Jeremy Hello. I’m a business graduate from the UK🇲🇲🇬🇧
I’m building my life from what i have, not what i wish i had. If you’re doing the same, let’s journey together.

08/09/2026

Just a quick reminder 👇
(၁) ခင်ဗျား ဘာလုပ်နေလဲဆိုတာ
စိတ်ဝင်တစားကြည့်နေတဲ့သူ မရှိပါဘူး။
လူတိုင်းက ကိုယ့်ပြဿနာနဲ့ကိုယ်၊
ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာ။
ပတ်ဝန်းကျင်က ဝိုင်းဝေဖန်လာမှာ
ကြောက်နေတာကိုရပ်ပြီး
ကိုယ်လုပ်ချင်တာကို စလုပ်။
No one is watching you.
(၂) ဘဝမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့
ထင်ထားတာထက် အချိန်ပိုကြာတတ်တယ်ဆိုတာ
သိထားရင် လောကကြီးကို စိတ်ပျက်တာတွေ လျော့သွားလိမ့်မယ်။ ဘာလုပ်လုပ် ခင်ဗျား လိုချင်တဲ့ ရလဒ်ရဖို့ ခင်ဗျားထင်ထားတာထက် ပိုကြာလိမ့်မယ်။ စိတ်ရှည်တတ်အောင် လေ့ကျင့်ထား။
(၃) ကိုယ်က အရာရာမှာ နောက်ကျနေတယ်လို့
ခံစားနေရရင် သူများရဲ့ success stories တွေကို
ကြည့်တာ များနေလို့ပဲ။
သူတို့ မပြောတဲ့ story ရဲ့ တဖက်မှာ
နှစ်တွေ အကြာကြီး ရုပ်ဆိုးပန်းဆိုး၊
အရှက်တကွဲ ကြိုးစားခဲ့ရတာတွေရှိတယ်။
ပြီးတော့ 0.001% လောက်ပဲ ရှိတဲ့
လူချမ်းသာတွေကိုကြည့်ပြီး ကိုယ့်ကိုကိုယ်
နောက်ကျနေတယ်လို့ မခံစားပါနဲ့။
ခင်ဗျားက နောက်ကျနေတာ မဟုတ်ဘူး၊
အကြောင်းအမျိုးမျိုးကြောင့် သူတို့က
မြန်လွန်းနေတာ။
(၄) ဖြတ်လမ်း လိုက်မရှာနဲ့၊ ဖြတ်လမ်းမရှိဘူး။
နည်းလမ်းတခုက လွယ်လွန်းနေရင်
လူတိုင်းက အဲ့နည်းလမ်းနဲ့ လုပ်ကြတာပဲ။
လူတိုင်းလုပ်တဲ့နည်းလမ်းက
ဖြတ်လမ်းမဟုတ်တော့ပြန်ဘူးလေ။
အကောင်းဆုံးဖြတ်လမ်းက အလုပ်ကြိုးစားတာပဲ။

06/09/2026

ကိုယ်က ရည်မှန်းချက်ကြီးသူ၊
ဒါပေမယ့် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက
လုံလောက်နေရဲ့လားဆိုတာကို တိုင်းတာတဲ့
theory တခုရှိတယ်။
အဲ့ဒါကို Signal to Noise Ratio (SNR)
လို့ ခေါ်တယ်။
Signal ဆိုတာ ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ဖို့
တကယ် လုပ်ကိုလုပ်ရမယ့်အရာ။
Noise ဆိုတာက ကိုယ့်ရည်မှန်းချက်ပြည့်ဖို့ အထောက်အကူမဖြစ်စေဘဲ အချိန်ကုန်၊
energy ကုန်စေတဲ့အရာ။
ဉပမာ ဒီနေ့တရက်တာ အရေးကြီးတဲ့ အလုပ် (၃)ခုကို
ပြီးအောင် လုပ်ရမယ်ဆိုရင်
အဲ့ဒီအလုပ် (၃)ခုက signal ပဲ။
ကျန်တာက Noise (ဆူညံသံ)။

အဲ့ဒါကို အချိုးချ (ratio) ကြည့်လို့
signal က နည်းပြီး noise က များနေရင်
ရည်မှန်းချက်ပြည့်ဖို့ မဖြစ်နိုင်ပါဘူး။
Signal က အမြဲတမ်း များပြီး
noise က နည်းနေဖို့ လိုပါတယ်။

ဒါပေမယ့် ပြဿနာက လူတော်တော်များများမှာ
Noise က ပိုများနေတာ။ အဲ့လို noise များပြီး
လူတွေ လမ်းပျောက်ကုန်အောင်
နိုင်ငံရေးသမားတွေ၊ စီးပွါးရေးသမားတွေ၊
သတင်း media တွေက ငွေပုံသုံးပြီးလုပ်နေတာ။
နောက်တခု..
information တော်တော်များများကလည်း
noise တွေပဲ။
ကိုယ့်အတွက် တကယ်လိုအပ်နေတဲ့ information မဟုတ်နေဘူး။
ဉပမာ podcast 100, TikTok video 500, motivational video 2,000 နားထောင်တဲ့သူထက်
စာအုပ်သုံးအုပ်လောက်ပဲ ဖတ်ပြီး လက်တွေ့အသုံးချနိုင်တဲ့သူက ပိုရှေ့ရောက်တယ်။
အဲ့တော့ မေးရမှာက
“Information ဘယ်မှာ ပိုရှာရမလဲ” မဟုတ်ဘူး၊
“ဘယ် information ကို ဖယ်ထုတ်ရမလဲ”
ဆိုပြီး မေးရမှာ။
Information တွေ၊ activities တွေ
တော်တော်များများကို No! လို့ ပြောနိုင်လေလေ
Noise နည်းလေလေ။
Noise နည်းလေလေ အရေးကြီးတဲ့ Signal တွေကို
ပြီးအောင် လုပ်နိုင်လေလေပဲ။

နောက်ဆုံး မေးခွန်း…
ဒီနေ့လုပ်စရာ (၁၀) ခု လုပ်ဖြစ်တယ်ဆိုပါတော့
အဲ့ထဲက ဘယ်နှခုက signal လဲ?
ဘယ်နှခုက noise လဲ?
Remember. Signal ပိုများနေရပါမယ်။

ဒီမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ ရည်မှန်းချက်ကို
ရှင်းရှင်းလင်းလင်းသိရမယ်။ အဲ့လိုမသိရင်
ဘယ်ဟာက signal လဲဆိုတာ မသိနိုင်ဘူး။
ဒီလိုနဲ့ Noise တွေ ကြားမှာ လူတွေ
လမ်းပျောက်ကုန်တာ။

04/09/2026

Be patient.
Everything is coming together.

ခရီးသွားပါခရီးသွားရင် ပိုက်ဆံကုန်တာ မှန်ပါတယ်။ဒါပေမယ့် တနှစ်မှာ အနည်းဆုံး တခါလောက်တော့ အလုပ်၊ ကျောင်း ကနေ အနားယူပြီး မတူ...
03/09/2026

ခရီးသွားပါ
ခရီးသွားရင် ပိုက်ဆံကုန်တာ မှန်ပါတယ်။
ဒါပေမယ့် တနှစ်မှာ အနည်းဆုံး တခါလောက်တော့
အလုပ်၊ ကျောင်း ကနေ အနားယူပြီး
မတူညီတဲ့ နေရာဒေသအသစ်တခုကို
ရအောင် ခရီးသွားကြည့်ပါ။
စျေးကြီးပေးပြီး နိုင်ငံခြားခရီးထွက်လည်ဖို့ အခြေအနေမပေးရင်တောင်
ကိုယ်နေတဲ့နိုင်ငံအတွင်းက
မတူညီတဲ့မြို့၊ရွာတွေဆီ ခရီးသွားကြည့်ပါ။

မတူညီတဲ့ ယုံကြည်မှုတွေ၊
မတူညီတဲ့ ယဉ်ကျေးမှုတွေ၊
မတူညီတဲ့ လူနေမှုပုံစံတွေကို
ကိုယ်တိုင်တွေ့ကြုံဖူးတဲ့သူကပဲ
ကိုယ့်လူမျိုးကို ပိုမြတ်နိုးတတ်လာသလို
ကိုယ်နဲ့မတူညီတဲ့ လူမျိုးတွေကိုလည်း
ပိုပြီး ချစ်တတ်လာတာ။

ဉပမာ ဒို့မြန်မာပြည်မှာ…
တိုင်းရင်းသားဒေသတွေဆီ
တခါတခေါက်မှ မရောက်ဖူးပါပဲနဲ့
တိုင်းရင်းသားတွေအပေါ်
အမြင်မှားနေတဲ့သူတွေနှင့်လည်း ကြုံဖူးတယ်၊
ပြည်မကို တခါတခေါက်မှ မရောက်ဖူးပါပဲနှင့်
ပြည်မက ဗမာတိုင်းရင်းသားတွေအပေါ်
အမြင်မှားနေတဲ့သူတွေကိုလည်း တွေ့ဖူးတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ခရီးများများသွားကြည့်ပါ၊
ငါသည်သာ အကောင်းဆုံး၊
ငါ့လူမျိုးသည်သာ အမွန်မြတ်ဆုံးဆိုတဲ့
အတ္တစိတ်ကို ဘေးဖယ်ပြီး
မတူညီတဲ့ လူမျိုးပေါင်းစုံနဲ့ ရင်းရင်းနှီးနှီး
ပေါင်းသင်းကြည့်ပါ။
ကမ္ဘာကြီးက စာအုပ်တစ်အုပ်လိုပါပဲ။
စာမျက်နာ တစ်မျက်နာပဲ ဖတ်ပြီး ပစ်မထားပါနဲ့။

31/08/2026

မကောင်းတဲ့အရာတွေ၊
ကိုယ်မကြိုက်တဲ့အရာတွေကို
No! လို့ ငြင်းတာက လွယ်တာပေါ့။

သင်ယူရမှာက ကောင်းတဲ့အရာတွေကို
No! လို့ ပြောတတ်အောင် သင်ယူရမှာ။
opportunity တိုင်းကို ကိုယ့်အတွက်ကြီးလို့
သွားမှတ်မမှားသင့်ဘူး။
ကျနော်တို့ ရွေးချယ်ယူရမှာ နည်းနည်းလေးပဲ ရှိတာ၊
ကျန်တာက ဘယ်လောက် ကောင်းနေပါစေ No! လို့
ပြောခဲ့ရတာမျိုး။
လောကမှာ ကောင်းတဲ့အရာတွေ၊
ကိုယ်ကြိုက်တဲ့အရာတွေ အများကြီးလေ၊
ပြဿနာက ကိုယ့်ဆီမှာ Time နှင့် Energy က
အင်မတန် အကန့်အသတ်ရှိနေတာပဲ။

မကောင်းတာ လုပ်ပြီး အချိန်မကုန်သင့်သလို
ကောင်းတာလုပ်ပြီးလည်း အချိန်မကုန်သင့်ဘူး။

29/08/2026

လောကမှာ ကိုယ်လုပ်ချင်တာ
အကုန်လုပ်လို့ရတယ်။
ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကိုတော့
လက်ခံရင်ဆိုင်ရတာပေါ့။
You can do anything you want in life.
But are you willing to pay the price for it?
Are you willing to face the consequences?
Cuz every single action comes at a cost.

28/08/2026

အဆိုးဆုံးနဲ့ ကြုံနေတဲ့အချိန်မှာတောင်
တနေ့အကောင်းဆုံး ဖြစ်လာမယ်ဆိုပြီး
လုံးဝ ယုံကြည်ထား။ And keep fighting.
ယုံကြည်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်။
Motivation ပေးနေတာ မဟုတ်ဘူး။
ကျနော့်ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ဟာကို share ပေးရုံပဲ။

Remember when you lose hope, you lose everything.

28/08/2026

သနားလို့ အလုပ်ခန့်တယ်ဆိုတာ
မြန်မာဇာတ်ကားထဲမှာပဲ ရှိတာ။
လက်တွေ့မှာ skill မရှိရင်
ဘယ်သူမှ အလုပ်လာမခန့်ဘူး။

အလုပ်တခုခုကို ကျွမ်းကျွမ်းကျင်ကျင်
လုပ်နိုင်တဲ့ skill မရှိသေးတာက
ကိုယ့်ဆီမှာ စည်းကမ်း (discipline) မရှိလို့။
အဲ့တော့….
စည်းကမ်းရှိအောင်လုပ် (discipline)၊
ပြီးမှ ကျွမ်းကျင်မှု (skill) ရှိလာမယ်၊
Skill ရှိမှ တခုခုကို လုပ်နိုင်ခဲ့ဖူးတဲ့ သက်သေ
(evidence) ရလာမယ်၊
လုပ်နိုင်ခဲ့ဖူးတဲ့ သက်သေ (evidence)ကပဲ
စစ်မှန်တဲ့ ယုံကြည်မှုကို ဖြစ်စေတာ။

Discipline ➡️Skill ➡️ Evidence ➡️ Confidence

27/08/2026

ကိုယ့်ရဲ့ true version ကို သိချင်လား?
ဘယ်သူမှ ကိုယ့်ဘေးနားမှာ မရှိတဲ့အချိန်၊
ဘယ်သူမှ ကိုယ့်ကို မမြင်ရတဲ့အချိန်
ဘာလုပ်နေတတ်လဲ၊ ဘာတွေးနေတတ်လဲ
အဲ့ဒါ ကိုယ့်ရဲ့ true version ပဲ။

ဂရုစိုက်စရာ ပတ်ဝန်းကျင်မရှိနေတဲ့အချိန်
ဖြစ်နေတဲ့ ကိုယ်က ‘စစ်မှန်တဲ့ကိုယ်’ ပဲ။

26/08/2026

“ဖူးစာရှင်တို့၊ right person တို့၊” သီးသန့် တနေရာရာမှာ တယောက်ယောက်ရှိနေတယ်ဆိုတဲ့ idea ထက်
စိတ်ပိုင်းဖြတ်မှုနှင့် ကိုယ်ရွေးချယ်လိုက်တဲ့သူက
ကိုယ့်ရဲ့ right person (သို့) ဖူးစာရှင်ပဲလို့
လက်ခံထားတယ်။
It’s your choice and commitment.
Perfect မဖြစ်တဲ့ လူနှစ်ယောက်က
နားလည်မှုတွေထားရင်း၊
compromise တွေ လုပ်ရင်း၊
တယောက်ကို တယောက် ထပ်ခါထပ်ခါ
ရွေးချယ်နေကြရင်း
အိုမင်းတဲ့အထိ ပေါင်းသင်းနိုင်ကြတာ။
အဲ့ဒါ choice and commitment.
တနည်းပြောရရင် သူနှင့်လမ်းခွဲခဲ့ရတာ
ဖူးစာမပါလို့ မဟုတ်ဘူး၊
သူနင့်ကို မရွေးချယ်ခဲ့တာ။
It’s choice.

နောက်တခုက right person ကိုပဲ
အမြဲလိုက်ရှာနေရင်
ဟိုလူကများ ငါ့အတွက်
right person ဖြစ်မလား၊
ဒီလူကများ ငါ့ရဲ့ right person ဖြစ်မလားဆိုပြီး
မပြီးဆုံးနိုင်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်နေရမှာ။
ခင်ဗျားရဲ့ လက်ရှိ partner ထက် ပိုဆွဲဆောင်မှုရှိတဲ့သူ၊
ပိုချမ်းသာတဲ့သူ၊ ပိုအောင်မြင်တဲ့သူ၊
ပိုသဘောကောင်းတဲ့သူတွေ နေရာတိုင်းမှာရှိမှာပဲ။
ကိုယ်နှင့် right person ဖြစ်နိုင်တဲ့သူက
အများကြီး ရှိနိုင်တာကို။
ဒါပေမယ့် လက်ရှိ partner ကိုပဲ ထပ်ထပ်ခါခါ
ရွေးမိနေမှ တည်မြဲတာမျိုး။
It’s your choice and commitment.

သေချာတာတခုက အခုလက်ရှိချိန် perfect ဖြစ်နေလို့ right person လို့ ထင်ရပေမယ့်
နောင်အသက်ကြီး အိုမင်းလာတဲ့အချိန်မှာတော့
perfect ဖြစ်နေတော့မှာ မဟုတ်ဘူး။
ဒါပေမယ့် အဲ့အချိန်လည်း သူ့ကိုပဲ ဆက်ပြီး ရွေးချယ်နေရမယ်၊ အဲ့ဒါမှ တည်မြဲတာမျိုး။
I chose the person you are today, and I will still choose the person you will become tomorrow
ဆိုပြီး ဖြစ်ရတာ။
It’s your choice and commitment.

Relationship တခုက အမြဲတမ်း
romantic feeling နှင့် သွားနေရတာမျိုး
မဟုတ်ဘူး။ အဲ့ဒီ feeling က တခါတလေ အနိမ့်အမြင့်ရှိတယ်။ အဲ့အချိန်မှာ ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်ဖို့ ရွေးချယ်ရတာ။
မပြည့်စုံတဲ့ကြားက ဆုံးဖြတ်ချက်နှင့်
တယောက်ကို တယောက်
ထပ်ခါတလဲခဲရွေးချယ်နေမှုက တည်မြဲစေတာ။
ဖူးစာက တည်မြဲစေတာ မဟုတ်ဘူး။

Finding right person မဟုတ်ဘူး၊
becoming right for each other.

Address

Sunderland
SR46SQ

Website

Alerts

Be the first to know and let us send you an email when Jeremy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jeremy:

Shortcuts

Share