07/01/2026
Product ကောင်းရဲ့သားနဲ့ ဘာလို့ ရောင်းအား မတက်တာလဲဆိုတာ စဉ်းစားဖူးပါသလား?
👉 လုပ်ငန်းရှင်တော်တော်များများ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "ငါ့တို့ Product က Quality တကယ်ကောင်းတာ၊ ဒါပေမဲ့ ဘာလို့ ထင်သလောက် မရောင်းရတာလဲ?" ဆိုတဲ့ မေးခွန်းပါပဲ ။
💡 ဒီနေ့ခေတ် ဈေးကွက်ထဲမှာ Product ကောင်းရုံနဲ့တင် မလုံလောက်တော့ပါဘူး။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ကာလမှာ ကိုယ့်ရဲ့ Product က ဘယ်လောက်ပဲ အရည်အသွေးရှိရှိ၊ ဖောက်သည်တွေဆီကို မရောက်နိုင်ရင်၊ ဖောက်သည်တွေရဲ့ စိတ်ကို မဖမ်းစားနိုင်ရင် ရောင်းအားတက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး ။
⁉️ အဲ့တော့ ဘာကြောင့် သင့်ဆီကပဲ ဝယ်နေကြတာလဲ? ဒါမှမဟုတ် ဘာကြောင့် မဝယ်ကြတာလဲ? ဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။
✅ Competitive Advantage (ယှဉ်ပြိုင်အသာစီးရမှု) ရှိရဲ့လား?
ပြိုင်ဘက်တွေထက် ပိုကောင်းအောင်၊ ပိုထင်ရှားအောင် လုပ်ထားနိုင်တဲ့ ထူးခြားတဲ့ အားသာချက် တစ်ခုခုရှိဖို့ လိုပါတယ်။ ဥပမာ - ဈေးနှုန်း၊ ဝန်ဆောင်မှု၊ ဒါမှမဟုတ် Brand အပေါ် ယုံကြည်မှု စတာတွေပေါ့ ။
✅ Customer Centric Approach ကို တကယ်ကျင့်သုံးနေရဲ့လား?
Product ကိုပဲ ဗဟိုမပြုဘဲ ဝယ်သူရဲ့ လိုအပ်ချက်နဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့က အရေးကြီးလှပါတယ်။ ဝယ်သူကို ဦးစားပေးတဲ့ ဝန်ဆောင်မှုပေးနိုင်မှသာ ရေရှည်အတွက် အဆင်ပြေမှာပါ ။
✅ Brand Message ကကော ရှင်းလင်းရဲ့လား?
သင့်ရဲ့ Brand က ဘာကို Message ပေးချင်တာလဲ၊ ဘယ်လို Value တွေ ရှိတာလဲဆိုတာကို ဖောက်သည်တွေ မှတ်မိနေအောင် စနစ်တကျ ချပြနိုင်ဖို့ လိုအပ်ပါတယ် ။
❓ ဈေးကွက်ထဲမှာ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ဖို့အတွက် သင့်လုပ်ငန်းရဲ့ အားသာချက်တွေကို ဘယ်လို တည်ဆောက်ထားပါသလဲ❓
လက်တွေ့ဘဝ လိုအပ်ချက်များနဲ့ စီးပွားရေးဆိုင်ရာ အသိပညာများအတွက် နီတိ (NITI Page) ကို Like & Follow လုပ်ထားပေးပါဦးနော်။
“အပြည့်တက်ပြီး၊ အကုန်ပြန်ယူပါ”
☎️ 09 977 730 754
✉️ [email protected] 𝙑𝙞𝙗𝙚𝙧 𝘾𝙝𝙖𝙣𝙣𝙚𝙡: NITI Institute(နီတိ ရပ်ဝန်း) 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢: 𝗡𝗜𝗧𝗜 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲