Hazellog

Hazellog Hello from London! This is Hazelle, I work in Performance Marketing! Welcome to my space where I share the beauty and the becoming of living abroad diaries

24/10/2025

အလုပ်ရှာတဲ့ နေရာမှာ JD မှာပြောတဲ့ skill requirements အကုန် ပြည့်နေတဲ့သူမှ အလုပ်ရနိုင်တာလား?

23/10/2025

Restaurant recommendations! ဒီဆိုင်ကလေ rice noodle သီးသန့်လို ရောင်းတာ။ သူ့အရသာက မြေအိုးမြီးရှည်လိုမျိုး အရမ်းစားလို့ကောင်းတယ်။
London မှာ အခုအေးလာပြီဆိုတော့ ရုံးဆင်းရင် ဒီလို ပူပူနွေးနွေး စပ်စပ်လေး စားလိုက်ရမှ 🤤

📍 Location: Mr. Wong Iron Pot Noodle, London WC1R 4NA

22/10/2025

Big comeback မဟုတ်တဲ့ comeback after living life 🩷

25/09/2025

September October November က corporate အကြီးတွေရဲ့ recruitment pool လုပ်နေကြတဲ့ အချိန်ဖြစ်တဲ့အတွက် အလုပ်တွေ ရှာနေကြတဲ့သူတွေအတွက် အရမ်းအရေးအကြီးဆုံး အချိန် ရောက်ပြီဆိုတော့ first job ရှာနေတဲ့ သူတွေအတွက် tips တွေ ပြောပြပေးမယ်နော်

My socials
https://www.instagram.com/hazellog_/
https://www.facebook.com/hazellog.vlog
Youtube - https://linktw.in/xXVUKP

24/09/2025

Handpull noodle ကြိုက်တဲ့သူတွေ ဒီဆိုင်လေး try ကြည့်နော်။

ဟေဇယ် ဒီနေ့ အလုပ်ပြီးတော့ colleagues တွေနဲ တူတူ dinner သွားစား ဖြစ်တယ်။
ဆိုင်လေးက စဝင်တည်းက ချစ်စရာလေး။ သူ့ဆီမှာ nothern china specialisation တွေပေါ့။ အကုန်လုံးကလဲ freshly made, handpull noodle တွေ။ ဟေဇယ် အကြိုက်ဆုံးဆို spicy rib noodle, နံရိုးက စားရတာ တော်တော်အိနေတာ။ ပြီးတော့ cocktails တွေ (အကြိုက်ဆုံးပေါ့ 🤣)
စျေးကလဲ London အနေနဲ့ဆို decent ဖြစ်တယ်။ အများဆုံး £11.80 ပဲ။
Mooncake ဆိုရင် နွေးနွေးလေး လာချပေးတာ။ အရမ်းစားလို့ကောင်းတယ်။ အချိုပွဲတိုင်း အရမ်း မချိုဘူး၊ အရသာက အကုန် hearty ဖြစ်တယ်။ (The best)
Mapo tofu ကို သူငယ်ချင်း အဖြူကတော့ ကြိုက်တယ် ဟေဇယ်တော့ မကြိုက်ဘူး အဖြူဆန်လို့ 😅
But the rest? 10 out of 10 recommend!

🇬🇧 Mulan Noodle, Clapham (Northern line စီးပြီး Clapham North station မှာ ဆင်း)
📍SW2 5UL

UK immigration update news: Reform ကသူတို့နိုင်ရင် ILR ပေးတာကို ဖျက်မယ်တဲ့။ Nigel Farage ရဲ့ စကားနော် UK should not be ‘...
22/09/2025

UK immigration update news: Reform ကသူတို့နိုင်ရင် ILR ပေးတာကို ဖျက်မယ်တဲ့။ Nigel Farage ရဲ့ စကားနော် UK should not be ‘the world’s food bank’ တဲ့ 🤌
နောက်မှ ရောက်မယ့်သူတွေ တင်မကဘူး UK ကို ရောက်နေပြီးသား လူတွေကိုပါ impact ဖြစ်အောင် လုပ်မယ် ပြောတာပဲ။

Labour ကတော့ ‘no basic in reality’ လ်ု့တော့ ပြန်ပြောတာပဲ ဒါမယ့် တစ်ခု aware ဖြစ်ရမှာက labour သည် backbone မရှိတာပဲ။

သူတို့တွေ ဘယ်လိုပဲ illegal migration လို့ ခေါင်းစဉ်တပ်တပ် legal migration တွေကိုပဲ အမြဲ အရင်ကျပ်တာက ထုံးစံပါပဲ။

အရမ်းကြီးတော့ စိတ်တွေရှုပ် စိတ်ညစ်တာမျိုး မဖြစ်စေချင်သလို UK မှာ အခြေကြပြီးသားလူတွေရဲ့ ပေါ့ပေါ့လေးပဲ ပြောတဲ့ ‘ဘာမှ ပူမနေနဲ့ ကြာဦးမှာ’ 🤣 ဆိုတဲ့ စကားတွေကိုလဲ နားမယောင်ပါနဲ့။

အမြဲ ကိုယ်တိုင် သတင်းတွေကို အမှီလိုက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဘာဆက်လုပ်ရမလဲ ကို ဆုံးဖြတ်စေချင်တယ်။

Trump တစ်ယောက်ရဲ့ မွှေမှုများ 🙂‍↔️

18/09/2025

၈ ရက်နေ့တုန်းက လုပ်သွားတဲ့ UK ရဲ့ immigration update ပြောရင်း rant လုပ်မယ် 🤣
Autumn လဲ ရောက်ပြီး ၂၀၂၅ ကုန်ဖို့လဲ သိပ်မလိုတော့ဘူး ဆိုတော့ immigration rule တွေ အပေါ်မူတည်ပြီး ဘာတွေ ဆက်လုပ်ကြမလဲ ကြည့်ရအောင်


Follow me on my social
My socials
https://www.instagram.com/hazellog_/
Youtube - https://linktw.in/xXVUKP

Ending my Cornwall series with the dolphins 🐬ပင်လယ်ကြိုက်တဲ့သူ wildlife ကြိုက်တဲ့သူဆိုရင် လုပ်ကို လုပ်သင့်တဲ့ activity က...
13/09/2025

Ending my Cornwall series with the dolphins 🐬

ပင်လယ်ကြိုက်တဲ့သူ wildlife ကြိုက်တဲ့သူဆိုရင် လုပ်ကို လုပ်သင့်တဲ့ activity ကတော့ wildlife tour ပါ။
ဟေဇယ်က rating ကောင်းတဲ့ package တွေ လိုက်ရှာကြည့်တော့ Mermaid pleasure trip ကို ရွေးလိုက်တယ်။

ဒီခရီးတစ်ခုလုံးရဲ့ highlight ပေါ့။ ၃ ပတ်လောက်ကြိုစီစဉ်ထားပြီး အနားနီးမှ weather မကောင်းလို့ ခဏခဏ cancel ဖြစ်ခဲ့ပြီး မသွားရတော့ဘူးလို့တောင် စိတ်ပူခဲ့တာ။

သူ့ဆီမှာက Wildlife cruise (2hr and 3hr), fishing tours, bird watching tours ဆိုပြီး အများကြီး ရှိတယ်။
ဒီမှာက ethical tour ဘက်ကို ဦးတည်တော့ tour တစ်ခုမှာ ဘယ်အကောင်လေးတွေ တွေ့ပါမယ်လို့ guarantee မလုပ်ဖူးဘူးနော် ။ (which is fair)

ဟေဇယ်က 3hr wildlife trip ကို ရွေးခဲ့တယ်ပေါ့နော်။ 2hr ဆို မလောက်မှာ စိုးလို့ 🤣

ဟေဇယ်တို့ ပင်လယ်ထဲရောက်ပြီး မိနစ် ၄၀ လောက်မှာတင် Seal 🦭 တွေနဲ့ တွေ့ရတယ်။ သူတို့က ကိုယ်ပိုင် ကျွန်းလေး တစ်ခုမှာပဲ။ ဝဝတုတ်တုတ်နဲ့ ပြောင်ပြောင်ဝင်းဝင်း အကောင်လေးတွေ 🤣 လှေကို အနားတော့ သိပ်မကပ်ရဲဘူး သူတို့က boat လဲမြင်ရော ရေထဲဆင်းလာကြတာ။ They are really curious. ဒါမယ့် သူတို့သွားတွေမှာက virus အရမ်းများတယ်။

Trip တစ်လျှောက်လုံးကို သူတို့က wildlife ရှာတာပဲ မဟုတ်ပဲ attractions တွေကိုလဲ လိုက်ပြပြီး history တွေပါရှင်းပြတယ်ပေါ့နော်။

ဟေဇယ်တို့ Puffin ငှက်တွေနဲ့လဲ တွေ့တယ် သေးသေးလေးတွေ။ ပြီးရင် dolphin တွေကို လိုက်ရှာကြတယ်။

၁ နာရီကျော်လောက်မှာတင် ဟေဇယ်တို့တွေ dolphin အုပ်လိုက်နဲ့တွေ့တာ။ Common dolphin တဲ့ ပုံထဲက အကောင်လေးတွေက။ အရမ်း playful and social ဖြစ်တယ်။ လှေနား တစ်ဝိုက်ကို လိုက်ကပ်တာ။ အရမ်းချစ်ဖို့ကောင်းတယ်။ အစက ၁ ကောင် ၂ ကောင်လောက် ထင်တာ ပြီးမှ အုပ်လိုက်ကြီး။ ဟေဇယ်ကတော့ လှေထိပ်ထိ တက်ကြည့်တာ။ ပထမတွေ့တဲ့ အကောင်လေးတွေက သေးတယ်ဆိုပြီး ပိုကြီးတဲ့ အကောင်လေးတွေထပ်လိုက်ရှာပေးသေးတယ်။ Blue fin tuna လဲ တွေ့တယ် အရမ်းမြန် 🥲

လှိုင်းမူး လှေမူးတတ်ရက်တော့ အရမ်း recommend မပေးချင်ဘူး။ ဘာလို့လဲဆိုတော့ dolphin 🐬 တွေ ရှိတဲ့နားက လှိုင်း အရမ်းကြမ်းတယ်။ ဟေဇယ်တို့ boat ပေါ်မှာ ၁၀ ယောက်လောက်မှာ ၄ ယောက်လောက်က လုံးလည်ချာလည် ဖြစ်တာ။ ကြောက်တတ်တဲ့သူဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ပင်လယ်ထဲမှာကလေ မိနစ်၄၀ လောက်က ၁ နာရီလောက် ကြာတယ် ခံစားရတယ်။

But so worth it 🩷
အရမ်း မကြောက်ဘူး စိတ်ဝင်စားတယ်ဆို သွားကြည့်နော်။
💰 2hr ကို £29 နဲ့ 3hr ကို £39
🚘 parking က သူနဲ့နီးနီးလေးမှာ ရှိတယ် 1hr ကို £2.50 လောက် ရှိတယ် ထင်တယ်။
📍နေရာက Penzance မှာ TR18 4AS

Weather မကောင်းရင် အထူးသဖြင့် လေထန်ရင် cancelled ဒါပေမယ့် weather ကြောင့် သူတို့ဘက်က cancel ရင် full refund ပြန်ရတယ်။ So it’s okay. အခုတလော UK weather က မှန်းရခက်တော့ သူတို့ဘက်က သွားဖြစ် မသွားဖြစ်ကို ၁ ရက်ကြိုပြောတယ်။

ဟေဇယ် insta မှာ သူတို့ ကို tag ထားတယ်။ Inquire there as well 🩷

Another cornwall post ပါ။ 🤭 travel mode on နေလို့ 🫣Cornwall အတွက် နောက်ထပ် သွားသင့်တဲ့ နေရာက Minack theatreသူက open air ...
12/09/2025

Another cornwall post ပါ။ 🤭 travel mode on နေလို့ 🫣

Cornwall အတွက် နောက်ထပ် သွားသင့်တဲ့ နေရာက Minack theatre

သူက open air theatre ။ အရမ်းလှတယ်။
ဟေဇယ်ကိုယ်တိုင်ကလဲ တောင်နဲ့ ပင်လယ် မြင်ရရင်ကို အရမ်းကြိုက်ဆိုတော့ sea view ချင်းတူတာတောင် တစ်နေရာတစ်နေရာ လှပုံလှနည်း မတူဘူး တကယ်။ဒီနေရာမှာကျတော့ wave တစ်ခေါက်ရိုက်တိုင်း ကျောက်ဆောင်တွေ အပေါ်အမြင့်ထိ ရောက်တာ ရုပ်ရှင်တွေထဲကလိုပဲ။

Theatre မှာ သူ့ရက်နဲ့သူ play မျိုးစုံရှိတယ်။
Rowena Cade ဆိုတဲ့ အမျိုးသမီးက ဒီ theatre ကြီး တစ်ခုလုံးကို ထောင်ခဲ့တာ။

ဒီနေရာကြီး တစ်ခုလုံးကို £100 နဲ့ ဝယ်ခဲ့တာတဲ့။ 1920 လောက်က ငွေနဲ့ပေါ့။ ဒီခေတ်ဆို £100 က အရမ်းတန် 🤣

Anyway အစကတော့ သူအိမ်နဲ့ garden လေးနဲ့ပဲပေါ့။ နောက်ပိုင်းမှာ သူ့ garden ကို performance/play အတွက် production ကိုပေးရင်းနဲ့ပဲ theatre တစ်ခု ဖြစ်လာတာပေါ့။

အစကတော့ ခုံလေးတွေနဲ့ ထိုင်ပြီးကြည့်ကြတာ နောက်ပိုင်းမှာမှ ထိုင်ဖို့ နေရာတွေကအစ သေချာ လုပ်ထားတာ။ ပုံမှာ မြင်ရတဲ့လေ ထိုင်တဲ့နေရာတွေအစ တိုက်တွေ အမိုးခုံးတွေ အကုန် သူကိုယ်တိုင် လုပ်ထားတာနော်။ (ofcourse with a bit of help as well)
သူကိုယ်တိုင် အောက်က ကမ်းခြေက သဲတွေကို သယ် concrete တွေနဲ့ရောပြီး ကိုယ်တိုင် ဝင်ဆောက်ထားတာ။ အသက် ၈၀ လောက်ထိကို ဆက်တိုက် ဟိုပြင် သူပြင် သူ အကုန်လုပ်။ ပုံထဲကလို ထိုင်စရာ terrace ကလဲ စက်တွေ မသုံးပဲ hand tools ပဲ သုံးပြီး ရအောင် လုပ်ထားတာ။

သူ့အကြောင်း exhibition လုပ်ထားတာရှိတယ်။ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။

သွားဖြစ်ရင်လေ ကိုယ်စိတ်ဝင်စားလောက်မယ့် performance ရှိမယ့်နေ့သွား။ အရမ်းမိုက်မှာ။

💰ဝင်ကြေးက တစ်ယောက်ကို £12
Performance ပေါ်လိုက်ပြီး play အတွက် သပ်သပ်ပေးရတယ်။
🚘Car parking က free
📍TR19 6JU (the last slot to enter is 4:30)

Cornwall အတွက် နောက်ထပ် သွားသင့်တဲ့ နေရာက St. Michael’s Mount လို့ခေါ်တဲ့နေရာပါ။ ✨House of the dragon ကြည့်တဲ့သူတွေ ရှိလ...
11/09/2025

Cornwall အတွက် နောက်ထပ် သွားသင့်တဲ့ နေရာက St. Michael’s Mount လို့ခေါ်တဲ့နေရာပါ။ ✨

House of the dragon ကြည့်တဲ့သူတွေ ရှိလား? အဲ့ထဲက High tide castle ဆိုတာ ဒီနေရာပေါ့… Velaryon family နေတဲ့နေရာ!! ဇာတ်လမ်းထဲမှာတော့ Island of Driftmark မှာရှိတာပေါ့ အပြင်မှာကတော့ Southwest England ရဲ့ အလှဆုံး ကမ်းခြေတွေ ရှိတဲ့ Cornwall ရဲ့ တောင်ဘက် အစွန်းက နေရာမှာ ရှိတာပေါ့။ အရမ်းလှတယ် ဇာတ်လမ်းထဲက အတိုင်းပဲ။ 🏰

ကျွန်းနဲ့ main land ကို ဆက်ထားတဲ့ ကျောက်ခင်းလမ်းကောက်ကောက်လေးက အရမ်းလှတာ။ ကျွန်းပေါ်မှာက castle ရှိတယ်။ garden ရှိတယ်။ church လေး တစ်ခုရှိတယ်။ ဇာတ်လမ်းထဲက temple တော့ မရှိဘူး။ သူတို့ပြောတာ အဲ့ temple က ရုပ်ရှင်ရိုက်ဖို့ပဲ ယာယီဆောက်လိုက်တာပေါ့နော်။ Production ပြီးတော့ ဖျက်လိုက်တာ။

St.Michael’s mount ကို သွားချင်ရင် Marazion beach ကို သွား။ အဲ့နားမှာ car parking က £1/hour လောက်ပဲ ရှိတယ်။

Garden ကတော့ အခုလောလောဆယ် ပိတ်ထားတယ်။ သူ့ဆီမှာလေ Hydrangeas အပင်မျိုးစုံ ရှိတယ်။ အရမ်းလှတာ။
ကျောက်ခင်းလမ်းကို လျှောက်ချင်ရင်တော့ မနက်ပိုင်းသွားတာ ပိုကောင်းတယ်။ Low tide မို့လို့။ မဟုတ်ရင် ရေတက်တဲ့ အချိန်ဆို လှေငှါးရမှာ £3.50 လောက်နဲ့။
လှေနဲ့ သွားတာကကွာ အဲ့လောက် သိတ်ဝင်စားဖို့ မကောင်းဘူး ။ Castle က 17th century လောက်ထဲက St Aubyn family နေလာတဲ့ လူနေအိမ်ကြီးပေါ့နော် ၁၉၅၄ လောက်ကမှ National Trust နဲ့ ပေါင်းပြီး attraction တစ်ခု ဖြစ်လာတာ ဆိုတော့ castle က အဲ့လောက် မဟုတ်ဘူး။ But still really interesting ။

သူတို့ website မှာတော့ ရေတက်ချိန်က ဘယ်အချိန်ဆိုတာ အမြဲ update လုပ်ပေးတယ်။
အဲ့ ကျွန်းမှာက အခုထိ permanent residents တွေ ရှိသေးတယ်ပြောတယ်။ အဲ့တော့ စနေဆိုရင် public access ကို ပိတ်တယ်။

Opening hours - 10 to 3:45 (close on Saturday)
📍drive to Marazion beach (TR17 0EG) and then walk for 5 min ish from car parking to get there
💰ဝင်ကြေးက £16 (ဟေဇယ် သွားတော့ garden ပိတ်ထားတော့ garden အတွက် ဝင်ကြေးပေးရလားဆိုတာ မသိဘူး)

Cornwall မှာ အကြိုက်ဆုံး beach Newquay !သူက Best surfing place ဆိုပြီး နံမည်ကြီးတယ်။ Surfing school လဲရှိတယ်။ရေကကြည်ပြီး...
10/09/2025

Cornwall မှာ အကြိုက်ဆုံး beach Newquay !

သူက Best surfing place ဆိုပြီး နံမည်ကြီးတယ်။ Surfing school လဲရှိတယ်။
ရေကကြည်ပြီးတော့ လှိုင်းလဲ မကြမ်းဘူး အနေတော်ပဲ။ ကျန်တဲ့နေရာက လှိုင်းကြမ်းတယ်။

ဟေဇယ့်လို thalassophobia ရှိတဲ့သူတောင် ရေထဲမှာ ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်နဲ့ အေးဆေးပဲ။

Water activity အကုန်လုပ်လို့ရတယ်။ Surfboard အစ wetsuit အဆုံး အချိန်နဲ့ ငှါးလို့ရတယ်။
Snorkelling tour လဲ ရှိတယ် ဒါပေမယ့် သူက လေကြမ်းရင်တော့ ပေးမသွားဘူး။

Newquay ကတော့ highly recommend 🩷
ပုံမှာပါတဲ့ ကျောက်ဆောင် အပေါ်က အိမ်က private property။ ဒါပေမယ့် သူ့အောက် တည့်တည့်နေရာက သီးသန့်လေးလို ဖြစ်နေတာ အဲ့နေရာလေးသွား။ လူတွေ မရှုပ်ဘူး။ ရေကျနေဖို့တော့ လိုတယ်။

📍Newquay, Great western beach

Address

London

Alerts

Be the first to know and let us send you an email when Hazellog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share