30/01/2025
UK မှာ ကျောင်းတက်ဖို့ဘယ်လောက်ကုန်လဲ ?
ဒီမေးခွန်းက အတော်များများသိချင်နေကြမယ်ထင်ပါတယ်နော်။
ကျောင်းလခ တစ်နှစ်စာ £15,000-£25,000 အတွင်းမှာရှိပါတယ် ကိုယ်ရွေးချယ်တဲ့ကျောင်း , ဘာသာ, Master ,Bachelor , Top Up ပေါ်မှာမူတည်ပီး ကွဲပါတယ်။ ခြူးက Master တစ်နှစ်စာကို £17,600 ကို Scholarship £1,000 ရတော့ £16,600 ကုန်ပါတယ်။ ခြူးရဲ့ကျောင်းက တစ်ဝက်စပေးရင် CAS ချပေးပါတယ်။ ကျန်တစ်ဝက်ကို First Term ပြီးမှ ပေးလို့ရပါတယ်။ ကျောင်းတစ်ကျောင်းနဲ့ကျောင်း Payment မတူပါဘူး ။ တစ်ချို့ကျောင်းကျ CAS ကျဖို့ သတ်မှတ်ထားတဲ့ Amount တစ်ခုပေးရပါတယ်။ (CAS ဆိုတာ Visa လျှောက်ဖို့ ကျောင်းဘက်ကထောက်ခံပေးတဲ့စာပါ Confirmation Of Acceptance ပ္, အဲဒါရှိမှ Student Visa စလျှောက်လို့ပါတယ်)
Student Visa ကြေး : £650 ( UK Gov ကိုပေးရတာပါ)
VFS Fee ( UK Visa က သံရုံးသွားစရာမလိုပါ, Third Party နဲ့လျှောက်ရတာပါ။ လှည်းတန်းစင်တာ Office Tower မှာရှိပါတယ် : လျှောက်ခ £100 ပါ ။ (တစ်ချို့ကျ Priority Visa ဆိုပီးလျှောက်ကြပာတယ်။ အဲလိုဆိုပိုပေးရပါတယ်)
ကျန်းမာရေး Insurance : £1,550 ကျောင်းတက်တဲ့တစ်နှစ်စာပါ။
လာတဲ့လေယာဥ်ခ : £600 ( သွားမဲ့ရက်နဲ့ ၃လခွာဝယ်ရင် အသက်သာဆုံးပါ။ ခြူးက kg အနဲဆုံးနဲ့ အသက်သာဆုံးကိုရွေးဝယ်ထားတာပါ။ တစ်ချို့က Kg များတာရွေးဝယ်ပီး Kg ပြန်ရောင်းတာတွေလဲရှိပါတယ်)
မလာခင် TB Test စစ်ခ £60 (ဝိတိုရီယသွားစစ်ရတာပါ) , Notri ပြန်ခ , စာရွက်စာတမ်းခ £50 ,Show Money ပြခ £200 ( မိဘတက်နိုင်ရင် မိဘပိုက်ဆံနဲ့ပြပါ, ခြူးတုန်းကတော့သိန်း၁၀၀ ကို ၁သိန်းနဲ့ သိန်း ၈၀၀ Third Partyနဲ့ ပြခဲ့တာပါ )
အိမ်ခန်းငှါးခ Single Room - တစ်လ £650-£850 အတွင်းမှာရှိပါတယ်။ London မှာနေရင်ကိုယ်နေတဲ့ zone နဲ့ နေစရိတ်ကွာပါတယ်။ စောနကပြောတဲ့စျေးက Bill အပါပေါ့နော်။ ရေချိုးခန်း အိမ်သာ Share ရပါတယ်။ ခြူးကျတော့ Double Bedroom ကို ၂ ယောက် share နေပါတယ်။ Bill အပါ တစ်လ £900 ပါ။ အနဲတစ်သိုက်နဲ့ Share နေတာပါ 🤪 Deposit က တစ်လစာလောက် တောင်းကြပါတယ်။ တစ်ချို့ကျောင်းသားတွေကျကျောင်း အဆောင်ေနကြပါတယ်။ စျေးနှူန်းတွေက £850 -£1000 ရှိပါတယ် ။ ရောက်ရင် Part Time ရှာမဲ့အချိန်နဲ့ ၃,၄လစာ အခန်းငှားခကြိုစုထားပါ။
စားစရိတ် - ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်အသုံးအစွဲပေါ်မူတည်ပြီး အများကြီးကွာဟသွားပါတယ်။ ချက်စားရင်သက်သာပါတယ်။ ဆိုင်မှာအမြဲစားရင််တော့ တစ်နပ်ကို £15 - £20 လောက်တော့ကျမှာပါ။ ခြူးက 80% အိမ်မှာပဲ ချက်စား, 20% အပြင်မှာစားနဲ့ တစ်လကို ပျမ်းမျှ နှစ်ယောက်စာ £300 လောက် ကုန်ပါတယ်။
သွားလာစရိတ် - London မှာနေမယ်ဆို Tube , Bus နှစ်မျိုးရှိပါတယ်။ Bus fare က တစ်ခါစီး £1.75 .ရထားစီးရင်တော့ စီးတဲ့ မှတ်တိုင်အရေအတွက် ခရီးအကွားအဝေးပေါ်မူတည်ပြီး ကျသင့်ပါတယ်၊ £3 ကနေ £5 ကြားပါ။ ရောက်ရောက်ချင်းတော့ လမ်းပဲလျှောက်ပါ ။ ကျောင်းနားနေပါ။ ဒီရာသီဥတုနဲ့ မိနစ် ၂၀ လမ်းလျှောက်တာ ခဏပါပဲ ။ ကျန်းမာရေးကောင်း, ပတ်ဝန်းကျင်နဲ့ရင်းနှီး 😗😗
Phone/internet bill - တို့က Budget သမားဆိုတော့ တစ်လ £10 ပေးရတာသုံး
ပါတယ်။ Sim Card က VFS ကပေးတာထာ အခုထိသုံးပါတယ်။ ရောက်ရာနေရာ Free WiFi ချိတ်သုံးပါတယ် ဟီး
UK ကိုအခုမှ စရောက်လာတဲ့သူတွေအနေနဲ့ကတော့ အထိုင်မကျခင်မှာ ကုန်မဲ့ ထပ်ပေါင်း ကုန်ကျစရိတ်တွေရှိပါတယ်။အဓိကကအနွေးထည်ဝယ်တာ , Thermal Wear ဝယ်တာ, Rail Card ဝယ်ခ စသဖြင့်ပေါ့။ လက်ထဲတော့ £5000 လောက် အပို ယူလာခဲ့ပါ။
ခြူးရဲ့ လာဖို့စီစဥ်တုန်းက Total Budgetက £25,000 ပါ။ မြန်မာငွေနဲ့ပြန်မတွက်ပြေတာ့ဘူးနော်။ Ex Rate က ခြူး လာတုန်းက အရမ်းများပီး အခုပြန်ကျသွားလို့ပါ။
အခုခြူးရဲ့London မှာ လစဥ် ပျမ်းမျှကုန်ကျစရိတ် £1500-£1600 ပါ (နှစ်ယောက်စာပါ) Plan Budget ထဲ ၃,၄ လစာ ထည့်တွက်ထားပီးသားပါ။
နိုင်ငံခြားသွားဖို့ အစီအစဥ်ရှိရင် စုငွေကို နိုင်ငံခြားငွေပြောင်းစုကြပါ ။ ဒါမှ Inflation နဲ့ Ex Rate တက်ရင် နဲနဲနေသာမှာပါလို့ 😗😗