လေးမှာနားထောင်လို့ ရပါတယ်ရှင်။ Thank you. Thank you. Thank you💞
https://www.youtube.com/

🍀ကျေးဇူးတရား ကို journaling လုပ်ခဲ့တာ 2015 ကစခဲ့တာ။ ခုဆိုရင် ၁၀ စုနှစ်တစ်ခုပေါ့......🍀ဒီသတင်းကောင်းလေးနဲ့မိတ်ဆက်ပေးခဲ့တဲ...
29/07/2025

🍀ကျေးဇူးတရား ကို journaling လုပ်ခဲ့တာ 2015 ကစခဲ့တာ။ ခုဆိုရင် ၁၀ စုနှစ်တစ်ခုပေါ့......

🍀ဒီသတင်းကောင်းလေးနဲ့မိတ်ဆက်ပေးခဲ့တဲ့ ချစ်ရတဲ့ ညီမလေး ....

🍀ဒီ Gratitude journal ကိုမြန်မာလိုဘာသာပြန်ပြီး မျိုးစေ့ချပေးခဲ့တဲ့ @မမခိုင်ငြိမ်း

🍀နဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်။ မိတ်ဆွေကောင်း၊အလေ့အကျင့်ကောင်းတွေနဲ့တွေ့ရတယ်။ အဲ့ဒီအရာတွေကို တန်ဖိုးထားပြီး ဇွဲရှိရှိနဲ့ ကိုယ့်ကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပေးလို့ ကျေးဇူးတင်တယ်...

🕊️ကျေးဇူးတရားကိုလေ့ကျင့်ပြီးနောက်ပိုင်းမှာ စိတ်ထိခိုက်မှုတွေနည်းလာတယ်...
အရာရာကို ကျေးဇူးတင်စိတ်နဲ့ပဲ ကြည့်မြင်မိနေတော့ negative thought တွေကို awareness ရှိရှိနဲ့ရှုမြင်သုံးသပ်လာနိုင်ပြီး လူ့သဘော သဘာဝတရားတွေကို လက်ခံတတ်လာသလို ခွင့်လွှတ်နားလည်ပေးတတ်လာတယ်။

🙌🏻စု အကြောင်းလေးနည်းနည်းရေးရမယ်ဆိုရင်...ငယ်ငယ်လေးကတည်း ခုထိကိုယ့်ကိုယ်ကို စည်းကမ်းလေးထားပြီးနေတတ်တာပဲ။

👏🏻ဥပမာ... အိမ်မှာ အမေက စာကျက်ပါလို့ ခိုင်းစရာမလိုဘူး။ ကိုယ့်အသိတရားနဲ့ကိုယ်လုပ်တတ်တဲ့ အကျင့်။

🫶🏻အိမ်သန့်ရှင်းရေးလုပ်ဖို့ မခိုင်းရဘူး။ ကိုယ့်အချိန်နဲ့ကိုယ် လုပ်ပြီးသား။ ခိုင်းရင်လည်း မကြိုက်ဘူး😊 သူများလာမခိုင်းနဲ့ ကိုယ့်ကိုယ်ကိုပဲ လုပ်မယ်ဆိုတဲ့စိတ်ငယ်ငယ်လေးကတည်းကရှိတယ်။

🤝ပြီးတော့ ကိုယ့်ကိုယ်ဆက်ဆံလို့ မကြိုက်တဲ့အရာတွေကို သူတစ်ပါးကိုလည်း လုပ်လေ့မရှိဘူး။ ဒါက ငယ်ငယ်ကတည်းက စု ကိုယ့်ကိုယ်ကို ထားတဲ့စည်းကမ်းပေါ့နော်။ ထားပါတော့ အဲ့လိုလေးတွေအများကြီးရှိတယ်ပေါ့။။။

👏🏻အဲ့လိုပဲ စုကအမြဲတမ်းသင်ယူနေရတာကို ခုံမင်သူ... Curiosity ဖြစ်နေတာက ကိုယ့်ကိုယ်ကို ကြိုက်တဲ့အချက်ထဲပါတယ် လို့ပြောရမယ်။ ဒါကြောင့်လည်း ဒီ Gratitude journal ကို ယုံယုံကြည်ကြည်ရေးရင်း စိတ်နေစိတ်ထားတွေပြောင်းလဲလာခဲ့တယ်။

✍🏻အခြားသော ဘဝမှာသင်ယူစရာတွေအများကြီးကိုလည်း သင်ယူခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ခုထိလည်း နေ့တိုင်းသင်ယူနေဆဲပါပဲ။ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝရှင်သန်မှုမှာ မရှိမဖြစ်အရေးပါတဲ့ စိတ်ထားလေးတစ်ခုကို ပြောပါဆိုရင်...ကျေးဇူးတင်တတ်တဲ့၊ တန်ဖိုးထားတတ်တဲ့၊ သူတစ်ပါးကိုရော မိမိကိုယ်ကိုရော အပြစ်မတင်၊မမြင်တတ်တဲ့ စိတ်ကလေးသာ အဓိကလိုတယ်လို့ စုကတော့မြင်တာပဲ...အဲ့လိုပြောလို့ အားလုံးကို ကောင်းနေရမယ်ဆိုလိုတာမဟုတ်ဘူးနော်။😄

🧘🏼‍♀️သူ့ရဲ့အရှိအတိုင်းကို လက်ခံပြီးနေတာ...Acceptance ။ ကိုယ်နဲ့မကိုက်ညီဘူးထင်ရင်လည်း အငြင်းမပွားပဲ လှည့်ထွက်လာလိုက်တာ၊ လုံးဝရှောင်လွှဲလို့မရရင်လည်း အော်...သူပဲလေ ငါမှ မဟုတ်တာ ဆိုတဲ့စိတ်နဲ့ နားလည်ခွင့်လွှတ်လိုက်တယ်လေ။ forgiveness

😇ဒါတွေဟာ ကိုယ့်ကိုယ်ကိုထားတဲ့တန်ဖိုးနဲ့ လေးစားမှု...အဲ့ဒီလိုပေါ့။ Boundaries တွေထားလာနိုင်တယ်။

✌️လူပဲလေ နေ့တိုင်းစိတ်ညစ်စရာ၊အဆင်မပြေတာတွေ၊အဖက်ဖက်က ကြုံနေရမှာပဲ...ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကလေးကို သတိလေးကပ်ပြီး "ငါတော့ ဒေါသဖြစ်နေပြီ ...သူ့ကိုတော့မကျေမနပ်ဖြစ်နေပြီ သတိလေးထားမှ" ဆိုတဲ့ အသိလေးဝင်ပြီး ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်တယ်ဆိုရင်ပဲ အတော်လေး နေလို့ကောင်းသွားပြီ ...

🪽စုတို့ Spiritual ကဆရာတွေပြောသလို Self-awareness, Acceptance , forgiveness တို့ဆိုတာ သူများအတွက်မဟုတ်ဘူး ကိုယ့်ကိုယ်ကို ငြိမ်းချမ်းဖို့အတွက်ပါပဲ။

💁🏼‍♀️ဘယ်သူတွေက ကိုယ့်ကိုယ် ဘာပဲပြောပြော...ဘယ်လိုထင်ထင် အရေးမကြီးဘူးလေနော်...

👩‍❤️‍💋‍👩မှန်ထဲမှာနေ့စဉ် မြင်နေရတဲ့ ကိုယ့်ကိုယ်ကို တစ်ကယ်ချစ်တတ်နေပြီလား...?

ကိုယ့်ကိုယ်ကို ထင်တဲ့ အထင်ကဘာလည်း...?

🙇🏼‍♀️ကိုယ့်ကိုယ်ကိုထားတဲ့ တန်ဖိုးထားမှု၊ လေးစားမှု၊ ဘဝ ခံယူချက်တွေက ဘာလည်း...?

ဒါတွေကို မိမိကိုယ်တိုင်သဲသဲကွဲကွဲသိဖို့ပဲ ပိုအရေးကြီးပါတယ်လို့...စုရဲ့ ဆရာတစ်ယောက် အမြဲပြောတာလေးကို ပြန်ပြောပြပါရစေ...

"Mind your own business" တဲ့။ အတိုချုပ်ကို MYOB လို့ခေါ်ပါတယ်။ ဒါကြောင့် "Mind my own business" လုပ်နေပါတယ်။ MMOB
အဆုံးထိဖတ်ပေးလို့...

Thank you, Thank you, Thank you

Gratitude journal day - 28"မက်ဂျစ်ကို သတိရပါ"၁။ သင်ရဲ့ဝမ်းသာစရာများကို ရေတွက်မှတ်သားပါ။ဝမ်းသာစရာဆယ်ခုကို စာရင်းပြုလုပ်ပါ...
27/07/2025

Gratitude journal day - 28
"မက်ဂျစ်ကို သတိရပါ"

၁။ သင်ရဲ့ဝမ်းသာစရာများကို ရေတွက်မှတ်သားပါ။ဝမ်းသာစရာဆယ်ခုကို စာရင်းပြုလုပ်ပါ။ သင်ကျေးဇူးတင်တဲ့အကြောင်းကို ရေးပါ။သင့်စာရင်းကို ပြန်ဖတ်၍ ဝမ်းသာစရာတစ်ခုပြီးတိုင်း thank you,thank you,thank you ပြောပြီး သင်တတ်နိုင်သလောက် အဲဒီဝမ်းသာစရာကိုကျေးဇူးတင်ပါ။ ဤစာအုပ်တလျှောက် သင်သည်ဝမ်းသာစရာ ၂၈၀ ကိုရေးပြီးပြီ။

၂။ မနေ့ကဝမ်းသာစရာကို ရေတွက်၍ ချရေးခြင်းဖြင့် မက်ဂျစ်ကိုသတိရပါ။ဤမေးခွန်းကို ကိုယ့်ကိုယ်ကို မေးပါ။ မနေ့ကဖြစ်ခဲ့တဲ့ ကောင်းတဲ့အရာတွေက ဘာတွေလဲ?သင်က မနေ့ကဝမ်းသာစရာတွေအားလုံးကို သတိတရချရေးပြီးလို့ ကျေနပ်သည့်တိုင်အောင် ထိုနေ့က ထူးခြားသည့် အဖြစ်အပျက်ကိုတွေ့အောင်ရှာပါ။

၃။ ဝမ်းသာစရာတစ်ခုကို သတိရနေစဉ် စိတ်ထဲမှာ thank you ဆိုတဲ့မှော်စကားလုံးတွေကိုပြောရုံပါပဲ။

၄။ ဒီနေ့ပြီးတဲ့နောက် သင်ကဤကျင့်စဉ်ကို ရေးသားထားသော စာရင်းတစ်ခုအနေဖြင့်လုပ်နိုင်သလို၊စိတ်ထဲကဖြစ်စေ၊အသံထုတ်၍လည်း ဖြစ်စေလုပ်နိုင်တယ်။မနေ့က သင်ကျေးဇူးတင်တဲ့အရာတွေကို အသေးမစိတ်ဘဲ စာရင်းတိုပြုစုနိုင်သလို အသေးစိတ်စာရင်းရှည်ကိုလည်း ပြုစုနိုင်ပါတယ်။ အသေးစိတ်စာရင်းရှည်ထဲမှာ သင်ကျေးဇူးတင်တဲ့အကြောင်းကို ထည့်ပြောပါ။

၅။ ဒီည သင်မအိပ်မီလေးမှာလက်တစ်ဖက်ထဲမှာ သင်ရဲ့မှော်ဝင်ကျောက်ခဲကိုကိုင်ပြီး တစ်နေ့တာအတွင်း ဖြစ်ခဲ့တဲ့ အကောင်းဆုံးအရာ အတွက် thank you ဆိုတဲ့မှော်စကားလုံးတွေကို ပြောပါ။

Gratitude journal day - 27"မှော်ဝင်မှန်"၁။ သင်ရဲ့ ဝမ်းသာစရာတွေကို ရေတွက်မှတ်သားပါ။ ဝမ်းသာစရာဆယ်ခုကို စာရင်းပြုစုပါ။သင်ကျ...
26/07/2025

Gratitude journal day - 27

"မှော်ဝင်မှန်"

၁။ သင်ရဲ့ ဝမ်းသာစရာတွေကို ရေတွက်မှတ်သားပါ။ ဝမ်းသာစရာဆယ်ခုကို စာရင်းပြုစုပါ။သင်ကျေးဇူးတင်တဲ့ အကြောင်းကိုရေးပါ။ သင့်စာရင်းကိုပြန်ဖတ်၍ ဝမ်းသာစရာတစ်ခုပြီးတိုင်း thank you, thank you, thank you ပြောပြီးသင်တတ်နိုင်သလောက်အဲဒီဝမ်းသာစရာကို ကျေးဇူးတင်ပါ။

၂။ ဒီနေ့သင်ကိုယ့်ကိုယ်ကို မှန်ကြည့်တဲ့အခါတိုင်း thank you ပြောပါ။အရင်က သင်ပြောဖူးတာထက် ပိုပြီး အလေးအနက်ပြောပါ။

၃။ သင်ကတကယ် သတ္တိရှိရင် မှန်ကြည့်နေစဉ် ကိုယ့်ကိုယ်ကို ကျေးဇူးတင်တဲ့အရာ သုံးခုကိုပြောပါ။

၄။ ဒီည သင်မအိပ်မီလေးမှာ လက်တစ်ဖက်ထဲမှာ သင်ရဲ့မှော်ကျောက်ခဲကိုကိုင်ပြီး တစ်နေ့တာ အတွင်းဖြစ်ခဲ့တဲ့ အကောင်းဆုံးအရာအတွက် thank you ဆိုတဲ့မှော်စကားလုံးတွေကို ပြောပါ။

Gratitude journal day - 26" အမှားများကို ဝမ်းသာစရာအဖြစ် မှော်အစွမ်းဖြင့် ပြောင်းလဲပါ"၁။ သင်ရဲ့ ဝမ်းသာစရာများကို ရေတွက်မှ...
25/07/2025

Gratitude journal day - 26
" အမှားများကို ဝမ်းသာစရာအဖြစ် မှော်အစွမ်းဖြင့် ပြောင်းလဲပါ"

၁။ သင်ရဲ့ ဝမ်းသာစရာများကို ရေတွက်မှတ်သားပါ။ဝမ်းသာစရာဆယ်ခုကို စာရင်းပြုစုပါ။သင်ကျေးဇူးတင်တဲ့ အကြောင်းကိုရေးပါ။သင့်စာရင်းကို ပြန်၍ဖတ်ပါ။သင့်စာရင်းကိုပြန်ဖတ်၍ ဝမ်းသာစရာတစ်ခုပြီးတိုင်း thank you,thank you,thank you ပြောပြီး သင်တတ်နိုင်သလောက် အဲ့ဒီဝမ်းသာစရာများကို ကျေးဇူးတင်ပါ။

၂။ ဘဝမှာသင်လုပ်ခဲ့တဲ့ အမှားတစ်ခုကို ရွေးချယ်ပါ။

၃။ အဲ့ဒီအမှားကို လုပ်ရလို့ အကျိုးဆက်အဖြစ် သင်ကျေးဇူးတင်တဲ့ ဝမ်းသာစရာဆယ်ခုကို ရှာပြီးချရေးပါ။

၄။ ဝမ်းသာစရာတွေကို ရှာတွေ့ရန် သင်ကဤမေးခွန်းတွေကိုကိုယ့်ကိုယ် ကိုမေးနိုင်တယ်။ဒီအမှားတွေကနေ ငါဘာကိုလေ့လာသင်ယူခဲ့သလဲ?ပြီးတော့။။ဒီအမှားကနေထွက်ပေါ်လာခဲ့တဲ့ ကောင်းတဲ့အရာတွေက ဘာတွေလဲ။

ဒီည သင်မအိပ်မီလေးမှာ လပ်တစ်ဖက်ထဲမှာ သင်ရဲ့ မှော်ဝင်ကျောက်ခဲကိုကိုင်ပြီး တစ်နေ့တာ အတွင်းဖြစ်ခဲ့တဲ့ အကောင်းဆုံး အရာအတွက် thank you ဆိုတဲ့ မှော်စကားလုံးတွေကိုပြောပါ။

Gratitude journal day - 25"မှော်အရိပ်"၁။ သင်ရဲ့ ဝမ်းသာစရာများကို ရေတွက်မှတ်သားပါ။ ဝမ်းသာစရာ ဆယ်ခုကို စာရင်းပြုစုပါ။ သင်က...
24/07/2025

Gratitude journal day - 25
"မှော်အရိပ်"

၁။ သင်ရဲ့ ဝမ်းသာစရာများကို ရေတွက်မှတ်သားပါ။ ဝမ်းသာစရာ ဆယ်ခုကို စာရင်းပြုစုပါ။ သင်ကျေးဇူးတင်တဲ့ အကြောင်းကိုရေးပါ။သင့်စာရင်းကို ပြန်ဖတ်၍ ဝမ်းသာစရာတစ်ခုပြီးတိုင်း thank you,thank you,thank you ပြောပြီးသင်တတ်နိုင်သလောက်အဲ့ဒီဝမ်းသာစရာကို ကျေးဇူးတင်ပါ။

၂။ ဒီနေ့သင့်ပတ်ဝန်းကျင်မှာ ရှိတာတွေကို သတိပြု၍ သင်ရဲ့တစ်နေ့တာဖြစ်ရပ်များမှ အနည်းဆုံး ကျေးဇူးတရားအရိပ် ခုနှစ်ခု ကိုယူပါ။ဥပမာ-သင်လိုချင်တဲ့ အကောင်းဆုံး အလေးချိန်ရှိတဲ့သူ တစ်ယောက်ကိုမြင်တယ်ဆိုရင်"ငါ့ရဲ့အကောင်းဆုံးအလေးချိန်ကို ကျေးဇူးတင်ပါတယ်" လို့ပြောပါ။

၃။ ဒီည သင်မအိပ်မီလေးမှာ လက်တစ်ဖက်ထဲမှာ သင်ရဲ့မှော်ဝင်ကျောက်ခဲကို ကိုင်ပြီးတစ်နေ့တာအတွင်း ဖြစ်ခဲ့တဲ့အကောင်းဆုံးအရာအတွက် thank you ဆိုတဲ့ မှော်စကားလုံးတွေကို ပြောပါ။

Gratitude journal day - 24" မှော်ဝင်ကြိမ်လုံး"၁။ သင်ရဲ့ဝမ်းသာစရာများကို မှတ်သားပါ။ဝမ်းသာစရာဆယ်ခုကို စာရင်းပြုစုပါ။သင်ကျေ...
23/07/2025

Gratitude journal day - 24

" မှော်ဝင်ကြိမ်လုံး"

၁။ သင်ရဲ့ဝမ်းသာစရာများကို မှတ်သားပါ။ဝမ်းသာစရာဆယ်ခုကို စာရင်းပြုစုပါ။သင်ကျေးဇူးတင်တဲ့ အကြောင်းကိုရေးပါ။သင့်စာရင်းကို ပြန်ဖတ်၍ဝမ်းသာစရာတစ်ခုပြီးတိုင်း thank you,thank you,thank you ပြောပြီး သင်တတ်နိုင်သလောက်အဲဒီ ဝမ်းသာစရာကို ကျေးဇူးတင်ပါ။

၂။ သင်ဂရုစိုက်သော လူသုံးဦးကိုရွေးချယ်လိုက်ပါ။ အဲဒီ လူသုံးဦးကိုသက်ကပိုပြီးကျန်းမာအောင်,ချမ်းသာအောင်,ပျော်ရွှင်အောင် ကူညီချင်နေတယ်။ဒါမှမဟုတ် သုံးမျိုးစလုံး ပြည့်စုံအောင် ကူညီချင်နေတယ်။

၃။ သူတို့ကို ရပြီဆိုရင်အဲဒီလူသုံးဦးဓာတ်ပုံတစ်ပုံစီကိုစုဆောင်းပါ။သင်က မှော်ဝင်ကြိမ်လုံးကျင့်စဉ်ကို လုပ်နေစဉ် သင်ရဲ့ရှေ့မှာဓာတ်ပုံတစ်ပုံထားပါ။

၄။ တစ်ကြိမ်လျှင်တစ်ဦး စတင်လုပ်ပါ။လက်ထဲမှာ သူ့ရဲ့ဓာတ်ပုံကို ကိုင်ထားပါ။မျက်လုံးမှိတ်ထားပြီး အဲဒီလူရဲ့ ကျန်းမာရေး၊ဥစ္စာဓန(သို့မဟုတ်)ပျော်ရွှင်မှုသည် အလုံးစုံ နဂိုအတိုင်းပြန်ဖြစ်သွား၍ သင်က သတင်းရရှိနေတယ်လို့ တစ်မိနစ်တိုင်တိုင် စိတ်တွင်မြင်ယောင်ကြည့်ပါ။

၅။ မျက်လုံးဖွင့်လိုက်ပါတော့။လက်ထဲမှာ ဓာတ်ပုံနှင့်အတူမှော်စကားလုံးတွေကို ဖြေးဖြေးပြောပါ။" အမည်" ကျန်းမာ၊ချမ်းသာ(သို့မဟုတ်)ပျော်ရွှင်နေလို့ thank you,thank you, thank you"

၆။ လူတစ်ဦးပြီးတဲ့အခါ နောက်တစ်ယောက်ကို ကူးပြောင်းလိုက်ပါ။သင်ကလူသုံးဦးစလုံးအတွက် မှော်ကြိမ်လုံးကျင့်စဉ်ကို ပြီးသည့်တိုင်အောင်ဆိုခဲ့ပြီးသော အဆင့်နှစ်ဆင့်ကိုလိုက်နာဆောင်ရွက်ပါ။

၇။ ဒီည သင်မအိပ်မီလေးမှာ လက်တစ်ဖက်ထဲမှာသင့်ရဲ့ မှော်ဝင်ကျောက်ခဲကို ကိုင်ပြီး တစ်နေ့တာအတွင်း ဖြစ်ခဲ့တဲ့ အကောင်းဆုံးအရာအတွက် thank you ဆိုတဲ့မှော်စကားလုံးတွေကို ပြောပါ။

Adresse

Munich
81929

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Awaken Your Inner Motion erfährt. Ihre E-Mail-Adresse wird nicht fßr andere Zwecke verwendet und Sie kÜnnen sich jederzeit abmelden.

Teilen

Kategorie