Travel To Indonesia

Travel To Indonesia Don't Be Afraid Of Losing People. Be Afraid Of Losing Yourself By Trying To Please Everyone Around You.

Indonesia  ၊ Bandung မြို့သို့ weekend escape and Relaxing 🤘🗓️ Bandung ခရီးစဉ်ခရီးကြာချိန်: 1 ည အိပ် 2 ရက်စတင်ရာနေရာ: Ja...
03/11/2025

Indonesia ၊ Bandung မြို့သို့ weekend escape and Relaxing 🤘

🗓️ Bandung ခရီးစဉ်

ခရီးကြာချိန်: 1 ည အိပ် 2 ရက်

စတင်ရာနေရာ: Jakarta

သွားမယ့်နေရာ: Bandung (Lembang Area)

လမ်းကြာချိန်: ၃ နာရီခန့် (Cipularang Toll Road မှတစ်ဆင့်)

သင့်တော်သူများ: သဘာဝချစ်သူများ၊ အပန်းဖြေသူများ၊ ဓာတ်ပုံဆရာများ

🚗 Day - 1 ( Jakarta မှထွက်ပြီး Lembang ရောက် )

ညနေ 3 နာရီလောက်မှာ Jakarta ရဲ့ traffic မတက်ခင် car rental လေးနဲ့ ထွက်လိုက်တယ်။
မြို့ပြရဲ့ဆူညံသံတွေမှ လှည့်ထွက်သွားချိန်မှာ highway လမ်းမပေါ်က လေညှင်းအေးအေးနဲ့ သစ်ပင်တွေက စိတ်ကိုပျော်စေတယ်။

တည်းဖို့အတွက် အကြံပြုချက်:
🏡 The Lodge Maribaya Glamping

သစ်တောအနားက wooden tent လေးတွေ

အေးမြပြီး romantic လဲဆန်

ညဘက်မှာ bonfire လည်းရှိ 🔥

တစ်ညဈေးနှုန်း ~ Rp 800,000 – 1,200,000 ( $75 USD )

ညစာစားဖို့နေရာ:🍴 Kampung Daun Culture Gallery & Café

Sate Maranggi, Nasi Timbel, Es Campur လိုပဲ local food တွေက နာမည်ကြီး

ညနေပိုင်းမှာတော့ coffee တစ်ခွက်နဲ့ outdoor deck ပေါ်ကနေ လေညှင်းခံရင်း အနားယူလိုက်ချိန်မှာတော့ city noise တွေ မေ့ပျောက်သွားပီး အိပ်စက် အနားယူ။

🌄 Day - 2 ( မီးတောင်နဲ့ သစ်တောအေးမြမှု )

နံနက်စာအတွက်နေရာ:
🥞 Kopi Luwak Cikole Café

သစ်တောကြီးမြင်ရတဲ့ open café

Luwak coffee နဲ့ banana pancake သုံးရင်း လေညှင်းအေးအေးနဲ့ အပန်းဖြေ။ 🌳🥰

မနက်ခင်းအေးအေးမှာ breakfast စားပြီးတာနဲ့ စိတ်လှုပ်ရှားဖွယ် destination သွားကြမယ်။ 🚶

Tangkuban Perahu Volcano ( မီးတောင်🌋 )

Lembang ကနေ drive ~30 mins

ဝင်ခွင့်ကြေး ~Rp 200,000 ( $15 USD )

မီးတောင်အပေါ်က sulfur အနံ့နဲ့ မြူတိမ်ကြားက crater မျက်နှာပြင်ဟာ စိတ်လှုပ်ရှားဖွယ် ဖြစ်လှပါတယ်။ ပေးရတဲ့ဝင်ကြေးနဲ့ တန်တဲ့ vibe ကို လဲ ရရှိစေမှာ အသေအချာပါဘဲ။ နောက်ပီး အေးတဲ့လေထဲမှာ ပူပူနွေးနွေး coffee တစ်ခွက်လောက် သောက်ဖို့ မမေ့နဲ့နော်။ ☕🙋

📸 Photo tip: မနက် ၇ – ၈ နာရီအချိန်က mist မပျောက်သေးလို့ အလှဆုံးပုံတွေ ရနိုင်တယ်။

🌸 Orchid Forest Cikole

မီးတောင်ကနေ မိနစ် ၂၀ လောက်။
သစ်ပင်ကြီးတွေကြားက လမ်းလေးတွေ၊ sky bridge လေးနဲ့ ပန်းများပေါင်းစုံရှိတဲ့ အေးမြတဲ့နေရာ။

ဝင်ခွင့်ကြေး ~Rp 50,000 ( $5 USD )

Deer farm, flower garden, sky bridge

နေရာတော်တော်လှတယ်၊ ဓာတ်ပုံတင်ဖို့ဆို perfect! ဘဲ။ 🏞️

🛶 နေ့လည် – Floating Market Lembang

အနီးအနားက ၁၅ မိနစ်လောက်ပဲ။
ကန်ရဲ့အပေါ်မှာ boat နဲ့ စျေးအဆင့်အဆင့်ရှိတဲ့ floating market တစ်ခု။

ဝင်ခွင့်ကြေး Rp 50,000 ( $5 USD )

Batagor, Nasi Bakar, Sate Maranggi, Bandrek (ginger drink) လို snacks တွေသုံးနိုင်တယ်

ငြိမ်းချမ်းတဲ့ ရေပြင်အပေါ်ကနေ စားသောက်ရင်း စိတ်အပန်း‌ဖြေ အနားယူရင်း 📸 ဓာတ်ဖမ်းလိုက်။ 😁

🚙 ညနေ – အပြန်လမ်း

ညနေ ၄ နာရီခန့်မှာ ပြန်ထွက်ပါ။ Traffic မတက်ခင် ထွက်လျှင် အ‌ကောင်းဆုံး။
နေရောင်ညိမ့်လာတဲ့အချိန်မှာ highway ပေါ်ကနေ တောင်တန်းရဲ့အပေါ်ကနေမြို့ပြဆီသို့ ပြန်သွားတာဟာ တစ်နေ့လုံးပင်ပန်းတာ‌တွေပြေသွား စေတဲ့ ခံစားချက်ပဲ။

💡 သွားမယ့်သူတွေအတွက် အသုံးဝင်တဲ့အကြံပြုချက်များ

🌤️ သွားဖို့ကောင်းတဲ့ကာလ – ဇွန်မှ စက်တင်ဘာ (မိုးမရွာချိန်)

🧥 အေးလို့ အနွေးထည် ( jacket ) ယူသွားပါ

☕ လက်ဆောင် ( souvenir ) – Kopi Aroma Bandung coffee လေး ဝယ်ဖို့မမေ့နဲ့နော်

🕰️ တနင်္ဂနွေနေ့ညအနောက်ပိုင်းမှာ traffic ကြာတတ်တယ် — အစောဆုံးထွက်

💬 အသုံးဝင်တဲ့စကားလုံး - “Hatur Nuhun” (သက်သက်တင်္ဘန်ဘာသာနဲ့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား)

🌿 ဘာကြောင့် Bandung က သွားလယ်ဖို့ကောင်းသလဲ

Bandung မြို့ဟာ တစ်ရက်နှစ်ရက်ပဲ လယ်ပတ်ဖြစ်ရင်တောင်မှ စိတ်ကို “reset” လုပ်ပေးနိုင်တဲ့မြို့ဖြစ်ပါတယ်။
မြို့ပြရဲ့ ဆူညံသံတွေကိုချန်ပြီး တောင်တစ်ဖက်မှာ မီးတောင်ကြီးကို ကြည့်ရင်း၊ သစ်တောနဲ့လေညှင်းအေးအေးတွေထဲမှာ coffee ပူပူလေးသောက်ရတဲ့ ခံစားချက်က သက်တောင့်သက်သာနဲ့ Relax အဖြစ်ဆုံးခံစားချက်ပါဘဲ။ Bandung ဟာ အဲ့လို “ငြိမ်းချမ်းမှုနဲ့ သက်တောင့်သက်သာဖြစ်မှု” ကို မျှဝေတဲ့ မြို့ပါ 🌸

ခုလို vlog လေးတွေ ကို နောက်ထပ်လဲ ထပ်ထပ် တင်သွားပေးမှာဖြစ်လို့ page လေးကို လဲ like and follow လုပ်သွားဖို့ မမေ့နဲ့ ဦးနော် ☺️🤘





29/10/2025

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

🇮🇩 Jakarta ကို ပထမဆုံး အကြိမ် လာမယ်ဆိုရင် သိထားသင့်တာနဲ့ ပြင်ဆင်သင့်တာများ🏙️ Jakarta – အင်ဒိုနီးရှားရဲ့ နှလုံးသားမြို့Ja...
27/10/2025

🇮🇩 Jakarta ကို ပထမဆုံး အကြိမ် လာမယ်ဆိုရင် သိထားသင့်တာနဲ့ ပြင်ဆင်သင့်တာများ

🏙️ Jakarta – အင်ဒိုနီးရှားရဲ့ နှလုံးသားမြို့

Jakarta ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နည်းပညာအချက်အချာတွေ ပြည့်နှက်နေတဲ့ နိုင်ငံတော်၏ နှလုံးသားဖြစ်ပါတယ်။ အနောက်တိုင်းနဲ့ အရှေ့တိုင်း အစပ်မှာ တည်ရှိတဲ့အတွက် စိတ်ဝင်စားဖွယ်ယဉ်ကျေးမှုဖျော်ဖြေမှုတွေကို တွေ့မြင်နိုင်ပါတယ်။

✈️ လာမယ့်အခါ ပြင်ဆင်သင့်တာများ

1. ဗီဇာနှင့် သက်တမ်း

မြန်မာနိုင်ငံက ခရီးသွားအနေနဲ့ အင်ဒိုနီးရှားကို သွားချင်သူတွေအတွက် Visa on Arrival (VoA) ရနိုင်ပါတယ်။

သက်တမ်း – ၃၀ ရက် (တစ်ကြိမ် သက်တမ်းတိုးလို့ ရတယ်)

လိုအပ်သောအချက်များ –

Passport (၆ လအနည်းဆုံး သက်တမ်းကျန်)

အပြန်လေယာဉ်လက်မှတ်

2. ငွေကြေး

အသုံးများတဲ့ငွေကြေး – Indonesian Rupiah (IDR)

၁ USD ≈ ၁၆,၀၀၀ – ၁၆,၅၀၀ IDR (အနည်းငယ်ပြောင်းလဲနိုင်သည်)

လက်ခံငွေပေးချေမှု – ငွေသား (Cash) သုံးလို့ကောင်းတယ်။ အနည်းငယ်သောနေရာတွေကတော့ e-wallet (GoPay, OVO, Qris) သုံးကြတယ်။

💡 Tip: ငွေပြောင်းလဲတဲ့အခါ Airport ထက် မြို့ထဲက Money Changer တွေက ပိုကောင်းတဲ့အပြောင်းနှုန်းရှိတတ်တယ်။

3. Transportation

Jakarta ဟာ လမ်းပိတ်မှု (traffic jam) ကြီးတယ်ဆိုတာနာမည်ကြီးတဲ့မြို့ဖြစ်ပါတယ်။
ထို့ကြောင့် မထွက်စဉ် အချိန် buffer ထားဖို့ မမေ့ပါနဲ့။

🚕 Grab / Gojek – App မှာအလွယ်တကူခေါ်နိုင်ပြီး စျေးနှုန်းသင့်တင့်တယ်

🚝 MRT Jakarta – မြို့အတွင်းအရမ်းအဆင်ပြေတဲ့ လေ့လာဖို့သင့်တဲ့သယ်ယူပို့ဆောင်မှုပါ

🚌 TransJakarta Bus – စျေးချိုတဲ့ Public bus service

🍜 စားသုံးဖို့သင့်တဲ့ အစားအစာများ

Jakarta ကိုလာရင် စားသုံးဖို့ မလွတ်သင့်တဲ့ အစားအစာများကတော့ –

Nasi Goreng – အင်ဒိုနီးရှားရဲ့ နာမည်အကြီးဆုံး ထမင်းကြော်

Satay (Sate) – ကြက်၊ ဝက်၊ အမဲ စသည်တို့ကို ကင်ထားတာ ဖြစ်ပါတယ်

Bakso – အမဲလုံး (meatball ) နဲ့ ခေါက်ဆွဲ ပါတဲ့ နာမည်ကြီးအစားအစာ ဖြစ်ပါတယ်

Es Cendol / Es Teh Manis – အအေး အချိုရည်မျိုး များအသောက်များပါတယ်

💡 Tip: Street food စားချင်ရင် သန့်ရှင်းမှုရှိတဲ့ဆိုင်တွေ ရွေးချယ် စားသုံးပါ။

🏨 နေဖို့အကြံပြုရာနေရာများ

💎 Luxury: Kempinski Jakarta, The Ritz-Carlton

🏙️ Mid-range: Yello Hotel Harmoni, Ashley Wahid Hasyim

💰 Budget: Capsule Hotel Old Batavia, Wonderloft Hostel

🛍️ Shopping Spots

Grand Indonesia – Luxury brands နဲ့ lifestyle stores

Thamrin City – Batik (ပါတိတ်) အထည်နဲ့ souvenirs (လက်ဆောင်) ဝယ်ဖို့ ကောင်းသောနေရာတွေဖြစ်ပါတယ်

Tanah Abang Market – စျေးချိုပြီး local style အထည်တွေလည်းများတယ်

🌅 သွားသင့်တဲ့ နေရာများ

🏛️ National Monument (Monas) – Jakarta ရဲ့အမှတ်တံဆိပ်

🌊 Ancol Dreamland – ရေကူးကန်၊ amusement park နဲ့ beach လဲရှိပါတယ်

🧭 အကြံပြုချက်အသေးစားများ

☀️ Dry Season
(May မှ October) သည် လာဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်

⛅ Rainy Season
(November – April) မှာ မိုးရွာ‌ပေမယ့် အပူလည်းများတတ်တယ်

🙏 "Terima Kasih" (ကျေးဇူးတင်ပါတယ်) လို့ ပြောတက်‌အောင်သင်ထားပါသိထားပါ – Local တွေ သဘောကျကြပါတယ်

💬 နောက်ဆုံးသတင်းချုပ်

Jakarta ဟာ ပူအိုက်တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပေမယ့် ယဉ်ကျေးမှုစုံလင်ပြီး အနုပညာ၊ စားသောက်၊ လူနေမှုအပေါ် အချစ်အကြည်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ နောက်ထပ် စမ်းသပ်သွားလာကြည့်ဖို့ ကောင်းတဲ့နေရာတွေ အများကြီး ရှိသေးတာ မို့ page ကို follow ထားဖို့လဲ မမေ့ပါနဲ့။ ❤️

📸 Ready to explore Jakarta?
Grab your passport, camera, and an open heart — because this city will surprise you in more ways than one! ❤️






25/10/2025

Ride & Relax Journey 🏍️💨





Address

Jakarta

Website

Alerts

Be the first to know and let us send you an email when Travel To Indonesia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share