Suomen Kieli

Suomen Kieli MENNÄÄN! SUOMEEN 🇫🇮🇫🇮

"I'm sharing an easy way to learn Finnish for learners."

Admin please
15/08/2026

Admin please

Moikka,  Grammar Note စာအုပ် 🇫🇮 Finland မှာ ဝယ်လို့ရပါပြီ ...📕ဈေးနှုန်း တစ်အုပ် 139,000 ကျပ်ပါ။Helsinki, Vantaa, Järvenp...
21/06/2026

Moikka,

Grammar Note စာအုပ်
🇫🇮 Finland မှာ ဝယ်လို့ရပါပြီ ...
📕ဈေးနှုန်း တစ်အုပ် 139,000 ကျပ်ပါ။
Helsinki, Vantaa, Järvenpää, Espoo ဒီမြို့တွေ အိမ်အရောက် delivery free နဲ့ ပို့ပေးပါတယ်ခင်ဗျ။
တခြားမြို့တွေ ဆိုရင်တော့ posti နဲ့ ပို့ပေးပါတယ်။

📕 Grammar note စာအုပ်တစ်အုပ် လက်ထဲရှိတာနဲ့ အနားမှာ ဆရာတစ်ယောက် ထိုင်သင်ပေးသလို ခံစားရမယ်။
📕 စာအုပ်ထဲမှာ ဘာတွေပါလဲဆိုတာ့
📌 Finnish Grammar ကို မြန်မာစာနဲ့ ရှင်းလင်းချက်တွေ
📌 လေ့ကျင့်ခန်းများ
📌လေ့ကျင့်ခန်းတွေရဲ့ အဖြေ Answer Key လည်း ထည့်ပေးပါတယ်။
📌 စုစုပေါင်း စာမျက်နှာ ၁၄၃ ရှိပါတယ်။

Finnish A0 ကနေ B1 Level အထိ သိသင့်တဲ့ Grammar အားလုံးကို
တစ်အုပ်တည်းနဲ့ စုပေါင်းထားတဲ့ စာအုပ် ။

🇲🇲 မြန်မာနိုင်ငံ Delivery ရောက်တဲ့ မြို့တိုင်း အိမ်အရောက် ငွေချေရပါပြီ။
💰 မြန်မာမှာ ဝယ်မယ်ဆိုရင် ဈေးနှုန်းကတာ့ – ၈၉,၅၀၀ ကျပ်

📍 တစ်အုပ်သာ ဝယ်ထားလိုက်ရင်
ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် အကျိုးရှိနေမယ့် Grammar Reference Book တစ်အုပ် ဖြစ်ပါတယ် ☺

📩 စာအုပ်မှာမယ်ဆို Page Messenger က မှာလို့ ရပါတယ်

စာအုပ် နမူနာကြည့်ချင်ရင် comment. မှာ Link 🔗

အားလုံး အဆင်ပြေကြပါစေ ခင်ဗျာ ....

ကျွန်တော် လည်း PJ passport ကိုင်ထားသူမို့ ကိုယ့်လိုသူတွေအတွက်  မြန်မာနိုင်ငံ အလည်ပြန်မယ်ဆိုရင် သိထားသင့်တဲ့ information ...
28/04/2026

ကျွန်တော် လည်း PJ passport ကိုင်ထားသူမို့ ကိုယ့်လိုသူတွေအတွက် မြန်မာနိုင်ငံ အလည်ပြန်မယ်ဆိုရင် သိထားသင့်တဲ့ information ပါ။

Hei,ကိုယ်လည်း အလုပ်မသွားချင်တဲ့နေ့ဆို သူ့လိုဘဲ 😁Moi🙅Monelta sulla loppuu huomenna työt?Moi!🙅Henkisesti klo 8.30, 🕚fyysis...
04/04/2026

Hei,

ကိုယ်လည်း အလုပ်မသွားချင်တဲ့နေ့ဆို သူ့လိုဘဲ 😁

Moi
🙅Monelta sulla loppuu huomenna työt?

Moi!
🙅Henkisesti klo 8.30, 🕚fyysisesti klo 11.00 ja
📝Työsopimuksen mukaan klo 16.00

Hyvä Viikonloppuna

23/03/2026

သူတို့ပြောသလိုဘဲ ဘယ်သူတွေကို မေးပြီး happiest country ဖြစ်နေတာလဲနော် 😁😁😁

သူတို့ ပြောနေတဲ့ conversation လေး ဖတ်လို့ရအောင်လို့

A ☺️: Se alkaa kohta olla taas se aika vuodesta, kun ilmoitetaan, että Suomi on maailman onnellisin kansa.

B 😃: Ei ole kyllä kukaan minulta kysynyt mielipidettä asiaan.

A☺️: No ei ole minullekaan kukaan kyllä soittanut.

B 😄: Ehkä ne soittelee vain jollekin espoolaisille tai sitten niille eläkeläisille, ketkä on karannut Espanjaan.

Criminal Record Extract (Rikosrekisteriote)Finland မှာ ကျောင်းသားတွေ (အထူးသဖြင့် care / childcare / health field) အတွက် ...
04/03/2026

Criminal Record Extract (Rikosrekisteriote)
Finland မှာ ကျောင်းသားတွေ (အထူးသဖြင့် care / childcare / health field) အတွက် မရှိမဖြစ် သိထားသင့်တဲ့ စာရွက်စာတမ်းတစ်ခုကတော့ Criminal Record Extract (Rikosrekisteriote) ဖြစ်ပါတယ်။

Criminal record extract ကို Oikeusrekisterikeskus (Legal Register Centre) က ထုတ်ပေးပါတယ်။

📌 ဘယ်အချိန်လိုအပ်လဲ?
Lähihoitaja / Hoiva-avustaja ကျောင်းသားတွေ Harjoittelu (Practical training) ကို မူကြိုကျောင်းမှာ ဆင်းရတဲ့အချိန်
နောက်တစ်ခု
တချို့ employer တွေက အလုပ်ခန့်မယ်ဆိုရင်လည်း တောင်းတတ်ကြပါတယ်
👉 ကလေးတွေနဲ့ အလုပ်လုပ်မယ်ဆိုရင် မရှိမဖြစ် လိုအပ်ပါတယ်။
📌 ဘယ်လိုလျှောက်မလဲ?
🔗 Official Website
👉 https://www.oikeusrekisterikeskus.fi/en/registers/criminal-records/extracts-for-working-with-children/
Website ထဲဝင်ပြီး
“Student: how to order an extract from your criminal record” ကို နှိပ်ပါ။
✅ Strong authentication ရတဲ့သူများအတွက်
ဒီ link ကို နှိပ်ပါ 👇
👉 https://asiointi.oikeus.fi/oikeusrekisterikeskus/ #/

Use the service on your own behalf ကို နှိပ်ပါ။

Bank username နဲ့ identification လုပ်ပါ။

Option မှာ Application for student's practical training (0,00 €) ကို ရွေးပါ။

Delivery method မှာ e service ကို ရွေးရင် email နဲ့ ပို့ပေးပါတယ်။ ဒါမှမဟုတ် Address ဖြည့်မယ်ဆိုရင်
📬 Post နဲ့ အိမ်လိပ်စာကို ပို့ပေးပါလိမ့်မယ်။
📌 Processing time 1–2 weeks ဝန်းကျင် ကြာနိုင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ။




Tax Card (Verokortti)မကြာခင် နွေရာသီ ရောက်တော့မှာဆိုတော့ အလုပ် လုပ်မယ့်သူတွေအတွက် Tax Card (Verokortti) က မရှိမဖြစ်လိုအပ...
25/02/2026

Tax Card (Verokortti)
မကြာခင် နွေရာသီ ရောက်တော့မှာဆိုတော့ အလုပ် လုပ်မယ့်သူတွေအတွက် Tax Card (Verokortti) က မရှိမဖြစ်လိုအပ်ပါတယ်။

📌 Tax Card ဘယ်လိုလုပ်မလဲ?

ဒါက bank account ရှိပြီး strong authentication လုပ်လို့ရတဲ့သူ‌တွေအတွက် 👉
1️⃣ Online လုပ်နည်း (အလွယ်ဆုံးနည်း)
OmaVero) website ထဲ ဝင်ပါ
📍Kirjaudu sisään ကိုနှိပ်ပြီး
ကိုယ့်ရဲ့ Online banking codes (ဂဏန်း ၈ လုံး) နဲ့ Login ဝင်ပါ။

ကိုယ်ရမယ့် တစ်နှစ်စာ ဝင်ငွေ (estimated annual income) ကို ဖြည့်ပါ
Submit လုပ်ပြီးရင် Tax card ကို Download လုပ်လို့ ရပါပြီ။

📍Bank account တော့ရှိတယ်။ Finnish ID card မရှိလို့ Strong authentication လုပ်မရတဲ့ သူတွေအတွက် 👉

2️⃣ Paper form နဲ့ လုပ်နည်း
Vero office ကို သွားပြီး နွေရာသီ အလုပ်အတွက် Tax card လုပ်ချင်တယ်ပြောပြီး သူတို့ပေးတဲ့ form ဖြည့်လိုက်ရင်
Tax card ထုတ်ပေးပါလိမ့်မယ်။
📌Passport / Residence permit card) ကို ယူသွားဖို့ မမေ့ပါနဲ့

🇫🇮 Finland မှာ Progressive tax system သုံးပါတယ်။
ဒါကြောင့် ဝင်ငွေများလေလေ Tax % တိုးလေလေ ဖြစ်ပါတယ်။

⚠️ Tax Card မပေးရင် ဘာဖြစ်မလဲ?
Employer ဆီကို Tax card မပေးထားရင်
👉 60% tax ကို တိုက်ရိုက် ဖြတ်ခံရနိုင်ပါတယ်
❗ဒါကြောင့် အလုပ် စပြီး မလုပ်ခင် Tax card လုပ်ထားဖို့ အရေးကြီးပါတယ်။

အားလုံး အဆင်ပြေကြပါစေ



Hygiene pass (Hygienia passi)Finland မှာ အလုပ်လုပ်ဖို့ (အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်တဲ့ အလုပ်တွေမှာ) မရှိမဖြစ်လိုအပ...
24/02/2026

Hygiene pass (Hygienia passi)
Finland မှာ အလုပ်လုပ်ဖို့ (အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်တဲ့ အလုပ်တွေမှာ) မရှိမဖြစ်လိုအပ်တဲ့ Certificate တခုကတော့ Hygienia passi ပါ။
သူက မေးခွန်း (၄၀) ပါတဲ့ မှား/မှန် (True/False) ရွေးရတဲ့ Test ဖြစ်ပြီး အနည်းဆုံး (၃၄) ခု မှန်မှ အောင်မှာပါ။

ဒီ Certificate က Lähihoitaja / Hoiva-avustaja တွေအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် လူနာတွေ၊ အသက်ကြီးသူတွေကို ပြုစုစောင့်ရှောက်ရတဲ့ အလုပ်တွေမှာ Hygiene knowledge အရေးကြီးလို့ ဖြစ်ပါတယ်။
Employer တွေကလည်း အလုပ်ခန့်တဲ့အခါ Hygienia passi ရှိမရှိကို မေးတတ်ကြပါတယ်။

ဘယ်လို ဖြေလို့ရလဲ?
✔ ကိုယ်တက်နေတဲ့ ကျောင်းက စီစဉ်ပေးတဲ့ အချိန်မှာဆိုရင် စာမေးပွဲကြေး မပေးရဘဲ ဖြေလို့ရနိုင်ပါတယ်။
✔ Exam center တွေမှာလည်း ကိုယ်တိုင် သွားဖြေလို့ရပါတယ်။ ဥပမာ Helsinki မှာဆိုရင် ယူရို (၄၀ – ၆၀) လောက် သွင်းပြီး ဖြေလို့ရပါတယ် (Center အလိုက် စျေးနှုန်း မတူနိုင်ပါဘူး)။
စာမေးပွဲကို Finnish / Swedish / English ဘာသာတွေနဲ့ ဖြေလို့ရပြီး စာမေးပွဲအောင်မြင်ပြီးရင် Official Hygiene Passport Card လေး ထုတ်ပေးပါလိမ့်မယ်။

အလုပ်လုပ်ဖို့ စီစဉ်နေသူတွေဆိုရင် Hygienia passi ကို အမြန်ဆုံး လုပ်ထားဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ။

အားလုံးအဆင်ပြေကြပါစေ။


15/02/2026

Valitettavasti influenssan ei ole ihmelääkettä 😂😂
ကံမကောင်းစွာပဲ၊ တုပ်ကွေးအတွက် သီးသန့် ဆေးမရှိပါဘူး။ Panadol ဘဲ သောက်ရမှာ 😁😁🤭

ခုချိန် ဖျားရင် ကိုယ့်မှာရှိတဲ့ Biogistic သောက်လိုက်တာ အကောင်းဆုံးဘဲ

11/02/2026

Moikka

Finland ကို လာမယ့် သူတိုင်း သိသင့်တဲ့ Strong Identification နဲ့ Bank Account

🧭 Strong Identification ဆိုတာ ဘာလဲ

Finland က government website တွေ ဖြစ်တဲ့ (Kela, Vero (tax), Enterfinlad ( Migri ) စတာတွေကို ဝင်သုံးတဲ့အခါ Bank app ကနေ scan ဖတ်ပြီး ဝင်တာ၊ ဒါမှမဟုတ် Bank ကပေးတဲ့ username (ဂဏန်း ၈ လုံး) နဲ့ အတည်ပြုပြီး ဝင်ရတာ
ဒီလုပ်ဆောင်ချက်ကိုပဲ Strong Identification လုပ်တယ် လို့ ခေါ်ပါတယ်။

ဒါ့အပြင်
🏠 အိမ်ငှားစာချုပ် (rental contract) ကို online မှာ sign လုပ်မယ်ဆိုရင်လည်း
Strong Identification မဖြစ်မနေ လိုအပ် ပါတယ်။

🧭 Strong Identification မရှိသေးရင် ဘာလုပ်ရမလဲ

အဆင့်လိုက်လုပ်ရပါမယ် —

🆔 DVV မှာ personal identity code ယူ
🏦 Finnish bank account ဖွင့်

Finland ရောက်ပြီး Bank Account မဖွင့်ရသေးဘူး ဆိုရင် —

🏠 အိမ်ငှားခ ပေးလို့မရ
🚆 ရထားလက်မှတ် ဝယ်လို့မရ
📄 စာချုပ်တွေ sign လုပ်လို့မရ
🏛️ Kela / Vero / Migri website တွေ ဝင်လို့မရ

👉 အတိုချုပ်ပြောရရင်
ဈေးဝယ်တာလောက်ပဲ လုပ်လို့ရပြီး အရေးကြီးတာတွေ မလုပ်လို့ရပါဘူး။

Bank Account ဖွင့်ဖို့ အတွက် ဘာတွေ လိုမလဲ ?

Option (1)
Finland ရောက်ပြီး DVV ရုံးမှာ registration ပြီးလို့ approve ဖြစ်ပြီးတဲ့အခါ Finnish ID card ( polisi card) ရမှ ဘဏ်ကို သွားမယ်ဆိုရင်လည်း ရတယ်။ Finnish ID card ရတဲ့ သူတွေအတွက်ကတော့ Bank Account ဖွင့်ပြီးတာနဲ့ strong identification လုပ်လို့ ရပါပြီ ၊

Option (2)

တချို့ Finland ကို တစ်နှစ် ဗီဇာနဲ့ လာတာတို့ ဆိုရင်တော့ Finnish ID card မရနိုင်တာမို့ DVV မှာ registration လုပ်ဖို့ လိုပေမယ့် approve ဖြစ်တာ မစောင့်ဘဲ Bank Account ကို အမြန်ဆုံး သွားဖွင့်ဖို့ အကြံပေးချင်ပါတယ်။

⚠️ ဒီလိုအခြေအနေရှိသူတွေက သတိထားရမယ့်အချက်
👉 Bank Account ရှိပေမယ့်
👉 Strong Identification ကိုတော့ မလုပ်လို့မရသေးပါဘူး

Bank Account ဖွင့်ဖို့ ဘာတွေ လိုမလဲ ?
resident permit card နဲ့ Passport စာအုပ်ကို ယူပြီး ဒီ ဘဏ်တွေမှာ ( Nordea, S-Pankki…) အကောင့် သွားဖို့လို့ ရပါတယ်။

အားလုံးအဆင်ပြေကြပါစေ





Osoite

Vantaa

Hälytykset

Tiedä ensimmäisenä ja anna meille oikeus lähettää sinulle sähköpostitse uutisia ja promootioita Suomen Kieli :ltä. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua milloin tahansa.

Ota Yhteyttä Yritys

Lähetä viesti Suomen Kieli :lle:

Oikopolut

Jaa