08/11/2025
သူက ကလေး ၁၀၀ ကျော်ကို ကယ်ခဲ့တယ်။ ...ဒါပေမဲ့ သူ့ကို ဘယ်သူမှ အချိန်မီ မကယ်နိုင်ခဲ့ဘူး။
ဒါက ၁၉၉၉ ခုနှစ်၊ Columbine (ကော်လံဘိုင်း) ကျောင်းပစ်ခတ်မှုက ဆရာ "Dave Sanders" ပါ။
သူက သေနတ်သံ ကြားကြားချင်း၊ ကျောင်း ကော်ဖီဆိုင်ထဲက ကျောင်းသားတွေကို "အမြန်ပြေးကြ၊ ပုန်းကြ!" လို့ အော်ဟစ် သတိပေးပြီး လူပေါင်း ၁၀၀ ကျော်ကို အသက်ရှင် လွတ်မြောက်စေခဲ့တယ်။
သူဟာ ကျောင်းသားတွေကို ကယ်တင်နေရင်း... သေနတ်သမားတွေရဲ့ "ပစ်ခတ်မှု" ကို ခံခဲ့ရတယ်။
သူက ဒဏ်ရာတွေနဲ့ စာသင်ခန်းတစ်ခုထဲ တွားသွားပြီး ဝင်ပုန်းခဲ့တယ်။ အဲ့ဒီအခန်းထဲက ကျောင်းသားတွေက "ဆရာ သွေးထွက်နေတယ်၊ ကယ်ကြပါ!" လို့ ပြတင်းပေါက်ကနေ အော်ဟစ် အကူအညီ တောင်းခဲ့ကြတယ်။
ဒါပေမဲ့... ရဲတပ်ဖွဲ့က "ပစ်ခတ်မှု" မပြီးဆုံးသေးလို့ (SOP အရ) အဆောက်အအုံထဲကို ချက်ချင်း မဝင်ရဲခဲ့ပါဘူး။
Dave Sanders ဟာ "၃ နာရီ" ကျော်ကြာအောင် သွေးထွက်လွန်ပြီး၊ ကယ်ဆယ်ရေးကို စောင့်ဆိုင်းရင်း... "ငါ့သမီးလေးတွေကို ပြောပေးပါ... ငါ သူတို့ကို အရမ်းချစ်တယ်လို့" ဆိုတဲ့ စကားကို နောက်ဆုံး ပြောပြီး အသက်ထွက်သွားခဲ့ရပါတယ်။
ကိုယ့်အသက်ကို စွန့်ပြီး ကလေးတွေကို ကယ်တင်ခဲ့တဲ့ "သူရဲကောင်း" တစ်ယောက်ရဲ့ ဒီလို "အဆုံးသတ်" အပေါ် သင် ဘယ်လိုမြင်လဲ?