
11/05/2025
ဘိုဖြူ
ဒီကောင့်နာမည်က ဘိုဖြူ။
အဲ့ကောင် ကလေးဘ၀ကတည်းက ကျွန်တော့်တို့ စခန်းကို ရောက်လာတာ။
ရောက်လာတာဆိုတာထက် ရဲဘော်တစ်ဦးရဲ့အိမ်ကနေ တောင်းယူ လာကြတာပေါ့ဗျာ။
ဘိုဖြူမှာက ညီရှိသေးတယ် ။သူ့ညီကတော့ နေမကောင်းပြီး ဆုံးသွားတာ အတော်ကြာပါပြီ။
ကျန်းမာစေချင်လို့ ရွာဘက်ခေါ်သွားပြီး ဆေးခန်းပြကာမှ ဆုံးသွားတာဆိုတော့ စိတ်မကောင်းတော့ ဖြစ်ရတယ်ဗျာ။
သူတို့တွေက လူတွေအများကြီးနဲ့နေပြီးမှ တစ်ကောင်တည်းနေရတော့ အားငယ်ပြီး ကျန်းမာရေးထိသွားတယ်လို့ ကျွန်တော်တို့တွေကတော့ ထင်မြင်ခံစားတွေးဆကြတာပေါ့။
ကဲထားတော့။အခုကတော့ ဘိုဖြူအကြောင်းပဲ ဆက်ပြောပြမယ်။
သူ့ပုံစံက ဘိုဖြူဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင် တစ်ကိုယ်လုံး အမွှေးဖြူဖြူနဲ့ပေါ့။
ကျွန်တော်တို့နေရာကို ဧည့်သည်တွေ လာတဲ့အခါ မောနေအောင် ဟောင်တာကလည်း သူ့အကျင့်တစ်ခု။
ကိုက်တာကတော့ လန့်ရတယ် လက်ထိုးပေးတောင် မကိုက်ဘူးဆိုတဲ့ဇနဲ့။
ကျွန်တော်တို့ လူစစ်တန်းစီတဲ့ သစ္စာဆိုတဲ့အခါဆိုလည်း သူကပါလိုက်ဆိုတတ်တာတွေ သူတို့ ငယ်သေးတဲ့အချိန် တစ်ခုခုအရေးအကြောင်းဆိုလည်း သူတို့ကို ရွာထဲက ပြည်သူတွေဆီအပ်ထားခဲ့ရတာနဲ့ အခြားတူတူပြေးလွှားခဲ့ရတာတွေကလည်း အမှတ်တရပါပဲ။
အခုတော့ ဝမ်းနည်းစရာကောင်းတာက ဘိုဖြူရဲ့ညီမရှိတော့သလို ဘိုဖြူမရှိတော့တာလည်း ၃လလောက်ရှိပါပြီ။
အပြင်သွားရာကနေ ပြန်မလာတော့တာပါ။
မတော်တဆဒီသက်ရှိလောကကနေ ပြီးဆုံးသွားတာ မဟုတ်ပဲ ဒီကနေထွက်သွားပြီး ကျွန်တော်တို့ဆီကို ပြန်မလာတော့တာလို့ပဲ တွေးလိုက်ပါတယ်။
အသက်ရှိသေးတယ်ဆိုလည်း ငါတို့ထက်ကောင်းတဲ့လူတွေနဲ့ တွေ့ဆုံနိုင်စေ။
အသက်မရှင်တော့ဘူးဆိုလည်း ပိုကောင်းမွန်ရာဘုံဘဝမှာ ရောက်ရှိစံစားနိုင်စေ ငါ့ကောင်ရေ။