HZ movie channel

HZ movie channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HZ movie channel, Digital creator, Cianjur Regency.

24/07/2025

ရှယ်နော်😬


24/07/2025

အန်တာစတန့်🤣🤣🤣🤣

23/07/2025

ဒါမျိုးလေးတစ်ခုတော့ဆောင်ထားသင့်တယ်

22/07/2025

ခြင်္သေ့ဆိုတဲဘအတိုင်းပဲ 😱😱😱

21/07/2025

ကျုံ့တောင်ကျုံ့သွားတယ် လန့်ထှာကွာ😬😬😬🥹

21/07/2025

မိန်းမတွေမကြိုက်ရင် ဒါမျိုးလေးဆောင်ထား🥰

18/07/2025

တောင်ကြီးတစ်ခုလုံးကို ကားနဲ့တင်သွားပီ😱😱😱😱

16/07/2025

သားရီးရာ ဟိုမှာရှက်ကုန်ပီ

15/07/2025

ကလေးကိုကွာ သက်သက်အနိုင်ကျင့်တာ😡

14/07/2025

ဟေ့ရောင် မစနဲ့လို့ 🤣🤣🤣

လိုင်းပေါ်မှာဟော့နေတဲ့ အားလုံးစိတ်ဝင်စားအားကျနေတဲ့ ဟုန်ဟုန်ဟုန်ဖြစ်နေတဲ့ မမ(ဟုန်)အကြောင်းလေး 😁😁😁တရုတ်နိုင်ငံ၊ နန်ကျင်းမှ...
13/07/2025

လိုင်းပေါ်မှာဟော့နေတဲ့ အားလုံးစိတ်ဝင်စားအားကျနေတဲ့ ဟုန်ဟုန်ဟုန်ဖြစ်နေတဲ့ မမ(ဟုန်)အကြောင်းလေး 😁😁😁

တရုတ်နိုင်ငံ၊ နန်ကျင်းမှာ ဖြစ်ခဲ့တဲ့ "မမဟုန်" ဇာတ်လမ်းက ဆိုရှယ်မီဒီယာတစ်ခုလုံးကို တော်တော်လေး လှုပ်ခတ်သွားစေခဲ့ပါတယ်။

အသက် 38 နှစ်အရွယ် 'ကျောက်' ဆိုတဲ့ အမျိုးသားတစ်ယောက်က မိန်းကလေးအယောင်ဆောင်ပြီး ယောက်ျားပေါင်း 1691 ယောက်ကို လှည့်စားခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ဒီလိုထူးဆန်းတဲ့ ကိစ္စကြီးက ဘာလို့ ဖြစ်ခဲ့ရတာလဲဆိုတာ နည်းနည်းပြောပြမယ်နော်။

ဘယ်လိုစပြီး ဘယ်လိုလှည့်စားခဲ့လဲ?

'ကျောက်' က နန်ကျင်းကို ရောက်လာပြီး "မမဟုန်" ဆိုတဲ့ မိန်းကလေး Profile နဲ့အွန်လိုင်းအကောင့်အတုကို စဖန်တီးခဲ့တာ။ ဓာတ်ပုံတွေ အကြီးအကျယ်ပြင်ဆင်တယ်။ မိန်းကလေးအသံအတု သုံးတယ်။

ပြီးတော့ ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်လို ဇာတ်လမ်းအတုတွေ ပြောပြပြီး အွန်လိုင်းကနေ ယောက်ျားထောင်ချီကို ဆွဲဆောင်ခဲ့တာပေါ့။

သူ့ရဲ့ နေ့စဉ်လုပ်ငန်းတွေက မနက် 5 နာရီကတည်းက စတယ်။ မိတ်ကပ်လိမ်း၊ ဆံပင်အတု၊ ဆီလီကွန်ရင်သားအတုတွေ တပ်ဆင်၊ မိန်းကလေးအဝတ်အစားတွေ ဝတ်တာ နှစ်နာရီလောက် ကြာတယ်။ ပြီးရင် သန့်ရှင်းသပ်ရပ်တဲ့ အိမ်ရှင်မပုံစံလေးနဲ့ ဟင်းချက်တာ၊ ပန်းပင်စိုက်တာ၊ အဝတ်ခေါက်တာလို ဗီဒီယိုအတိုလေးတွေ တင်တယ်။ ဒါတွေက Single ယောက်ျားလေးတွေကို မြန်မြန်ဆွဲဆောင်နိုင်ခဲ့တာပေါ့။

လူတွေက ယုံပြီဆိုတာနဲ့ 'မမဟုန်' က ယောက်ျားတွေကို သူ့တိုက်ခန်းကို ဖိတ်တော့တာပဲ။ ပိုက်ဆံအစား အိမ်သုံးပစ္စည်းလေးတွေလို ဈေးမကြီးတဲ့ လက်ဆောင်လေးတွေ ယူလာခိုင်းတယ်။ "ကိုယ်လက်နှီးနှောတာက အခမဲ့" လို့ သူက ပြောခဲ့တယ်။ သုံးနှစ်အတွင်းမှာ ဘယ်သူနဲ့မှ မဆုံမိအောင်လည်း အချိန်စာရင်း တိတိကျကျ စီစဉ်ခဲ့သေးတယ်။

ဘာလို့ မထွက်သွားခဲ့ကြတာလဲ?
'မမဟုန်' ရဲ့ လှည့်ကွက်ထဲ ရောက်သွားတဲ့သူတွေထဲမှာ Gym ကစားသူတွေ၊ ကျောင်းသားတွေ၊ အိမ်ထောင်သည်တွေ၊ စေ့စပ်ပြီးသားတွေတောင် ပါခဲ့တယ်။ 'မမဟုန်' ရဲ့ ယောက်ျားပုံစံ ခန္ဓာကိုယ်၊ လည်စေ့နဲ့ လက်ကြီးတွေက သိသာနေပေမဲ့ သူ့လိင်အမျိုးအစားကို သံသယဝင်လာချိန်မှာတောင် အများစုက ဆက်ပတ်သက်ခဲ့ကြတယ်။

ဘာလို့လဲဆိုတော့...

ပထမဆုံးကတော့ "အခမဲ့" ဖြစ်လို့ပါပဲ။ ပိုက်ဆံလည်း မကုန်၊ ဥပဒေနဲ့လည်း မညှိစွန်းဘူးဆိုတော့ ဘာအန္တရာယ်မှ မရှိဘူးလို့ သူတို့ထင်ခဲ့ကြတာပေါ့။ ဒုတိယအချက်ကတော့ မမဟုန်ရဲ့ လှည့်ဖျားတဲ့နည်းလမ်းတွေပါ။ တစ်ခုခုမေးခွန်းထုတ်ခံရရင် 'မမဟုန်' က စကားလမ်းကြောင်းလွှဲတာ၊ ဒေါသထွက်ဟန်ဆောင်တာတွေ လုပ်ပြီး လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်ခဲ့တယ်။

ပြီးတော့ အချိန်ဆွဲပြီး အခြေအနေကို ပိုဆိုးသွားအောင် လုပ်တာပေါ့။ နောက်ဆုံးအချက်ကတော့ စိတ်ဆန္ဒက ဦးနှောက်ကို လွှမ်းမိုးသွားတာပါပဲ။ အခန်းထဲ ရောက်ပြီဆိုတာနဲ့ တွေဝေနေတာတွေအားလုံးက ချက်ချင်းဖြစ်ပေါ်လာတဲ့ စိတ်အားထက်သန်မှုအောက်မှာ ပျောက်ကွယ်သွားတယ်။

'မမဟုန်' က နောက်ဆုံးအခိုက်အတန့်အထိ မျက်နှာဖုံးဝတ်ထားခဲ့ပြီး ယောက်ျားတွေ မတုံ့ပြန်နိုင်ခင် လုပ်ဆောင်မှုတွေကို စတင်ခဲ့လို့ "ဒီရောက်နေမှတော့..." ဆိုတဲ့စိတ်နဲ့ ဆက်နေခဲ့ကြတာပါ။

တကယ်တော့ 'မမဟုန်' က အမဲလိုက်သူ၊ အဲဒီယောက်ျားတွေက အလိုက်ခံရသူတွေပါပဲ။ နောက်ဆုံးမှာ "အခမဲ့" ထင်ခဲ့ရတဲ့ အတွေ့အကြုံက သူတို့အတွက် အကြီးမားဆုံး အဖိုးအခ ဖြစ်သွားခဲ့တာပေါ့။

ဘာတွေဖြစ်ကုန်လဲ?

အခုတော့ ဒီအရှုပ်တော်ပုံ လူသိရှင်ကြား ဖြစ်လာပြီဆိုတော့ ယောက်ျား 1691 ယောက်ဟာ တော်တော်လေး ဒုက္ခရောက်ကုန်ကြပြီ။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြား၊ မိသားစုတွေက သိလာပြီး ဆိုရှယ်မီဒီယာအကောင့်တွေလည်း ပေါ်ကုန်တယ်။

ဒီခေတ်ရဲ့ ဆက်ဆံရေးတွေမှာ စိတ်ဆန္ဒ၊ လှည့်ဖြားမှုနဲ့ Boundaries မရှိဘဲ ပျော်ရွှင်မှုကို လိုက်စားခြင်းရဲ့ အဖိုးအခတွေကို ဒီဖြစ်ရပ်က ပြသနေပါတယ်။

ဇူလိုင် 5 ရက်နေ့မှာ ရဲက 'ကျောက်' ရဲ့ တိုက်ခန်းကို ဝင်စီးပြီး ဆံပင်အတုတွေ၊ ဆီလီကွန်ရင်သားအတုတွေ၊ ဖုန်း 6 လုံး၊ ယောက်ျား 1691 ယောက်ရဲ့ နာမည်စာရင်းပါ မှတ်စုစာအုပ်တစ်အုပ် တို့ကို သိမ်းဆည်းရမိခဲ့တယ်။ ဗီဒီယိုတွေ အများကြီးလည်း တွေ့ရှိပြီး ပိုက်ဆံပေးရတဲ့ Adult Platform တွေပေါ် တင်ထားတာကို တွေ့ရတယ် 🤭🤭🤭

ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်တဲ့ 🤫🤫🤫

12/07/2025

Wow😱😱😱

အမိုက်စားတွေ

Address

Cianjur Regency

Website

Alerts

Be the first to know and let us send you an email when HZ movie channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HZ movie channel:

Share