18/12/2024
‼️ဖင်လန်🇫🇮 မှာ part time job လုပ်ပြီး Living expense ကာမိနိုင်ရဲ့လား❓
ဒီမေးခွန်းကိုတော့ ကျွန်တော့်ကို တော်တော်များများ လာမေးကြပါတယ်။
ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် စဉ်းစားစရာ ၄ ချက်ရှိပါတယ်။
1️⃣ တစ်ပတ် အလုပ်လုပ်ချိန် ဘယ်နနာရီရလဲ❓
2️⃣ တစ်နာရီကို လုပ်အားခ ဘယ်လောက်ရလဲ❓
3️⃣ အခွန်ဘယ်လောက်ဆောင်ရလဲ❓
4️⃣ ကိုယ့် တစ်လ အသုံးစရိတ်ဘယ်လောက်ရှိလဲ❓
အဲ့တော့
1️⃣ တစ်ပတ် အလုပ်လုပ်ချိန် ဘယ်နနာရီရလဲ❓
အဓိကကတော့ part time job ဆိုတာထက် တစ်ပတ်နာရီ ဘယ်လောက်အလုပ်လုပ်ချိန်ရလဲဆိုတာက အဓိကကျပါတယ်။
ကျောင်းသားတွေဆိုရင်တော့ တစ်ပတ် နာရီ (၃၀) တရားဝင်လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အလုပ်ချိန်ကတော့ နာရီ ၃၀ လုံးရဖို့ဆိုတာ ရှားပါတယ်။ တစ်ခါတစ်လေ ၅-၁၅ နာရီ လောက်ပဲရနိုင်ပါတယ်။
ကိုယ်က food delivery လုပ်မယ်ဆိုရင်တော့ ကိုယ်အားတဲ့ အချိန်ပေါ်အများကြီးမူတည်ပါတယ်။
2️⃣ တစ်နာရီကို လုပ်အားခ ဘယ်လောက်ရလဲ❓
လုပ်အားခကတော့ ကိုယ်လုပ်တဲ့ အလုပ်၊ အတွေ့အကြုံ၊ ရာထူး အပေါ်မူတည်ပြီး အနည်းအများ ကွာပါတယ်။
ပုံမှန် cleaner, waiter လောက်ဆိုရင် ၁၁€ ကျော် ၁၂€ လောက်ကနေ စရနိုင်ပါတယ်။
ကိုယ့်အလုပ်က ခက်တယ်၊ ပညာပါတယ်၊ အတွေ့အကြုံရှိတယ်ဆိုရင်တော့ လုပ်အားခပိုများနိုင်ပါတယ်။
ပြီးတော့ evening shift, night shift တွေဆိုရင် လုပ်အားခပိုရပါတယ်။ weekends၊ holidays တွေဆိုရင် ပုံမှန်ထက် ၂ ဆ ပိုရနိုင်ပါတယ်။
3️⃣ အခွန်ဘယ်လောက်ဆောင်ရလဲ❓
ဒါကတော့ ကိုယ့်ရဲ့ တစ်နှစ်စာ ဝင်ငွေအပေါ်မူတည်ပါတယ်။ ပြီးတော့ ကိုယ့်က married လား၊ ကလေးရှိလား၊ pension, benefits တွေနဲ့လည်းဆိုင်ပါတယ်။
အသေးစိတ်ကိုတော့ အောက်က link မှာဖတ်ကြည့်လို့ရပါတယ်။
https://www.vero.fi/en/individuals/tax-cards-and-tax-returns/income/earned-income/tax-rates-on-pay-pensions-and-benefits/
ကိုယ့်ရဲ့ tax rate calculator 👇👇
Vero.fihttps://www.vero.fi › tax_card › ta...Tax percentage calculator
ပုံမှန်တစ်နှစ်ဝင်ငွေ ၁၀၀၀၀€ အောက်ဆိုရင်တော့ အခွန်ဆောင်စရာမလိုပါဘူး။
4️⃣ ကိုယ့် တစ်လ အသုံးစရိတ်ဘယ်လောက်ရှိလဲ❓
ပုံမှန် ချွေချွေတာတာ သုံးမယ်ဆိုရင်တော့ တစ်လ ၆၀၀€ ကတော့အနည်းဆုံးကုန်နိုင်ပါတယ်။ အပြင်မှာထွက်စားမယ်၊ ဟိုဟာဒီဟာလေး ဝယ်ချင်တယ်ဆိုရင်တော့ သုံးသလောက်ကုန်နိုင်ပါတယ်။ အခုတော့ ၆၀၀€ နဲ့တွက်ကြည့်ပါမယ်။
အခု အကြမ်းဖျင်းတွက်ကြည့်ရအောင်😁
တစ်ပတ် ၁၅ နာရီ အလုပ်လုပ်ခွင့်ရတယ်။ တစ်လဆိုတော့ နာရီ ၆၀။
တစ်နာရီ ၁၂€ ပဲထား။ (evening, night, weekend shift တွေဆိုပိုရပါတယ်။)
တစ်လဝင်ငွေ - 720€
တစ်နှစ်ဝင်ငွေ - ၈၆၄၀€ (၁၀၀၀၀ အောက်ဆိုတော့ အခွန်ဆောင်စရာမလို)
အသားတင် - 720€
တစ်လအသုံးစရိတ် - ၆၀၀€
အသုံးစရိတ်နုတ်ပြီးလက်ထဲအကျန် - ၁၂၀€
အဲ့လောက်ရမှာပါ။
‼️နည်းလို့အားမငယ်ပါနဲ့ 😁 အခုတွက်ပြထားတာက အကြမ်းဖျင်းပါ။ အခုအလုပ်လုပ်နေတဲ့သူ တော်တော်များများကတော့ တစ်လ ၁၂၀၀€ လောက်တော့ရကြပါတယ်။ အခွန်ဆောင်အပြီးဆိုရင် ၁၀၀၀€ ဝန်းကျင်လောက်ရပါတယ်။ အသုံးစရိတ်နုတ်အပြီးဆိုရင် တစ်လ ၄၀၀€ လောက်ကတော့လက်ထဲကျန်နိုင်ပါတယ်။ Waiter ဆိုရင်လည်း Tip money တွေရနိုင်ပါတယ်။
‼️ ဒါပေမဲ့ အချိန်ပိုင်းအလုပ်ကလည်း ရဖို့ခက်နိုင်ပါတယ်။ အရမ်းကြီး ရမှာပဲ ဆိုပြီးတွေးပြီး ဖင်လန်မလာဖို့တော့ အကြံပေးချင်ပါတယ်။
အခုတော့ part time အလုပ်နဲ့ နေစရိတ်ကာမိနိုင်လားဆိုတာကို အကြမ်းဖျင်းတော့ သိသွားမယ်လို့ထင်ပါတယ်။ 😁 စာကိုလည်းအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ😁❤️
Tax rates on pay, pensions and benefits in 2025 Your tax rate means how much tax you have to pay on the income you receive. The tax rate is determined by the amount of earned income you receive during the year. Earned income includes pay from employment as well as pensions and benefits. Your exact t...