Hazellog

Hazellog Hello from London! This is Hazelle, I work in Performance Marketing! Welcome to my space where I share the beauty and the becoming of living abroad diaries

ဒီ weekend မှာ Bristol နားက The Wave | Surfingစသင်ခဲ့တယ်။ 🌊သူက Artificial wave pool ပါ။Wave တိုင်းကို machine နဲ့ ဖန်တီး...
13/07/2026

ဒီ weekend မှာ Bristol နားက The Wave | Surfingစသင်ခဲ့တယ်။ 🌊

သူက Artificial wave pool ပါ။
Wave တိုင်းကို machine နဲ့ ဖန်တီးပေးတာဆိုတော့ beginner တွေအတွက် အရမ်းအဆင်ပြေတယ်။
ပင်လယ်မှာလို wave စောင့်ရတာ၊ timing မှန်းရတာတွေထက်...
Balance ထိန်းတာ၊ board ပေါ်မှာ comfortable ဖြစ်လာတာကို ပို focus လုပ်လို့ရတယ်။
အမှန်တော့...
ဒီနေ့ surfing ထက် ပိုသင်ယူခဲ့တာက mindset ဖြစ်မယ်ထင်တယ်။
အများကြီးပစ်လဲခဲ့တယ်။
ရေတွေလည်း အများကြီးမျိုခဲ့တယ်။ 😂
ဒါပေမယ့် နောက်ဆုံးမှာတော့ board ပေါ်မှာ ရပ်နိုင်ခဲ့တယ်။
အဲ့ဒီစက္ကန့်ပိုင်းလေးက ကိုယ့်အတွက်တော့ အောင်မြင်မှုကြီးတစ်ခုလိုပဲ။

အဲ့ဒီနေ့က ပြန်သိလိုက်တာက တစ်နေ့ကျရင် ဒီနေ့ခက်နေတဲ့အရာက ကိုယ်မစဉ်းစားဘဲ လုပ်နိုင်တဲ့အရာ ဖြစ်သွားမယ်။
ဒါကြောင့် အသစ်တွေကို မကြောက်ဘဲ ဆက်စမ်းကြည့်ကြတာပေါ့။ 🤍

Hiking in Seven Sisters ⛰️🤍Hiking ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တာ တော်တော်ကြာပြီ 😅ဒါပေမယ့် အခုနောက်ပိုင်း ကိုယ်မလု...
03/07/2026

Hiking in Seven Sisters ⛰️🤍

Hiking ဆိုတာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တာ တော်တော်ကြာပြီ 😅

ဒါပေမယ့် အခုနောက်ပိုင်း ကိုယ်မလုပ်ဖူးသေးတဲ့ activity တွေကို စမ်းကြည့်ဖို့ ပိုကြိုးစားဖြစ်နေတယ်။

Seven Sisters က Instagram မှာ မြင်ဖူးထားတာထက် အပြင်မှာ ပိုလှတယ်။

ဓာတ်ပုံတွေထဲမှာတော့ အေးအေးဆေးဆေး လမ်းလျှောက်နေသလိုပဲ မြင်ရပေမယ့် တကယ်တမ်းတော့ တောင်တက် တောင်ဆင်းလုပ်ရင်း cardio အပြည့်ရခဲ့တယ် 😂

ဒါပေမယ့် view တွေက အရမ်းတန်တယ်။

အခုနောက်ပိုင်း milestone တွေ လိုက်ဖမ်းတာထက် ကိုယ်ကြိုက်တဲ့ experiences တွေကို ပိုစုဆောင်းဖြစ်နေမိတယ်။

ဒီ hike လေးကတော့ အဲ့ဒီ experiences တွေထဲက တစ်ခုပေါ့🤍

ဒီနှစ်ရဲ့ Asana Innovation Work Summit ကို သွားခဲ့တယ်။ အဲဒီမှာ ကြားခဲ့ရတဲ့ quote တစ်ခုက "In times of change learners inh...
07/06/2026

ဒီနှစ်ရဲ့ Asana Innovation Work Summit ကို သွားခဲ့တယ်။
အဲဒီမှာ ကြားခဲ့ရတဲ့ quote တစ်ခုက

"In times of change learners inherit the earth; while the learned find themselves beautifully equipped to deal with a world that no longer exists."
— Eric Hoffer

အဓိပ္ပါယ်က...
"အပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ဆက်လေ့လာနေသူတွေက အနာဂတ်ကို ပိုင်ဆိုင်သွားမယ်။ အရင်သိထားတာတွေနဲ့ပဲ ကျေနပ်နေသူတွေကတော့ မရှိတော့တဲ့ ကမ္ဘာအတွက်ပဲ ပြင်ဆင်ထားသလို ဖြစ်သွားမယ်။"
AI ခေတ်မှာ ဒီစကားက ပိုပြီး အဓိပ္ပါယ်ရှိလာတယ်လို့ ခံစားရတယ်။

Marketing လောကမှာ AI က content ရေးတာ၊ data analysis လုပ်တာ၊ customer insights ရှာတာ၊ campaign optimization လုပ်တာအထိ နေရာတော်တော်များများကို ပြောင်းလဲနေပြီ။
ဒါပေမယ့် Summit မှာ ရခဲ့တဲ့ အကြီးမားဆုံး takeaway က AI tools အသစ်တွေ မဟုတ်ဘူး။

"ဘယ်လောက်သိထားလဲ" ဆိုတာထက် "ဘယ်လောက် ဆက်လေ့လာနိုင်လဲ" ဆိုတာက ပိုအရေးကြီးလာနေပြီ ဆိုတာပဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သင်ယူခဲ့တဲ့ skill တွေ၊ best practices တွေ၊ working style တွေတောင် ဒီနေ့မှာ outdated ဖြစ်သွားနိုင်တယ်။
အခုခေတ်မှာ အောင်မြင်မယ့်သူတွေက
မသိသေးတာတွေကို စိတ်ဝင်စားပြီး လေ့လာဖို့ မကြောက်တဲ့သူတွေ ဖြစ်မယ်။
AI ကို သင်ယူပြီး အသုံးချတတ်တဲ့ marketer တွေက AI ကို မလေ့လာတဲ့ marketer တွေထက် အရမ်းရှေ့ရောက်သွားမယ်လို့တော့ ထင်တယ်။
ဒီနေ့ အိမ်ပြန်လာရင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးမိတာတစ်ခုက Degree တွေ၊ experience တွေ၊ achievements တွေထက် "learner mindset" ကို မပျောက်သွားစေဖို့ ပိုအရေးကြီးတယ် ဆိုတာပါပဲ။

London မှာ restaurant တွေ အများကြီးထဲကမှ တစ်ချို့နေရာတွေကတော့ စားပြီးတာနဲ့ နောက်တစ်ခေါက် ပြန်လာချင်စိတ် ဖြစ်စေတာမျိုးAve...
01/06/2026

London မှာ restaurant တွေ အများကြီးထဲကမှ တစ်ချို့နေရာတွေကတော့ စားပြီးတာနဲ့ နောက်တစ်ခေါက် ပြန်လာချင်စိတ် ဖြစ်စေတာမျိုး

Ave Mario က ဟေဇယ့်အတွက် အဲ့လိုနေရာပါ🤍

Covent Garden မှာရှိတဲ့ Italian restaurant လေးဖြစ်ပြီး retro vibe လေးနဲ့ colourful interiors တွေကြောင့် ဝင်လိုက်တာနဲ့ mood ကောင်းသွားတယ်။

ဒီတစ်ခေါက်တော့ Theatre Menu ကို စမ်းကြည့်ဖြစ်တယ်။
Starter, Main, Dessert ပါပြီး တစ်ယောက်ကို £29 ဆိုတော့ theatre မသွားခင် dinner စားဖို့လည်း အဆင်ပြေတယ်။

Burrata al pesto က creamy ဖြစ်ပြီး fresh flavour လေးနဲ့ အရမ်းကြိုက်တယ်။
Mafaldine Al Tartufo ကတော့ favourite menu ဖြစ်နေဆဲ 🍝
Rich, creamy ဖြစ်ပြီး truffle flavour လေးက အရမ်းမပြင်းဘဲ balance ဖြစ်တာကြောင့် comfort food လိုမျိုး ခံစားရတယ်။

စားစရာတွေ ကောင်းတာတစ်ခုတည်း မဟုတ်ဘူး။
Sunflower colour plate လေးတွေကအစ အသေးစိတ်လေးတွေကို ဂရုစိုက်ထားတာ သဘောကျမိတယ် 🌻

အခုနောက်ပိုင်း restaurant အသစ်တွေ ရှာသွားတာထက်
ကိုယ်တကယ် သဘောကျတဲ့ နေရာတွေကို ပြန်သွားဖြစ်တာ ပိုများလာတယ်။

Ave Mario ကတော့ အဲ့ဒီ list ထဲမှာ သေချာပေါက် ပါတဲ့ နေရာတစ်ခု 🤍

📍Ave Mario, Covent Garden

Life lately in London 🤍Just a lot of small moments that have slowly made my London life feel more like my own.
31/05/2026

Life lately in London 🤍
Just a lot of small moments that have slowly made my London life feel more like my own.

Ngl this birthday has been pure perfection! Day trip, homemade birthday cake, and surprises galore 🩷
20/04/2026

Ngl this birthday has been pure perfection! Day trip, homemade birthday cake, and surprises galore 🩷

Thai ရောက်တုန်း Pop mart က ဝင်ကို ဝင်ရမှ။ တကူးတက သွားစရာမလိုပဲ ဘယ်နေရာကြည့်ကြည့် ရှိနေတော့ တစ်ခုမဟုတ် တစ်ခုက အမြဲပါလာတာပ...
04/01/2026

Thai ရောက်တုန်း Pop mart က ဝင်ကို ဝင်ရမှ။ တကူးတက သွားစရာမလိုပဲ ဘယ်နေရာကြည့်ကြည့် ရှိနေတော့ တစ်ခုမဟုတ် တစ်ခုက အမြဲပါလာတာပဲ ❄️
Hippers တွေပါ လမ်းကြုံဝယ်ပြီးမှ ဖုန်းပြောင်းလိုက်ရတော့ ဖုန်းမှာ ကပ်လို့မရ။ အခုတော့ သစ်ပင်ပေါ်တက်ခိုင်းထားတယ် 🤣

Interview room ထဲ ဝင်တဲ့အခါ လက်ဖျားအေးပြီး“ငါ prepare မလုပ်ထားတဲ့ မေးခွန်းတွေ မေးလာရင် ဘယ်လိုဖြေရမလဲ” လို့ စိတ်ထဲက စိုးရ...
03/01/2026

Interview room ထဲ ဝင်တဲ့အခါ လက်ဖျားအေးပြီး
“ငါ prepare မလုပ်ထားတဲ့ မေးခွန်းတွေ မေးလာရင် ဘယ်လိုဖြေရမလဲ” လို့ စိတ်ထဲက စိုးရိမ်ဖူးလား?”

ဒါမျိုးကြုံရတာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟေဇယ်ဆိုလည်း interview အတွက် အများကြီး prepare လုပ်ထားပြီး f2f တွေ့တော့မှ ဒါတွေ ငါ မသိဘူး prepare မလုပ်လိုက်မိ ဘူးဆိုတာ အမြဲ ဖြစ်ဖူးတယ်။

အလုပ်အင်တာဗျူးအတွက် ပြင်ဆင်တဲ့အခါ လူတိုင်းက Hard skills ကို ပြင်ဆင်ဖို့၊ Job description ကို နားလည်ဖို့၊ Technical knowledge ကို လေ့လာဖို့ ပြောကြပါတယ်။
ဒီအချက်တွေက အရေးကြီးတယ်ဆိုတာကို မငြင်းပါဘူး။ ဒါပေမယ့် လက်တွေ့အင်တာဗျူးတွေမှာတော့ ဒီအရာတွေတင် မလုံလောက်တတ်ပါဘူး။

အများစုသော interview တွေမှာ မေးတာတွေက technical only ပဲ မဟုတ်ပါဘူး။
ကိုယ် fully prepared မလုပ်နိုင်တဲ့ soft skills area တွေကိုပါ သူတို့ ကြည့်ကြပါတယ်။
ကိုယ်သိထားဖို့က interview တစ်ခုဟာ exam မဟုတ် ပါဘူး။ Discussion လုပ်တဲ့အဆင့်လို့ မြင်ဖို့ပါ။

အဲဒီလို unexpected questions တွေ ကိုယ် မဖြေနိုင်တဲ့ အရာတွေ မေးလာလို့ ရှိရင် Interviewer တွေ တကယ်ကြည့်နေတာက အဖြေ မှန်ကိုသိချင်တာမဟုတ်ပါဘူး။ သူတို့ကြည့်နေတာက ဒီတစ်ယောက်ဟာ အဖြေတစ်ခုရဖို့

1. ဘယ်လို စဉ်းစားလဲ၊
2. ပြဿနာကို ဘယ်လို ခွဲခြမ်းစိတ်ဖြာလဲ၊
3. ကိုယ့်အတွေးအမြင်ကို ဘယ်လောက် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လဲ ဆိုတာတွေပါ။

လက်တွေ့အလုပ်လောကမှာတော့ အဖြေမှန်ဆိုတာတစ်ခုတည်း မရှိသလို အဖြေမှားတစ်ခုတည်းလည်း မရှိပါဘူး။

ဒါကြောင့် အင်တာဗျူးအတွင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။ မေးခွန်းတစ်ခုကို အပြည့်အဝ မသိဘူးဆိုရင်လည်း Panic မဖြစ်ပါနဲ့။ ပြဿနာကို အဆင့်လိုက် စဉ်းစားပြီး ကိုယ့်ရဲ့ Logic နဲ့ Reasoning ကို ရှင်းပြနိုင်ရင် အဲဒါဟာ Interviewer တွေအတွက် အရမ်းတန်ဖိုးရှိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ယုံကြည်မှု အပြည့်နဲ့ communicate လုပ်နိုင်တဲ့ သူက “I may not know everything but I can figure things out” ဆိုတာကို ပြနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် အင်တာဗျူးတွေဟာ အဖြေမှန်ကို ရှာဖို့ မဟုတ်ပါဘူး။ လက်တွေ့အလုပ်အခြေအနေတွေမှာ စဉ်းစားနိုင်မှု၊ ဆုံးဖြတ်နိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှုတွေကို မြင်ချင်ကြတာပါ။

Skill ကို ပြင်ဆင်ထားသလို ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လည်း မမေ့ပါနဲ့။

ဟေဇယ်ပြောတဲ့ ဒီအကြောင်းအရာလေးကို သဘောကျလို့၊ သဘောတူလို့၊ တိုက်ဆိုင်လို့ရှိရင် နောက်ထပ် Career & Interview tips တွေအတွက် Page ကို Follow လုပ်ထားပါဦးနော်။

ကိုယ့်ရဲ့ Interview အတွေ့အကြုံ ဒါမှမဟုတ် အခက်အခဲတွေကို ပြောပြချင်ရင်လည်း Comment မှာ မျှဝေပေးပါနော်။
See ya…

Address

London

Alerts

Be the first to know and let us send you an email when Hazellog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hazellog:

Shortcuts

Share