Chinland Channel

Chin Channel is Chin media agency reflecting the voice and right to information of Chin People after the Myanmar Military coup 2021. It covers independently Chin News regarding armed conflict and the voice of the Chinland and Chin people including Chin armed stakeholders; Chinland Council, Chin brotherhood and Myanmar beyond.

ထိုင်းနဲ့ကမ္ဘောဒီယားတို့ ချက်ချင်းနဲ့ခြွင်းချက်မရှိအပစ်အခတ်ရပ်စဲရေးသဘောတူChinland Channel / ၂၈ ဇူလိုင် ၂၀၂၅အိမ်းနီးချင်း...
28/07/2025

ထိုင်းနဲ့ကမ္ဘောဒီယားတို့ ချက်ချင်းနဲ့ခြွင်းချက်မရှိအပစ်အခတ်ရပ်စဲရေးသဘောတူ

Chinland Channel / ၂၈ ဇူလိုင် ၂၀၂၅

အိမ်းနီးချင်းနှစ်နိုင်ငံဖြစ်ကြတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ နယ်စပ်မှာ ငါးရက်ကြာတိုက်ပွဲများဖြစ်ပွားပြီး လူ ၃၃ ဦးထက်မနည်းသေဆုံးပြီး သောင်းနဲ့ချီ အိုးအိမ်စွန့်ခွါ စစ်ဘေးရှောင်မှုတွေဖြစ်ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲ ရန်သဘောတူခဲ့ကြပြီဖြစ်ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လ ၂၈ ရက်ညသန်းခေါင်အချိန်ကနေစလို့ ချက်ချင်းနဲ့ခြွင်းချက်မရှိအပစ်အခတ် ရပ်စဲရေးကိုအကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြကြောင်း မလေးရှားဝန်ကြီးချုပ်က ဖျန်ဖြေဆွေးနွေးပွဲ အပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

မကြသေးမီရက်သတ္တပတ်များအတွင်း အိမ်နီးချင်း အရှေ့တောင်အာရှနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက် လာပြီးနောက် ယခုလိုအပစ်အခတ်ရပ်စဲရန်သဘောတူခဲ့ကြတာဖြစ်ပြီး မလေးရှားဟာ နှစ်ဖက်ဆွေးနွေးညှိနှိုင်းတဲ့ အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။

ထိုင်းခေတ္တဝန်ကြီးချုပ် Phumtham Wechayachai နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့ဟာ မလေးရှား နိုင်ငံ အုပ်ချုပ်ရေးမြို့တော် Putrajaya ရှိ မလေးရှားဝန်ကြီးချုပ်ရဲ့နေအိမ်မှာ ဒီကနေ့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲကို အမေရိကန်နဲ့တရုတ်သံအမတ်ကြီးများတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ ဒီညသန်းခေါင်းယံကနေစပြီးအပစ်ခတ်ရပ်စဲသွားမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ နှစ်ဖက်စစ်ဘက်ဆိုင်ရာတပ်မှူးများတွေ့ဆုံမှုပြုလုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hum Manet က “အလွန်ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ်ကိုရရှိ ထားကာ အသက်များစွာဆုံးရှုံးစေခဲ့တဲ့တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်မျှော်လင့်တယ်။”လို့ ပြောကြားထားပါ တယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရခင် ၂၄ နာရီအလိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်ပွဲများ ကိုမရပ်တန့်ပါက ထိုင်း သို့မဟုတ် ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်မှုဆိုင်ရာသဘောတူချက်များကိုရုပ်သိမ်းမှာဖြစ် ကြောင်း သတိပေးခဲ့ပါတယ်။

ကိုးကား - BBC/ ALJAZEERA
သတင်း - Jessie
ပုံအညွှန်း - ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားဝန်ကြီးချုပ်တို့အားဆွေးနွေးမှုအပြီးတွေ့ရပုံ
ဓါတ်ပုံ - BBC

28/07/2025

Chinland Channel 2025 July 28 News
=================================
1. မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ၈ဖွဲ့မှ မတူပီတော်လှန်ရေး အဖွဲ့ချုပ်(MRO) ဖွဲ့စည်းမှုကို ကန့်ကွက်
2. စေတုတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၂၀ သေဆုံး
3. ကမ္မမြို့ နန်းထိုက်တော်ဝင် စတိုးဆိုင်ကို စစ်တပ်က ဝင်ရောက် ဖောက်ထွင်းပြီး ရိက္ခာယူဆောင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိ
4. ကျောက်ကြီးမြို့နယ်က စစ်စခန်း ၂ ခုကို တော်လှန်ရေး ပူးပေါင်းတပ်များသိမ်းပိုက်၊ စစ်သား ၁၅ ဦးသေဆုံး
5. ထရမ့်ပ် ဖိအားကြောင့် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင် ၂ ဦး မလေးရှားတွင် တွေ့ဆုံဆွေးနွေးမည်
6. ဥရောပနဲ့အမေရိကန်ကြား ကုန်သွယ်ရေးသဘောတူညီချက် ရရှိ၊ ဥရောပက အမေရိကန်မှာ ဘီလီယံ ၆၀၀ ဖိုး ရင်းနှီးမြှုပ်နှံမည်
Youtube Link - https://youtu.be/JrZF0YpS62M

ရူပီးသိန်း ၂၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးများကို HPO/CDF-Hualngoram မီးရှို့ဖျက်ဆီးChinland Channel / ၂၈ ဇူလိုင် ၂၀၂၅ချင်းပ...
28/07/2025

ရူပီးသိန်း ၂၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးများကို HPO/CDF-Hualngoram မီးရှို့ဖျက်ဆီး

Chinland Channel / ၂၈ ဇူလိုင် ၂၀၂၅

ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသမှာတာဝန်ရှိတဲ့ HPO/CDF-Hualngoram က ဒီနှစ်အတွင်းဖမ်းဆီးထားတဲ့ ရူပီး သိန်း ၂၀၀ တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ဇူလိုင်လ ၂၅ ရက်မှာမီးရှို့ဖျက်ဆီးခဲ့ကြောင်း Rihlipui Post က မနေ့ ဇူလိုင်လ ၂၇ ရက်မှာ ဖော်ပြထားပါတယ်။

HPO/CDF-Hualngoram မီးရှိုဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးများက ၂၀၂၅ မေလ ၉ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့အထိဖမ်းဆီးထားတဲ့ စိတ်ကြွဆေးပြားအလုံးရေ ၂၈၀၃၀၀ ၊ ဘိန်းဖြူ ၄၂၈ ထုပ် ၊ ကျားတံဆိပ်ပါ ဘိန်းဖြူ ၂ ထုပ် နဲ့ Ice ၄ ထုပ် တို့ဖြစ်ကြပါတယ်။

မူးယစ်ဆေးဝါးဟာ ချင်းလူမျိုးများကိုဖျက်ဆီးနေတဲ့အရာဖြစ်လို့ ဆက်လက်တိုက်ဖျက်သွားမှာဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်ရှိ ချင်းလူမျိုးများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ HPO တာဝန်ရှိသူတစ်ဦးကတိုက်တွန်းထားပါတယ်။

သတင်း - Jessie
ပုံအညွှန်း - မီးရှို့ဖျက်ဆီးထားတဲ့ မူးယစ်ဆေးများ
ဓါတ်ပုံ - Rihlipui Post

ဘန်ကောက်စျေးတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ဦးသေဆုံးChinland Channel / ၂၈ ဇူလိုင် ၂၀၂၅ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြ...
28/07/2025

ဘန်ကောက်စျေးတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ဦးသေဆုံး

Chinland Channel / ၂၈ ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့ရှိစျေးတစ်ခုမှာ ဇူလိုင်လ ၂၈ ရက် ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူ ၆ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူများထဲမှာ သေနတ်သမားလည်းပါဝင်ပြီး ပစ်ခတ်မှုပြီးနောက် သူ့ကိုယ်သူလည်းအဆုံးစီရင်ခဲ့တာဖြစ်တယ် လို့ မြို့တော်ရဲဗျူရိုရဲ့ လက်ထောက်ကော်မရှင်နာ Charin Copatta က ပြောပါတယ်။

“ရဲတွေက အဲဒီလူရဲ့အထောက်အထားနဲ့အခင်းဖြစ်ရခြင်းအကြောင်းအရင်းကိုရှာဖွေနေပါတယ်။”လို့ ထိုင်းရဲများက ဖော်ပြထားပြီး သေနတ်သမားကပစ်ခတ်ခဲ့တဲ့ လူ ငါးဦးဟာ စျေးမှာလုံခြုံရေးအစောင့် လုပ်ကိုင်သူများဖြစ်ကြပါ တယ်။

Erawan Emergency Medical Center ရဲ့အစီရင်ခံစာအရ သေဆုံးသူများဟာ စျေးလုံခြုံရေးအစောင့် ၄ ဦး ၊ အမျိုးသမီးတစ်ဦး နဲ့ မိမိကိုယ်ကိုအဆုံးစီရင်တဲ့သေနတ်သမား တို့ဖြစ်ကြပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ခရီးသွားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများမရှိဘူးလို့ ဘန်ကောက်မြို့ Bang Sue ခရိုင်ရဲတပ်ဖွဲ့မှအရာရှိဖြစ်သူ Sanong Saengmani ကပြောပါတယ်။

ရဲတပ်ဖွဲ့များကမျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ ဦးထုပ်ဖြူဆောင်းပြီးနဲ့ကျောပိုးအိပ်လွယ်ထားတဲ့ အမျိုးသားတစ်ဦးဟာ စျေးရှေ့ကားပါကင်မှာလမ်းလျှောက်လာတာကိုတွေ့ရပါတယ်။

ထိုင်းနိုင်ငံဟာ သေနတ်ကိုင်ဆောင်ရမ်းကားမှုနဲ့ သေနတ်ပိုင်ဆိုင်မှုကအဆန်းမဟုတ်ပါ။ ၂၀၂၃ ခုနှစ် အောက်တိုဘာ လမှာ အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးက ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုအတွင်း ပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး အခြား ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

အလားတူ လွန်ခဲ့တဲ့တစ်နှစ်မှာလည်း ထိုင်းနိုင်ငံအရှေ့ပိုင်းမူကြိုကျောင်းတစ်ခုမှာ ကလေး ၂၂ ဦးအပါအဝင် လူ ၃၆ ဦးကို သေနတ်နဲ့ဓါးဖြင့်တိုက်ခိုက်မှုအတွင်း ရဲအရာရှိတစ်ဦးသေဆုံးခဲ့ပါတယ်။

ကိုးကား - Reuters
သတင်း - Jessie
ပုံအညွှန်း - စျေးရှေ့ကားပါကင်မှာ သေနတ်သမားအားတွေ့ရစဉ်
ဓါတ်ပုံ - လူမှုကွန်ယက်

ကန်ပက်လက်ကောင်စီဥက္ကဌ ဦးမနားထန်း ရာထူးမှ နှုတ်ထွက်ဟုဆိုChinland Channel/ ၂၈ ဇူလိုင် ၂၀၂၅ချင်းပြည်တောင်ပိုင်း ၊ ကန်ပက်လက်...
28/07/2025

ကန်ပက်လက်ကောင်စီဥက္ကဌ ဦးမနားထန်း ရာထူးမှ နှုတ်ထွက်ဟုဆို

Chinland Channel/ ၂၈ ဇူလိုင် ၂၀၂၅

ချင်းပြည်တောင်ပိုင်း ၊ ကန်ပက်လက်မြို့နယ် ၊ ကန်ပက်လက်ကောင်စီဥက္ကဌ ရာထူးဖြင့်တာဝန်ထမ်းဆောင်သူ ဦးမနားထန်းသည် ၎င်း၏ရာထူးမှ နှုတ်ထွက်သွားကြောင်း ကန်ပက်လက်ကောင်စီအဖွဲ့ထံမှ သတင်းရရှိသည်။

ကန်ပက်လက်‌ကောင်စီဥက္ကဌဦးမနားထန်းသည်‌ ၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်ကောင်စီမှ ထောက်ပံ့သော ငွေကျပ်သိန်းသုံးရာကို ခွဲဝေရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်နေပါသဖြင့် ငွေစာရင်းရှင်းတမ်းမလုပ်နိုင်ခြင်း၊ ၎င်း၏လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်သောကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ကန်ပက်လက်ကောင်စီအဖွဲ့က Chinland Channel ကိုပြောသည်။

ကန်ပက်လက်ကောင်စီအဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူကပြည်သူတွေရဲ့ ခံယူချက်ကို အညွန့်ချိုးသလိုဖြစ်နေတယ်။ အရေးယူဆောင်ရွက်ခြင်းမရှိသေးပါ။ ငွေစာရင်းရှင်းတမ်းလုပ်ခိုင်းမှာဖြစ်တယ်။” ဟု Chinland Channel ကိုဆိုသည်။

အသက် ၂၀နှစ်အရွယ် ဦးမနားထန်းသည် ကန်ပက်လက်ကောင်စီတွင် တစ်နှစ်နှင့်ခုနစ်လ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကန်ပက်လက်‌ကောင်စီဥက္ကဌ ရာထူးမှနှုတ်ထွက်သွားသည့်အကြောင်းနှင့်ပတ်သက်ပြီး ဦးမနားထန်းအား Chinland Channelမှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

“သူက ဥက္ကဌနာမည်ခံတာပဲရှိတယ် လုပ်ငန်းအတွေ့ကြုံမရှိ၊ အရပ်သားဆိုတော့ မြွေမသေတုတ်မကျိုးဆိုသလိုနာမည်ခံတာပဲရှိတယ်။ သူ့ကိုပြည်သူကလည်း လက်မခံတာ သူရွာကလည်း မထောက်ခံတော့တာတွေဖြစ်နေတယ်” ကန်ပက်လက်ကောင်စီအဖွဲ့ဝင်တစ်ဦးက ဆက်လက်ပြောသည်။

ကန်ပက်လက်ကောင်စီသည် ကန်ပက်လက်မြို့အခြေအစိုက်လှုပ်ရှားနေသည့် Kanpelat CDF (Vakok တပ်ရင်း)နှင့် CNA တပ်ရင်း (၂၁) ၏ နိုင်ငံအရေးအစုအဖွဲ့ တစ်ခုဖြစ်သည်။

သတင်း-Joshua

မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ၈ဖွဲ့မှ   မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ဖွဲ့စည်းမှုကို ကန့်ကွက် Chinland Channel/ ၂၆ ဇူ...
27/07/2025

မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ၈ဖွဲ့မှ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ဖွဲ့စည်းမှုကို ကန့်ကွက်

Chinland Channel/ ၂၆ ဇူလိုင် ၂၀၂၅

ချင်းပြည်၊ မတူပီမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော Chin Defense Force -Matupiမှ မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ဖွဲ့စည်းခြင်းကို ကန့်ကွက်သည်ဟု မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ရှစ်ဖွဲ့မှ ကန့်ကွက်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။

၂ဝ၂၅ခုနှစ်၊ မေ ၅ ရက် မတူပီတော်လှန်ရေးအစုအဖွဲ့များ အစည်းအဝေးတွင် ဖွဲ့စည်းသည့် Matupi Revolutionary Organization (MRO)သည် တော်လှန်ရေးရည်မှန်းချက်များနှင့်လွဲချော်ကာ ၎င်းတို့၏ လုပ်ဆောင်ချက်သည် အာဏာရှင်အသစ်ဖွဲ့စည်းမှုဖြစ်သောကြောင့် သဘောမတူ၍ မထောက်ခံကြောင်း ဆိုသည်။

အဖွဲ့၈ဖွဲ့၏ တံဆိပ်များပါဝင်သော အဆိုပါထုတ်ပြန်ချက်တွင် Town Elders၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မတူပီမြို့နယ်)၊ Senai Region Supporting Committee (USA)၊ Global Aidaak Supporting Group၊ Thaipum Pui Ramsa Supporting Committee ၊ Global Matu Supporting Committee၊ Matupi Township CDMer Committee ၊ Matupi Civil Society Organization တို့ပါဝင်သည်ကို တွေ့ရသည်။

ဧပြီလ ၁၀ရက်နေ့က CDF Matupi အဖွဲ့၏ ထုတ်ပြန်ချက်တွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)ဖွဲ့ စည်းမှု၌ မတူပီတော်လှန်ရေးအင်အားစုများအနေဖြင့် သိရှိပါဝင်မှုမရှိဘဲ ယင်းအဖွဲ့တစ်ခုတည်း၏ သဘောထားသာဖြစ်သည်ဟုဆိုသည်။

MROအဖွဲ့၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းကဏ္ဍများသည် အရပ်ဘက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအား ပါဝင်စွက်ဖက်ရုံမက ချုပ်ကိုင်လိုသည်ဟုလည်း ဖော်ပြသည်။

ထိုအခြေအနေများကြောင်း မတူပီတော်လှန်ရေးအစုအဖွဲ့များအကြား ကွဲပြားမှုမဖြစ်စေရန် MRO ပတ်သက်ပြီး ရှင်းပြနိုင်ရန် MRO /CDF -Matupi အား အစည်းအဝေး (၄)ကြိမ်ခေါ်ဆိုခဲ့သည့်အနက် တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး၊ ရှင်းလင်းပြောကြားခြင်းနှင့် ထိထိရောက်ရောက်ဆုံးဖြတ်ချက်များပေးခြင်းများ မပြုနိုင်ခဲ့ကြောင်း သိရသည်။

MRO /CDF -Matupi အဖွဲ့သည် MRO နှင့် မတူပီတော်လှန်ရေးအစုအဖွဲ့များအကြား ရှင်းလင်းမှုမရှိပဲ MROဖွဲ့စည်းကြောင်း ထုတ်ပြန်ခြင်း၊ စစ်ဘက်အဖွဲ့ဝင်များအား MRO လုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးခြင်း၊ Chin Liberation Fund ၏ talk show များနှင့် မတူပီမြို့အုပ်ချုပ်ရေးအဖွဲ့၊ GMSC အကြောင်းပြန်ကြားစာများတွင် MRO အမည်အသုံးပြုမှုတို့အရ Defenses အဖွဲ့သည် တဇွတ်ထိုး ဆောက်ရွက်နေသည်ဟု မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ၈ဖွဲ့မှ ထုတ်ပြန်သည်။

တဖက်တွင်လည်း တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်၏ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုနိုင်ရန် ဖွဲ့စည်းထားသည့် MRO/CDF-MATUPI အပြင် ထပ်မံ ဖွဲ့စည်းသော မည်သည့် အဖွဲ့အစည်း၊ မည်သည့် ကောင်စီ မဆိုသည် MRO/CDF-MATUPI ကို ကိုယ်စားမပြုကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၂၅ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၁၄ ရက်နေ့တွင် မတူပီမြို့နယ်မှ ချင်းတော်လှန်ရေးအင်အားစုအားလုံးသည် ချင်းအမျိုးသားကောင်စီ - မတူပီ (CNC – Matupi) ကို တရားဝင်ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ချက်အား MRO/CDF-MATUPI က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မတူပီမြို့နယ်တွင် ချင်းအမျိုးသားကောင်စီ (မတူပီ)၊ MRO / Chin Defense Force - မတူပီ ၊ Matupi Council/ Chinland Defense Force - မတူပီ ဟု တော်လှန်ရေးအင်အားစုဖြစ်သည့် နိုင်ငံရေးအစုအဖွဲ့ စင်ပြိုင်သုံးခု ရှိလာခဲ့ပြီဖြစ်သည်။

သတင်း-Joshua

ကန်ပက်လက်မြို့နယ်၊ အမှတ် (၅) ပြည်သူလူထု၏ သဘောထားထုတ်ပြန်ချက်
26/07/2025

ကန်ပက်လက်မြို့နယ်၊ အမှတ် (၅) ပြည်သူလူထု၏ သဘောထားထုတ်ပြန်ချက်

မလေးရှားမှာချင်းလူငယ်တစ်ဦးအိပ်နေရင်းသေဆုံးChinland Channel / ၂၆ ဇူလိုင် ၂၀၂၅မလေးရှားနိုင်ငံ၊ Shah Alam မှာ အလုပ်လုပ်ကိုင...
26/07/2025

မလေးရှားမှာချင်းလူငယ်တစ်ဦးအိပ်နေရင်းသေဆုံး

Chinland Channel / ၂၆ ဇူလိုင် ၂၀၂၅

မလေးရှားနိုင်ငံ၊ Shah Alam မှာ အလုပ်လုပ်ကိုင်နေတဲ့ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ ဇူလိုင်လ ၂၆ ရက်မှာ သူအိပ်ယာ ပေါ်မှာဘဲ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ Senthang Christian Church, Malaysia က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါ ချင်းလူငယ်ဟာ Val Ceu Hram Bik အသက် ၂၃ နှစ်ဖြစ်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Sakta ကျေးရွာဒေသခံဖြစ်ပါတယ်။

Val Ceu Hram Bik ဟာ အဖ Pu Zam Lian နဲ့ အမိ Pi Mang Tang တို့မှ ၂၀၀၃ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအသက် ၂၃ နှစ်ရှိပြီဖြစ်ကာ မွေးချင်းညီအကို ၆ ဦးအနက် အငယ်ဆုံးသားဖြစ်တယ်လို့သိရပါတယ်။

Val Ceu Hram Bik ဟာ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ မလေးရှားကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာဆုံးပါးသွားတာဖြစ်ပါတယ်။

Vall Ceu Hram Bik ရဲ့ရုပ်အလောင်းကို သူနေတဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ ဆေးရုံကိုပို့ဆောင်သွားမှာဖြစ်ပြီး ဆရာဝန်နဲ့ သူနာပြုများက လိုအပ်သည်များကို စစ်ဆေးသွားမယ်လို့ဆိုကာ အသုဘအစီအစဉ်များကိုတော့ ပြန်လည် အသိပေးသွားမယ်လို့ Senthang Christian Church, Malaysia က အသိပေးထားပါတယ်။

Vall Ceu Hram Bik ရဲ့ မိဘ၊ညီအကို ၊ ဆွေမျိုးသားချင်းများနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းနဲ့ ဘုရားသခင် နှစ်သိမ့်ပါစေကြောင်း Senthang Christian Church , Malaysia က ထုတ်ပြန်ထားပါတယ်။

သတင်း - Jessie
ပုံအညွှန်း - Val Ceu Hram Bik
ဓါတ်ပုံ - လူမှုကွန်ယက်

26/07/2025

Chinland Channel 2025 July 26 News
==================================
1. မလေးရှားမှာ ချင်းဒုက္ခသည်များအရေး ဆွေးနွေး
2. ပခုက္ကူ၊ ကမ္မမြို့ ရေလည်ကျောင်းထဲတွင် ယာယီတပ်စွဲထားသော စစ်တပ်က ရိက္ခာထွက်ရှာလာစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး
3. ဘားအံထောင်က နိုင်ကျဉ်းတစ်ဦး ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှု ကြောင့် သေဆုံး
4. ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဦးတည် တိုက်ခိုက်နေ၍ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၊ စစ်စခန်း အနီး နေထိုင်သော ပြည်သူများ အမြန်ဆုံး ထွက်ခွာပေးရန် PDF က အသိပေး
5. စစ်တပ်ဘက်တော်သား မြန်မာခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို စီးပွားရေးပိတ်ဆို့မှုမှ ဖယ်ရှားပေးခြင်းမှာ မင်းအောင်လှိုင်၏ သမ္မတထရမ့်ထံသို့ ပေးပို့သည့်စာနှင့် ပတ်သက်မှု မရှိဟု အမေရိကန် ပြော
Youtube Link - https://youtu.be/j2WYwHbyHSo

ဓာတ်ပုံသတင်း ။               ။ CDF-ZOTUNG က (၄) ကြိမ်မြောက်  Special Force Training  သင်တန်းဆင်းပွဲအခမ်းအနားကျင်းပChinla...
26/07/2025

ဓာတ်ပုံသတင်း ။ ။ CDF-ZOTUNG က (၄) ကြိမ်မြောက် Special Force Training သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Chinland Channel/ ၂၆ ဇူလိုင် ၂၀၂၄

ချင်းပြည်၊ဇိုတုန်ဒေသတစ်နေရာ၌ CDF-ZOTUNG အဖွဲ့မှ (၄) ကြိမ်မြောက် Special Force Training သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အခမ်းအနားတွင် သင်တန်းဆင်းသည့်ရဲဘော်သစ်များအား ဆုချီးမြှင့်ခြင်းနှင့် ဆုတောင်းပေးအခမ်းအနားတို့လည်း ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။

Chinland Council (CC)အဖွဲ့ဝင်ဖြစ်သော CDF-ZOTUNG တပ်ဖွဲ့အနေဖြင့် တန်းတူညီမျှမှုအပြည့်အ၀ရှိသော ပြည်ထောင်စုနိုင်ငံ‌တော် တည်ဆောက်ရေးနှင့် အမိမြေ ချင်းလဲန်း၊ ချင်းလဲန်းရှိပြည်သူများအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း အသိပေးထားသည်။

ရက်ရှည်သင်တန်းဖြစ်သည့် Special Force Training အတွက်တာဝန်ယူ ဦးစီး‌ပေးကြသည့် တာဝန်ရှိသူများနှင့် ကျွေးမွေးအားထည့်ပေးကြသည့် တော်လှန်မိဘပြည်သူများအပေါ်ကျေးဇူးအထူးတင်ရှိသည်ဟုလည်း CDF-ZOTUNG ကဆိုသည်။

သတင်း -Joshua
ဓာတ်ပုံ - CDF-Zotung

ချင်းအမျိုးသားကောင်စီ(မတူပီ)သည် MRO/CDF-MATUPI နှင့် မတူပီပြည်သူလူထုကို ကိုယ်စားမပြုကြောင်း MRO/CDF-MATUPI  တုံ့ပြန် Chi...
25/07/2025

ချင်းအမျိုးသားကောင်စီ(မတူပီ)သည် MRO/CDF-MATUPI နှင့် မတူပီပြည်သူလူထုကို ကိုယ်စားမပြုကြောင်း MRO/CDF-MATUPI တုံ့ပြန်

Chinland Channel/ ၂၆ ဇူလိုင် ၂၀၂၅

ချင်းပြည်၊ မတူပီမြို့နယ်တွင် အသစ်ပေါ်ထွက်လာသော ချင်းအမျိုးသားကောင်စီ(မတူပီ) CNC-Matupi သည် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (CDF-Matupi)နှင့် မတူပီပြည်သူလူထုအား ကိုယ်စားမပြုကြောင်း MRO/CDF-MATUPI ကထုတ်ပြန်သည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် မတူပီမြို့နယ်မှ ချင်းတော်လှန်ရေးအင်အားစုအားလုံးသည် ချင်းအမျိုးသားကောင်စီ - မတူပီ (CNC – Matupi) ကို တရားဝင်ဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာလိုက်သည့်အပေါ် MRO/CDF-MATUPI က ဇူလိုင်လ ၂၅ရက်နေ့တွင် ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်၏ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုနိုင်ရန် ဖွဲ့စည်းထားသည့် MRO/CDF-MATUPI အပြင် ထပ်မံ ဖွဲ့စည်းသော မည်သည့် အဖွဲ့အစည်း၊ မည်သည့် ကောင်စီ မဆို MRO/CDF-MATUPI ကို ကိုယ်စားမပြုပါဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

CNC – Matupi ဖွဲ့စည်းတည်ထောက်ကြောင်းကြေညာချက်တွင် မတူပီမြို့မသိမ်းပိုက်မီအချိန်ကပင် မတူပီမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ကောင်စီတစ်ရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အထောက်အကူပြု ကော်မတီများမှ ကိုယ်စားလှယ်များရွေးချယ်ကာ ပြင်ပဥပဒေပညာရှင်များ၏ အကူအညီဖြင့် ခြောက်လကျော်ကြာ ကောင်စီဥပဒေမူကြမ်းရေးဆွဲခဲ့ကြသည်ဟု ဖော်ပြသည်။

ချင်းအမျိုးသားကောင်စီ(မတူပီ) ဥပဒေမူကြမ်းကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ အထောက်အကူပြုကော်မတီ၊ CDMer များ၊ CSO များနှင့် ဥပဒေဆိုင်ရာအကြံပေးတို့ဖြင့် အစုအဖွဲ့စုံညီစွာ တက်ရောက်ခဲ့ကာ အပြန်အလှန်သုံးသပ်ဆွေးနွေးပြီး အားလုံးသဘောတူ အတည်ပြုပြဋ္ဌာန်းခဲ့ကြကြောင်း ဆိုသည်။

ချင်းအမျိုးသားကောင်စီ - မတူပီ သည် ကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ပြည်ထောင်စု၊ ချင်းအမျိုးသားတစ်ခုလုံးနှင့် မြို့နယ်တစ်ခုလုံး အတိုင်းအတာများဖြင့် တော်လှန်ရေးအဖွဲ့အားလုံးကို လွှမ်းခြုံအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကောင်စီတွင် မပါဝင်သေးသည့် တော်လှန်ရေးအဖွဲ့များကိုလည်း စည်းရုံးပြီး အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မတူပီမြို့နယ်တွင် CDF - မတူပီ ချင်းတော်လှန်ရေးအဖွဲ့ကို ဒေသတွင်း အင်အားစုများက ဖွဲ့စည်းထူထောင်ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးနှင့် ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရယူရန် တိုက်ပွဲဝင်ခဲ့ကြသည်။

ထို့နောက် ၂၀၂၃ ခုနှစ် မတ်လတွင် စစ်ရေးနှင့် နိုင်ငံရေး သဘောထားကွာခြားမှုများကြောင့် CDF - မတူပီ အဖွဲ့သည် CDF - မတူပီ၊ တပ်မဟာ (၁) နှင့် CDF - မတူပီ၊ တပ်မဟာ( ၂) အဖြစ် ခွဲထွက်ထားကြသည်။

CDF - မတူပီ၊ တပ်မဟာ(၁)သည် MRO / Chin Defense Force - မတူပီ အဖြစ် ICNCC ၊ ချင်းညီနောင်အဖွဲ့တွင် ပါဝင်လျက်ရှိပြီး CDF - မတူပီ၊ တပ်မဟာ (၂) သည် Matupi Council/ Chinland Defense Force - မတူပီအဖြစ် Chinland Council / ချင်းပြည်အစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိ မတူပီမြို့နယ်တွင် အသစ်ပေါ်ထွက်လာသော ချင်းအမျိုးသားကောင်စီ (မတူပီ)အပါအဝင် တော်လှန်ရေးအင်အားစုဖြစ်သည့် နိုင်ငံရေးအစုအဖွဲ့ စင်ပြိုင်သုံးခု ရှိလာခဲ့ပြီဖြစ်သည်။

မတူပီမြို့ကို MRO / Chin Defense Force - မတူပီ ပါဝင်သည့် ချင်းညီနောင်နှင့် ဟာမိတ်အဖွဲ့များက ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၉ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်။

မတူပီမြို့နှင့် မတူပီမြို့နယ်အတွင်းရှိ တပ်ဖက်၊ အရပ်ဖက် အင်အားစုများအား အဖွဲ့ချုပ် တစ်ခုအဖြစ် ပေါင်းစည်း နိုင်ရေးအတွက် အရပ်ဖက် ဝန်ထမ်းများ၊ တတ်သိပညာရှင်များကိုလည်း ဌာနအလိုက် ချိတ်ဆက်ပူးပေါင်း၍ တပ်ဖက်၊အရပ်ဖက် လုပ်ငန်းများ ဖော်ဆောင်လျက်ရှိသည်ဟု MRO/CDF-MATUPI ဆိုသည်။

ချင်းအမျိုးသားကောင်စီ - မတူပီ(CNC-Matupi) ဖွဲ့စည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး Chinland Council / ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်သည့် Matupi Council/ Chinland Defense Force - မတူပီအနေဖြင့် တစ်စုံတရာထုတ်ပြန်လာခြင်း မရှိသေးပေ။

သတင်း-Joshua

25/07/2025

Chinland Channel 2025 July 25 News
================================
1. မုံရွာမြို့ပေါ်ရှိ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၄ ဦးသေဆုံး
2. တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီး ကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
3. ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို စစ်တပ် က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စာသင်ဆောင်များ ပျက်စီး
4. ချောင်းဦးမြို့တွင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး အလောင်းများ၊ သေနတ် ၄ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိ
5. မြန်မာပြည်သူများကို စစ်ပွဲများ ဆင်နွှဲ၍ သတ်ဖြတ်နေသော စစ်ကောင်စီက ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး အကြမ်းဖက် ဇော်မင်းထွန်း အကြံပြု ပြောဆို
6. အကြမ်းဖက် စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီနှင့် လက်နက် ပွဲစားများဖြစ်သည့် ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် တင်လတ်မင်းတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများမှ ဖယ်ရှား
Youtube Link - https://youtu.be/Dqb_FFY8lhI

Address

Aizawl

Alerts

Be the first to know and let us send you an email when Chinland Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share