MILKY WAY MEDIA

  • Home
  • MILKY WAY MEDIA

MILKY WAY MEDIA အချိန်တိုင်းမှာ သင့်မီဒီယာ

04/06/2026

ကန်သာယာ shopping mall တွင် စည်ကားစွာ ကျင်းပဖြစ်ခဲ့တဲ့ Back to School ပွဲလေး

30/05/2026

လုံခြုံမှုဆိုတာ ကံကောင်းမှုမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးယူရတဲ့အရာပါ...

#လုံခြုံရေးအသိ #မဖြစ်ခင်ကကာကွယ် #ဘေးအန္တရာယ်ကင်းရှင်းရေး #လုံခြုံမှုဆိုတာကိုယ်တိုင်ဖန်တီးရတာ #စိုင်းစည်တွမ်ခမ်း #မေမီကိုကို

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုအခြေအနေများ လှည့်လည်ကြ...
26/05/2026

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုအခြေအနေများ လှည့်လည်ကြည့်ရှုအားပေး
ရန်ကုန်၊ မေ ၂၆

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေသည့် အခြေအနေများကို ယနေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ သွားရောက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အတူ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး အင်းစိန်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါ အခြေခံပညာကျောင်းများသို့ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ပြီး၊ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အဆင်ပြေချောမွေ့စွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

သတင်းရင်းမြစ် - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (Yangon Region Government)

#ကျောင်းအပ်နှံရေးရက်သတ္တပတ် #ပညာရေးသတင်း #အခြေခံပညာကျောင်းများ #ရန်ကုန်တိုင်းအစိုးရအဖွဲ့ #ကျောင်းအပ်နှံမှုအခြေအနေ

26/05/2026

"𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐁𝐚𝐥𝐦𝐨𝐫𝐚𝐥 - 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐅𝐚𝐢𝐫" ကြီးကို တရားဝင် မိတ်ဆက်ပေးခဲ့တဲ့ အခမ်းအနားမှ ခမ်းနားထည်ဝါပြီး စည်ကားသိုက်မြိုက်ခဲ့တဲ့ အမှတ်တရ Moments လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 🎬🤍

𝐏𝐚𝐧 𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐘𝐚𝐧𝐠𝐨𝐧 နှင့် 𝐂𝐡𝐢𝐜 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠𝐬 တို ပူးပေါင်း၍ မင်္ဂလာမောင်နှံများအတွက် အစုံလင်ဆုံးနှင့် အခမ်းနားဆုံးသော "The Royal Balmoral - Wedding Fair" မင်္ဂလာပြပွဲကြီးကို မေလ (၂၃) ရက်နှင့် (၂၄) ရက်နေ့တိုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး Wedding Fair အတွင်း မင်္ဂလာမောင်နှံလောင်းတွေအတွက် အိမ်မက်ဆန်ဆန် Wedding ပြင်ဆင်မှုများ၊ အမိုက်စား ဝတ်စုံဒီဇိုင်းတွေနဲ့

တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေနဲ့ စည်ကားသိုက်မြိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပြပွဲတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် စုံတွဲများအတွက် Wedding Studio ၊ Jewellery Shop၊ Floral Decoration Service ၊ Photography ၊ Invitation Card ၊ Beauty & Wellness ၊ မင်္ဂလာခန်းဝင်ပစ္စည်းအရောင်းဆိုင်၊ အိမ်ရာအရောင်းပြခန်းနှင့် အာမခံကုမ္ပဏီ စတဲ့ ဝန်ဆောင်မှုများနှင့် Brand များစွာ ပါဝင်ပြသခဲ့ပါသည်။

ထိုအပြင် မင်္ဂလာဆောင်ပြင်ဆင်နေသော စုံတွဲများတွက် Special Wedding Packages များကို 25% အထိ အထူးအခွင့်အရေးများ၊ Promotion Package များ၊ ဆိုင်ခန်းပေါင်း ၂၀ ကျော်နှင့် Lucky Draw အစီအစဉ်များကိုပါ ထည့်သွင်းစီစဉ်ပေးခဲ့သဖြင့် လာရောက်သူများပြားခဲ့ကြောင်း သိရှိရပါသည်။







ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပရန်ကုန်၊ မေ ၂၆သဘ...
26/05/2026

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်၊ မေ ၂၆

သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ကြုံတွေ့ရသည့် အရေးပေါ်အခြေအနေများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အတွင်းရေးမှူး ဦးနေဝင်းအောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများနှင့် ပြကွက်များကို လှည့်လည်ကြည့်ရှုခဲ့ကြရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက သက်ဆိုင်ရာ ကိရိယာများအလိုက် လုပ်ငန်းဆောင်ရွက်ပုံများကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြောင်း သိရပါသည်။

သတင်းရင်းမြစ် - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (Yangon Region Government)

#ရှာဖွေကယ်ဆယ်ရေးသင်တန်း #မီးသတ်ဦးစီးဌာန #အင်းစိန်မြို့နယ် #ရန်ကုန်တိုင်းအစိုးရအဖွဲ့ #ဘေးအန္တရာယ်တုံ့ပြန်ရေး

ရန်ကုန်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပိုက်ဆက်လုပ်သားအဆင့် (၁) သင်တန်းဖွင့်လှစ်ရန်ကုန်၊ မေ ၂၅ဆောက်လုပ်ရေးလုပ်သားမ...
25/05/2026

ရန်ကုန်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပိုက်ဆက်လုပ်သားအဆင့် (၁) သင်တန်းဖွင့်လှစ်
ရန်ကုန်၊ မေ ၂၅

ဆောက်လုပ်ရေးလုပ်သားများ၏ ကျွမ်းကျင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံအတွင်း လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပိုက်ဆက်လုပ်သားအဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (မေလ ၂၅ ရက်) နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမင်းထွဋ်၊ ဌာနမှူးများ၊ သင်တန်းနည်းပြများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အဖွင့်အမှာစကား ပြောကြားရာ၌ ဆောက်လုပ်ရေးလုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတွင် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်ရှိသော အဆောက်အဦများ ဆောက်လုပ်တတ်ရန် စနစ်တကျ လေ့လာသင်ယူသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမင်းထွဋ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဗဟိုသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ၏ စာသင်ကြားမှုအခြေအနေများ၊ သင်တန်းသားအိပ်ဆောင်များနှင့် စားရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပိုက်ဆက်လုပ်သားအဆင့် (၁) သင်တန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ မေလ ၂၅ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (Yangon Region Government)

#အသက်မွေးဝမ်းကျောင်းသင်တန်း #ပိုက်ဆက်လုပ်သားသင်တန်း #ဆောက်လုပ်ရေးဝန်ကြီးဌာန #ရန်ကုန်တိုင်းအစိုးရအဖွဲ့ #ကျွမ်းကျင်လုပ်သားမွေးထုတ်ရေး

ရန်ကုန်တိုင်းအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ၊ သင်ထောက်ကူပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးအပ်ရန...
25/05/2026

ရန်ကုန်တိုင်းအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ၊ သင်ထောက်ကူပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးအပ်
ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိစေရေးအတွက် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ (မေလ ၂၅ ရက်) နံနက်ပိုင်းက လသာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မြညီလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မ များ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မီးမီးလေးရဲ့မေ့မေ့ကျောင်း" သီချင်းဖြင့် စတင်တီးခတ်ဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောလ်ပင်များနှင့် အခြားသင်ထောက်ကူပစ္စည်းများကို အခမဲ့ ပေးအပ်ခဲ့ကြသည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှား အားကစားကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် Football for School Programme အရ ပေးအပ်သည့် ဘောလုံးများကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကမာရွတ်၊ ဗိုလ်တထောင်နှင့် အလုံမြို့နယ်တို့မှ အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများက "ကျောင်းအပ်နှံရေးသီတင်းပတ်"၊ "လုံချည်စိမ်းနှင့်အင်္ကျီဖြူ" နှင့် "အနာဂတ်လူရည်မွန်" စသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းဝင်းအတွင်း၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ ကျောင်းအပ်နှံနေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (Yangon Region Government)

#ရန်ကုန်တိုင်းကျောင်းအပ်နှံရေး #ပညာရေးသတင်း #ကျောင်းအပ်နှံရေးသီတင်းပတ် #ရန်ကုန်တိုင်းအစိုးရအဖွဲ့ ာသင်နှစ်

17/05/2026

ဘန်ကောက် Makkasan ဘူတာအနီး ကုန်တင်ရထားနှင့် မော်တော်ယာဉ်များ တိုက်မိမှုဖြစ်ပွား၊ လူ ၈ ဦး သေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာဒဏ်ရာရ

ဘန်ကောက်၊ မေ ၁၇

ဘန်ကောက်မြို့ လေဆိပ်ရထားလမ်း (Airport Rail Link) ၏ Makkasan ဘူတာရုံအနီးတွင် ကုန်တင်ရထားတစ်စီးက အများပိုင်ဘတ်စ်ကားနှင့် ဆိုင်ကယ်များကို တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ကနဦးသတင်းထုတ်ပြန်ချက်များအရ လူ ၈ ဦး သေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုသည် စနေနေ့ (မေလ ၁၆ ရက်) ညနေ ၃:၄၀ နာရီဝန်းကျင်ခန့်က အာဆော-ဒင်ဒေါင်လမ်း (Asoke-Din Daeng)၊ ရာမ ၉ လမ်းဆုံ (Rama IX) နှင့် အာဆော-ဖက်ချာဘူရီလမ်းဆုံကြားရှိ လမ်းပိုင်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းပေးပို့ချက်များအရ ညနေ ၃:၅၁ နာရီတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြသည်။ ရထားနှင့် တိုက်မိမှုကြောင့် အများပိုင်ဘတ်စ်ကားမှာ မီးလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲသံများကိုပါ ကြားခဲ့ရကြောင်း သိရှိရသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားပြီး အာဏာပိုင်များက အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ ခရက်ဒစ်: Sopon Susena [Nation Photo]

#ထိုင်းနိုင်ငံသတင်း #ဘန်ကောက်ရထားမတော်တဆမှု #နောက်ဆုံးရသတင်း

06/05/2026

Myanmar Digital Economy Association က ကြီးမှူးကျင်းပတဲ့ Digital Myanmar ဈေးရောင်းပွဲတော်ကြီးကို မြောက်ဥက္ကလာပမြိုနယ်အတွင်းရှိ ကန်သာယာစိန်ဂေဟာရဲ့ Outdoor Area မှာ စည်ကားစွာကျင်းပခဲ့ပါတယ်။

ဒီဈေးရောင်းပွဲကို မေလ (၁) ရက်နေ့ကနေ (၃)ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး၊ ဆမ်ဆောင်း အဲကွန်းတွေနဲ့ အခြားထုတ်ကုန်ပစ္စည်းတွေကို အထူးပရိုမိုးရှင် အစီအစဉ်တွေနဲ့ ရောင်းချပေးခဲ့တာပါ။

အဝတ်အထည် Fashion ဆိုင်တွေ၊ Beauty & Cosmetic ဆိုင်တွေနဲ့ Local Brand တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပြီး၊ လူငယ်တွေရဲ့ Career လမ်းကြောင်းကို အကောင်းဆုံးမြှင့်တင်ပေးမယ့် MIBA ရဲ့ သင်တန်းတွေကိုလည်း အထူးသက်သာခွင့်တွေနဲ့ တက်ရောက်ခွင့်ရနိုင်မယ့် အခွင့်အရေးတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါ့အပြင် Shopping ထွက်ရင်း အပန်းဖြေဖို့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့အတူ Nom Nom ရဲ့ ခေါက်ဆွဲစားပြိုင်ပွဲကိုလည်း ထည့်သွင်းစီစဉ်ထားတာမို့ ပါဝင်ဆင်နွှဲနိုင်သူတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။

ဒီလို Myanmar Digital Economy Association က ကြီးမှူးကျင်းပတဲ့ Digital Myanmar ဈေးရောင်းပွဲတော်ကြီးတွေကို နောက်ထပ် ဘယ်နေရာမှာ ဘယ်လိုမျိုးဆောင်ရွက်သွားဦးမလဲဆိုတာကို Milky Way Media ကနေ တင်ဆက်ပေးသွားဦးမှာဖြစ်တာမို့ ကျွန်မတို Media Page ကို Like and Follow လုပ်ထားဖိုလည်း တိုက်တွန်းလိုက်ရပါတယ်နော်။

#

Address


Alerts

Be the first to know and let us send you an email when MILKY WAY MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MILKY WAY MEDIA:

  • Want your business to be the top-listed Media Company?

Share