
11/08/2025
ကလပ်ကမ္ဘာ့ဖလား နဲ့ ယူရိုပါကွန်းဖရင့်စ်လိဂ်ဖလားတွေကို တနှစ်တည်းရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခဲယဉ်းပါတယ် ။ အရင်တုန်းကဆိုရင် လုံးဝမဖြစ်နိုင်ပါဘူး ၊ ဘာလို့လည်းဆိုတော့ ကလပ်ကမ္ဘာ့ဖလားက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ရမှ ဝင်ပြိုင်ခွင့်ရှိတာဖြစ်လို့ပါ ။ အခုလည်း ၄ နှစ်မှ တကြိမ်ကျင်းပတာဖြစ်တာကြောင့် ချဲလ်ဆီးလိုမျိုး ၊ အန်ဇို မာရက်စကာလိုမျိုး ထူးခြားတဲ့ နှစ်ထပ်ကွမ်းအောင်မြင်မှုရရှိဖို့က အလွန်ခဲယဉ်းသွားပါပြီ ။