Spring Alpha

Spring Alpha နိုင်ငံတော်သစ်ကို ဦးညွှတ်ဘို့
နွေဦးခေါ်သံဟာ … ထိုးထွက်လာခဲ့လေပြီ။

08/02/2022

"၂၀၀၈ ဖွဲ့စည်းပုံဆိုတာဟာ ဒီမိုကရေစီပေတံနဲ့တိုင်းကြည့်ရင် စစ်တပ်ထဲမှာပြောနေကြသလို ကိုးနှစ်လီဆယ့်ငါး ဖြစ်နေတာ၊ ကိုက်မှမကိုက်တာပဲ။"

#နွေဦးခေါ်သံ_နေဇော်နိုင်

၂/၂/၂၀၂၂ (၂ ငါးလုံး) ၂၀၂၁ နွေဦးတော်လှန်ရေး ၁နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံးသွားသောသူရဲကောင်းများ အပြစ်မဲ့စွာသေဆုံးခဲ့ရသ...
03/02/2022

၂/၂/၂၀၂၂ (၂ ငါးလုံး) ၂၀၂၁ နွေဦးတော်လှန်ရေး ၁နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံးသွားသောသူရဲကောင်းများ အပြစ်မဲ့စွာသေဆုံးခဲ့ရသောပြည်သူများအတွက် ဆုတောင်းပွဲအခမ်းအနားကျင်းပခြင်း။

https://www.facebook.com/permalink.php?story_fbid=234637885532094&id=104154501913767

02/02/2022

❝ကြွေလွင့်ကြယ်တို့ အတွက် ဂုဏ်ပြုပွဲ❞
အခုဆိုရင် မြန်မာပြည်မှာ စစ်အာဏာအသိမ်းခံရတာ တစ်နှစ်ပြည့်သွားပြီဖြစ်သလို စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ လက်ချက်နဲ့ အသက်စတေးခဲ့ရသူကလည်း တစ်ထောင့်ငါးရာ အထိတောင်ရှိလာပါပြီ။
နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြယ်ပွင့်လေးတွေဖန်တီးပြီး ကျဆုံးခဲ့သူတစ်ဦးချင်းဆီရဲ့ နာမယ်တွေကို ကြယ်ပွင့်တခုချင်းဆီပေ်မှာ ရေးထိုးပြီး လန်ဒန်ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ဖေ‌ဖော်ဝါရီ၁ရက်နေ့က ချိတ်ဆွဲခဲ့ပါတယ်။ ကျဆုံးခဲ့ပေမယ့် နာမယ်မသိသေးတဲ့သူကိုလည်း အမည်မသိလို့ ရေးထိုးပေးထားပါတယ်။
ဒီပွဲကို Stars of Myanmar Friendship အဖွဲ့က ဦးဆောင်ကျင်းပခဲ့ပြီး ယူကေရောက်မြန်မာအချို့ လည်းပူးပေါင်းခဲ့ကြပါတယ်။
ဗီဒီယိုခရက်ဒစ်-ဗညား
https://fb.watch/aW02T8L6m2/

02/02/2022
01/02/2022

နိုင်ငံတော်သစ်ကို ဦးညွှတ်ဘို့
နွေဦးခေါ်သံဟာ … ထိုးထွက်လာခဲ့လေပြီ ...

#နွေဦးခေါ်သံ_နေဇော်နိုင်

31/01/2022

နွေဦးဟာ … ပြင်းရှစွာ နာကျဥ်ခံစားမှုများကြားမှ … ခိုင်မာတဲ့ သံန္နဌာန်ချခဲ့ပါတယ်။

“ငါတို့ထိခိုက်နာကျဥ်ခံစားမှုမျိုး ....
နောက်မျိုးဆက်တို့ လုံးဝ မခံစားစေရဘူး …
ဒီမြေမှာ ဘယ်တော့မှ … ဘယ်လိုအာဏာရှင်မှ မပေါ်လာစေရဘူး…
နောက်လာမယ့်မျိုးဆက်တွေဟာ တိကျ ရေရာ သေချာပြီး အာမခံချက်ရှိတဲ့အနာဂါတ် နဲ့ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေထိုင်ခွင့်ရရှိစေဘို့ နွေဦးဟာ ဘယ်အရာမဆို စွန့်လွှတ်ပေးဆပ်ရန် အသင့်ဖြစ်ရမယ်…”

နွေဦးကို နောင်လာမည့် မျိုးဆက် မှ သတိတရ ရှိအပ်ပါတယ် ။
နွေဦးဟာ နောင်လာမည့်မျိုးဆက် အတွက် စံပြထားစေဘို့ ဥပမာကောင်းများချန်ထားရန်အရေးကြီးပါတယ်။
ဒီနေ့ဟာ နွေဦးဖြစ်မယ်ဆိုလျှင် …. မနက်ဖြန်သည် မျိုးဆက်သစ် အယ်လ်ဖာ တို့ဖြစ်နေလိမ့်မယ် ။
ထို့်ကြောင့် … နွေဦးအယ်လ်ဖာသည် … ပစ္စုပ္ပန်၊ အနာဂါတ် နှင့် လွန်ခဲ့သော အတိတ်ကာလသို့ လှမ်းမျှော်ကြည့်ရာ (သို့) အနာဂါတ်မှ ပစ္စုပ္ပန်နှင့်အတိတ်သို့ စောင်းငဲ့ကြည့်ရာမှန်ပြောင်းတစ်လက်လည်းဖြစ်နိုင်တယ်။
ခေတ်တစ်ခေတ်ရဲ့ အဆိုးအကောင်း အပြောင်းအလဲမှန်သမျှဟာ အဲဒီ့ခေတ်ထဲမှာ ရှင်သန် နေထိုင်တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့အတူ … နွေဦးအယ်လ်ဖာဟာ အသက်ရှင် ရပ်တည်တယ် ။
ဟုတ်တယ် … နွေဦးအယ်လ်ဖာ ဟာ ယဥ်ကျေးသောလူ့ကမ္ဘာကြီးတည်ဆောက်ရာတွင် နိုင်သလောက်ပါဝင်ကာ အခွင့်အလမ်းရှာဖွေရန် မျှော်လင့်ဝန်းရံရေးမဟုတ် … ဝင်ရုန်းရေးသာလျှင်ဖြစ်တယ်… ။

Address

London
SW1

Website

Alerts

Be the first to know and let us send you an email when Spring Alpha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share