Chin Golden Land Personal Blogger

Chin Golden Land Personal Blogger 🗞️ CGLNEW မှကြိုဆိုပါ၏

 #လူပျောက်ကြော်ငြာ8/7/2026​ရန်ကုန်မြို့၊ သုဝဏ္ဏတွင် ခေတ္တနေထိုင်သည့် ဒေါ်ဒွန့်ရှင်းလွန် (၄၃ နှစ်) နှင့် သမီးဖြစ်သူ မဒိမ်...
09/07/2026

#လူပျောက်ကြော်ငြာ
8/7/2026

​ရန်ကုန်မြို့၊ သုဝဏ္ဏတွင် ခေတ္တနေထိုင်သည့် ဒေါ်ဒွန့်ရှင်းလွန် (၄၃ နှစ်) နှင့် သမီးဖြစ်သူ မဒိမ်ရှင်းဟွဲ (၁၄ နှစ်) တို့ သားအမိနှစ်ဦးသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဦးအုန်းလွင်လမ်းရှိ Bethany Learning Center Yangon (BLCY) ကျောင်းမှအပြန် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် သိမ်ကျောင်းလမ်းဆုံမှတ်တိုင်အနီး၌ နောက်ဆုံးတွေ့ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

​၎င်းတို့နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ဆက်သွယ်၍မရဘဲ ဖြစ်နေသဖြင့် မိဘဆွေမျိုးများက အလွန်စိုးရိမ်ပူပန်နေကြပါသည်။

​သို့ဖြစ်ပါ၍ ပုံပါ သားအမိနှစ်ဦးကို မြင်တွေ့ရသူများ သို့မဟုတ် သတင်းအချက်အလက် သိရှိသူများအနေဖြင့် ဖုန်းနံပါတ် 09888263458၊ 09442136468 နှင့် 09256430442 တို့သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားပါသည်။

-CGL New

#လူပျောက်ကြော်ငြာ #လူပျောက်ရှာဖွေရေး #ဝိုင်းဝန်းကူညီပေးကြပါ #သတင်းအမြန်မျှဝေပေးပါ

မြန်မာထိပ်သီး ကုမ္ပဏီ ၁၀၀ ကျော်၏ ဘဏ်အကောင့်များ အပိတ်ခံရပြီး ပိုင်ရှင်များကို နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေဇူလိုင် ၆ ၊ CGLN...
06/07/2026

မြန်မာထိပ်သီး ကုမ္ပဏီ ၁၀၀ ကျော်၏ ဘဏ်အကောင့်များ အပိတ်ခံရပြီး ပိုင်ရှင်များကို နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေ

ဇူလိုင် ၆ ၊ CGLNEW

မြန်မာနိုင်ငံရှိ ထိပ်သီးစီးပွားရေး ကုမ္ပဏီကြီးများ အပါအဝင် ကုမ္ပဏီပေါင်း ၁၀၀ ကျော်၏ ဘဏ်အကောင့်များ ယခုရက်ပိုင်းအတွင်း ပိတ်သိမ်းခံလိုက်ရကြောင်း သိရသည်။ ထို့ပြင် အဆိုပါ လုပ်ငန်းရှင်များကိုလည်း နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဘဏ်အကောင့် ပိတ်သိမ်းခံရသည့် လုပ်ငန်းများတွင် ပြည်တွင်းသို့ တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီအချို့ အပါအဝင် ကားမျိုးစုံ အရောင်းအဝယ်လုပ်ငန်းများ၊ စက်သုံးဆီလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်း အစရှိသည့် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းကြီးများ ပါဝင်နေသည်။

ယခုကဲ့သို့ ဘဏ်အကောင့်များကို ရုတ်တရက် ပိတ်သိမ်းအရေးယူခြင်းနှင့် လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေခြင်းတို့၏ နောက်ကွယ်မှ အကြောင်းရင်း အသေးစိတ်ကိုမူ ယခုအထိ တိတိကျကျ မသိရသေးပေ။

#မြန်မာ့စီးပွားရေး #ဘဏ်အကောင့်များအပိတ်ခံရ #နေပြည်တော်စစ်ဆေးမှု #ဆူရ်းဘုန်တိုင်းမ်

✅ဆေးအိုးပုတ်ပင်✅________________အပင်ပုံသဏ္ဍန် အရွက်ရှည်ရှည် ငရုပ်ကောင်းရွက် ပုံသဏ္ဍန်နဲ့ ခပ်ဆင်ဆင်တူသည် ။အပွင့်မှာ ခရမ်း...
04/07/2026

✅ဆေးအိုးပုတ်ပင်✅
________________
အပင်ပုံသဏ္ဍန် အရွက်ရှည်ရှည် ငရုပ်ကောင်းရွက် ပုံသဏ္ဍန်နဲ့ ခပ်ဆင်ဆင်တူသည် ။

အပွင့်မှာ ခရမ်းရောင်ဖြစ်ပြီး သစ်ခွပန်းအပွင့်နဲ့ဆင်၏
အသီးမှာ သောက်ရေအိုး ပုံသဏ္ဍန် အိုးပုတ်ငယ် ပုံသဏ္ဍန်အဆင်းရှိ၏။အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။

🔴ဆေးအိုးပုတ်ပင်၏ ဆေးအစွမ်းအာနိသင်🔴

လျှာကင်ဆာ
လည်ပင်းကင်ဆာ
ပါးစပ်အတွင်းအပူနာ
ပါးစပ်အတွင်းရေယုံ
သွားပိုးစား
သွားကိုက်
သွားနာ
မဲ့ခရု ..စတဲ့ ခံတွင်းနဲ့ဆိုင်သောရောဂါများ ပျောက်ကင်းသက်သာစေသည်။

✅နွယ်မြက် သစ်ပင်ဆးဖက်ဝင်ဆိုသော ရှေးလူကြီးများ၏ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ရင့်ဆေးအိုးပုတ်ပင်သည် အစွမ်းထက်လှသောဆေးပင်တစ်မျိုးဖြစ်သည်။

✅ပျောက်ကင်းသောရောဂါဝေဒနာများမှာ အထက်ကတင်ပြထားသော ရောဂါဝေဒနာများ
အား ဆေးဖိုးအကုန်အကျခံခွဲစိတ်စရာမလိုပဲ ၃ ၄ ကြိမ်ခန့်အသုံးပြုယုံနဲ့ ယူပစ်သလိုပျောက်ကင်းနိုင်သော အံ့မခန်း ဆေးပင်တစ်မျိုး ဖြစ်ပါသည်။

✅အသုံးပြုပုံ✅

၁ - ဆေးအိုးပုတ်ပင်၏အရွက် လက်တစ်ဆုပ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အ
တွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့်ပြုလုပ်ပေးပါ ။

၂ - ဆေအိုးပုတ်ရွက်အားအနည်းငယ် ခူးပြီးနောက် အရွက်များနှင့် ကဉ္စငါးပါးကိုရေဖြင့်
၃ ခွက် ၁ ခွက်တင်ကျိုပါ ။ ကျိုပြီးလျှင် သောက်ပါ ။ ငုံခြင်း ပလုပ်ကျင်းခြင်းကိုလည်း
အချိန်ရသလို ပြုလုပ်ပါ။
ထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့ဩစွာ တွေ့ရှိရမည် ဖြစ်ပါသည်။

✅ရရှိနိုင်မည့်နေရာ✅

သံလျှင် ကျောက်တန်းတစ်ဝိုက်

လှည်းကူးမြိုနယ် ကျွန်းကုန်း

တွံတေး ဘောင်းတော်ချုပ် လေးမျက်နှာဘုရားအနီးတွေမှာ အလေ့ကျပေါက်တယ်လို့
ကြားပါတယ် ။

အလေ့ကျပေါက်တဲ့ အပင်ဖြစ်လို့ ချုံနွယ်ပိတ်ပေါင်း များတဲ့နေရာတွေ ရထားလမ်းဘေး
တွေမှာလည်း ရှာတွေ့နိုင်ပါသည်။

#မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
#ကျန်းမာရေးဗဟုသုတရကြပါစေ
#ကျန်းမာပျော်ရွှင်ကြပါစေ
#ဆရာကြီးအားcrdပေးပါသည်။

စစ်ရေးကာလတွင် အွန်လိုင်းပေါ် သတင်းအချက်အလက် မျှဝေရာ၌ သတိထားကြပါCGL New 4/7/2026စစ်ရေးအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အွန...
04/07/2026

စစ်ရေးကာလတွင် အွန်လိုင်းပေါ် သတင်းအချက်အလက် မျှဝေရာ၌ သတိထားကြပါ
CGL New 4/7/2026

စစ်ရေးအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အွန်လိုင်းပေါ်၌ တင်လိုက်သော ဓာတ်ပုံ၊ ဗီဒီယို၊ တိုက်ရိုက်ထုတ်လွှင့်မှု (Live) သို့မဟုတ် တည်နေရာ (Location) ပါဝင်သော အချက်အလက်များသည် မမျှော်လင့်ထားသော လုံခြုံရေးအန္တရာယ်များကို ဖြစ်စေနိုင်ပါသည်။

မသေချာသော သတင်းများကို ချက်ချင်း မျှဝေခြင်းထက် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှ အတည်ပြုပြီးမှ မျှဝေသင့်ပါသည်။ အရေးကြီးသော အခြေအနေများအတွင်း အချိန်နှင့်တပြေးညီ တည်နေရာ၊ လှုပ်ရှားမှု သို့မဟုတ် အခြားအသေးစိတ် အချက်အလက်များကို တင်ခြင်းသည် လုံခြုံရေးအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။

ပြည်သူတစ်ဦးချင်းစီ၏ ဆင်ခြင်တုံတရားရှိသော သတင်းမျှဝေမှုသည် မိမိကိုယ်တိုင်နှင့် အခြားသူများ၏ လုံခြုံရေးကို အထောက်အကူပြုနိုင်ပါသည်။

မတင်ခင် စဉ်းစားပါ။ မမျှဝေခင် အတည်ပြုပါ။ လုံခြုံရေးကို ဦးစားပေးပါ။

#သတင်းအချက်အလက် #အွန်လိုင်းလုံခြုံရေး #သတိထားမျှဝေ

တရုတ်နာမည် ချန်ဝမ်ဂျားလို့ ခေါ်တဲ့ .... ဗိုလ်မှူးချုပ်အောင်ကြီးကို၁၉၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က .... ပဲခူးတိုင်း ၊...
03/07/2026

တရုတ်နာမည် ချန်ဝမ်ဂျားလို့ ခေါ်တဲ့ .... ဗိုလ်မှူးချုပ်အောင်ကြီးကို
၁၉၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က .... ပဲခူးတိုင်း ၊ ပေါင်းတည်မြို့မှာ မွေးပြီး.... သူဟာ တရုတ်-မြန်မာ ကပြားတစ်ဦးလည်း ဖြစ်ပါတယ် ။

ဗိုလ်အောင်ကြီးကို .... သခင်အောင်ကြီး (ပေါင်းတည်) ဆိုတဲ့
ကလောင်အမည်နဲ့လည်း သိကြသလို.... စမူဆာ အောင်ကြီးဆိုတဲ့
နာမည်ပြောင်နဲ့လည်း သိကြပါတယ် ။

လူငယ်ဘဝမှာ... တို့ဗမာအစည်းအရုံးနဲ့
ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး... နောက်ပိုင်း
ပြည်သူ့အရေးတော်ပုံပါတီလို့ခေါ်တဲ့.... ဆိုရှယ်လစ်ပါတီ တည်ထောင်ချိန်မှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်... ။

စစ်အတွင်း.... ဘီအိုင်အေတပ်မှာ တာဝန်ထမ်းခဲ့ပြီး
ဗိုလ်မောင်မောင်တို့နဲ့အတူတူ... ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ရုံးမှာ
အလုပ်လုပ်ခဲ့ပါတယ် ။

တက်သစ်စ ဗိုလ်အောင်ကြီးတို့ .... စစ်ဗိုလ်ငယ်တစုဟာ
ဖက်ဆစ် တော်လှန်ရေးကြိုစဖို့ လုပ်တဲ့အတွက်....
ဗိုလ်ချုပ်အောင်ဆန်းက.... သူတို့ကို စိတ်ဆိုးခဲ့တယ်လို့ ဆိုပါတယ် ။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ ...
ဗိုလ်အောင်ကြီး တပ်ကထွက်ပြီးတော့.... ဆိုရှယ်လစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်လာသလို... တိုင်းပြုပြည်ပြု လွှတ်တော်အမတ်လည်း
ဖြစ်ခဲ့ပါတယ် ။

နောက်ပြီး .... ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး
ကော်မတီဝင်လည်း ဖြစ်ခဲ့ပါသေးတယ်... ။

၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့
စမ်းချောင်း ၊ အထက (၂) ကျောင်းရှေ့မှာ... ဂဠုန်ဦးစောကို
ရန်ကုန်ဘဆွေ နဲ့ ဦးမြလှိုင်တို့ ပစ်ခတ်လုပ်ကြံခဲ့ပြီး...
သူတို့ရဲ့နောက်ကွယ်မှာ....ဗိုလ်ချုပ်နေဝင်း နဲ့ ဗိုလ်မှူးချုပ်အောင်ကြီး စတဲ့
ဆိုရှယ်လစ်ခေါင်းဆောင်တွေ .... ရှိခဲ့တယ်လို့လည်း ဆိုပါတယ် ။

၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာ
ဗိုလ်အောင်ကြီးတစ်ယောက်..... တပ်ထဲပြန်ဝင်ခဲ့ပြီး
သောင်းကျန်းမှု နှိမ်နှင်းရေး တပ်ဖွဲ့တွေကို စုခဲ့ပါတယ် ။

ကွန်မြူနစ်ပါတီဘက်ကတော့...
ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင် စတဲ့.... ဆိုရှယ်လစ်တပ်မှူးတွေဟာ
တပ်ထဲမှာ အုပ်စုဖွဲ့ပြီး.... ရာထူးတွေယူကြတယ်လို့ ရေးပါတယ် ။

အဲဒီနောက် ၁၉၅၈ မှာ စစ်တပ်ကို အာဏာလွှဲဖို့....
ဗိုလ်ချုပ်နေဝင်းရဲ့ စေခိုင်းချက်နဲ့ ဗိုလ်အောင်ကြီးတို့.... ဝန်ကြီးချုပ် ဦးနုနဲ့ သွားပြီး ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ် ။

ဒီလိုနဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့.... အိမ်စောင့်အစိုးရပေါ်လာပြီး
အေပီ သတင်းထောက်ဟောင်း.... ဒေါ်အေးအေးဝင်းကတော့
ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ ...အကြီးဆုံးစွမ်းဆောင်ချက်ကို
ထိုကာလတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ် ။

ဗိုလ်မှူးချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ရဲ့
စီးပွားရေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို....အတားအဆီးမရှိ
ခွင့်ပြုတဲ့ မူဝါဒကြောင့်.... အိမ်စောင့်အစိုးရလက်ထက်မှာ
တိုင်းပြည်စီးပွားရေး တက်လာတယ်လို့.... ပြင်ပ ပညာရှင်တွေက
ရေးပါတယ် ။

၁၉၆၀ ရွေးကောက်ပွဲအပြီးမှာ.... ဦးနု အာဏာပြန်ရလာခဲ့ကာ
ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့.... ဗိုလ်အောင်ကြီးလည်း
ဗမာ့စီးပွားရေး တိုးတက်ရေး ကော်ပိုရေးရှင်း (BEDC) ကို ဖွဲ့စည်းပြီးတော့
ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ပါတယ် ။

BEDC ဆိုတာကတော့.... အိမ်စောင့်အစိုးရလက်ထက်မှာ
စစ်ထောက်ရုံးလက်အောက်က.... တပ်မတော်ထောက်ပံ့ရေးဌာန (DSI) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့.... စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပြီး....
ထိုခေတ်က နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီးလည်း
ဖြစ်ပါတယ် ။

ဒါကြောင့် ဗိုလ်မှူးချုပ်အောင်ကြီးဟာ...
စစ်တပ်ကို စီးပွားရေးလုပ်တတ်အောင် ... လမ်းခင်းပေးခဲ့သူ ဖြစ်သလို
စစ်တပ်ပိုင် စီးပွားရေး အင်ပါယာကြီး .... ပေါ်ပေါက်လာအောင်
အဓိက ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်လို့.... ဗိုလ်မှူးချုပ်အောင်ကြီးဟာ
တပ်ရန်ပုံငွေ တိုးချဲ့ရဖို့ နဲ့ တပ်အတွက် ဝါဒဖြန့်ချီရေးတွေလုပ်ဖို့ ....
ဝန်ကြီးချုပ် ဦးနုကို တိုက်တွန်းခဲ့တယ်ဆိုပြီး
မေရီကယ်လယ်ဟန် လို .... အနောက်တိုင်း ပညာရှင်တွေက ရေးပါတယ် ။

၁၉၆၂ အာဏာသိမ်းချိန်မှာတော့..... စစ်ရုံးထဲက
ဒဂုံရိပ်သာမှာ နေတဲ့ ..... ဗိုလ်မှူးချုပ်အောင်ကြီးတယောက်
အာဏာသိမ်းပြီးမှ သိရတယ်လို့ ရေးကြပါတယ်။

သူကိုယ်တိုင်လည်း ... သူများတွေကို ဒီလိုပဲ ပြောခဲ့တာပါ ။

အာဏာသိမ်းပြီး.... နောက်မနက်မှာပဲ
အဖမ်းခံထားရတဲ့ .... သူ့မိတ်ဆွေ ဦးနုအိမ်သွားပြီးတော့
မိသားစုကို အားပေးခဲ့ပါတယ် ။

အာဏာသိမ်းတဲ့အထဲ ပါတယ်ဆိုပြီး .... သူ့ကို စိတ်ဆိုးတဲ့
ဦးနုသမီး ဒေါ်စန်းစန်းနုကိုလည်း .... " တနေ့ကျရင် မင်း ကိုယ့်အကြောင်းကို သိမှာပါကွာ " လို့ ပြောခဲ့ကြောင်း .... ဒေါ်စန်းစန်းနုက ရနံ့သစ်မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ် ။

ဗိုလ်မှူးချုပ်အောင်ကြီးဟာ.... ဆိုရှယ်လစ်ဖြစ်ပေမယ့်
ပြင်းထန်တဲ့ ပြည်သူပိုင်သိမ်းဆည်းမှုတွေကိုတော့
လိုလားခဲ့တဲ့သူ မဟုတ်ပါဘူး ။

ဒါကြောင့်.... ဗိုလ်ချုပ်နေဝင်းရဲ့
ပြည်သူပိုင်သိမ်းဆည်းတဲ့ ကိစ္စတွေကို.... ဝေဖန်ခဲ့လို့
၁၉၆၃ မှာ ....တပ်က အနားပေးခံရပြီး
ကချင်ပြည်နယ် မချမ်းဘောမှာ သွားနေခဲ့ပါတယ်... ။

အဲဒီနောက်.... ပြင်ဦးလွင်ကို ပြန်လာခဲ့ပြီး
၁၉၆၅ ခုနှစ်မှာ တန်ပြန်အာဏာသိမ်းဖို့
ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့.... ထောက်လှမ်းရေးရဲ့
ဖမ်းဆီး ထိမ်းသိမ်းခြင်းကို ခံခဲ့ရပါတယ်...။

ဗိုလ်မှူးကြီး ဗထူးရဲ့သား.... ဗိုလ်ကြီးမြင့်ထူးလည်း
ဒီအမှုတွဲနဲ့ပဲ ဆက်စပ်ဖမ်းဆီးခံရပြီး.... ရေကြည်အိုင် စစ်ကြောရေးမှာ
နှိပ်စက်ခံရလို့ ဆုံးပါးသွားခဲ့ရတာပါ ။

တန်ပြန်အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုတဲ့ ...
ထောက်လှမ်းရေးရဲ့ စွပ်စွဲချက်ဟာ.... မဖြစ်နိုင်ဘူးလို့
ဗိုလ်အောင်ကြီးနဲ့ ရင်းနှီးတဲ့ ဒေါ်အေးအေးဝင်းက ဆိုပါတယ်... ။

ဘာကြောင့်လဲဆိုတော့.... စကားဝိုင်းတွေမှာ
ဗိုလ်အောင်ကြီး နဲ့ ခင်မင်သူတချို့က.... ဦးနေဝင်းကို " ဒီကောင်ကြီး " လို့ပြောရင်.... သူ သဘောကျပုံမရဘူးလို့ ဆိုပါတယ် ။

သူ ထောင်ကပြန်လွတ်လာပြီးတဲ့နောက်
လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ဆိုပြီး.... ရန်ကုန်ပြန်လာခဲ့ပါတယ် ။

ပြီးတော့.... မဂ္ဂဇင်းတွေမှာလည်း ဆောင်းပါးတွေရေးခဲ့ပြီး
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်မြေးများ ရှင်ပြုအလှုအကြောင်း နဲ့
ဒေါ်ခင်ကြည် မျက်စိခွဲဖို့... ဦးနေဝင်းကို သူပြောပေးတဲ့အကြောင်း
ဆောင်းပါးတွေဟာ နာမည်ကြီးခဲ့ပါတယ် ။

ဒါတင်မကသေးပဲ.... ၈၈ အရေးအခင်း မတိုင်ခင်အထိ
ဗိုလ်အောင်ကြီးဟာ .... ဦးနေဝင်းဆီ စာတွေရေးခဲ့တယ်လို့လည်း
ဆိုပါတယ် ။

အဲဒီစာတွေထဲမှာမှ.... ၄၁ မျက်နှာပေးစာ ဟာ
နာမည်ကြီးပါတယ် ။

၄၁ မျက်နှာ ပေးစာထဲမှာ.... မြန်မာပြည်ရဲ့ စီးပွားရေး နိမ့်ကျမှုကို
ဆွဲတင်ဖို့အတွက်..... တံခါးဖွင့် စီးပွားရေးကို ကျင့်သုံးဖို့ နဲ့
တခြားအပြောင်းအလဲတွေ လုပ်ဖို့ အကြံပြုထားတဲ့
အကြောင်းအရာတွေပဲ ဖြစ်ပါတယ် ...။

၁၉၈၈ မှာမှ သူ့ပေးစာတွေက လူသိများလာပေမယ့်
တကယ်က.... ဗိုလ်အောင်ကြီးဟာ ဦးနေဝင်းဆီ
စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေးစာတွေ .... အရင်ကတည်းက
ရေးခဲ့တာလို့ ဆိုပါတယ် ။

နောက်ပြီး .... ၁၉၆၂ ခုနှစ်က
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးမှုမှာ
သူမပါကြောင်း.... ဦးနေဝင်းဆီ စာနဲ့ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ် ။

ဒီလို ဦးနေဝင်းနဲ့ .... အဆက်အသွယ်မပြတ်တဲ့အတွက်လည်း
၈၈ အရေးအခင်းအတွင်းမှာ..... သူ့ကို လူထုက သိပ်ပြီး မထောက်ခံခဲ့ကြတာပါ ။

ပြီးတော့.... ၈၈ အရေးအခင်းမှာ ဗိုလ်အောင်ကြီးပြောခဲ့တဲ့
" တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ၊ တပ်က အာဏာသိမ်းရင်
ကိုယ့်ကိုယ်ကို သ-တ်ေ-သမယ် " ဆိုတဲ့.... ပြောစကားဟာလည်း
လူပြောစရာဖြစ်ခဲ့ပါတယ်... ။

အရေးအခင်းကာလထဲမှာ....
ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့
"အောင် ၊ စု ၊ တင် " အဖွဲ့ဖွဲ့ပြီး.... NLD ပါတီထောင်ကာ
ဦးအောင်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ် ။

ဦးအောင်ကြီးဟာ.... NLD ပါတီ ဥက္ကဌ လုပ်နေစဥ်အတွင်းမှာပဲ
ဗိုလ်စောမောင်ရဲ့.... နဝတ အစိုးရကို နိုင်ငံတကာ အဆက်အသွယ်ရအောင်
ကူညီခဲ့တယ်လို့ ရေးသားမှုတွေလည်း ရှိခဲ့ပါတယ် ။

ဒါပေမယ့်.... ပါတီဖွဲ့ပြီး လပိုင်းအတွင်းမှာပဲ
အောင်ဆန်းစုကြည်နားမှာ.... ကွန်မြူနစ်တွေ ဝိုင်းနေတယ်လို့
ဦးအောင်ကြီးက စွပ်စွဲတဲ့အတွက်..... ပါတီတွင်း မဲခွဲရာမှာ
သူရှုံးနိမ့်ပြီး NLD ပါတီကနေ ထွက်သွားခဲ့ရပါတယ် ။

သူဟာ သီးခြားပါတီထောင်ပြီး....
၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေမယ့်.... NLD ကို မနိုင်ဘဲ
ရှုံးခဲ့ပါတယ် ။

အဲဒီနောက်ပိုင်းက စပြီး....
သူ နိုင်ငံရေးထဲကို ပြန်ဝင်မလာတော့ပါဘူး.... ။

သူတို့ရဲ့ .... ဂေါ့ဒ်ဖားသားကြီး ဦးနေဝင်း ကွယ်လွန်ချိန်မှာ
ဦးနေဝင်းရဲ့ ဇနီးဟောင်း ဒေါ်နီနီမြင့်တောင်.... လိုက်ပို့ခွင့်မရခဲ့ပေမယ့်
ဗိုလ်အောင်ကြီးတော့ လိုက်ပို့ခွင့်ရခဲ့ပါတယ် ။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ
၂၀၁၂ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်နေ့....
အသက် (၉၂) နှစ် အရွယ်မှာ .... နှလုံးရောဂါနဲ့ ရန်ကုန်မှာ
ကွယ်လွန်ခဲ့ပါတယ်...။

#ဗိုလ်မှူးချုပ်အောင်ကြီး #အောင်ကြီး #တပ်မတော်

CPU/Aစစ်ဆင်းရေးထုတ်ပြန်ချက်၂/၇/၂၀၂၆
02/07/2026

CPU/Aစစ်ဆင်းရေးထုတ်ပြန်ချက်
၂/၇/၂၀၂၆

မီဇိုရမ်ပြည်နယ်၊Aizawl ခရိုင်တွင် အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် HIV ကူးစက်မှုအများဆုံးဖြစ်ပြီး လိင်တူကူးစက်မှုနှုန်းလည်...
02/07/2026

မီဇိုရမ်ပြည်နယ်၊Aizawl ခရိုင်တွင် အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် HIV ကူးစက်မှုအများဆုံးဖြစ်ပြီး လိင်တူကူးစက်မှုနှုန်းလည်း မြင့်တက်လာ

ဇူလိုင် ၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Aizawl ခရိုင်အတွင်း တစ်နှစ်တာအတွင်း HIV ပိုးကူးစက်ခံရသူအသစ် ၁,၀၀၅ ဦး ရှိခဲ့ရာမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်ရတာက အများဆုံးဖြစ်နေပြီး၊ လိင်တူအချင်းချင်း ဆက်ဆံမှုကနေ ကူးစက်တဲ့နှုန်းကလည်း ပိုပြီး မြင့်တက်လာတယ်လို့ ခရိုင်အေ့ဒ်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ ထိန်းချုပ်ရေးကော်မတီ (DAPCC) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

စစ်ဆေးမှုများကို ၂၀၂၅ – ၂၆ တစ်နှစ်အတွင်း အထွေထွေသွေးနမူနာပေါင်း ၃၆,၆၃၄ ခုကို စစ်ဆေးခဲ့ရာကနေ ပိုးတွေ့ရှိမှုနှုန်းဟာ ၂.၇၄ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ HIV ပိုးကူးစက်ခံရသူအသစ်တွေထဲမှာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ပိုင်းတွေ အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၃၈၁ ဦးအထိ ရှိနေပါတယ်။ ဒါ့အပြင် အသက် ၁၄ နှစ်အောက် ကလေးငယ် ၁၄ ဦးနဲ့ အသက် ၅၀ အထက် လူကြီး ၇၉ ဦးတို့လည်း ပိုးတွေ့ရှိခဲ့ရပါတယ်။

လက်ရှိ အိုင်ဇောလ်ခရိုင်မှာ HIV အသက်ကယ်ဆေး (ART) မှတ်ပုံတင်ပြီး သောက်သုံးနေရသူ စုစုပေါင်း ၁၀,၇၁၅ ဦး ရှိနေပြီး၊ အဲဒီအထဲက ၁၄ ဦးကတော့ တီဘီရောဂါ (TB) ပါ တွဲဖက် ခံစားနေရတာ ဖြစ်ပါတယ်။

အများပြည်သူတွေ ကွန်ဒုံးကို အလွယ်တကူ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ‘Condom Finder’ အက်ပလီကေးရှင်းကိုလည်း စမ်းသပ်ပြသခဲ့ပြီး အဲဒီ App ကို လူသိများအောင် ပိုပြီး အရောင်းမြှင့်တင်ဖို့နဲ့ သုံးရတာ ပိုအဆင်ပြေအောင် ပြင်ဆင်ဖို့တွေကိုလည်း အကြံပြုခဲ့ကြပါတယ်။

အဲဒီကာလအတွင်းမှာပဲ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၈,၅၉၅ ဦးကို စစ်ဆေးခဲ့ရာမှာလည်း ၅၂ ဦးထံမှာ HIV ပိုး ထပ်မံတွေ့ရှိခဲ့ရပြီး မိခင်တွေရဲ့ ပိုးတွေ့နှုန်းဟာ ၀.၆၀ ရာခိုင်နှုန်း ရှိနေပါတယ်။

ကူးစက်ရတဲ့ နည်းလမ်းတွေထဲမှာတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်ခံရတာက ၇၆၂ ဦး (၇၆.၃ ရာခိုင်နှုန်း) ရှိလို့ အများဆုံး ဖြစ်နေပြီး၊ ဆေးထိုးအပ် မျှဝေသုံးစွဲတာကြောင့် ကူးစက်ခံရသူ ၁၆၀ ဦး (၁၄.၇ ရာခိုင်နှုန်း)၊ လိင်တူ/လိင်စုံ ဆက်ဆံမှုကြောင့် ကူးစက်ခံရသူ ၆၂ ဦး (၆.၄ ရာခိုင်နှုန်း) နဲ့ မိခင်ကနေ ကလေးဆီ ကူးစက်တာက ၁၂ ဦး (၁.၅ ရာခိုင်နှုန်း) ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ လူနာ ၉ ဦးကတော့ ဘယ်လိုနည်းနဲ့ ကူးစက်ခံရလဲဆိုတာကို အတိအကျ မသိရပါဘူး။

ရောဂါကူးစက်နိုင်ခြေ အမြင့်ဆုံးအုပ်စု (High-risk groups) တွေထဲမှာလည်း မူးယစ်ဆေး ထိုးသွင်းသူ ၃,၆၁၃ ဦးကို စစ်ဆေးရာမှာ ၃၉ ဦး၊ အမျိုးသမီး လိင်လုပ်သား ၃၆၆ ဦးကို စစ်ဆေးရာမှာ ၁၂ ဦး နဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (MSM) ၇,၃၃၃ ဦးကို စစ်ဆေးရာမှာ ၁၃ ဦး အသီးသီး ပိုးတွေ့ရှိခဲ့ရပါတယ်။

ဒီကိန်းဂဏန်း အချက်အလက်တွေကို တနင်္လာနေ့က ဒီစီရုံး (DC Conference Hall) မှာ ပြုလုပ်တဲ့ ခရိုင်အေ့ဒ်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်တယ်လို့ Times of India ကဇူလိုင်လ (၁) ရက်နေ့က ဖော်ပြတာဖြစ်ပါတယ်။

ကော်မတီအနေနဲ့ အိုင်ဇောလ်ခရိုင်အတွင်း HIV ပိုးကူးစက်မှုအသစ်တွေကို ထိန်းချုပ်ဖို့ နည်းဗျူဟာတွေနဲ့ ပိုးရှိသူတွေကို ရှာဖွေကုသပေးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ူစက်မှု
#ကျန်းမာရေး

■ BREAKING | မင်းတပ်၊ ကန်ပက်လက်စစ်ရေးသတင်း CPU/CPA ထုတ်ပြန်--CGL New ဇူလိုင် ၂၊ ၂၀၂၆မင်းတပ်၊ ကန်ပက်လက် စစ်ရေးသတင်းနဲ့ပတ်...
02/07/2026

■ BREAKING | မင်းတပ်၊ ကန်ပက်လက်စစ်ရေးသတင်း CPU/CPA ထုတ်ပြန်
--
CGL New
ဇူလိုင် ၂၊ ၂၀၂၆

မင်းတပ်၊ ကန်ပက်လက် စစ်ရေးသတင်းနဲ့ပတ်သက်လို့ ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် CPU/CPA က ၁ လခွဲဝန်းကျင်အကြာမှာ ပထမဆုံးအကြိမ် ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။

မေလ (၁၆) ရက်စတင်ပြီး အင်အားထောင်ချီစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသကာကွယ်ရေးတပ် (YDF)၊ ယောတပ်တော် (YA) အပါအဝင် မဟာမိတ်တပ်တွေနဲ့ အတူတကွ ဟန့်တားတိုက်ခိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
---
[ဓာတ်ပုံများ - CPU/CPA]
/A
#မင်းတပ်၊ကန်ပလက်
#စစ်ရေး

သတင်းထူး | CGL New====================၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြ...
29/06/2026

သတင်းထူး | CGL New
====================
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် မိသားစုတစ်စုမှ ကလေးငယ် (၃) ဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။ ထို့အပြင် အနီးဝန်းကျင်ရှိ အရပ်သားများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များသည် မည်သည့်စစ်ပွဲ၏ ပစ်မှတ်မဖြစ်သင့်ပါ။ အသက်ဆုံးရှုံးသွားသူများအတွက် အထူးဝမ်းနည်းကြောင်း ဖော်ပြအပ်ပြီး အရပ်သားများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သည့်နေ့ အမြန်ရောက်ရှိလာပါစေ။
On June 29, 2026, an airstrike carried out by the military reportedly hit a village in southern Chin State, resulting in the deaths of three children from the same family. The incident has also affected civilians in the area.
No child should ever become a victim of armed conflict. We extend our deepest condolences to the bereaved family and hope for peace and protection for all civilians.

#ချင်းပြည်နယ် #မြန်မာ #အရပ်သားများကိုကာကွယ်ပါ #လေကြောင်းတိုက်ခိုက်မှုရပ်တန့်ပါ #ငြိမ်းချမ်းရေး

29/06/2026

I got over 480 reactions on one of my posts last week! Thanks everyone for your support! 🎉

Address

Aizawl

Alerts

Be the first to know and let us send you an email when Chin Golden Land Personal Blogger posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share