10/09/2025
မိန်းကလေး ဆိုသည်မှာ 💞 """""""""""""""""""""""""""""""""""""""""
တစ်နေ့ အင်တာဗျူးတစ်ခုမှာပေါ့ သတင်းထောက်ကမေးလိုက်တယ်
" ဂျက်မားကရုပ်ဆိုးတယ်နော် ဘာလို့သူ့ကိုရွေးချယ်ခဲ့တာလဲ သူမအောင်မြင်ခင် ကျောင်းဆရာဘဝထဲက သူ့ကိုရွေးချယ်ခဲ့တယ်ဆိုတော့ ငွေကြေးကြောင့်တော့မဖြစ်နိုင်ဘူး ဘာကြောင့်လဲ ကျွန်တော်တို့သိပါရစေ "
သူမ ရိုးရိုးရှင်းရှင်းလေးပဲဖြေလိုက်တယ် ။ " ဂျက်မားကရုပ်ဆိုးပါတယ် ဒါပေမဲ့ အလုပ်ကြိုးစားတယ် လုပ်ရည်ကိုင်ရည်ရှိတယ် အောင်မြင်ဖို့အတွက် အမြဲကြိုးစားနေတာ ဘဝအာမခံချက်တစ်ခုရှိတယ် ။
အဲ့ဒီဘဝကို ကျွန်မပုံဖော်ပေးချင်လို့ပါ " တဲ့
အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို အထင်အမြင်လွဲလာကြတယ် ။ တပတ်ကိုသုံးကြိမ်လောက် ရုပ်ရှင်ကြည့် ဟိုဆိုင်သွားစား ၊ ဒီဆိုင်သွားစားတာကို ကျွေးနိုင်မှ အချစ်လို့ထင်လာကြတယ် ။ အရုပ်လေးဝယ်ပေး ဟိုဟာဒီဟာလေးတွေဝယ်ပေးနိုင်မှ အချစ်လို့ထင်လာကြတယ် ။ လူအများကြားမှာအနမ်းတွေပေး ဖက်လှဲတကင်းနေပြမှ အချစ်လို့ထင်လာကြတယ် ။
S*x ကိုပျော်စရာအဖြစ်သတ်မှတ်လာကြတယ် ။ သူတို့ဆီမှာအနာဂတ်ကိုမတွေးတော့ တစ်ဘဝစာထက် တစ်ခဏတာကြားမှာ ပျော်မြူးလာကြတယ် ။ အရည်အချင်းထက် ရုပ်ရည်ကိုဦးစားပေးလာကြတယ် ။အောင်မြင်တဲ့ယောက်ျားတွေရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတွေရှိတယ် ။ ထက်မြက်တဲ့မိန်းမတွေဘေးမှာလည်း အောင်မြင်တဲ့ယောက်ျားတွေရှိကြတယ် ။
ဘဝအာမခံချက်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့အရာပါ ။ ဘယ်အာမခံ Company မှ ခုံဖိနပ်တစ်ရံကိုမှ ဒေါ်လာသန်းချီမပေးနိုင်သလို အပင်မစိုက်ပဲ အသီးစားချင် ပါရမီမဖြည့်ပဲ အောင်မြင်တဲ့ယောက်ျားတွေကို မမျှော်လင့်ချင်ပါနဲ့ ။
ဘဝမှာ ဟင်းကောင်းကောင်းစားရုံ ၊ အလှပြင်ရုံသက်သက်လူဖြစ်လာတဲ့ သာမာန်မိန်းမတွေဟာ အောင်မြင်ပြီးသားယောက်ျားတွေကိုရှာပြီး သူတို့ဘဝကို တည်ဆောက်ချင်ကြတယ် ။
ထက်မြက်တဲ့မိန်းမတွေကတော့ သူတို့တကယ်ချစ်တဲ့သူနဲ့သာ ဘဝကိုရုန်းကန်လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ယောက်ျားတွေရဲ့ အရေးပါတဲ့ မိန်းမတွေဖြစ်ချင်ကြတယ် ။
ငွေတစ်ထောင်ကို တစ်သောင်းဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲ စဥ်းစားမယ့်အစား ဘယ်လိုဖြုန်းရမလဲစဥ်းစားနေတဲ့ လက်တွဲဖော်ရှိရင် ခုထဲကလက်တွဲဖြုတ်လိုက်ပါ ။
သင့်ဘဝရဲ့ ပါရမီဖြည့်ဖက် ဘယ်တော့မှဖြစ်လာမှာ မဟုတ်လို့ပါပဲ ။ မိန်းခလေးပေါင်းမြောက်မြားစွာရှိပေမယ့် ပါရမီဖြည့်ဘက်ကတော့ ရှားပါးလွန်းပါတယ် ။
တကယ်တော့အချစ်ဆိုတာ မိသားစုတစ်ခုလိုပါပဲ ။ ဒုက္ခနဲ့သုခ မျက်ရည်နဲ့ရည်သံ ၊ ကျရှုံးမှုနဲ့အောင်မြင်မှုကြား ကိုယ့်ဘက်က အမြဲရပ်တည်ရှိနေပေးကြသူတွေပါ ။
အချစ်ဆိုတာ ဒါပဲ