Life with Hazel

Life with Hazel Hey, I’m Hazel! 🌍 Sharing travel adventures and daily joys. Let’s explore and enjoy the journey together ✨

30/07/2025

Hello 👋 Life with Hazel မှ Hazel ပါ 🫶🏻

Hazel က ပုံမှန်ဆို သူငယ်ချင်း၊ မိသားစု မပါဘဲနဲ့ ခရီးတိုလေးတောင် မသွားတတ်တဲ့သူပါ (ပြောရရင်တော့ ကြောက်တဲ့အထဲမှာ ပါပါတယ်) 🥹

အဲ့ဒီလို ကြောက်တဲ့အရာကို ဖြတ်သန်းချင်တာရော၊ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ ညအိပ်မဟုတ်တောင် Day Trip လေး သွားချင်တာမို့ Ireland ထဲက မြို့လေးတစ်မြို့ကို ဒီတစ်ပတ် ပိတ်ရက်က သွားလည်ခဲ့ပါတယ်။ 🫶🏻

ကိုယ့်ရဲ့ Anxiety ကို ကျော်လွှားခဲ့တဲ့ Solo Day trip လေးမို့ Youtube ရဲ့ ပထမဆုံး Video အရှည်လေးလည်း လုပ်ချင်နေတာ 🤭🤭

ဒါပေမဲ့ Page လေးမှာလည်း မတင်ဖြစ်တာကြာ တင်ချင်စိန်လည်းဖြစ်နေတော့ Teaser လေး အရင်တင်လိုက်ပါတယ်ရှင့် 🤭🫶🏻

Video အရှည်လေးကိုလည်း စောင့်မျှော်ပေးကြပါဦးနော် 🫶🏻🫶🏻

နောက်ထပ် ဗီဒီယိုတွေမှာ ပြန်တွေ့ပါမယ် 🫶🏻

17/05/2025

Hello 👋 Life with Hazel မှ Hazel ပါ 🫶🏻

ဒီနေ့တော့ တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး လျှောက်သွားဖြစ်ခဲ့တဲ့ Moment of Silence short video လေးကို တင်ပေးလိုက်ပါတယ် 🫶🏻

တစ်ယောက်တည်း Cafe သွားပြီး ကိုယ့်ရဲ့ တစ်ပတ်တာ Self reflection လေးရေး၊ ကော်ဖီလေးတစ်ခွက်သောက်နဲ့ လိုအပ်တာတွေ ဝယ်ပြီး တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ယောက်တည်း သွားရတဲ့ အရသာက တစ်ကယ်ကို ငြိမ်ငြိမ်လေးနဲ့ အေးဆေးလေး ဖြစ်စေတာမလို့ ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးကြပါနော် 🫶🏻☘️

နောက်ထပ် ဗီဒီယိုတွေမှာ ပြန်တွေ့ပါမယ် 🫶🏻

05/05/2025

Hello 👋 အားလုံးပဲ မင်္ဂလာပါရှင် 🤍Life with Hazel မှ Hazel ပါ။

ဒီနေ့မှာတော့ Hazel ရဲ့ အလုပ်ဖွင့်ရက်တစ်နေ့တာ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတဲ့ My Day in motion Vlog လေးနဲ့ ပြန်လာပါပြီ 🫶✨

နောက် ဗီဒီယိုလေးတွေမှာ ပြန်တွေ့ပါမယ်ရှင် ☘️ See You 🥂

26/04/2025

Hello 👋 အားလုံးပဲ မင်္ဂလာပါရှင် 🤍Life with Hazel မှ Hazel ပါ။

ဒီနေ့တော့ Foodie Hazel တစ်ယောက် Dublin ရဲ့ အမြင့်ဆုံး Pub JOHNNIE FOX’S PUB ကို သွားရောက် စားသောက်ခဲ့ပါတယ် 🤤🤤

ဆိုင်လေးရဲ့ Signature Dishes တွေ ဖြစ်တဲ့
Fox's Seafood Chowder 🍲
Champagne Confit Duck 🦆🍾
Fox's Seafood Pie🦐🥧 ကို မြည်းစမ်းခဲ့ပါသေးတယ်။

ဒီ Pub ထဲက cozy atmosphere နဲ့ Traditional Irish Music တွေကလည်း ရသ တစ်ခုလို ခံစားရစေတဲ့ အပြင် Pub Culture ကို အနီးကပ်တွေ့မြင်ခံစားဖို့အတွက်တော့ Perfect Spot လေးပါပဲ 😍

ချစ်ရတဲ့ Pub lover တို့အတွက် Must-visit Spot တစ်ခုမို့ Dublin အလည်လာတဲ့အခါ သွားဖို့ List လေးထဲသာ ထည့်ထားလိုက်တော့ ❤

နောက် ဗီဒီယိုလေးတွေမှာ ပြန်တွေ့ပါမယ်ရှင် ☘️ See You 🥂

24/03/2025

Hello 👋 အားလုံးပဲ မင်္ဂလာပါရှင် 🤍Life with Hazel မှ Hazel ပါ။ February နဲ့ March လလေးမှာ Hazel Dublin, Ireland 🇮🇪 ကို ရွှေ့ပြောင်းတာမို့ post လေးတွေ မတင်ဖြစ်တာပါ🫶🏻အခုတော့ ရတဲ့အချိန်လေးမှာပဲ Video လေး တစ်ခု တင်လိုက်ပါတယ် နော် 🤍Dublin, Ireland ကို ဘယ်လို ရောက်လာဖြစ်လဲ? ဒီမှာ ဘယ်တွေသွား၊ ဘာတွေစား၊ ဘာတွေ လုပ်ဖြစ်နေတယ်ဆိုတာ တင်ပေးသွားမှာမို့ Like and Follow လေး လုပ်ပေးခဲ့ကြပါဦးရှင့် ☘️Dublin, Ireland နဲ့ ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာလေးတွေများ ရှိရင်လည်း Comment မှာမေးလို့ရပါတယ် 🤍See You 🥂 နောက်ဗီဒီယိုတွေမှာ ပြန်တွေ့ကြမယ် 🫶🏻

02/02/2025

အားလုံးပဲ မင်္ဂလာပါရှင့်။ Hazel ရဲ့Life with Hazel page လေးမှ Hazel ပါ။

Hazel အကြောင်းလေးကို မိတ်ဆက်တဲ့ ဗီဒီယိုနဲ့ အစပြုလိုက်ပါတယ် 🫶🏻

Life with Hazel page လေးမှာဆို ကျောင်းနဲ့ပတ်သက်တာ၊ အလုပ်နဲ့ပတ်သက်တာ၊ ခရီးသွား အမှတ်တရလေးတွေနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို မျှဝေပေးသွားမှာမို့ Like and Follow လုပ်ခဲ့ပေးပါဦး 🫶🏻

နောက်ဗီဒီယိုတွေမှာ ပြန်တွေ့မယ်နော် 🍀 See You ✨

31/01/2025

Hello Everyone!! It's me, Hazel ✨

အားလုံးပဲ မင်္ဂလာပါ။ အပြောချိုတဲ့ Hazel ပါ။ Page လေးကို စမယ် စမယ်နဲ့ မစဖြစ်ဘဲ ကြာနေတာ ၁ နှစ်လောက် ရှိပါပြီ 😁

အပြင်သွားတိုင်း Video တွေရိုက်၊ ဓာတ်ပုံတွေရိုက်၊ အကြောင်းအရာ အမျိုးမျိုးကို Messenger မှာရော အပြင်မှာပါ အရမ်း ရှင်းပြ၊ ပြောပြလွန်းတဲ့ ကိုယ့်ရဲ့ ဝါသနာကြောင့် Page လေးကို စလုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ ၁ နှစ်လောက် ကြာသွားပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အိပ်မက်လေးကို အကောင်အထည် ဖော်လိုက်ပါပြီ။ လ တစ်လရဲ့ နောက်ဆုံးရက်မှာ "နောက်ဆုံးပိတ် အိတ်နဲ့လွယ်လိုက်ပါပြီ" 🤭🤭

ဘယ်လိုမျိုး Content လေးတွေ တင်ဖြစ်မလဲဆိုတာ Comment မှာ ခန့်မှန်းပေးရင်း Page ကို Like and Follow လေး လုပ်ခဲ့ပေးပါဦးရှင့် 🫶🏻

ဖန်တီးစေချင်တဲ့၊ တင်ပေးစေချင်တဲ့ အရာလေးတွေရှိရင်လည်း Comment ပေးခဲ့ရှင့် အပြေးလေး တင်ပေးပါ့မယ် ✨🩵

Address

Dublin

Website

Alerts

Be the first to know and let us send you an email when Life with Hazel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share