IreLife MM

IreLife MM Exploring the Emerald Isle, one story at a time

🍺 Guinness ရဲ့အံ့ဩစရာ အချက် ၅ ချက် 🇮🇪Ireland ရောက်ရင် Guinness မသောက်ဖူးတဲ့သူမရှိသလောက်ပဲနော် 😅ဒါပေမယ့် ဒီ “Black Stuff”...
17/04/2026

🍺 Guinness ရဲ့အံ့ဩစရာ အချက် ၅ ချက် 🇮🇪

Ireland ရောက်ရင် Guinness မသောက်ဖူးတဲ့သူမရှိသလောက်ပဲနော် 😅

ဒါပေမယ့် ဒီ “Black Stuff” ကြီးအကြောင်းမှာ လူသိနည်းတဲ့ interesting facts လေးတွေ ရှိနေပါတယ်။

1️⃣ Guinness ကို အမည်းရောင်လို့ ထင်ကြပေမယ့်တကယ်တော့ deep ruby red ပါ။ မီးရောင်အောက်မှာကြည့်ရင် နီနီလေး မြင်ရပါတယ်။

2️⃣ Guinness တည်ထောင်သူ Arthur Guinness က ၁၇၅၉ ခုနှစ်မှာ brewery မြေနေရာကို တစ်နှစ်ကို ၄၅ ပေါင်နဲ့ ၉,၀၀၀ နှစ်စာ ငှားခဲ့တာပါ (တကယ့်ယုံကြည်မှုအပြည့်ပါပဲ 🤣)

3️⃣ Dublin ကစက်ရုံကနေတစ်နေ့ကို 3 million pints ကျော် ထုတ်လုပ်နေပြီးနိုင်ငံ ၁၅၀ကျော်ကိုတင်ပို့နေပါတယ်။

4️⃣ Guinness က တခြားဘီယာတွေထက် ပိုပြင်းပြီး ကယ်လိုရီများတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူက ပုံမှန် Lager ဘီယာတွေ၊ လိမ္မော်ရည်တွေထက်တောင် ကယ်လိုရီ ပိုနည်းပါတယ်။ (တစ်ခွက်မှာ ၁၂၅ ကယ်လိုရီဝန်းကျင်ပဲ ရှိပါတယ်)။

5️⃣ Guinness အကောင်းဆုံးတစ်ခွက်ရဖို့အတွက် စောင်းငှဲ့ပြီး ငှဲ့ရတာကအစ အချိန်အတိအကျ စောင့်ရပါတယ်။ အမြှုပ်လေးတွေ သေချာအနည်ထိုင်သွားဖို့အတွက် ၁၁၉.၅ စက္ကန့် (၂ မိနစ်နီးပါး) စောင့်ရတာက Guinness သောက်သူတိုင်း သိထားရမယ့် အနုပညာတစ်ခုပါ။ 😜

ပထမဆုံး သောက်ဖူးတုန်းက ခါးသက်သက်အရသာကြောင့် "မသောက်တော့ဘူး" လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှ စွဲလမ်းသွားကြတဲ့သူတွေ ရှိကြလား 🤣

Follow IreLife MM for more 🇮🇪🍀

13/04/2026

Lost in the colors of Temple Bar ❤️🇮🇪✨

အိုင်ယာလန်ရဲ့ အလှပဆုံး လမ်းကလေးတွေထဲက တစ်ခု။

🚌 Dublin Bus ရဲ့ ထူးခြားချက်များ 🇮🇪Dublin Bus စီးဖူးရင် သတိထားမိမယ့် fun facts လေးတွေရှိတယ်နော်။😄Double-Decker CultureDu...
12/04/2026

🚌 Dublin Bus ရဲ့ ထူးခြားချက်များ 🇮🇪

Dublin Bus စီးဖူးရင် သတိထားမိမယ့် fun facts လေးတွေရှိတယ်နော်။😄

Double-Decker Culture
Dublin Bus အများစုက နှစ်ထပ်ကားတွေပါ။ အပေါ်ထပ် အရှေ့ဆုံးမှာ ထိုင်ရင် view ကို အကောင်းဆုံးခံစားလို့ရပါတယ်။

The Yellow Look
Bus တွေရဲ့ အဝါရောင်က မြူထူတဲ့နေ့တွေ၊ မိုးရွာတဲ့နေ့တွေမှာတောင် ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် design လုပ်ထားတာဖစ်ပါတယ်။

Green Mission
အခုနောက်ပိုင်းမှာ သဘာ၀ပတ်ဝန်းကျင် ကိုထိန်းသိမ်းကာကွယ်ဖို့ electric & hybrid bus တွေကိုတဖြည်းဖြည်းနဲ့ အစားထိုး ပြေးဆွဲနေပါပြီ။

Follow IreLife MM for more 🇮🇪🍀

🍕 ကမ္ဘာ့အလုပ်အရှုပ်ဆုံး Domino’s ဆိုင်ကမ္ဘာတစ်ဝန်း Domino’s ဆိုင်တွေထဲမှာ  အလုပ်အများဆုံး (busiest) ဆိုင်က Dublin, Talla...
12/04/2026

🍕 ကမ္ဘာ့အလုပ်အရှုပ်ဆုံး Domino’s ဆိုင်

ကမ္ဘာတစ်ဝန်း Domino’s ဆိုင်တွေထဲမှာ အလုပ်အများဆုံး (busiest) ဆိုင်က Dublin, Tallaght မှာရှိပါတယ်!

ဘာကြောင့်ထူးခြားတာလဲဆိုရင် ဒီ Tallaght ဆိုင်က တစ်နှစ်ကို ယူရိုသန်းချီဖိုးအထိ ပီဇာတွေ ရောင်းရပြီး Domino’s history ထဲမှာ $3 million (euro 2.3 million) ကျော် turnover ရရှိတဲ့ ပထမဆုံးဆိုင်အဖြစ်တောင် စံချိန်တင်ခဲ့ဖူးပါတယ် 🏆

ပိတ်ရက်တွေဆိုရင် ဝန်ထမ်းတွေက almost nonstop pizza ဖုတ်ရပြီး delivery ပို့နေကြရတယ်လို့ ပြောကြပါတယ်။

Tallaght နားမှာနေတဲ့သူတွေဆိုရင်ဒီဆိုင်ရဲ့ busy ဖြစ်ပုံကို သိပြီးသားဖြစ်မယ်နော် 😄

Follow IreLife MM for more 🇮🇪🍀

💍 အိုင်ယာလန်ရဲ့ ထူးခြားတဲ့ ရိုးရာတစ်ခု 🇮🇪အိုင်ယာလန်မှာ ၄ နှစ်တစ်ကြိမ်ပဲ ရောက်လာတဲ့ Leap Year (ဖေဖော်ဝါရီ ၂၉) နေ့မှာ ချစ်...
11/04/2026

💍 အိုင်ယာလန်ရဲ့ ထူးခြားတဲ့ ရိုးရာတစ်ခု 🇮🇪

အိုင်ယာလန်မှာ ၄ နှစ်တစ်ကြိမ်ပဲ ရောက်လာတဲ့ Leap Year (ဖေဖော်ဝါရီ ၂၉) နေ့မှာ ချစ်စရာကောင်းတဲ့ tradition တစ်ခုရှိပါတယ်။

အဲ့ဟာဘာလဲဆိုတော့ ပုံမှန်ဆိုရင် ယောင်္ကျားလေးတွေကပဲ propose လုပ်တာပေါ့နော်။😅

ဒါပေမယ့် အဲ့နေ့မှာတော့ မိန်းကလေးတွေဘက်ကနေ ယောင်္ကျားလေးကို လက်ထပ်ခွင့် အရင်တောင်းလို့ရပါတယ်။💍

အဲ့ဒါကြောင့်အဲ့နေ့ကို အရမ်း special day လို့လည်း ပြောကြပါတယ်။ Funny part တစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ ရှေးခေတ်အရ မိန်းကလေး propose လုပ်တာကို ယောင်္ကျားဘက်က ငြင်းလိုက်ရင် Silk gloves တစ်စုံ ဒါမှမဟုတ် dress တစ်ထည် ဝယ်ပေးရတယ်လို့ ပြောကြပါတယ်။

(လက်စွပ်မရှိတာကို ဖုံးဖို့လို့ ဆိုကြတာပါ 😄)

🎬 ဒီ tradition ကို အခြေခံပြီး “Leap Year (2010)” movie လေးလည်း ရှိပါတယ်။

ကဲ အဲ့နေ့ရောက်ရင် ကိုယ်တိုင် propose လုပ်ဖို့ သတ္တိရှိကြလား? 😆

Follow IreLife MM for more 🇮🇪🍀

09/04/2026

Dublin နဲ့ Ireland တစ်ဝှမ်းမှာ လောင်စာဆီဈေးနှုန်းကန့်ကွက်မှု ဆန္ဒပြပွဲတွေဟာ ဒီနေ့မှာတော့ (၃) ရက်မြောက်ထဲကို ရောက်ရှိလာပါပြီ။
ဒီနေ့နောက်ဆုံးရရှိတဲ့ သတင်းများအရ Ireland တရားရေးဝန်ကြီး (Minister for Justice) က ဆန္ဒပြသူတွေအနေနဲ့ သူတို့ရဲ့ ကားတွေကို လမ်းပေါ်ကနေ ဖယ်ရှားပေးဖို့ သတိပေးထားပါတယ်။ လမ်းပိတ်ဆို့မှုတွေကို ရှင်းလင်းဖို့နဲ့ Gardaí (ရဲတပ်ဖွဲ့) ကို ကူညီဖို့အတွက် Ireland Defence Forces (စစ်တပ်) ကိုပါ တပ်ဖြန့်ပြီး အကူအညီတောင်းသွားမယ်လို့ သိရပါတယ်။
ဒီအခြေအနေဟာ တော်တော်လေးကို တင်းမာလာတဲ့ အနေအထားမှာ ရှိနေပါတယ်။

Follow IreLife MM for more 🇮🇪🍀

🚨 Dublin မြို့တွင်း Fuel Protests နဲ့ လမ်းပိတ်ဆို့မှုများ 🚛ဒီနေ့ (ဧပြီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့) မနက်ပိုင်းကစပြီး Dublin မြို...
08/04/2026

🚨 Dublin မြို့တွင်း Fuel Protests နဲ့ လမ်းပိတ်ဆို့မှုများ 🚛

ဒီနေ့ (ဧပြီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့) မနက်ပိုင်းကစပြီး Dublin မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ Fuel Price Protest (ထရပ်ကားနဲ့ အခြားယာဉ်များဖြင့် ဆန္ဒပြခြင်း) တွေ ဖြစ်ပွါးနေပါတယ်။

ဘယ်နေရာတွေမှာ သတိထားရမလဲ?
အခုလတ်တလောသတင်းတွေအရ Dublin Port, M50 အဝေးပြေးလမ်းမကြီးရဲ့ အဝင်/အထွက်အချို့နဲ့ Dublin မြို့လယ်ခေါင် နေရာတော်တော်များများမှာ ကားလမ်းတွေ အရမ်းပိတ်ဆို့နေပါတယ်။ အဲ့အတွက်ကြောင့် အလုပ်သွား၊ အလုပ်ပြန်လုပ်မယ့်သူတွေ၊ ကျောင်းသွားမယ့်သူတွေနဲ့ အထူးသဖြင့် Dublin Airport သို့ သွားမယ့်သူများအနေနဲ့ ပုံမှန်ထက် အချိန်ပိုတွက်ထားဖို့ လိုအပ်ပါတယ်နော်။ Dublin Bus ပြေးဆွဲမှုတွေမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနိုင်တာမို့ ခရီးစဉ်တွေကို သေချာစစ်ဆေးပြီးမှ သွားလာကြဖို့လိုပါတယ်။

ဈေးနှုန်းကြီးမြင့်မှုနဲ့ လူထုအမြင်
Petrol နဲ့ Diesel ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတာက သယ်ယူပို့ဆောင်ရေးတင်မကဘဲ အခြေခံကုန်ဈေးနှုန်းတွေအပေါ်မှာပါ တိုက်ရိုက်သက်ရောက်မှု ရှိနေတာကြောင့် အခုလို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာရတာလဲ ဖြစ်ပါတယ်။

Follow IreLife MM for more 🇮🇪🍀

🇮🇪 What is "Craic"?"Craic" (ကရက်ခ်)ဆိုတာ ဘာလဲ? 🤔Ireland ရောက်လာပြီးနောက်  Irish လူမျိူးတွေ စကားပြောတာနားထောင်ရင် အမြဲလို...
07/04/2026

🇮🇪 What is "Craic"?
"Craic" (ကရက်ခ်)ဆိုတာ ဘာလဲ? 🤔

Ireland ရောက်လာပြီးနောက် Irish လူမျိူးတွေ စကားပြောတာနားထောင်ရင် အမြဲလိုလို “Craic” ဆိုတဲ့ စကားလုံးကို ကြားမိကြမှာပါ။

ဒါပေမယ့် ဒီ “Craic” က မူးယစ်ဆေးဝါး “Crack” မဟုတ်ပါဘူးနော် 🤣

အဲ့ဒါဆို “Craic” ဆိုတာ ဘာလဲ?

ရိုးရိုးပြောရရင်
👉 ပျော်စရာ (Fun)
👉 ဖျော်ဖြေမှု (Entertainment)
👉 သတင်းအသစ် / gossip လိုမျိုး meaning တွေရှိပါတယ်။

Irish လူမျိုးတွေက ဒီစကားလုံးကို တော်တော်များများသုံးကြပါတယ်။ ဥပမာပြောရင်
👉 “What’s the craic?”
“ဘာတွေထူးလဲ?” / “နေကောင်းလား?”

👉 “It was great craic!”
“အရမ်းပျော်စရာကောင်းခဲ့တယ်!”

👉 “Minus craic”� “ပျင်းစရာကြီး ”

Ireland ရောက်ရင်တော့ ဒီစကားလုံးကို မကြာခဏ ကြားရမှာပါနော်။

💬 သင်ကော်ကြားဖူးပြီးပြီလား? ဒါမှမဟုတ် ပထမဆုံးကြားတာလား? 😅

Follow IreLife MM for more 🇮🇪🍀

🏛️ Easter Mondayဒီနေ့ 6 April ဟာ Easter Monday ဖစ်ပီး Ireland ရဲ့Bank Holiday ဖြစ်ပါတယ်။🎉ဒီနေ့ဟာ Ireland သမိုင်းအတွက် အရ...
06/04/2026

🏛️ Easter Monday

ဒီနေ့ 6 April ဟာ Easter Monday ဖစ်ပီး Ireland ရဲ့Bank Holiday ဖြစ်ပါတယ်။🎉

ဒီနေ့ဟာ Ireland သမိုင်းအတွက် အရမ်းအရေးကြီးတဲ့နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

📜 1916 Easter Rising
၁၉၁၆ ခုနှစ် Easter Monday မှာ Ireland လွတ်လပ်ရေးအတွက် တော်လှန်ရေးတစ်ခု စတင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ Dublin မြို့လယ်က GPO ရှေ့မှာ Ireland ကို Republic အဖြစ် ကြေညာခဲ့တာပါ။ 🇮🇪

🏛️ GPO အဆောက်အဦး
အခုထိ O’Connell Street မှာရှိတဲ့ GPO ကို သွားကြည့်မယ်ဆိုရင် တိုင်တွေမှာ ကျည်ဆန်ရာတွေကို မြင်နိုင်သေးတယ်။ ဒါတွေက Irish လူမျိုးတွေ လွတ်လပ်ရေးအတွက် ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာကို ပြတဲ့ သက်သေတွေပါ။

🎖️ အခုခေတ်မှာတော့ နှစ်တိုင်း Easter Monday ရောက်တိုင်း
GPO ရှေ့မှာ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ကြပါတယ်။ Dublin ရောက်ရင် ဒီနေရာကို သွားကြည့်ဖို့ တကယ် recommend လုပ်ချင်ပါတယ်။

🐣 အားလုံးပဲ Happy Easter Monday ပါ။🐰

Follow IreLife MM for more 🇮🇪🍀

Address

Dublin

Website

Alerts

Be the first to know and let us send you an email when IreLife MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share