Kaung Htet Family Sports

Kaung Htet Family Sports ibet789 Senior Agent

viber- 09 792 096 740

Rodrygo ကို Arsenal စိတ်ဝင်စားနေတာအမှန်တကယ်ဖြစ်ပါတယ်ဒါပေမဲ့ Arsenal တွန့်နေရတဲ့အကြောင်းက ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့...
08/08/2025

Rodrygo ကို Arsenal စိတ်ဝင်စားနေတာ
အမှန်တကယ်ဖြစ်ပါတယ်
ဒါပေမဲ့ Arsenal တွန့်နေရတဲ့အကြောင်းက ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့လစာပါ
ပေါင် ၂.၅ သန်း (တစ်ပတ်စာ) လောက်ပေးချေရမှာဖြစ်တာကြောင့်ပါ
အငှါးနဲ့ခေါ်လို့ရခဲ့မယ်ဆိုရင်တော့ ဒီလစာ
ပမဏက ပေးကိုပေးရမှာပါ

ယာမယ်ပဲမျှော်လင့်လို့ရတဲ့ စံချိန်သစ်ဘလွန်းဒီအော်ဆုပေးပွဲကို ဒီနေ့မှာပေးသွားမယ်ဆိုတော့ ယာမယ်တစ်ယောက်ပဲရနိုင်တဲ့ စံချိန်အက...
08/08/2025

ယာမယ်ပဲမျှော်လင့်လို့ရတဲ့ စံချိန်သစ်

ဘလွန်းဒီအော်ဆုပေးပွဲကို ဒီနေ့မှာပေးသွားမယ်ဆိုတော့ ယာမယ်တစ်ယောက်ပဲရနိုင်တဲ့ စံချိန်အကြောင်းသွားတွေးမိတယ်။ လူငယ်ကစားသမားတွေကိုပဲပေးတဲ့ Kopa Trophy ဆုရဲ့ ဆန်ကာတင်စာရင်းမှာ ယာမယ်လည်း ပါဝင်နေခဲ့တယ်။

ဒါကပြီးခဲ့နှစ်က Kopa Trophy ရခဲ့တဲ့ ယာမယ်အတွက်တော့ 2 နှစ်ဆက်တိုက်ရယူနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီလူငယ်တောင်ပံကစားသမား ဒူရေက ဒီဆုကိုရဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပေမယ့် ယာမယ်သာ Kopa Trophy ကိုထပ်ရခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းမှာ ဒီဆုကို 2နှစ်ဆက်တိုက်ရတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်တော့မှာဖြစ်ပါတယ်။

ဂုဏ်ဆာခဲ့တဲ့ ချယ်လ်ဆီးအသင်းချယ်လ်ဆီးအသင်းကတော့ မနေ့ကညမှာတင် အသင်းပရိသတ်တွေနဲ့အတူ ဖလားပြပွဲလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအမျ...
07/08/2025

ဂုဏ်ဆာခဲ့တဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းကတော့ မနေ့ကညမှာတင် အသင်းပရိသတ်တွေနဲ့အတူ ဖလားပြပွဲလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ ပေါင်းလိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖလား 5 လုံးထိသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ချယ်လ်ဆီးအမျိုးသားအသင်းက ကွန်းဖရန့်လိဂ်နဲ့ Club World Cup ကိုအရယူပြီး ဥရောပအောင်မြင်မှုရခဲ့သလို ချယ်လ်ဆီးအမျိုးသမီးအသင်းကလည်း ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေတို့လက်ထက် အမျိုးသားရော၊ အမျိုးသမီးအသင်းပါ အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီလည်းဖြစ်ပါတယ်။

အစဉ်လာမပြတ် 1 ပွဲတည်း 2 ခါရှုံးတဲ့ အာဆင်နယ်ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲတုန်းက မန်ယူအသင်းကို တစ်ပွဲတည်းမှာ 2 ကြိမ်ရှုံးခဲ...
07/08/2025

အစဉ်လာမပြတ် 1 ပွဲတည်း 2 ခါရှုံးတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲတုန်းက မန်ယူအသင်းကို တစ်ပွဲတည်းမှာ 2 ကြိမ်ရှုံးခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုရာသီကြိုခြေစမ်းပွဲမှာလည်း ဗီလာရီးရဲလ်ကို အစဉ်အလာမပြတ် တစ်ပွဲတည်း 2 ကြိမ်ထပ်ရှုံးခဲ့ပြန်ပါတယ်။ ဒီပွဲမှာအာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးသစ် ယော်ကီရက်ဇ်ပါခဲ့ပေမယ့် ဘာမှမလုပ်ပြနိုင်ခဲ့သလို အာဆင်နယ်ဟာလည်း အားနည်းချက်တွေကို တွေ့မြင်ခဲ့ရပါတယ်။

အာဆင်နယ်မှာ သုံးစားမရလို့ အသင်းကနေထွက်ခွာသွားရတဲ့ ပီပီကလည်း ဒီပွဲစဉ်မှာအသင်းဟောင်းကို ဦးဆောင်ဂိုးသွင်းပြီး ကျေးဇူးဆပ်ပြခဲ့သလို ဗီလာရီးရဲလ်နဲ့ပွဲမှာ မိနစ် 90 ကစားလည်းမနိုင်၊ ပင်နယ်တီကန်ပြန်တော့လည်း မနိုင်ခဲ့တာကတော့ အာဆင်နယ်ကို တော်တော်လေးအရှက်ကွဲသွားစေခဲ့ပါတယ်။

ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ လိုအပ်ချက်များစွာရှိခဲ့သလို ယော်ကီရက်ဇ် ဂိုးသွင်းနိုင်ဖို့အတွက်လည်း အသင်းရဲ့ကွင်းလယ်ပိုင်းက ဖန်တီးပေးနိုင်ခြင်းမရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မလို့လည်း 2 ပွဲကစား တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ ယော်ကီရက်ဇ်အနေနဲ့လည်း ဖိအားတွေအောက်မှာ ပိုလို့တောင်ရောက်သွားခဲ့ရပါတယ်။

ဒါတွေကခြေစမ်းပွဲတွေမလို့ ရလဒ်တွေကအရေးမကြီးပေမယ့် လာမယ့်ရာသီသစ်အတွက်စတင်မယ့် အာဆင်နယ်အသင်းအတွက်တော့ အနည်းငယ်စိုးရိမ်စရာကောင်းနေပါတယ်။ ရာသီသစ်အတွက် လူသစ်ခေါ်ယူမှုတွေလုပ်ထားပေမယ့် ထင်ထားသလိုမဖြစ်လာတဲ့အနေအထားမှာ အာဆင်နယ်အသင်းအနေနဲ့ ဘယ်လိုဘယ်ပုံရာသီသစ်ကို စတင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

ချယ်လ်ဆီးမှ ချယ်လ်ဆီးပဲယူနိုက်တက်အသင်းနဲ့ အဆင်မပြေဖြစ်နေခဲ့တဲ့ ဂါနာချိုကို ချယ်လ်ဆီးအသင်းအပြင် ဂျာမနီ၊ အီတလီနဲ့ ဆော်ဒီကလ...
06/08/2025

ချယ်လ်ဆီးမှ ချယ်လ်ဆီးပဲ

ယူနိုက်တက်အသင်းနဲ့ အဆင်မပြေဖြစ်နေခဲ့တဲ့ ဂါနာချိုကို ချယ်လ်ဆီးအသင်းအပြင် ဂျာမနီ၊ အီတလီနဲ့ ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့် ဂါနာချိုကတော့ ချယ်လ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။

ချယ်လ်ဆီးအသင်းဘက်ကလည်း အသင်းမှာမလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီးတာနဲ့ ဂါနာချိုကိုခေါ်ယူဖို့အတွက် ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မလို့ ချယ်လ်ဆီးကို ဂါနာချိုရောက်ပြီး ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်ဖို့က တော်တော်လေးနီးစပ်နေပြီဖြစ်ပါတယ်။

ဆာလာလိုဖြစ်လာမယ့်သူလီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အန်ဂူမိုဟာကို ပရိသတ်တွေကတော့ ဆာလာလိုဖြစ်လာမယ့်သူအဖြစ် တင်စာ...
05/08/2025

ဆာလာလိုဖြစ်လာမယ့်သူ

လီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အန်ဂူမိုဟာကို ပရိသတ်တွေကတော့ ဆာလာလိုဖြစ်လာမယ့်သူအဖြစ် တင်စားနေကြပါပြီ။ အကြောင်းပြချက်ကတော့ရှင်းပါတယ်၊ ဆာလာလိုမျိုး ချယ်လ်ဆီးအသင်းကထွက်လာပြီးမှ လီဗာပူးမှာအောင်မြင်နေတာကြောင့်လည်းဖြစ်ပါတယ်။

ဆာလာဟာ သူ့ရဲ့လူငယ်ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားဖြစ်ခဲ့သလို အန်ဂူမိုဟာကလည်း ချယ်လ်ဆီးအကယ်ဒမီထွက်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် 2024 ခုနှစ်မှာမှ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးတော့ လီဗာပူးလူငယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

မနေ့ညကကစားခဲ့တဲ့ ဘီဘာအိုအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက 4 ဂိုး၊ 1 ဂိုးနဲ့အနိုင်ရခဲ့ပြီး လီဗာပူးအသင်းအတွက် ဦးဆောင်ဂိုးကို အန်ဂူမိုဟာက ပွဲအစ 2 မိနစ်မှာတင် သွင်းယူပေးနိုင်ခဲ့သလို ဖန်တီးမှု 1 ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ပဲ ပရိသတ်တွေဟာ အန်ဂူမိုဟာကို အကြိုက်တွေ့နေကြပြီး ချီးကျူးမှုတွေလည်း ပြုလုပ်နေကြပါတယ်။

အန်ဂူမိုဟာက ရာသီကြိုခြေစမ်းပွဲ 3 ပွဲကစားပြီးချိန်မှာ လီဗာပူးအသင်းအတွက် 2 ဂိုးသွင်းပြီး 2 ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အသက်ကလည်း အခုမှ 16 နှစ်အရွယ်သာရှိသေးပေမယ့် သူ့ရဲ့ခြေစွမ်းကတည်ငြိမ်ရင့်ကျက်သလို အရည်အသွေးကောင်းမွန်နေတာကြောင့်လည်း ဆာလာလိုဖြစ်လာမယ့် ကစားသမားအဖြစ် တင်စားခံနေရပြီဖြစ်ပါတယ်။

ဆန်းတို့စ်ကို ထမ်းတင်ပေးနေပြီဘရာဇီးတိုက်စစ်ကစားသမား နေမာကတော့ သူ့ရဲ့ငယ်ဘဝကလပ် ဆန်းတို့စ်မှာ အသင်းကိုအကောင်းဆုံးထမ်းတင်ပေ...
05/08/2025

ဆန်းတို့စ်ကို ထမ်းတင်ပေးနေပြီ

ဘရာဇီးတိုက်စစ်ကစားသမား နေမာကတော့ သူ့ရဲ့ငယ်ဘဝကလပ် ဆန်းတို့စ်မှာ အသင်းကိုအကောင်းဆုံးထမ်းတင်ပေးနေပါတယ်။ နေမာပြန်ရောက်မလာခင်တုန်းက ဆန်းတို့စ်ဟာ အရင်ကဆန်းတို့စ်လိုမဟုတ်တော့ပဲ ခြေစွမ်းကျဆင်းနေခဲ့တာပါ။

ဒါပေမယ့် နေမာရောက်လာပြီးတည်းက အသင်းရဲ့ရလဒ်တွေက တဖြည်းဖြည်းကောင်းမွန်လာခဲ့သလို ဂျူဗင်တုအသင်းကို 3 ဂိုး၊ 1 ဂိုးနဲ့အနိုင်ရအပြီးမှာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ နေမာက ဆန်းတို့စ်အသင်းအတွက် သွင်းဂိုး 2 ဂိုးထိခြေစွမ်းပြကာ အသင်းကိုထမ်းတင်ပေးနိုင်ခဲ့ပါတယ်။

ဆွန်ကိုနှုတ်ဆက်ကြတော့ ဝမ်းနည်းမိပါရဲ့နယူးကာဆယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲကစားချိန် 65 မိနစ်မှာ ဆွန်ဟောင်မင်တစ်ယောက် လူ...
04/08/2025

ဆွန်ကိုနှုတ်ဆက်ကြတော့ ဝမ်းနည်းမိပါရဲ့

နယူးကာဆယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲကစားချိန် 65 မိနစ်မှာ ဆွန်ဟောင်မင်တစ်ယောက် လူစားလဲခံခဲ့ရပါတယ်။ သူလူစားလဲခံရတဲ့အချိန်မှာ ကွင်းထဲမှာရှိတဲ့ စပါးအသင်းရဲ့ကစားသမားတွေရော၊ နယူးကာဆယ်အသင်းရဲ့ကစားသမားတွေပါ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတယ်။ Guard of Honor လုပ်ခဲ့ကြသလို တစ်ကွင်းလုံးကပရိသတ်တွေကလည်း လက်ခုပ်တီးရင်းဂုဏ်ပြုခဲ့ကြပါတယ်။

ဒါကစပါးအသင်းကနေ ထွက်ဖို့ဆုံးဖြတ်ခဲ့တဲ့ ဆွန်ဟောင်မင်အတွက် စပါးကစားသမားဘဝ နောက်ဆုံးသောပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။ ဆွန်ဆိုတာက အာရှသားဆိုရင် အထင်သေးတတ်ကြတဲ့ ဥရောပဘောလုံးလောကကြီးမှာ သူဘာလဲဆိုတာကိုပြသနိုင်ခဲ့တဲ့အပြင် လူချစ်ခင်မှုကိုပါအရယူနိုင်ခဲ့သူပါ။

စိတ်ဓာတ်ကောင်းတယ်၊ နှိမ်ချဆက်ဆံတတ်တယ်၊ ကူညီပေးတတ်တယ်၊ ဒီအချက်တွေနဲ့တင် ဆွန်ဟာ ပရိသတ်အချစ်တော်၊ အသင်းဖော်တွေ၊ ပြိုင်ဘက်ကစားသမားတွေရဲ့ အချစ်တော်ဖြစ်ခဲ့တာပါ။ စပါးကိုလူငယ်လေးတစ်ယောက်အဖြစ်နဲ့ ရောက်လာခဲ့ပေမယ့် အသင်းခေါင်းဆောင်အဖြစ် ယူရိုပါလိဂ်ဖလားကိုပိုက်ပြီး အသင်းကနေဂုဏ်ယူစွာနဲ့ ထွက်ခွာလာနိုင်ခဲ့တယ်။

စပါးနဲ့ရခဲ့တာက ဖလားတစ်လုံးပဲဆိုပေမယ့် ဒီဖလားဟာ စပါးအတွက်ရော၊ ဆွန်ဟောင်မင်အတွက်ပါ အဓိပ္ပာယ်ရှိခဲ့တယ်။ ဖလားမရရင်တောင် ဆွန်ဟောင်မင်ဟာ စပါးအသင်းရဲ့ Legend ကစားသမားဖြစ်နေပြီးသားဆိုပေမယ့် ယူရိုပါလိဂ်ယူနိုင်ခဲ့တာက သူ့ရဲ့ကစားသမားဘဝကို လှပစေခဲ့ပါတယ်။ စပါးအသင်း ယူရိုပါလိဂ်ရလို့ အာရှသားဆွန်ဟောင်မင်အတွက် ပျော်ရွှင်မိခဲ့ကြတာကို အခုချိန်ထိမှတ်မိနေပါသေးရဲ့။

မော င်း ဘုရင်ရဲ့ All Over 3000ks နဲ့ ပေါ က် တဲ့ အဂျွတ်မွတ်ထွတ် Skill....25 သိ န်း ထု တ် Done ပါဗျာ.....555 mix ကတော့ ညီက...
04/08/2025

မော င်း ဘုရင်ရဲ့ All Over 3000ks နဲ့ ပေါ က် တဲ့
အဂျွတ်မွတ်ထွတ် Skill....25 သိ န်း ထု တ် Done ပါဗျာ.....

555 mix ကတော့ ညီကိုတို့ရဲ့ လက်ဆွဲတော်
မော င်း ဆော့ဝဲ ပါပဲဗျာ.....

က စာ၊းမယ်ဆိုရင် viber 09 792 096 740 hello

fans Kaung Htet Family Sports

အသင်းငယ်တွေက အသင်းကြီးဖြစ်မလာတဲ့ အကြောင်းအရင်းဘောလုံးလောကမှာ အသင်းငယ် ဒါမှမဟုတ် အလယ်အလတ်အသင်းတစ်သင်းက အသင်းကြီးဖြစ်လာဖို...
03/08/2025

အသင်းငယ်တွေက အသင်းကြီးဖြစ်မလာတဲ့ အကြောင်းအရင်း

ဘောလုံးလောကမှာ အသင်းငယ် ဒါမှမဟုတ် အလယ်အလတ်အသင်းတစ်သင်းက အသင်းကြီးဖြစ်လာဖို့ဆိုတာ ဘယ်လိုမှကိုမလွယ်ကူတဲ့ကိစ္စပါပဲ။ ဘဏ္ဍာရေးအခြေအနေအပြင် 2 ခါမရနိုင်တဲ့အကြောင်းအရာတွေရှိတာကြောင့်လည်း နယူးကာဆယ်တို့လို ချမ်းသာလွန်းတဲ့ပိုင်ရှင်သစ်ပြောင်းလာတော့မှသာ အသင်းကြီးဖြစ်လာဖွယ်ရှိပါတယ်။

ဒီမှာပြောချင်တဲ့ 2 ခါမရနိုင်တဲ့အကြောင်းအရင်းဆိုတာက လူရောင်းတာပါပဲ။ ဒါကလည်းပြောရမယ်ဆိုရင် ငွေရှာတာပဲဖြစ်ပါတယ်။ ဥ‌ပမာအနေနဲ့ဆိုရင် ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ကောင်းခဲ့ပေမယ့် အခုဆိုရင်လူရောင်းစားတဲ့အသင်းဖြစ်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီက ကောင်းလှပါတယ်ဆိုတဲ့ နောက်တန်းတစ်ခုလုံးနီးပါးကို ဘုန်းမောက်ဟာ အခုရာသီမှာလက်လွှတ်ထားခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ရာသီကခြေစွမ်းပြခဲ့တဲ့ ဂိုးသမကီပါကို အပြီးသတ်မခေါ်နိုင်ခဲ့ပဲ လက်လွှတ်ခဲ့တယ်။ အဲ့တော့ ကီပါက အာဆင်နယ်မှာ အရန်ဂိုးသမားဖြစ်သွားခဲ့ပါပြီ။ ပြီးတော့ဟွိုင်ဆန်လို လူငယ်ကြယ်ပွင့်လေးကို ရီးရဲလ်ဆီရောင်းချခဲ့တယ်။ နည်းပြအာနီစလော့လက်ထက် ပြုပြင်ပြောင်းလဲနေတဲ့ လီဗာပူးအသင်းဆီကိုလည်း ဘယ်နောက်ခံလူကာကတ်ဇ်ကို ရောင်းချခဲ့ပြန်တယ်။

အခုနောက်ဆုံး ဟွိုင်ဆန်နဲ့အတူတွဲကစားခဲ့တဲ့ ဇဘာနီကလည်း ပီအက်စ်ဂျီပြောင်းဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်မလို့ ပြီးခဲ့တဲ့ရာသီကအထိုင်နောက်တန်း 5 ယောက်မှာ ညာနောက်ခံလူ တာဗားနီးယားပဲကျန်ပါတော့တယ်။ ဒီလိုမျိုးခံစစ်အထိုင်တစ်ခုလုံးနီးပါးကို လက်လွှတ်လိုက်တယ်ဆိုတာက အသင်းကိုအများကြီးယိမ်းယိုင်သွားစေမှာဆိုပေမယ့် 2 ခါပြန်မရနိုင်ငွေကြေးကြောင့်ပဲ အဓိကကစားသမားတွေကိုရောင်းချခဲ့ရပါတယ်။

စံချိန်သစ်ကို ထပ်တင်နိုင်မလားပရီးမီးယားလိဂ်လို ကစားရခက်ခဲတဲ့ပြိုင်ပွဲတစ်ခုမှာ တစ်ရာသီကို ဂိုး 20 သွင်းပြီး 10 ဂိုးဖန်တီး...
03/08/2025

စံချိန်သစ်ကို ထပ်တင်နိုင်မလား

ပရီးမီးယားလိဂ်လို ကစားရခက်ခဲတဲ့ပြိုင်ပွဲတစ်ခုမှာ တစ်ရာသီကို ဂိုး 20 သွင်းပြီး 10 ဂိုးဖန်တီးဖို့ဆိုတာက မလွယ်ကူတဲ့စွမ်းဆောင်ရည်ပါပဲ။ ဒါပေမယ့် လီဗာပူးတိုက်စစ်ကစားသမား ဆာလာကတော့ ဒီလိုမလွယ်ဘူးဆိုတဲ့အရာကိုပဲ 3 ကြိမ်တိတိလုပ်ပြထားပြီးတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်စံချိန်တင်ထားပါတယ်။

2017/2018 ဘောလုံးရာသီမှာ 32 ဂိုးသွင်း၊ 10 ဂိုးဖန်တီးခဲ့သလို 2021/2022 ဘောလုံးရာသီမှာလည်း 23 ဂိုးသွင်းပြီး 13 ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဆာလာဟာ လီဗာပူးအသင်းအတွက် 29 ဂိုးသွင်းပြီး 18 ဂိုးထိဖန်တီးခဲ့တာမလို့ လာမယ့်ဘောလုံးရာသီမှာရော စံချိန်သစ်ထပ်တင်နိုင်မလားဆိုတာကို စောင့်ကြည့်သွားရပါမယ်။

3 ပွဲဆက်ရှုံးနိမ့်နေတဲ့ နယူးကာဆယ်နယူးကာဆယ်အသင်းကတော့ ရာသီကြိုခြေစမ်းပွဲ 3 ပွဲကစားပြီးချိန်မှာ 3 ပွဲလုံးကိုရှုံးနိမ့်ခဲ့ပ...
02/08/2025

3 ပွဲဆက်ရှုံးနိမ့်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းကတော့ ရာသီကြိုခြေစမ်းပွဲ 3 ပွဲကစားပြီးချိန်မှာ 3 ပွဲလုံးကိုရှုံးနိမ့်ခဲ့ပါတယ်။ ဆဲလ်တစ်အသင်းကို 4 ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို အာဆင်နယ်နဲ့ပွဲမှာလည်း 3 ဂိုး၊ 2 ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါသေးတယ်။ နောက်ဆုံးကစားခဲ့တဲ့ ကိုရီးယား All Star အသင်းနဲ့ပွဲမှာလည်း နယူးကာဆယ်ဟာ 1 ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ဒီရလဒ်တွေကြောင့်ပဲ နယူးကာဆယ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေက စိတ်ပျက်စရာကောင်းနေခဲ့ပြီး လာမယ့်ရာသီသစ်အတွက်လည်း စိုးရိမ်စရာပါပဲ။ ဒါကအိစက်တစ်ယောက် အသင်းကထွက်ချင်တယ်လို့ တရားဝင်အသိပေးအပြီးမှာမှ နယူးကာဆယ်အသင်းရဲ့ရလဒ်တွေလည်းဖြစ်တာမလို့ ဒီရှုံးပွဲတွေက အိစက်နဲ့တိုက်ရိုက်အချိုးကျနေမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါမယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Kaung Htet Family Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share