Dynamic Duo Diaries

Dynamic Duo Diaries Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dynamic Duo Diaries, Digital creator, London.

02/07/2025

ပြည်ပမှာ ကျောင်းတက်ဖို့ဘာတွေပြင်ဆင်သင့်လဲ နည်းပညာပစ္စည်းတွေကော လိုအပ်ရဲ့လား
ကျွန်တော့်ကို အဲလိုမေးခွန်းမေးမယ်ဆိုရင်တော့ ဖြေစရာတွေအများရီးရှိပါတယ် သုံးမယ်ဆိုရင်တော့အများကြီးပေါ့
ကျွန်တော်အတွက်ကျတော့ ဒါတွေသိပ်အကျိုးရှိတယ်

📌နံပါတ် ၁- Phone
ဖုန်းက လူတိုင်းအတွက်မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ပါလိမ့်မယ် ကျွန်တော်အတွက်တော့ ဘယ်သွားသွား ယူသွားဖြစ်တဲ့ထဲမှာပါ သီချင်းနားထောင် ငွေပေးချေတာ ဓာတ်ပုံရိုက်တာ
1. Communication : အပေါင်းအသင်းမိတ်ဆွေတွေနဲ့ စကားပြောတယ် ဆက်သွယ်တယ်
2. Information : online ကဖြစ်ဖြစ် fb တို့ကဖြစ်ဖြစ် သတင်းတွေ ရာသီဥတုခြေနေတေ သိလိုသမျှ ရှာဖွေနိုင်တယ်
3. Online wallet : ဘဏ်ကဒ်တွေ နေရာတိုင်း ယူသွားစရာမလိုဘဲ အလွယ်တကူငွေပေးချေနိုင်
4. Entertainment : ဟာသ​တွေ ကြည့်တာ ရုပ်ရှင်ကြည့်တာ ဂိမ်းဆော့တာ eBook ဖတ်တာမျိုး
5. Google map : မရောက်ဖူးသေးတဲ့ နေရာတွေသွားတဲ့အခါမျိုးမှာ လမ်းမပျောက်အောင် GPS ကြည့်ပြီးသွားတာမျိုး
ကျွန်တော့်အတွက်ကတော့ နေ့စဉ် အသုံးပြုနေတဲ့အရာဖြစ်လို့ တော်တော်အဆင်ပြေတယ် အဲတာတွေအတွက်ကလဲ ဖုန်းကောင်းကောင်းလေးတလုံးရှိနေရင်က်ုအဆင်ပြေတယ် သို့ပေမဲ့လဲ နည်းပညာတွေဘယ်လောက်မြင့်မားနေပါစေ အသုံးပြုသူတွေရဲ့ လိုအပ်ချက်လေးတွေနဲ့ ကိုက်ညီမှသာလျှင် တကယ်အသုံးဝင်နိုင် နောက်ဆုံးပေါ်ထိလဲ မလိုလောက်ဘူးထင်ပါတယ်
📌နံပါတ် ၂ - Laptop
ပြည်ပမှာ ကျောင်းလာတက်တော့မယ်ဆိုရင် ဒီဟာကလဲ မရှိမဖြစ်ထဲမှာတော့ပါတယ် ကျောင်းတွေမှာ ထားထားပေးတယ်ဆိုပေမဲ့ assignment တွေ လုပ်တာမျိုုးတွေ project လုပ်ရတဲ့ အခါမျိုးမှာဆိုပိုအသုံးလ်ုတယ်ဘာလို့လဲဆိုတော့ ပြည်ပနိုင်ငံတွေမှာက laptop ကိုအခြေံပြုပြီး လေ့လာရတာမျိုးကြောင့် laptop မရှိရင်တာကျ အရာရာနောက်ကျကျန်ခဲ့နိုင် ကိုယ်ပိုင် laptop နဲ့ဆို အချိန်မရွေး စာပြန်ကြည့်နိုင် ဘယ်နေရာမှာမဆို စာလုပ်နိုင်တယ်
ပုံမှန်ကျောင်းစာတွေအတွက်က မော်ဒယ်လဲ သိပ်မနိမ့်တာ ရေရှည်သုံးလို့အဆင်ပြေမဲ့ဟာ ( ဥပမာ - ကိုယ်သွားတက်မှာ IT နဲ့ဆိုရင် အနည်းဆုံး RAM -8 Intel core i7 အဲလောက်မှလဲရေရှည်အဆင်ပြေမာလေ)
ဒီမှာ မေးစရာရှိတာက တချို့ programming app တွေကကျ high- performance တွေနဲ့အဆင်ပြေ အဲတာကြောင့် အနည်းဆုံးတော့ i7 memory space ကများလေကောင်းလေ နောက်ပိုင်း project တွေလုပ်ရမာဆိုတော့
📌နံပါတ် ၃ - Tablet
မဖြစ်မနေလိုလားဆိုရင် မလိုအပ် သို့သော် ကျွန်တော်ကတော့
EBook တွေဖတ်ရတာကြိုက်တော့ စာဖတ်တယ် မှတ်စုရေးတာမျိုးတွေ
Vc ခေါ်တယ် ရုပ်ရှင်ကြည့်တယ်
ကျောင်းသွားတဲ့အခါမှာဆိုရင် စာလိုက်မှတ်တာတွေနဲ့ဆိုတော့ပိုအဆင်ပြေတယ်
📌နံပါတ် -၄ smart watch
ဒီမှာကျတော့ ကိုယ်အသုံးချမယ့်ပေါ်မူတည်ပြီးလိုအပ်မလိုအပ် ရှိနိုင် လုပ်ဆောင်ချက်များစွာနဲ့ ဖန်တီးထားတဲ့ အရာဖြစ်သည့်တိုင် ကိုယ်က အချိန်သက်သက်ကြည့်ရုံဆိုရင်တော့ မဝယ်သင့် ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်သူ ( အထူးသဖြင့်ရောဂါ အခံရှိတဲ့သူတွေဆိုတမျိုးပေါ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကြည့်တာ ကယ်လိုရီ တွက်တာမျိုး နှလုံးခုန်နှုန်းတိုင်းတာမျိုး စတာတွေအတွက်တော့အသုံးဝင်နိုင်တယ်)
📌နံပါတ် - ၅ နားကြပ်
နားကြပ်ကတော့ မရှိမဖြစ်လိုအပ်မယ်ထင်တယ် ကျွန်တော့်အတွက်ကျတော့ အားကစားလုပ်တဲ့ချိန် သီချင်းနားထောင်တာ ဖုန်းပြောတဲ့ အချိန်တွေ အဆင်ပြေတယ်။
🚶တယောက်တည်းအပြင်သွားတဲ့ချိန် သီချင်းနားထောင်ပြီး သွားရတာလေးကိုသဘောကျတယ်ဆိုရင်တော့ ဝယ်ထားသင့်ပါတယ်။
🌨️ပြည်တွင်းမှာ ဝယ် သင့်လား၊ ပြည်ပမှာ ဝယ်သင့်လား ။
☁️ပြည်တွင်းမှာကျတော့ ရွေးချယ်စရာနည်းမယ် laptop တို့ tablet တို့ဆို ပြည်ပမှာဆိုရင် သင်ထောက်ကူတွက် လိုအပ်တာမို့ discount တွေရတာတွေရှိတယ်။ ပြည်ပမှာဆို​ေတာ့ ရွေးချယ်စရာလဲများတယ် in stock လဲရှိတော့အဆင်ပြေတယ် သို့သော် အခွန်တော့ဈေးများမယ်။
⛑️နောက်ဆုံး နိဂုံးချုပ်ရရင်
ပြည်ပမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ကျောင်းသားတွေအတွက် နည်းပညာ ပစ္စည်းတွေရဲ့ အရေးပါပုံတွေ သိရှိနိုင်လိမ့်မယ်လို့မျှော်လင့်တယ် မိဘတွေအနေနဲ့ကလည်း သားသမီးတွေကိုရဲ့ လိုအပ်ချက်တွေနားလည်ပေးပြီး ခေတ်နဲ့အညီ ပံ့ပိုးပေးဖို့မျှော်လင့်ပါတယ်။
အချိန်ပေးပြီး အဆုံးထိ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အဆုံးထိ ဖတ်လိုက်လို့လဲ အကျိုးတစုံတခုရသွားမယ်လို့မျှော်လင့်ပါတယ်။ 📝

# keepgoing

ဘန်ကောက်သို့ သွားရောက်လည်ပတ်မှု🌫️ ဒီထဲ follower တွေနဲ့စကားမပြောဖြစ်တာ အင်မဆန်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။...
28/06/2025

ဘန်ကောက်သို့ သွားရောက်လည်ပတ်မှု
🌫️ ဒီထဲ follower တွေနဲ့စကားမပြောဖြစ်တာ အင်မဆန်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ ကြားထဲ ကိစ္စလေးတွေ များပြီး စိတ်နှစ်ဖြစ်သွားတယ်။ စာထပ်မရေးဖြစ်တော့ဘူး။ ခုတော့ပြန်စရေးတော့မယ်ဗျ။
🌫️ ဒီလထဲမှာ ကို ဘန်ကောက်ကိုသူငယ်ချင်းတွေသွားရောက်လည်ပတ်တုန်းကအတွေ့အကြုံလေးတွေနဲ့ ပျော်ရွှင်စရာလေးတွေပြန်လည် ဝေမျှပေးချင်လို့ပါ
💸 ဒီခရီးက budget ခရီးဖြစ်တဲ့အကြောင်း ကမ်းခြေအကြောင်းတွေကိုလဲ တစေ့တကြောင်းလေးထည့်ပြောချင်ပါတယ်။
🌤️Day 1
စရောက်တဲ့နေ့ကိုတော့ Grand palace ကိုသွားရောက်လည်ပတ်လိုက်တယ်။ ပထမနေ့ဆိုတော့ ကောင်းမှုကုသိုလ်လေးနဲ့စလိုက်တယ်ပေါ့
💵ဝင်ကြေး အနေနဲ့ တယောက်ကို ဘတ် ၅၀၀ ပေးရပါတယ် အထဲမှာ လည်စရာတွေများတာမို့ သွားရောက်လည်သင့်ပါတယ်
📌ဒီမှာမှာချင်တာကတော့ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အတိုအပျက်တွေမဝတ်သွားဖို့အကြံပြုချင်ပါတယ်
📦 ညကတော့ဟိုတယ် နဲ့နီးတဲ့ညစျေးကိုဘဲရွေးလိုက်တယ် အဝေးသွားဖို့ကားလဲထပ်မစီးချင်တော့တာနဲ့ရောက်တဲ့နေ့လဲဖြစ်တော့ အဲညစျေးကိုဘဲသွားလိုက်တယ်
📅 Day 2
ဒုတိယနေ့ကျတော့ Central world ရယ် Platinum fashion mall နဲ့ Gaysomshopping centre ကိုသွားလိုက်တယ်
📆 Day 3
တတိယနေ့ကျတော့ N mark Plaza ကိုဘဲသွားပြီး ကမ်းခြေကိုခရီးဆက်ပါတယ်
🗓️ Day 4
ကမ်းခြေကတော့ Hua Hin ကမ်းခြေကိုရွေးလိုက်တယ် local ကော အဲကသူငယ်ချင်းတော်တော်များက အဲတာကို သွားဖို့ပြောတာနဲ့ လိုင်းပေါ်မှာလဲ budget save ဖြစ်ပြီး လူလဲရှင်း ရေလဲသန့်တာနဲ့ အဲတာကိုဘဲသွားလိုက်ပါတယ်
🚋 minibus ဘန်ကောက်ကနေ ကမ်းခြေကိုကျတော့ ဘစ်စကားနဲ့ဘဲသွားလိုက်တာ တယောက်ကို ဘတ် ၂၅၀ လောက်ကျတယ်
🗓️ Day 5 ကတော့ကမ်းခြေမှာဘဲဆိုတော့ထွေထွေထူးထူးမရှိပါဘူး
🗓️ Day 6 ကျတော့ ဘန်ကောက်ကိုပြန်ပြီး ဘန်ကောက်ကနေပြန်ထွက်လာပါပြီ
ပုံလေးတွေတော့ သွားတုန်းက အမှတ်တရလေးနဲ့ရိုက်ခဲ့တဲ့ပုံတွေပါ။
Bway 2025. All rights reserved.

25/06/2025

ဒီတခေါက်မှာ တော့ကျွန်တော်ရဲ့ မနက်ခင်းလေးတွေကိုဘယ်လို ကျော်ဖြတ်တယ် ဆိုတာကိုတင်ပြသွားမာဘဲဖြစ်ပါတယ်။ 👋ဒီ vd လေးမှာ ASHTON HALL ကိုအတုယူပြီး အတတ်နိုင်ဆုံး သူ့ပုံစံလိုမျိုးနဲ့ 💪မနက်ခင်းကို ဖြတ်သန်းမှာပါ 👆💪

ကျွန်တော်တို့ရဲ့ vd လေးကိုစဉ်ဆက်မပြတ် အားပေးဖို့ page ကို follow လေးလုပ်ထားပေးပါအုံး 🫶

တခြားသောစိတ်ဝင်စားဖွယ်လေးတွေကိုထပ်တင်ပေးမာမလို့ youtube channel လေးကိုလဲ subscribe လုပ်ထားပေးဖို့ တောင်းဆိုပါတယ်ခဗျ🙆🏽🤝

https://youtube.com/-d5z?si=qEFW0DdcsC5NDyGb

နောက်ထပ်သော vd လေးတွေကိုလဲ ဒီထက် quality ပိုင်းကော အသံပိုင်းကော ပိုကောင်းအောင်ကျွန်တော်တို့ကြိုးစားသွားမာမို့ ဆက်လက်အားပေးကြပါအုံး✊😦



stadium

14/06/2025

FA ဖလား ဗိုလ်လုပွဲမှာ Bar Staff အလုပ်လုပ်ပြီး Wembley ဘောလုံးကွင်းပတ်ကြည့်မယ်..

ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း အောက်ကပေးထားတဲ့ Link မှတစ်ဆင့် subscribe လုပ်ပေးခြင်းဖြင့်လည်း အားပေးနိုင်ပါတယ်ဗျ။
https://youtube.com/-d5z?si=K9enygFmWn8TphLq



12/05/2025

Arsenal Emirate Stadium မှာဘာတွေရှိမလဲ??

ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း အောက်ကပေးထားတဲ့ Link မှတစ်ဆင့် subscribe လုပ်ပေးခြင်းဖြင့်လည်း အားပေးနိုင်ပါတယ်ဗျ။
https://youtube.com/-d5z?si=K9enygFmWn8TphLq

10/05/2025

Arsenal Stadium Tour vlog is coming soon...
ဒီကြားမှာ စာမေးပွဲရှိနေတာနဲ့ Vlog တွေမတင်အားခဲ့ဘူးဗျ အခု ကျောင်းလည်းပိတ်ပြီဆိုတော့ Vlog တွေပြန်ရိုက်ပါတော့မယ် .... Stay tuned 👀
We are coming back...✨

Happy Birthday mate! 🥳 Alexander 🙂Thank you for being such a great friend. 💪I truly appreciate our continued connection ...
23/04/2025

Happy Birthday mate! 🥳 Alexander 🙂Thank you for being such a great friend. 💪I truly appreciate our continued connection and I’m grated that despite having known each other for just few years. Wishing you all the best on your special day!😇😇
ဘာလိုလိုရင်မင်းတောင်အသက်တနှစ်ကြီးသွားပြီကွာ တာဝန်တွေယူနိုင်ပြီး မင်းဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်မြောက်တဲ့တနေ့အမြန်ဆုံးရောက်ပါစေကွာ ဆိုးတူပေါင်းဖော်တွေဆိုပေမဲ့ တယောက် အကြောင်း တယောက်သိလို့ ရင်ဘတ်နဲ့ပေါင်း တာမို့ စိတ်ညစ်တဲ့အခါတိုင်းရင်ဖွင့်ကြရင်း ရီစရာတွေဖန်တီးကြတာအမှတ်တရ တခုပါဘဲ အမှတ်တရတွေဆိုတာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆက်ပြီးတော့ရှိနေအုံးမာဘဲမလား။ အဝေး​ရောက်နေတာမလို့ အစစအရာရာဂရုစိုက်ပါလို့ဘဲမှာချင်ပါတယ် 😆


18/04/2025

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် (2025) April လ၊ (18) ရက်
မြန်မာ့နှစ်ဆန်းနှစ်ရက်နေ့မှာ
မြန်မာပြည်သူ\ ပြည်သားများ အားလုံး
မလိုရှိအပ်၊ မတောင့်တအပ်သော
သဘာဝဘေးအန္တရာယ်တွေ၊ အခြားအခြားသော ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေကြောင်း
ကျွန်တော်တို့ မင်မင်အဖွဲ့ မှ နှစ်သစ်ဆုမွန်တောင်းပေးလိုက်ရပါတယ်ခဗျ။


14/04/2025

ကမ္ဘာကျော် Oxford မြို့သို့သွားရောက်လည်ပတ်ခြင်း

ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း အောက်ကပေးထားတဲ့ Link မှတစ်ဆင့် subscribe လုပ်ပေးခြင်းဖြင့်လည်း အားပေးနိုင်ပါတယ်ဗျ။
https://youtube.com/-d5z?si=K9enygFmWn8TphLq




Happy 25th Kayan National Day....Kayǎn Batha Kayǎn ♥️🩵 ... ရုပ်ကောနံကော      ဖိုင်းကြပါစေဗျာ... အခြေနေအမျိုးမျိုးကြောင...
10/04/2025

Happy 25th Kayan National Day....
Kayǎn Batha Kayǎn ♥️🩵 ... ရုပ်ကောနံကော ဖိုင်းကြပါစေဗျာ...
အခြေနေအမျိုးမျိုးကြောင့် Video တွေမတင်ဖြစ်တာ သိပြီးလောက်ပြီလို့ထင်ပါတယ်ဗျ..
ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်မြို့တစ်မြို့ဖြစ်တဲ့ Oxford မြို့ကို အလည်သွားခဲ့တဲ့ Vlog ကို လာမဲ့ ရက်သတ္တပတ်အတွင်း တင်ဖို့ရှိတဲ့အတွက် စောင့်မျှော်ကြည့်ရှပေးကြပါအုံးခင်ဗျာ..
Stay Tuned!!✨



09/04/2025

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ၊ ဝမ်းနည်းမှုတွေကို ကျွန်တော်တို့ Dynamic Duo Diaries မှလည်း ထပ်တူခံစားနေရပါတယ်။

တခါတလေ စကားထဲကနဲ့တောင် ခံစားချက်တွေမဖော်ပြနိုင်အောင် ဝိုင်းဝန်းထိခိုက်နေရတဲ့အချိန်တွေ ဖြစ်နေပါတယ်။ စိတ်ကျရော၊ စိတ်ပင်ပန်းရောဖြစ်လာတဲ့ အချိန်မျိုးမှာ တစ်ယောက်ယောက်က “အဆင်ပြေလား” လို့မေးတစ်မေးပေးတာက တကယ်တန်ဖိုးကြီးပါတယ်။

ကျွန်တော်တို့လဲ ထပ်တူဝမ်းနည်းနေရပါတယ်။
အခုလိုအချိန်မှာ မျှော်လင့်ချက်နဲ့ အားရစရာတွေက သေးသိမ်သွားတတ်ပေမယ့်…
သူငယ်ချင်းတစ်ယောက်လို၊ မိတ်ဆွေတစ်ဦးလို၊ ပံ့ပိုးမှုကိုပေးနိုင်ဖို့ ရှိနေချင်ပါတယ်။

မြန်မာပြည်သူအပေါင်းတို့…
စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာအနေနဲ့ ကျန်းမာကြပါစေ။
ကပ်ကြီးသုံးပါးမှ လွတ်မြောက်နိုင်ကြပါစေ။
ပတ်ဝန်းကျင်ကသူတွေကို နားလည်ပေးကြပါ၊ ချစ်ကြပါ၊ တူတူရှိပေးကြပါ။

တစ်ချို့သူတွေက မမြင်နိုင်တဲ့အနာအဆာနဲ့ တော်လှန်နေရပါတယ်။
စိတ်ဓာတ်ကျနေသူတွေရှိတယ်ဆိုတာကိုသတိပြုကြပါ။
မလိုအပ်တဲ့လှုပ်ရှားမှုတွေ မလုပ်မိအောင်… ကိုယ်ကိုယ်တိုင်ကို သတိထားပါ။

မလုပ်သင့်တာတွေ မလုပ်မိဖို့… ကိုယ်ကိုကိုယ်ဂရုစိုက်ပါ။
ခနလေး social media ကနေပင်အနားယူပြီး၊ စိတ်အေးအေးနဲ့ အားပြန်ယူဖို့ကြိုးစားပါ။
တရားထိုင်ခြင်း၊ သဘာဝထဲသွားခြင်း၊ အနားယူခြင်းတွေက စိတ်ကိုပြန်ပြေလျှော့ပေးနိုင်ပါတယ်။

တကယ်လို့စိတ်မသက်မသာဖြစ်နေရင်… ကျွန်တော်တို့ကို message ပေးလို့ရပါတယ်။
Dynamic Duo Diaries မှ အားလုံးနဲ့အတူတူရင်ဖွင့်ရင်းနားထောင်နေဖို့အဆင်သင့်နေလျက်ရှိပါတယ်။
တစ်ယောက်ထဲမဟုတ်ပါဘူး… တူတူရှိနေပါတယ်။

27/03/2025

အခြေခံပညာကျောင်းသားဘဝတုန်းက ဆရာ/မ တွေပြောတဲ့ စကားတစ်ခုရှိတယ်ဗျ
တက္ကသိုလ်တက်ရင် အေးဆေးပဲ..🤩
ရည်းစားထားလည်း‌ရတယ်၊
စာဆိုရင်လည်း ဘားလုပ်စရာမလိုဘူး
တစ်လ မှ ကျောင်းတစ်ပတ်လောက်တက်ရင်ရပြီ
ဆိုတဲ့စကားတွေ တကယ် အခုချိန်မှာမှန်ရင် ဘယ်လောက်ကောင်းလိုက်မလဲ But... ဆန့်ကျင်ဘက်ဖြစ်နေတာဗျ

Address

London

Website

Alerts

Be the first to know and let us send you an email when Dynamic Duo Diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share