AiDak Thlang

AiDak Thlang အားလုံးအသိပညာဗဟုသုတများ တိုးပွားနိင်ကြပါစေ 🥰🥰
မူရင်းတွေကို credited ပေးပါတယ် 🙏🏻🙏🏻

လူတွေက အကြွေး တင်တာတို့သူများဆီက ချေးငှား ရတာတို့ကိုရှက်စရာလို့ မြင်တတ်ကြတယ်။မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီကချေးငှားရတာ ...
20/08/2025

လူတွေက အကြွေး တင်တာတို့
သူများဆီက ချေးငှား ရတာတို့ကို
ရှက်စရာလို့ မြင်တတ်ကြတယ်။

မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက
ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။

" ငွေချေးတာ အကြွေးရှိတာက
ရှက်စရာ မဟုတ်ဘူး။
ပြန်မဆပ်တာကမှ ရှက်စရာပါ "

အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။
ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။

အကြွေးရှိတာ ကို မရှက်နဲ့။
အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။

အသက်တွေကြီးလာရင်_အိုလာရင် ဘာတစ်ခုမှ_ကောင်းတာမရှိတော့ဘူးရယ်။အသက်_၄၅_နဲ့_၆၀_ကြားဖြစ်တတ်တဲ့ရောဂါလက္ခဏာများ_သတိပြုရန်နှင့် ၊...
20/08/2025

အသက်တွေကြီးလာရင်_အိုလာရင်
ဘာတစ်ခုမှ_ကောင်းတာမရှိတော့ဘူးရယ်။
အသက်_၄၅_နဲ့_၆၀_ကြားဖြစ်တတ်တဲ့
ရောဂါလက္ခဏာများ_သတိပြုရန်နှင့် ၊
သတိထားပီး_ကြိုတင်ကာကွယ်_ကုသနိုင်ဖို့ ၊
ဒီစာလေးကို_သိမ်းထားကြပါစို့ ။

(1)အရိုးတွေ ချောင်လာတယ် ဒူးနာတတ်တယ် ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် ခါးရိုးဆစ်
တွေလည်းနာတတ်တယ်။ ချော်လဲမကျအောင်
ဂရုစိုက်ပါ ဒူးကိုကွေးလိုက်ဆန့်လိုက်လုပ်ပေး
ခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

(2) ကြွက်သား အားမရှိတာ အမျိုးသားက
၃ ပုံပုံ ၁ပုံ နဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ ၊
လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား
၂ မျိုးလုံးပါတယ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ ။

(3)အကြော အဆစ်နာတတ်တယ် ,
ဝတဲ့သူများပိုပီး ဟိုနာဒီနာဖြစ်လွယ်တယ်။
အကြော အားဆေးသောက်ပေးပါ ။
ဦးနှောက်အာရုံကြောက ပို အရေးကြီးတယ်။
အိပ်မပျော်တာများရင် ထိခိုက်သလို ၊
ခဏခဏ မေ့လွယ်တတ်တယ် ။

(4) အသက်ကြီးလာတဲ့အမျှ ကိုယ်တွင်းကလီစာတွေက တဖြေးဖြေးweak ဖြစ်လာတယ် နှလုံး ကျောက်ကပ်,သရက်ရွက်, သည်းခြေ, အသဲညဖက် ဆီးခဏခဏသွားတာနဲ့
ဆီးမခိုင်တာတွေဖြစ်တတ်တယ် အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီး
တွေက အသက် ၅၀ ကျော်တွေအဖြစ်များတယ်။

(5)ဝမ်းချူပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့
အဆီအပူအစပ်စားများလို့ အူလမ်းကြောင်းမှာ
အညစ်ကြေးများရင် အူကင်ဆာဖြစ် ၊
လွယ်တယ် သတိထားကြပါ ။

(6 ) နှလုံးမှာ ပြသာနာ စဖြစ်ရင် အသက်ရှူမဝ ရင်ဘတ် အောင့်ပီး တချက်တချက်နာ ၊
ဘယ်ဖက်ပုခုံးထုံ , ကျင် ,နာ ပီး ကျောကုံးအပေါ်
ဖက်လည်း ညောင်းပီး အကြောတက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်း ညောင်းတတ်တယ်။ မျက်လုံး၂ လုံးပေါ် ၊
ကန့်လန့်ဖြတ် စင်းတခု ထင်းကနဲပေါ်တတ်တယ်။ နှလုံးမှာအဓိက ကြောက်ရတာ နှလုံးသွေးကြော
၃ ချောင်းရှိတာ အားလုံးပိတ်ရင် စက်တပ်ရပီ။ အာ့ကြောင့် နှလုံးသွေးကြော စပိတ်တာနဲ့ အဲလက္ခဏာတွေပြင်းထန်ရင် ဆေးရုံမှာCheck သွားလုပ်ပါ။ အဆီတွေလျော့စား လေ့ကျင့်
ခန်းလုပ် ရေများများသောက်ကြပါ ။

(7) အသဲ ပြသာနာဖြစ်ရင်
ညာဖက်ဗိုက်ခေါက်အပေါ် ဖက်နာကျင်တယ်
ညာခါးအနောက်ဖက် ညောင်းနာ,ညာဖက် ၊
ပုခုံးထုံ ကျင် ညောင်းနာ ညအိပ်ချိန် ၊
ခြေသလုံးခဏခဏ ကြွက်တက်တတ်တယ်။ အသဲမကောင်းရင် ညကောင်းကောင်း
အိပ်မပျော်ဘူး။ ပါးစပ်ခါးပီး သွားတိုက်ရင် သွေးထွက်လွယ်တယ် ။

အစာမစားချင် ခံတွင်းပျက်ပီး
နဲနဲလေးစားတာနဲ့ ဗိုက် ပြည့်လွယ်တယ်။
လမ်းနဲနဲလေးလျှောက်တာနဲ့ ခြေထောက် ညောင်းလွယ်တယ်။ တကိုယ်လုံးနှုံးပီး ၊
အားမရှိသလို ခံစားရတယ် ခြေမခိုင်ဘဲ ၊
ချော်လဲ လွယ်တယ် ခြေလိမ်တတ်တယ် ။

အရက်သောက် များသူများက
လျော့သောက်တာနဲ့ အရေပြားယားရင်
သတိထားပါ အသဲရောဂါ ပို ပြင်းထန်ရင် ၊
မျက်နှာအရောင်မွဲခြောက်ခြောက်နဲ့ မဲလာတယ်။
အရေပြားခြောက်သွေ့လာတယ်။ နှခေါင်းထိပ်
နီလာတယ်။ အသားတွေ လက်ဖဝါး မျက်လုံး
အိမ်တွေ ဝါလာတယ်။ အသဲကစဖြစ်ချိန်တော်ရုံ
လက္ခဏာမပြဘူး။ ပြတဲ့ချိန်ဆိုသိတာ ၊
နောက်ကြတာများတယ် ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာရဲ့ ကြည့်နည်းပါ ။

(8) ကျောက်ကပ် ပြသာနာကတော့ ခါးနာကျောနာ၊ မလန်းဆန်းဘူး ။ ခြေသလှုးညောင်းလွယ် အားမရှိ ။ အသားရေယားယံတတ်တယ်။ ဆီးသွားရင် အမြှုတ်ထတယ်။ ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ် အိပ်မကောင်းဘူး ။
ခဏခဏနိုးတတ်တယ်။ အထိုင် အထ ကြာကြာ မလုပ်နိုင်ဘူး။ ခြေထောက်တွေယောင် ၊
လာတတ်တယ်။ ခြေသည်းခွံတွေကြမ်းလာတယ်။
အထူးသဖြင့် ခြေ မရဲ့ခြေသည်းခွံ အရှည် ၊
နှေးလာတယ်။ ကြမ်းပီးထူလာတယ် ။
အထူးသဖြင့်ဆီးချိူ သမားတွေသတိထားပါ။ အမြဲဆေးသောက်ပါ ဆီချိူချိန်ပါ ကျောက်ကပ်
ပျက်ဆီးရင် သွေးကအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် သွေးပေါင်ကျလည်း မူးတတ်တယ်
ကျောက်ကပ်ကို အထူးဂရုစိုက်ကြပါ ။ ဖြစ်နိုင်ရင်ကျောက်ကပ် မဆေးကြပါနဲ့ ၊
ကျောက်ကပ်ဆေးရင် ပိုက်ဆံလည်းကုန် အသက်လည်းမရှည်ဘူး အစားထိုးဖို့ဆိုတာ
မလွယ်ပါ ။

(9) သရက်ရွက် မကောင်းရင် ခေါင်းတခြမ်း
ကိုက်တတ်တယ် လည်ပင်းဇက်ကျောတက်လွယ်
ဝမ်းချူပ် ဝမ်းလျှော ၂ မျိုးလုံးဖြစ်တတ်တယ်။
အစာချေဖျက်မှု ကောင်းအောင် လုပ်နိုင်ပီး
ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။
ခေါင်းကိုက်တိုင်း အကိုက်ခဲပျောက်ဆေးသိပ် မသောက်ပါနဲ့ အကိုက်ခဲပျောက်ဆေးက ၊
အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ်
အူလမ်းကြောင်းထိပီး သွေးယို တတ်တယ် ။
ဝမ်းသွားသွေးပါရင် သတိထားပါ ။.. သွေးရောင်နီတာက လိပ်ခေါင်းကြောင့် ၊
ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့နံရံပါး or ပေါက်ပီး ဖြစ်တတ်တယ် ကိုယ်ဝမ်းသွားပီးတိုင်း
ကိုယ့်ဝမ်းပုံ စံ အမြဲကြည့်ပါ ရှောကနဲအဖြောင့်
လိုက်သွားပီး ဖင်မကပ်ရင် အကောင်းဆုံးပါ။
ပြတ်တောင်းပြတ်တောင်း ဆိတ် ချီးတုံးပုံဆို ဝမ်းသွားမစင်ဘူး။ တခါလေ မနက်ရေနွေး
သောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိူးက
အပူတွေထုတ်ပစ်တာ ကြောက်စရာမလို ။ ကောင်းတယ်။ တရက် လုံးပန်းရင်တော့
ဝမ်းလျှောပီ။ အကောင်းဆုံးက နေ့တိုင်း
ဝမ်းမှန်အောင်လုပ်ပါ စကားပုံရှိတဲ့ အတိုင်း
ဝမ်းတလုံးကောင်း ခေါင်းမခဲဆိုတာ ။….

(10) အူမကြီးမကောင်းရင် ပါးစပ်ခါးပီး
တချိန်လုံး ရေငတ်ရေသောက်ချင် ရေငတ်
တတ်တယ်။ နှာခေါင်းပိတ်တတ် နှာရည်ယို
တတ်တယ် သွားပိုးမစားဘဲ သွားကိုက်
သွားနာဖြစ်တတ်တယ်။ လည်ပင်းရောင် ဖေါင်းတတ်တယ်။ တော်ရုံ နဲနဲလေးတာတောင်
အလေးမ မနိုင်ဘူး ။

ဝမ်းချူပ်ရင်လည်း သွားကိုက်တတ်တယ်
အပူများတဲ့သဘော..ဝမ်းချူပ်ရင် ခါးလည်း
တခါလေ နာတတ်တယ်။ အူမကြီးကဝမ်းနဲ့
ဆိုင်တယ် ခုကမ္ဘာမှာ အူမကြီးကင်ဆာက ၊
နံပါတ် ၂ စွဲနေတယ် လူတွေက အစားတွေ
စုံအောင်စားပီး ဝမ်းအဖြစ် အညစ်အကြေး ၊
မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာကပ်ပီး ကြာတော့
အညစ်ကြေးကနေ ကင်ဆာဖြစ်သွားတယ်။

အစာအိမ်ကနေ အူနံရံပါးပီး
အနာဖြစ်ပီး သွေးယိုလည်း ကြာရင် ကင်ဆာ ဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက
ဆက်နေတယ်။ အစာလည်း မခံကြပါနဲ့ ။
ဗိုက်ဆာရင်စားပါ ။

အပိန်ကျင့်ပီး အစာမစားတာလည်း မလုပ်ပါနဲ့..
အစာအိမ်အချဉ်ဖေါက်ပီး လည်ပြွန်ပေါ်
ပြန်တက်တာလည်း အပူအစပ်ရှောင်ပါ ။
နဲနဲချင်းနဲ့၊ အကြိမ်ရေတွက် များများစားပါ။
တခါထဲ အများကြီးမစားပါနဲ့ တချို့ကျလည်း
ဘယ်လောက်စားစား မဝကြဘူး။ ပိန်ပိန်ဘဲ။
အဲမျိုးက ကျန်းမာရင်တော့ ပြသာနာမရှိပါ။

သို့သော်ဘယ်လောက် စားစား (or) မစားနိုင်ဘဲ ပိန်ပိန်လာပီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။

အဲဒါမျိုးဆို ဆရာဝန် သေချာပြပါ။
ဂေါက် ရောဂါ ရှိရင် beer နဲ့ မတည့်ပါ။

ရေချိုးရင်မချော်တတ်တဲ့ ဘိနပ်စီးပီး ချိုးပါ။
ခြေထောက်ကျောက်ပြား တိုက်ရိုက်ထိ ၊
အေးရင်လည်း အကြောချဉ်ကိုက်တတ်တယ်။ အရိုးအားဆေးစားပါ ချော်လဲ မကျပါစေနဲ့ ၊

လေးစားစွာဖြင့်
Credit To Original

17/08/2025

အသီးအရွက် တွေ အများကြီး စားရင် သတိထားပါ

အသီး အရွက် များများ စားပေး…. ကျန်းမာအောင်၊ ဗီတာမင် သတ္တုဓါတ်တွေ ရအောင်၊ ဝမ်းမချုပ်အောင် …. စသဖြင့် လူတိုင်း နီးပါး၊ ဆရာဝန်တိုင်း နီးပါး ပြောကြမှာပါ….

လိုတာထက် ပိုပြီး အသီးအရွက် စားတာ များလာရင် ရော????

တနေ့ကို

အရွက် - တရုတ် ထမင်းစား ပန်းကန်လုံး ၁ - ၂ ခွက်
(Edit - ချက်ပြီးသား ဆိုရင် ၁-၂ ခွက်/ မချက်ရသေးတဲ့ အစိမ်း ဆိုရင် ၃-၄ ခွက် - ချက်ပြီးရင် နွမ်းသွားလို့ပါ)

အသီး - တရုတ် ထမင်းစား ပန်းကန်လုံး ၁ ခွက်လောက် စားရင် အကြမ်းဖျင်း လုံလောက်ပါတယ်။

အဲ့လို မဟုတ်ပဲ fruits and Vegetables Diet ပုံစံမျိုး၊ တနေကုန် အသီး ၄-၅ ခွက်လောက် စားတာ၊ အရွက် ၄-၅ ခွက် လောက် စားတာ ကြာလာရင် ….

1. အစာမကြေခြင်း - အမျှင် ဓါတ်တွေ ကို အစာအိမ်က မချေဖြတ်နိုင်ပါဘူး။ အများကြီး စားမိရင် နေမထိ ထိုင်မသာ ဖြစ်ပြီး အိမ်သာ တက်ချင်သလိုလို၊ တကယ် အိမ်သာ တက်တော့ လဲ ဝမ်းက မသွားပဲ ဗိုက်ပွ သလို ဖြစ်တတ်ပါတယ်။
2. ဆီးချို ဖြစ်နိုင်ပါတယ် - အမ်…. ဟင်းသီးဟင်းရွက်တွေ စားတာ လေ ဆီးချို ကာကွယ် ပေးရမှာပေါ့ ???? အချိုများတဲ့ အသီးတွေ လိုတာထက် ပိုပြီး စားရင် ဆိးချိုဖြစ်နိုင်ပါတယ်။ ဥပမာ - ည စာ ထမင်း မစားဘူး ဆိုပြီး ဖရဲသီးတခြမ်း စားလိုက်တာမျိုး၊ ကျွဲကောသီး တခြမ်း စားမိတာမျိုးပေါ့
3. အာဟာရချို့တဲ့ခြင်း - အမျှင်ဓါတ် ကို လိုတာထက် ပို စား မိရင် အူလမ်းကြောင်း က အာဟာရ ဓါတ် တွေ သိပ်မစုပ်ယူနိုင်တော့ဘူး။ အကြောင်းအရင်း ကတော့ အမျှင် ဓါတ် တွေ အူထဲ အလွန် ရှုပ်ထွေးနေလို့ပါ။
4. Food intolerance ဖြစ်လာခြင်း - အလွယ်ပြောရရင် တခုခု စားပြီးတာ နဲ့ အစာမကြေသလိုလို၊ ဝမ်းသွာချင်သလိုလို ဖြစ်လာတာပါ။
5. ဝမ်းလျှောခြင်း
6. ရေဓါတ်ခမ်းခြောက် ခြင်း - အမျှင် ဓါတ် က ရေဆွဲ ပါတယ်။ သောက်သမျှ ရေ ကို အမျှင် ဓါတ် က ဆွဲနေတော့ ခန္ဓာကိုယ်ထဲ ရေ မရောက်လာတော့ ဘူး ပေါ့

အဲ့ဒီတော့ ဘယ်အရာမဆို မျှမျှ တတ နဲ့ အလွန်အကြူး မဖြစ်အောင် စားတတ် ကြဖို့ တိုက်တွန်း ပါရစေ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Owner Credit

 #ဒုတိယမြောက် နှလုံး _ ​ #ခြေသလုံး ကို ဂရုစိုက်ပါ။▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ #ကျွန်တော်တို့ရ...
11/08/2025

#ဒုတိယမြောက် နှလုံး _ ​ #ခြေသလုံး ကို ဂရုစိုက်ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

#ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသလား?

#နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

#သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။

#ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ❓️❓️❓️

#ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။🦵
#ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။
(မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ)

#နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

💓 #နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ❓️❓️❓️

-လမ်းလျှောက်ခြင်း🚶‍♂️🚶‍♀️
-ပြေးခြင်း🏃‍♂️🏃‍♀️
-စက်ဘီးနင်းခြင်း🚴‍♂️🚴‍♀️
-ကြိုးခုန်ခြင်း
-ခြေထောက် အကြောလျှော့ခြင်း(Stretching)
-နှိပ်နယ် ပေးခြင်း
-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

#ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်...

#အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ်

#အကြာကြီး ခြေထောက် မလှုပ်ရှားပဲနေခြင်းက အန္တရာယ်ရှိပါတယ်၊

#တရားထိုင်တာတောင်
ပုံစံတမျိုးထဲအကြာကြီးမထိုင်သင့်ပါ၊
လျောင်း ထိုင် ရပ် သွား မျှတသင့်ပါတယ်🙏

#ကိုယ်လက် ခြေ လှုပ်ရှားမှုလုပ်ပြီး
သွေးလှည့်ပတ်မှုကောင်းပါစေ😌

#နှလုံးက အရေးကြီးသလို
ဒုတိယနှလုံးဖြစ်တဲ့ ခြေထောက်ကိုလည်း ဂရုစိုက်ကြပါ😌

( ဆောင့်ကြောင့်ထိုင်အိမ်သာတက်ပြီး ရုတ်တရက်ထလိုက်တဲ့အချိန် သွေးတွေဆောင့်တက်သွားတတ်လို့ သတိထားကြပါ၊
ဘိုထိုင်အိမ်သာမရှိရင် အိမ်သာအကြာကြီး မထိုင်ပါနဲ့ ထိုင်မိလို့ အထမှာ ရုတ်တရက်မထပါနဲ့ ဖြေးဖြေးထပါအထူးသဖြင့် သွေးတိုးသမားများဂရုစိုက်

Owner Credit

>> " ဗိုက်" ဘယ်နေရာက ***>> ဘာကြောင့်နာ အောင့်တာလဲ ***[ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း...
09/08/2025

>> " ဗိုက်" ဘယ်နေရာက ***
>> ဘာကြောင့်နာ အောင့်တာလဲ ***

[ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။]

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

Owner Credit

ေးပါတယ်

01/08/2025

“လိမ်ညာပြောတတ်တဲ့ ကလေးကို ဒီလိုနည်းနဲ့ ပြုပြင်ပေးပါ”

ကလေးတွေဟာ တစ်ခါတစ်ရံမှာ လိမ်ညာပြောတတ်ကြပါတယ်။ ဒီလိုလိမ်ညာတာကို သိသိရက်နဲ့ လျစ်လျူရှုမိရင် အရွယ်ရောက်လာတဲ့အခါ လိမ်တဲ့အကျင့်ပါသွားပြီး မုသာဝါဒကံကို ကျူးလွန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ငယ်ရွယ်စဉ်ကတည်းက ပြုပြင်ပေးရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်..

၁) ဘာကြောင့် လိမ်ပြောရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပါ။
- အပြစ်ပေးခံရမှာ ကြောက်လို့ လိမ်ပြောတာ
- အာရုံစိုက်မှု လိုချင်လို့ လိမ်ပြောတာ
- စိတ်ကူးယဉ်အကြောင်းအရာတွေကို တကယ်ဖြစ်သလို ပြောမိတာ
- သူငယ်ချင်းတွေကြားမှာ ထူးခြားသူ ဖြစ်ချင်လို့ လိမ်ပြောတာ
စတဲ့အကြောင်းအရာတွေကို အဖြေရှာပြီး ကလေးအတွက် ဖိစီးမှုမဖြစ်စေမယ့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေပေးပါ။ ကလေးက မှားခဲ့တယ်ဆိုရင်တောင် အပြစ်မပေးဘဲ ဒီလိုအမှားကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင် သင်ပေးပြီး ကလေးလိုအပ်နေတာတွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားပါ။

၂) အေးဆေးတည်ငြိမ်စွာ တုံ့ပြန်ပါ
- ကလေးလိမ်ညာတာကို သိရင် ဒေါသမထွက်ဘဲ အေးဆေးစွာမေးမြန်းပါ။
- "ဒီအကြောင်း အတူဆွေးနွေးကြမယ်နော် " "ဘာကြောင့် ဒီလိုပြောရတာလဲ" စတဲ့ မေးခွန်းလေးတွေနဲ့ သူတို့ဆီက အခြေအနေမှန်ကို သိရအောင် လုပ်ပေးပါ။
- ကလေးကို အပြစ်တင်မာန်မဲနေတာထက် အမှန်တရား ပြောတတ်အောင်ပဲ သင်ပေးပါ။

၃) လိမ်ညာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြောပြပါ
- "လိမ်ညာတာက လူတွေရဲ့ ယုံကြည်မှုကို ပျက်စီးစေတယ်" ဆိုတဲ့ အကျိုးဆက်ကို ရှင်းပြပါ။
- "လိမ်တဲ့အတွက် ဘယ်သူမှ ယုံတော့မှာ မဟုတ်ဘူး" ဆိုတဲ့ ကျိုးကြောင်းဆီလျော်မှုတွေကို ပြောပြပါ။

၄) အချိန်ယူပြီး ပြုပြင်ပေးပါ
- လိမ်ညာတဲ့ အကျင့်က တစ်ရက်တည်းနဲ့ ပျောက်မှာမဟုတ်ပါဘူး။ မိဘက စိတ်ရှည်သည်းခံပြီး ဒီလိုအကျင့်ဆိုးကို အချိန်ယူပြီး ဖျောက်ပေးဖို့ လိုပါတယ်။

၅) လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ
- ကလေးရဲ့ လိမ်ညာမှုဟာ ပိုဆိုးလာပြီး တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပါ ဆက်စပ်နေတယ် ဆိုရင် ကလေးစိတ်ပညာရှင်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။

ကလေးတွေဟာ လူကြီးတွေက အတုယူပြီး ကြီးပျင်းကြတာမို့ သူတို့လေးတွေရှေ့မှာ ကောင်းတာတွေကိုပဲ လုပ်ပြရမှာပါ။ ကလေးလိမ်တာမကြိုက်ရင် ကိုယ်တိုင်လည်း လိမ်မပြောပါနဲ့။ သူတို့အတွက် ကောင်းတဲ့ အတုယူစရာတွေကိုသာ ပေးဖို့ အရေးကြီးပါတယ်နော်..

Owner Credit

Crd

ခေါင်းကိုက်ခြင်းက သင့်ရဲ့ ခန္ဓာမှာ ဘယ်လိုလက္ခဏာ ပြနေတယ်ဆိုတာ====================••••••••••••••••••••••••••••••၁။ ဦးခေါင...
29/07/2025

ခေါင်းကိုက်ခြင်းက
သင့်ရဲ့ ခန္ဓာမှာ ဘယ်လို
လက္ခဏာ ပြနေတယ်ဆိုတာ
====================
••••••••••••••••••••••••••••••

၁။ ဦးခေါင်းတစ်ဖက် မျက်လုံးနောက်
ကိုက်နေရင် အာရုံကြောပြသာနာ
ဖြစ်နေပီ အချက်ပြနေတာ ပုံ ၁ ကြည့်ပါ

၂။ ဦးခေါင်းနောက်ဖက် ခေါင်းကိုက်နေရင်
သွေးတိုးနေပီဆိုတာ ထောက်ပြတယ်
မနက်ဖက် အဖြစ်များပါတယ်
ပုံ ၂ ကြည့်ပါ

၃။ နဖူးတည့်တည့်ဦးခေါင်းပတ်လည် ကိုက်နေရင် နှလုံးနဲ့ ပတ်သက်တဲ့. ပြသာနာ
ဖြစ်နေပြီ ပုံ၃ ကြည့်ပါ

၄။ ခေါင်းတစ်ခုလုံး ကိုက်နေရင်
အိပ်ရေးပျက်တာများပြီ
အနားယူတဲ့ အချိန် မလုံလောက်ဘူး
ထောက်ပြနေတာပါ
ပုံ ၄ ကြည့်ပါ

၅။ မျက်လုံးနဲ့နဖူးတစ်ဝိုက် ကိုက်နေပီဆိုရင်
နှားခေါင်းပြသာနာ
ထိပ်ကပ်နာ ဖြစ်တော့မယ် ဆိုတဲ့
လက္ခဏာ ပုံ ၅ကြည့်ပါ

၆။ မျက်လုံးတစ်ဖက် အစုလိုက်ကိုက်နေပီဆိုရင် မျက်လုံးအားနည်းပြီ
မျက်စိတိမ်စွဲတော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်
ပုံ ၆ ကြည့်ပါ

၇။ ခေါင်းတစ်ခုလုံးပြင်းပြင်းထန်းထန်းကိုက်နေပီဆိုရင်
သွေးအားနည်းနေပီဆိုတာ ဖော်ပြနေတယ်
ပုံ ၇ ကြည့်ပါ

၈။ မေးရိုး လည်ပင်းတစ်ဝိုက်
ကိုက်နေပီဆိုရင် ကြွက်သား
ပြသာနာ ဖြစ်နေပီ
ဆိုတာ ထောက်ပြတာ
ပုံ၈ ကြည့်ပါ

Owner Credit

ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။  သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်...
12/07/2025

ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။

သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။

မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်။

စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။

အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။

လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။

ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။

စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်

သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။

ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

မူရင်း...::😊

11/07/2025

ခေါင်းနောက်စေ့မှခေါင်းကိုက်လျှင်သတိထား
=======================

👨‍⚕️နေပူထဲမှ ပြန်လာသူတစ်ဦးသည် ခြေထောက်ရေဆေးလိုက်ပြီးနောက်

👨‍⚕️သူ၏ ဦးခေါင်း
နောက်စေ့မှ ခေါင်းကိုက်လာသည်။

👨‍⚕️ထို့နောက် ခန္ဓာကိုယ်တစ်ခြမ်းလေးလာပြီး လေဖြတ်သကဲ့သို့ဖြစ်သဖြင့် ဆေးရုံတက်
ရသည် -

👨‍⚕️ဦးနှောက်နဲ့ အာရုံကြောတွင် ပြသပြီး ဦးခေါင်း ဓာတ်မှန်CT HEAD ရိုက်သောအခါ

👨‍⚕️ဦးနှောက်အတွင်းရှိသွေးကြောငယ်တစ်ခုစိမ့်ပေါက်ပြီး သွေးယိုနေကြောင်းတွေ့ရသည်။

👨‍⚕️နဂိုမူလသွေးတိုးရောဂါအခံရှိသူများသည် အပူလွန်ကဲသည့် ရာသီဥတုတွင် ခေါင်းလျော်

👨‍⚕️ခြင်းနဲ့ခြေထောက်ရေဆေးခြင်းကို အထူးသတိပြုပြီးလုပ်ဆောင်ရန်လိုသည်။

👨‍⚕️အပူအအေးဆန့်ကျင့်ဘက် အပြုအမူကြောင့် ရုတ်တရတ် သွေးဖိအားသွေးပေါင်တက်

👨‍⚕️ပြီး သွေးတိုးရာမှ အခန့်မသင့်လျှင် လေဖြတ်ခြင်း ဦးနှောက်သွေးကြော

👨‍⚕️ပြတ်ခြင်းများ
ဖြစ်နိုင်သည်ကို သတိပြုသင့်သည်။

👨‍⚕️နေပူထဲမှလာပြီး မဝင်မဖြစ် အအေးခန်းဝင်မည့်သူများ - စူပါမတ်ကက်ကြီးများတွင် စျေး

ဝယ်သည့်သူများအတွက် အကြံပြုလို👨‍⚕️သည်မှာ ...

မဝင်မီ ရေသန့်ဘူး ဆောင်သွားပြီး ရေ

အေးတစ်ခွက်သောက်ပြီးမှ ဝင်လျှင်👨‍⚕️အကောင်းဆုံးဖြစ်သည်။

သောက်လိုက်သောရေသည် အလွန်အမင်းအေးသောရေခဲရေ

👨‍⚕️လည်း မဖြစ်စေရ
သဘာဝရေအေးသာဖြစ်ရမည်။

👨‍⚕️အစာအိမ်မှတဆင့်ရေအေးသည် သွေးလှည့်အဖွဲ့တွင်းသို့ ရောက်ရှိပြီးသွားသောအခါ

👨‍⚕️တွေ့ထိရမည့်အအေးဓာတ်အတွက် လှုံ့ဆော်ပေးထားရာရောက်သည်။

👨‍⚕️အစာအိမ်မှကိုယ်တွင်းသို့ ရေအေးဝင်သွားသည်နှင့် ပြင်ပမှထိတွေ့သောအအေးတို့

👨‍⚕️သည် ရုတ်တရတ်သွေးတိုးဆောင့်တက်ခြင်းကို ကောင်းစွာကာကွယ်နိုင်ပေသည်။

👨‍⚕️အအေးခန်းထဲမှ နေပူထဲသို့ထွက်သွားသူများလည်း ထို့အတူပင်ဖြစ်သည် - အပူအအေး

👨‍⚕️မမျှတသော ပြောင်းလဲမူကြောင့် ခေါင်းနောက်စေ့မှ ခေါင်းကိုက်လာလျှင်သတိထားသင့်
သည်။

👨‍⚕️အရိပ်ရသောနေရာသို့ သွား၍နားနေရမည် - ချက်ခြင်းရေအေး မတ်ခွက်တစ်ခွက်စာမျှ

👨‍⚕️သောက်ပေးရမည် - ရေမသောက်ပဲ မျက်နှာ ရေဆွတ်ခြင်း ဦးခေါင်းရေဆွတ်ခြင်း

👨‍⚕️မျက်နှာသစ်ခြင်း ခြေဆေးခြင်းများမပြုလုပ်သင့်ပေ။

👨‍⚕️ကားအတွင်း အဲယားကွန်းဖွင့်ပြီး သွား လာနေသူများလည်း အကြောင်း ကြောင်းကြောင့်ကားရပ်ပြီးနေပူထဲဆင်းရမည်ဆိုပါက

👨‍⚕️ကားအတွင်းတွင် ရေသန့်ဘူးဆောင်ထားပြီး ရေ
အနည်းငယ်သောက်ပြီးမှဆင်းလျှင်အကောင်းဆုံးဖြစ်သည်။

👨‍⚕️သက်ကြီးရွယ်အိုများမှာ နေပူပြင်းချိန်တွင် အဲယားကွန်းကားနဲ့သွားလာခြင်းကို လုံးဝ မပြုလုပ်သင့်ပေ -

👨‍⚕️ဦးနှောက်သွေးကြောများ၏ ခံနိုင်ရည်မှာလူငယ်နှင့်လူကြီးတွင်မတူညီ
သဖြင့် ခရီးမသွားဘဲ အရိပ်အာဝါသအတွင်း နေထိုင်ခြင်းကအကောင်းဆုံးဖြစ်သည်။

Owner Credit

30/06/2025

ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ နှလုံးသားလှသူလေးရေ..
လူတစ်ယောက်ရဲ့ ..
လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲ
သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့
မရှင်သန်ချင်ဘူး ။

ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင်
အရွယ်စားမတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်
ဆိုတာ ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။

ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေကို
ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင်
ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့
အပြစ်မပြောချင်ပါဘူး သူ့အပြစ်နဲ့သူ တူသောအကျိုးခံစား
ရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါတယ် ။

နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက်
ရုန်းကန်နေသူ လူသားတွေတိုင်း
ပြစ်ကင်းတဲ့သူ ဘယ်သူရှိမလည်း
ကိုယ်လည်း အပြစ်ကင်းသူလို့ မခံယူထားပါဘူး
အမှားဆိုတာရှိနိုင်သလို အပြစ်ဆိုတာလည်း
လုပ်မိမှာပါ ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။

ဒါပေမယ့်
လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲ ဖြူနေဖို့တော့
လိုအပ်တယ် အမှားနည်သူဖြစ်အောင် နေတတ်ရပါမယ် ။

ဒါကြောင့်..
နှလုံးသားလှသူလေးရေ...

လူအခြင်းခြင်းဆက်ဆံရေးမှာ
ငါ ဆိုတဲ့အတ္တနဲ့ ရှင်သန်နေမဲ့အစား သူ့ဖက်ကိုလည်း
မြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူ
ဖြစ်အောင် နေထိုင်လိုက်ရင်
မုန်းသူလည်းကင်းမယ် ၊
ပြဿနာဆိုတာလည်း ရောက်မလာဘူး
လူဖြစ်ရလာခြင်းအတွက်လည်း အဓျိပါယျ ပြည့်စုံစေပါတယ်။

တချို့ အရာတွေက ခွင့်မလွှတ်သင့်နေရင်တောင်
ခွင့်လွှတ်ခြင်းနဲ့သာ အနိုင်ယူလိုက်ပါ ။

Owner Credit

30/06/2025

သင့်ကလေး ဒေါသမကြီးဘဲ စိတ်ရှည်လာအောင် ပြုစုပျိုးထောင်နည်း 👶🩵

ကလေးတိုင်းမှာ စိတ်ခံစားချက်တွေ ပြင်းထန်တတ်ပြီး၊ အထူးသဖြင့် ဒေါသထွက်လွယ်တတ်ကြပါတယ်။ ဒါဟာ သဘာဝဖြစ်ပေမယ့်၊ မိဘတွေအနေနဲ့ စိတ်ရှည်သည်းခံမှုကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ဒီလို ပြုစုပျိုးထောင်ဖို့ ထိရောက်တဲ့ နည်းလမ်းတချို့ကို မျှဝေပေးပါမယ်။ 🧑‍🍼

🩵 ၁။ ကလေးရဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ

"သူ့ခံစားချက်ကို နားလည်ပေးတယ်" ဆိုတဲ့ စကားမျိုးနဲ့ စတင်ပါ။ ကလေးကို ခံစားချက်တွေကို ဖော်ပြခွင့်ပေးပါ (ဥပမာ - "မင်းစိတ်ဆိုးနေတယ်လား၊ ဘာကြောင့်လဲ ပြောပြပါလား")။ ခံစားချက်ကို ဖိမထားဘဲ ထုတ်ဖော်တတ်အောင် သင်ပေးပါ။

🩵 ၂။ စံနမူနာပြပါ (Role Model)

ကလေးတွေဟာ မိဘတွေရဲ့ အပြုအမူကို အတုယူတတ်ကြပါတယ်။ မိဘကိုယ်တိုင် စိတ်တိုတဲ့အခါ အေးဆေးတုံ့ပြန်ပြပါ (ဥပမာ - အသက်ပြင်းပြင်းရှူကာ စိတ်သက်သာရာရအောင် လုပ်ပြခြင်း)။ "ငါလည်း စိတ်ဆိုးတယ်၊ ဒါပေမယ့် ငြိမ်ငြိမ်နေမယ်" ဆိုတဲ့ ဥပမာပြပါ။

🩵 ၃။ စိတ်ငြိမ်စေမယ့် နည်းလမ်းတွေ သင်ပေးပါ

အသက်ရှူလေ့ကျင့်ခန်း – "ခပ်ပြင်းပြင်းရှူသွင်း၊ ဖြေးဖြေးချင်းရှူထုတ်" လုပ်ခိုင်းပါ။ ရေသောက်ခြင်း – ဒီလိုလုပ်ခြင်းက ဦးနှောက်ကို အာရုံပြောင်းစေပြီး ဒေါသလျော့စေတယ်။ ခဏခွဲနေခြင်း – "စိတ်ဆိုးနေရင် ၅ မိနစ်လောက် တစ်ယောက်တည်း ထိုင်နေပါ" လို့ ညွှန်ကြားပေးပါ။

🩵 ၄။ ပြဿနာကို အတူတကွ ဖြေရှင်းပါ

ဒေါသထွက်စရာဖြစ်တဲ့ အကြောင်းရင်းကို အတူတူရှာဖွေပါ။ "ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ" လို့ ကလေးကို ပြန်မေးပါ။ အဖြေတစ်ခုရှာပြီးရင် "ဒီလိုလုပ်ကြည့်ရင် ပိုကောင်းမလား" ဆိုတဲ့ ရွေးချယ်စရာတွေ ပေးပါ။

🩵 ၅။ စိတ်ရှည်မှုအတွက် ချီးမွမ်းပါ

ကလေးက ဒေါသမထွက်ဘဲ စိတ်ရှည်သည်းခံတဲ့အခါ "မင်းတကယ်ကောင်းတယ်၊ ဒီလိုတန်ဖိုးရှိတဲ့ အပြုအမူကို ငါကြိုက်တယ်" လို့ ချီးကျူးပါ။ အပြုသဘောဆောင်တဲ့ အပြုအမူကို မှတ်သားပြီး ဆုချပေးပါ (ဥပမာ - စိတ်ရှည်သည်းခံတဲ့အတွက် ကလေးကို ချစ်စနိုး ပွေ့ဖက်ပေးခြင်း)။

🩵 ၆။ ကလေးရဲ့ လိုအပ်ချက်ကို ကြိုတင်သိအောင်လုပ်ပါ
ကလေးတွေ ဗိုက်ဆာတာ၊ အိပ်ငိုက်တာ၊ ပင်ပန်းနေတာ ဆိုရင် ဒေါသထွက်လွယ်တတ်ပါတယ်။ ဒါကြောင့် အချိန်မှန်အိပ်စက်ခြင်း၊ အာဟာရပြည့်အောင်ကျွေးခြင်း စတာတွေကို ဂရုစိုက်ပါ။

--------------------

🔹 အချုပ်အားဖြင့်
ကလေးတစ်ယောက် စိတ်ရှည်သည်းခံတတ်ဖို့ အောက်ပါအချက်တွေကို သတိထားပါ။

✅ ခံစားချက်ကို အသိအမှတ်ပြုပါ
✅ စံနမူနာကောင်းဖြစ်ပါ
✅ စိတ်ငြိမ်ငြိမ်ထားဖို့ နည်းလမ်းတွေ သင်ပေးပါ
✅ ပြဿနာကို အတူတကွ ဖြေရှင်းပါ
✅ အပြုသဘောဆောင်တဲ့ အပြုအမူကို ချီးမွမ်းပါ

"စိတ်ရှည်ခြင်းဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက သည်းခံတတ်အောင် သင်ပေးခြင်းဟာ သူတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။"

ဒီနည်းလမ်းတွေကို အသုံးပြုပြီး သင့်ကလေး စိတ်ရှည်သည်းခံတတ်သူဖြစ်လာစေဖို့ အားပေးလိုက်ပါနော်! ❤️

Owner Credit

29/06/2025

"ဆယ်ကျော်သက်အရွယ်ကလေးတွေဘာကြောင့်မိဘစကားနားမထောင်ကြသလဲ?"

မနေ့က အလုပ်မှာ စပိန်သူငယ်ချင်းတစ်ယောက်
မျက်နှာမသာမယာနဲ့ အလုပ်ကိုလာပါတယ်။ကျွန်မက "ဘာပြဿနာရှိလာလဲ?"မေးတော့ သူ့ရဲ့ ၁၄နှစ်အရွယ် တစ်ဦး
တည်းသော သမီးက စကားနားမထောင်လို့ အလုပ်လာခါနီး
သားအမိနှစ်ယောက် စကားများတဲ့အကြောင်း။သမီးက
ဒေါသနဲ့ပြောလိုက်တဲ့ စကားတစ်ချို့က သူ့ကို ရင်နာစေတဲ့
အကြောင်းပြောရင်း မျက်ရည်စမ်းစမ်း ဖြစ်လာပါတော့တယ်။သမီးပြောတာက "အမေက မိခင် မပီသတဲ့ မိန်းမကြီး။အမေ့ကို မုန်းတယ်။"တဲ့လေ။
ဆယ်ကျော်သက်အရွယ် (အသက်၁၃-၁၉နှစ်ကြား)
ကလေးတွေ မိဘစကားနားမထောင်တာ/ပြောဆိုရခက်တာဟာ သဘာဝတရားတစ်ခုဖြစ်ပြီး သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။အဲလိုဖြစ်ရတဲ့
အခြေခံ အကြောင်းရင်းတွေကတော့

(၁)သူတို့ကိုယ်ပိုင်ခံစားချက်/ခံယူချက်နဲ့သီးသန့်ကမ္ဘာ
တည်ဆောက်ချင်တဲ့ အရွယ် ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွေက "ငါ ကလေးမဟုတ်တော့ဘူး။I'm not a kid anymore "။ဆိုတဲ့ စိတ်ကြီးဝင်တဲ့ ခံစားချက်နဲ့ကိုယ်ပိုင် ဆုံးဖြတ်ချင်လာကြပါတယ်။ဒါ
ကြောင့် မိဘပြောတဲ့စကားတိုင်း သဘောမတူချင်တော့ဘဲ
ကိုယ့်သဘောနဲ့ကိုယ် လုပ်ကြည့်ချင်တဲ့အတွက်ကြောင့်ပါပဲ။

(၂)စိတ်ဓာတ်နဲ့ဟိုမုန်းပြောင်းလဲမှုကြောင့်လည်းပါပါတယ်။

ဆယ်ကျော်သက်ကလေးတွေရဲ့ ဦးနှောက်အရှေ့ခြမ်းက Prefrontal cortex(ဆုံးဖြတ်ချက်အပိုင်းကိုလုပ်ဆောင်တဲ့အပိုင်း)က မပြည့်စုံသေးပါဘူး။ဒါကြောင့် ဆုံးဖြတ်ချက်မှားတာ/သေချာမစဉ်းစားနိုင်သေးတာ/စိတ်ခံ
စားမှုထိရှလွယ်တာ စတဲ့ အခြေအနေတွေဖြစ်တတ်ပါတယ်။အခြားတစ်ဖက်မှာလည်း ဆယ်ကျော်သက်အရွယ်ရဲ့
ဟိုမုန်းအပြောင်းအလဲ(Testosterone /Estrogen)ပမာဏ
မြင့်တက်လာတဲ့အတွက် စိတ်ခံစားမှုကို မထိန်းနိုင်တာမျိုး
ဖြစ်တတ်ပါတယ်။

(၃)မိဘနဲ့ဆက်ဆံရေးတည်ဆောက်မှုပုံစံကလည်း
အရေးကြီးပါတယ်။

တချို့မိဘတွေရဲ့ သားသမီးပြုစုပျိုးထောင်နည်းက
"ငါ မိဘ။ငါ့စကားကို သားသမီးက တသွေမသိမ်းနားထောင်ရမယ်။"ဆိုတဲ့ပုံစံဖြစ်နေတဲ့အခါ သားသမီးတွေရဲ့စိတ်ထဲမှာ မိဘက နားမလည်ပေးဘူး။"ပြောလည်း
ဆူဖို့/အပြစ်တင်ဖို့ပဲ သိတယ်။"ဆိုတဲ့ခံစားချက်နဲ့ပြည့်နှက်
နေတဲ့ အခါ မိဘ ဘာပြောပြော နားမဝင်တော့တာမျိုးဖြစ်
လာပါတော့တယ်။

(၄)ပတ်ဝန်းကျင်က အပေါင်းအသင်းတွေရဲ့လွှမ်းမိုးမှုခံရတဲ့အရွယ်ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်ကလေးတွေဟာ မိဘထက်
အပေါင်းအသင်းကို ပိုခင်တွယ်တဲ့အချိန်ဖြစ်တာကြောင့်
Peer influence (သူငယ်ချင်းရဲ့လွှမ်းမိုးမှုခံရ)ဖြစ်လာပါ
တယ်။"သူငယ်ချင်းတွေက ဒီလိုလုပ်တာ။ဒီလို ပြောတာ။
ငါ့မိဘတွေ ပြောတဲ့စကားတွေနဲ့မတူဘူး။"လို့ ခံယူလာတတ်
ကြပါတယ်။
ဒါကြောင့် ဆယ်ကျော်သက်အရွယ် သားသမီးတွေကို
ပိုင်ဆိုင်ထားကြတဲ့ မိဘတွေအနေနဲ့ သားသမီးတွေနဲ့
ပြေလည်ပြီးမိဘစကားကို လက်ခံတတ်စေဖို့

(၁)သားသမီးတွေကို တတ်နိုင်သမျှ အချိန်ပေးပါ။အတူတူ
စကားပြောပေးပါ။
(၂)သူတို့ပြောချင်တဲ့စကားတွေကို နားထောင်ပေးပါ။ခံစား
ချက်ကို ဖေးမပေးပါ။
(၃)အကြံဉာဏ်ပေးပါ။အမိန့်မပေးပါနဲ့။
(၄)ယုံကြည်ပေးပါ။ယုံကြည်မှုကို တည်ဆောက်ပေးပါ။
(၅)သားသမီးတွေရဲ့အနာဂတ်ရည်မှန်းချက်မှာ ပူးပေါင်းပါ
ဝင်ပေးပါ။
ဆယ်ကျော်သက်အရွယ် သားသမီးတွေ ပြောဆိုရခက်တာ/မိဘစကားနားမထောင်တာဟာ မလိမ္မာလို့/ဆိုးသွမ်းနေလို့ မဟုတ်ပါဘူး။ဒါဟာ သူတို့တဖြည်းဖြည်း
ကြီးပြင်းလာတဲ့/အရွယ်ရောက်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို ပြောဆို ဆုံးမတဲ့
အချိန်မှာ ဒေါသနဲ့ဆုံးမတာ/အပြစ်တင်တာမျိုး မလုပ်ဘဲ
သူတို့ နားလည်လာအောင် မိဘက ဖြစ်စေချင်တဲ့ပုံစံမျိုး
ဖြစ်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ဖျောင်းဖျပြောဆို/ဆုံးမ
သင့်ပါတယ်ရှင်။
ညနေမိုး(ကလေး)

Owner Credit

Address

Aizawl

Website

Alerts

Be the first to know and let us send you an email when AiDak Thlang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share