Digital Diary by Myat Noe

Digital Diary by Myat Noe A digital space for my words and the world around me.

08/07/2025

Internship ကာလ ပြည့်ပီးသွားပေမယ်
Sports Week နဲ့ ရာသီဥတုကြောင့် ကျောင်းပိတ်တာနဲ့မို့ extension ထပ်ယူ 💗

This vd လေးကတော့ internship နောက်ဆုံးနေ့မှာ ကလေးတွေကို နှုတ်ဆက်စကားပြောရင်း မြတ်တို့ Uni က လက်ကမ်းစာစောင်လေးတွေ ဝေဖြစ်ခဲ့တာလေး 🥰

My MA English Literature Journey ကတော့စာမေးပွဲက ဘ၀ကြီးမဟုတ်ပါဘူးလေလို့ နှစ်သိမ့်နေလို့သာစိတ်ရှိတိုင်းသာ လုပ်ချလိုက်ရရင်၀...
02/07/2025

My MA English Literature Journey ကတော့
စာမေးပွဲက ဘ၀ကြီးမဟုတ်ပါဘူးလေလို့ နှစ်သိမ့်နေလို့သာ
စိတ်ရှိတိုင်းသာ လုပ်ချလိုက်ရရင်
၀ရံတာကခုန်ချတာ အခါ (၁၀၀) လောက် ရှိနေပြီ 🥲

လူတွေရည်းစားထားသလိုပေါ့ကွယ်ဓာတ်ပုံတွေမှာလဲ မနေ့ကအဆက်ကလေးပေါ့ 😆ဒီနေ့အတွက် အလှည့်ကျ post  ကတော့  အဆက်ဟောင်းလေးအကြောင်း တစ်...
29/06/2025

လူတွေရည်းစားထားသလိုပေါ့ကွယ်
ဓာတ်ပုံတွေမှာလဲ မနေ့ကအဆက်ကလေးပေါ့ 😆

ဒီနေ့အတွက် အလှည့်ကျ post ကတော့
အဆက်ဟောင်းလေးအကြောင်း တစ်စေ့တစောင်း 😝

ရပ်ကွက်အနှံ့ခြေဆန့် တိုင်းခန်းလှည့်လည်လိုတ်တာ ပုံတွေပါ အပိုင်းခွဲတင်နေရလို့
တခြားပုံတွေ အလှည့်မကျနိုင်သေးဘူး။

ဘာတွေ ဒီလောက်ပျော်ပီး ပုံတွေအများကြီးရိုက်ဖြစ်လဲဆိုတော့ ရှားရှားပါးပါးစံပယ်ပင်တွေ အုံနဲ့ကျင်းနဲ့ တွေ့လာခဲ့လို့ဘဲ ဖြစ်ပါသတဲ့။

အရပ်မှီသာရုံ ခြံစည်းရိုးပေါ်တင်ပွင့်နေတဲ့ အဖြူလွှလွှစံပယ်ပွင့်တွေ …….......
ရိုးတံစိမ်းစိမ်းနဲ့ ပုရစ်ဖူးလေးတွေ...........
လေယူရာယိမ်း လေသင့်တိုင်း မွှေးတဲ့
ပျိုလေးတို့အကြိုက် ငွေစံပယ်ပွင့်လေးတွေရှင်။

ကြိုယ့်အကြိုက်နဲ့ကိုယ် မို့ ထင်ရဲ့
စံပယ်ခြုံတစ်ရုံလောက်တွေ့တာကို ရွှေရသလောက် ပျော်လာရတာမျိုး 😍

စံပယ်ပင်တွေရှိတဲ့နေရာကနေ့ ခြေလှမ်းလေးငါးလှမ်းဆို ဟိန္ဒူဘုရားကျောင်း
ပွဲရေးနန်းရေးမရှိချိန်မို့ထင့် တံခါးတွေပိတ် အသံတွေတိတ်လို့။

ဒါကတော့
စံပယ်ပွင့်လေးတွေနဲ့ ဘုရားကျောင်းလမ်းလှည့်ရင်း ပျော်ခဲ့ရတဲ့ Memory တဖြတ်တကဒ်ပေါ့ရှင် 📸🫰



Shwe Zin Win

  5.6.2025 Thursday Regular School Day  6.6.2025 Friday Education Employee Union ( EEU ) at PS 1 Motto : " Zirnaa thawkt...
25/06/2025

5.6.2025 Thursday
Regular School Day

6.6.2025 Friday
Education Employee Union ( EEU ) at PS 1
Motto : " Zirnaa thawktute hamthatna ngihtuah leh thawhhona tha siam "

Successfully completed two weeks long internship programme.



   3.6.2025 Tuesday ( Off )   4.6.2025 Wednesday Sports Closing Function at Zkt YMA HallSport Week ရယ် ရာသီဥတုကြောင့် ကျ...
25/06/2025

3.6.2025 Tuesday ( Off )

4.6.2025 Wednesday
Sports Closing Function at Zkt YMA Hall

Sport Week ရယ် ရာသီဥတုကြောင့် ကျောင်းတွေ ပိတ်ထားရတာရယ်နဲ့ ကျောင်းသွားပေမယ့် ဘယ်အတန်းမှ မ၀င်ရသေးဘူး 🫠

ဒီနေ့တော့ Class 11 ( Commerce) က ကလေးတွေ ဆရာမက ဘယ်နိုင်ငံကလဲ ဘယ်ဘာသာသင်မှာလဲနဲ့ လာနှုတ်ဆက်ကြတယ်။ မြန်မာပြည်က လာမှန်းသိလို့ လာနှုတ်ဆက်ကြတာတဲ့။ So so Cute 🥺

Class 11&12 English Subject သင်မှာ ဆိုတော့ ပျော်လို့။ Debate & Quiz မှာ Moderater လုပ်ပေးကတည်းက ဆရာမအဂ်လိပ်လိုပြောတာ သဘောကျလို့ ဆရာမလို ပြောတတ်အောင်သင်ပေးပါဆိုဘဲ 🤩

Students: Miss, နာမည်ဘယ်လိုခေါ်လဲ။
Me. : မြတ်နိုးရွှေစင် but You can address me " Myat " in short.

Students : Miss နာမည်လှတယ်။
Me. : awle , ka lawm lutuk e 😆

Students: Mizo နာမည်ရှိလား Miss.
Me : Aih, nei lo e.

Students : Mizo နာမည်ပေးမယ်နော် Miss.
Me : aw, a tha.

Students : Miss Ropuii aw. Miss RP a ni 😁
Me. : awii, a mawi e . Ka duh 🤣

ဒီနေ့တော့ ကျောင်းသွားရတာ တန်သွားပီ။
နာမည်အသစ်လဲ ရခဲ့တယ်။ အ၀လဲ ပျော်ခဲ့ရတယ် 🫶✨



  29.5.2025 Thursday   30.5.2025 Friday  ( A Week )Those days turned out to be an unexpected break from my internship. I...
25/06/2025

29.5.2025 Thursday
30.5.2025 Friday ( A Week )

Those days turned out to be an unexpected break from my internship. I found out that all schools in Mizoram were closed because of a weather warning - severe rainfall, thunderstorms, and strong winds were expected across the state. The order came from the Directorate of School Education after a notice from the Disaster Management Department.

မေလ (၂၉) ရက်နေ့ကစ ဒေသတွင်း မိုးသက်လေပြင်းဟာ အနီရောင်အဆင့် သတ်မှတ်ထားတာကြောင့် ပြည်နယ်တစ်ခုလုံးက ကျောင်းတွေပိတ်ထားဖို့ ညွှန်ထားစာထုတ်ပြန်ထားတာမလို့ ကိုယ်တွေ day-off ရနေတာ (၂)ရက် ရှိပါပြီ။ မီးပျက်၊ ဖုန်းလိုင်း ပျက်နေတာလေးကတော့ Bonus ပေါ့ 🥱



  28.5.2025 Wednesday Indoor Games Competition ဒီနေ့တော့ အိမ်ကစထွက်ကထဲက စွမ်းအင်အပြည်နဲ့....ဘယ်လောက်တက်ကြွနေလဲဆို ကိုယ်တ...
16/06/2025

28.5.2025 Wednesday
Indoor Games Competition

ဒီနေ့တော့ အိမ်ကစထွက်ကထဲက
စွမ်းအင်အပြည်နဲ့....
ဘယ်လောက်တက်ကြွနေလဲဆို ကိုယ်တစ်ယောက်ထဲ မနက်အစောကြီးရောက်သွား

ဒါနဲ့ ရုံးခန်းထဲ တံမြက်စည်းလှည်းရင်း တစ်ခြားသူတွေကို ထိုင်စောင့်

ဒုတိယနေ့တုန်းက ဖူဆယ်၀င်ကန်
တစ်ကိုယ်လုံး ညောင်းကိုက်သွားလို့
အစောကြီး အိပ်ရာ၀င်လိုက်ရတယ် 🫠

တတိယနေ့ကတော့ Indoor Games တွေချည်းဘဲ
Quiz& Debate မှာ Moderater လုပ်ပေးရုံမို့ ပေါ့ပေါ့ပါးပါးပါဘဲ ✨💗



  27.5.2025Tuesday Sport Week - Day 2Outdoor competition  ဆက်လက်ကျင်းပ။ Location - GOSEN Futsalခြေကုန်လက်ပန်းကျတယ်ဆိုတာ ...
31/05/2025

27.5.2025
Tuesday

Sport Week - Day 2
Outdoor competition ဆက်လက်ကျင်းပ။
Location - GOSEN Futsal

ခြေကုန်လက်ပန်းကျတယ်ဆိုတာ ဒီနေ့မှ အစစ်

ကွင်းဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်
ကိုယ့်အသင်းဘက်ကများ ပြိုင်နေရင်
လက်ခုပ်လက်ဝါးတီး အားပေးရုံနဲ့အားမရဘူး
အော်ပါအော်လိုက်ရသေးတာ 🤣





  26.5.2025 Mondayအရင်ဆုံး Zkt ရောက်ပြီး Principal ကို May 26th မှာ Internship စမယ့်အကြောင်း report လုပ်တုန်းကတည်းက စိတ်...
30/05/2025

26.5.2025 Monday

အရင်ဆုံး Zkt ရောက်ပြီး Principal ကို May 26th မှာ Internship စမယ့်အကြောင်း report လုပ်တုန်းကတည်းက စိတ်ထဲမှာ ဝမ်းသာအားရမှုတွေနဲ့ ကြည်နူးနေပြီ!

ပြီးတော့ တနလ်ာနေ့မနက် ✨
26th မနက်ရောက်တော့ Sir Kung အကူအညီနဲ့
အရင်က ကျောင်းအဟောင်းလေးကို ခဏ၀င်
ခင်ရာမင်ရာ မိတ်ဟောင်းဆွေဟောင်းတွေကို နှုတ်ဆက်/
အခါပေါင်းများစွာ ခြေချဖူးတဲ့ ကျောင်၀င်းတံခါးထဲ ပြန်ဝင်လာတဲ့အချိန်မှာ လွမ်းဆွတ်မှုတွေနဲ့ ရင်ထဲအပြည့် 🫠

ခင်မင်ဖူးသူ မိတ်ဟောင်းဆွေဟောင်းတွေ
ကို နှုတ်ဆက်ပြီးတဲ့နောက်မှာဘဲ Assigned School ရွေးချယ်ထားတဲ့နေရာကို ရောက်ခဲ့ပါတယ်! နှလုံးခုန်နှုန်းမြန်နေတဲ့အချိန်မှာ မိခင်ဌာနကပေးထားတဲ့ Official Letter ကို ဂုဏ်ယူစွာ submit လုပ်ပြီး internship ပထမဆုံးနေ့ကို စတင်ခဲ့ပါပြီ။

ကျောင်းကတော့ Annual Sports ကျင်းပနေတဲ့ ကာလမို့ ဒီတစ်ပတ်လုံးကအားကစားပြိုင်ပွဲတွေဘဲ ရှိနေမှာပါ။ ( Specifically, Monday to Thursday )

အမှတ်တရအဖြစ်ဆုံး အပိုင်းကတော့ ဟိုအရင်နှစ်များမကြာသေးခင် တစ်ခါက Education Employee Union မှာ ပါဝင်ခဲ့ဖူးတဲ့ ကျောင်းဝင်းအတွင်းမှာဘဲ ပြန်ရပ်နေရတာဘဲ 😍✨

အထူးသဖြင့် ကိုယ့်ကျောင်းက လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမတွေ ကစား‌နေတာကို စိတ်အားပါပါနဲ့ အားပေးခဲ့ဖူးတဲ့
volleyball ကွင်းမှာ ပြန်ရပ်နေတဲ့အခါ အဲ့ဒီတုန်းက အမှတ်တရတွေဟာ စိတ်မြင်ကွင်းထဲမှာ အလိုလို အလျှိုလျှိုပြန်ပေါ်လာပါတယ်။
( အားတဲ့တစ်ရက်ကျမှ ပုံဟောင်းတွေ ပြန်ရှာ Collab လုပ်ပီး ပြန်တင်အုန်းမယ်





,KaNuam

14 ရက်တာ Internship အတွက် မိသားစုရှိရာ ကိုယ့်ခြေရာဟောင်းတွေရှိရာ နေရာဟောင်းလေးသို့တစ်ခေါက် အရောက်ပြန်လာရပြန်ပီ 🤩India နိ...
29/05/2025

14 ရက်တာ Internship အတွက် မိသားစုရှိရာ ကိုယ့်ခြေရာဟောင်းတွေရှိရာ နေရာဟောင်းလေးသို့တစ်ခေါက် အရောက်ပြန်လာရပြန်ပီ 🤩

India နိုင်ငံရဲ့ ဘယ်နေရာကိုမဆို ရွေးခွင့်ရှိပေမယ့် ရင်ထဲ တွန်းပို့တာက အရင်‌နေရာဟောင်း
ရွာလေးဆီကို...

ဘာကြောင့်လဲဆိုတော့ အဲဒီနေရာလေးက ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲရှိနေလို့ပါ။

ရင်းနှီးတဲ့ လမ်းလေးတွေ၊ ရင်ထဲစွဲကျန်ခဲ့တဲ့ မျက်နှာတွေဆီ ပြန်လည်ရောက်ရှိဖို့
စောင့်မရအောင် တမ်းတမိရင်း ဒီနေတော့ ပြန်လာဖို့ အချိန်ကျခဲ့ပြီဘဲ ဆိုကြပါစို့ 🫶

ကားလမ်းဘေးတစ်လျှောက် မိုးရေ၀နေတဲ့ သစ်ပင်ပန်းမန်တွေက စိမ်းလန်းလို့
မိုးတဖွဲဖွဲလေးကြား ကားလေးတစ်ညိမ့်ညိမ့်နဲ့
အကွေ့အကောက် အတက်အဆင်းတွေကို
ကျော်ဖြတ်လို့

အစိမ်းရောင်သဘာဝကြားမှာ ဖြတ်သန်းသွားလာရင်း ကိုယ့်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေ၊ မသေချာမရေရာမှုတွေ အားလုံး လွင့်ပျောက်သွားသလို ခံစားမိရင်း ငြိမ်းအေးမှု၊ ပျော်ရွှင်မှုတွေ ပြန်လည်ရရှိစေတယ်။

သဘာဝနဲ့ နီးနီးကပ်ကပ် နေထိုင်ရတာက... စိတ်ဝိညာဉ်အတွက် အမှန်တကယ် လိုအပ်တဲ့ အရာပါဘဲ။

မြို့ပြရဲ့ စိတ်ဖိစီးမှုတွေ ပြန်လာတဲ့အခါ...
ဒီ လှပတဲ့ နေရာတွေကိုပြန်သတိရပြီး၊ သဘာဝစိမ်းလန်းမှုရဲ့ အေးချမ်းမှုကို စိတ်ထဲကနေ ပြန်ခေါ်ယူမယ်။

တကယ်တော့ ခွဲခွာခြင်းဆိုတာ နှုတ်ဆက်ခြင်းမဟုတ်ဘူး ...ပြန်လာမယ့် ကတိတစ်ခုပါပဲ.....





Last Week of  Even Semester 2024-2025 ❤️အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမှန်း မသိလိုက်ပါ။ စာမေးပွဲတွေ ပြီးဆုံးဖို့ နီးကပ်လာတ...
22/04/2025

Last Week of Even Semester 2024-2025 ❤️

အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမှန်း မသိလိုက်ပါ။ စာမေးပွဲတွေ ပြီးဆုံးဖို့ နီးကပ်လာတဲ့ ဒီရက်သတ္တပတ်ဟာ မြတ်တို့ ရဲ့ 2024-2025 စာသင်နှစ်ရဲ့ နောက်ဆုံးအပတ်ဖြစ်နေပြီ။

ဒီတစ်ပတ်ပြီးတာနဲ့ မြတ်တို့ကျောင်းသားတွေအတွက် Study Leave ရပါပြီ။
စာမေးပွဲရက်တွေမှဘဲ ကျောင်းကိုလာပြီး ဖြေတော့မှာမို့ အခုကထဲက ကိုယ်တွေ စာသင်ခန်းလေးကို လွမ်းနေရပီ 😢

Final Year ပြီး အချိန်အကြာကြီးနေပြီးမှ ကျောင်းပြန်တက်ခဲ့တာမို့ ကျောင်းလာရတဲ့ နေ့ရက်တွေဆို အမြဲတန်း Energy အပြည့်နဲ့ ပျော်နေခဲ့တာပါ။

ကျောင်းရဲ့တစ်ခုတည်းသော Canteen က ပူပူနွေးနွေး လက်ဖက်ရည်အရသာ၊ ထိုင်ခုံစားပွဲလေးမှာ သူငယ်ချင်းတွေနဲ့ စကားဝိုင်းဖွဲ့ချိန်၊ စာကြည့်တိုက်ထဲမှာ အိပ်ငိုက်နေတဲ့ မျက်နှာလေးတွေ... အားလုံးကို အခုကထဲက လွမ်းစရာတွေ ဖြစ်နေပေါ့။

အခုကထဲက ဘာမှ မဟုတ်သေးဘဲ လွမ်းနေမိတာ။ ဒီအနှောင်အဖွဲ့‌တွေက ဒီလောက်ကို နက်ရှိုင်းနေပါလား။





Address

Aizawl

Website

Alerts

Be the first to know and let us send you an email when Digital Diary by Myat Noe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share