Mog Marma Rakhine Community

Mog Marma Rakhine Community Mog, marma and rakhine Community

9th State Level Sangrain Festival-2026Bankul Jun VS Khulai Jun Daw Player.
06/05/2026

9th State Level Sangrain Festival-2026
Bankul Jun VS Khulai Jun Daw Player.

06/05/2026

9th State Level Sangrain Festival-2026

05/05/2026

'দ' খেলা প্রতিযোগিতায় বিজয়ে অনুভূতি প্রকাশ

03/05/2026

MSCO ও MYO-এর উদ্যোগে ৯ম ভারতে ত্রিপুরা রাজ্যে রাজ্যভিত্তিক সিংদুক পাথর মগ পাড়াতে সাংগ্রাইং উৎসব আজ ২য় দিনে বিকাল পর্বে "ধ " খেলা চলছে,,,

9th State Level Sangrain Festival-2026Day-1 2nd May 2026MSCO ও MYO-এর উদ্যোগে ৯ম ভারতে ত্রিপুরা রাজ্যে রাজ্যভিত্তিক সাংগ...
02/05/2026

9th State Level Sangrain Festival-2026
Day-1
2nd May 2026
MSCO ও MYO-এর উদ্যোগে ৯ম ভারতে ত্রিপুরা রাজ্যে রাজ্যভিত্তিক সাংগ্রাইং উৎসব আজ ২রা ফেব্রুয়ারি ২০২৬ খ্রি রোজ শনিবার সাব্রুম ডিভিশনে সিন্দুক পাথরে (সংদু পকচু) অনুষ্ঠিত হয়। সকালে বুদ্ধ পতাকা সহ MSCO ও MYO-এর পতাকা উত্তোলনের মাধ্যমে অনুষ্ঠান শুরু হয়। এরপর পঞ্চশীল গ্রহণ করা হয় এবং একটি বর্ণাঢ্য র‍্যালি বের করা হয়। র‍্যালি শেষে গুরুজনদের হাতে বস্ত্র প্রদান করা হয়। পরবর্তীতে জলখেলার মাধ্যমে ৯ম রাজ্যভিত্তিক সাংগ্রাইং উৎসব-২০২৬-এর শুভ সূচনা করা হয়।

01/05/2026

বুদ্ধ পূর্ণিমা উপলক্ষে সাব্রুম জেতবন বৌদ্ধ বিহারে পঞ্চশীল গ্রহণ করেন

🪴📍  #ညောင်ရေသွန်းပွဲတော်_ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး”📍🪴🪴 #ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း🪴🪴 ဗုဒ...
29/04/2026

🪴📍 #ညောင်ရေသွန်းပွဲတော်_ဖြစ်ပေါ်လာရခြင်းနှင့်_ညောင်ရေသွန်း_ပူဇော်ရကျိုး”📍🪴
🪴 #ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း🪴

🪴 ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။

🪴 ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-
မြတ်ဗုဒ္ဓသည် -

● ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍
● ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
● ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။

🪴 ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။

🪴 ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

🪴 ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၄ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

🪴 အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။ ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

🪴 #ညောင်ရေသွန်း ပူဇော်ရကျိုး🪴

🪴 ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

🪴 ဂန္ဓောဒကိယ ရဟန္တာမထရ်

🪴 “ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၌ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်” ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘဝမှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

🪴 နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။

🪴 ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “ဗောဓိသိဉ္စက ရဟန္တာမထေရ်”

🪴 ဝိပဿီမြတ်စွာဘုရား လက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်” ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

🪴 ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် “ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

🪴 ဤကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်” ခံစားစံစားရခဲ့လေသည်။

🪴 ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

🪴 “တိုက်တွန်းလွှာ”

🪴 အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော “ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး” တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

🪴 ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။

【အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
#အင်အားသစ်တိုင်းရင်းဆေး
…………………………………………………

#မူရင်းရေးသားသူ_အဆင့်ဆင့်မျှဝေသူများကို_ကျေးဇူးတင်ပါသည်
ူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။

বনকুল মহামুনি বৌদ্ধ বিহারে শুভ মহা সাংগ্রাইং উৎসবে অনুভূতি প্রকাশে মুহূর্ত।
16/04/2026

বনকুল মহামুনি বৌদ্ধ বিহারে শুভ মহা সাংগ্রাইং উৎসবে অনুভূতি প্রকাশে মুহূর্ত।

14/04/2026

Happy Sangrain 2026

Address

Agartala

Telephone

+8801609473220

Website

Alerts

Be the first to know and let us send you an email when Mog Marma Rakhine Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mog Marma Rakhine Community:

Share