05/10/2025
ရိုးသားလို့ ဆင်းရဲတာမဟုတ်ချမ်းသာအောင် မလုပ်တတ်လို့ ဆင်းရဲတာ
အရပ်ထဲပြောစကားအရ ရိုသားတဲ့လူက ဆင်းရဲ တယ်လို့ပြောတယ်။ကိုယ်ကျင့်တရားကောင်းတဲ့ သူကသူများနောက်က နေရတယ်လိုပြော
တယ်။ ဒီမှာ ကျနော်တို့သဘောပေါက်နား
လည်ဖို့က ကြီးပွားချမ်းသာခြင်းနဲ့ ကိုယ်ကျင့် တရားကောင်းတာနဲ့ မသက်ဆိုင်ပါ။ကြီးပွား ချမ်းသာ ဖို့ဆိုတာ လုပ်ရည်ကိုင်ရည်
ကောင်းတယ်။ အမျော်အမြင် ရှိတယ်။ အခွင့်အလမ်း သာမှုကိုလည်းကြည့်တတ်တယ်။ တနည်းအားဖြင့် ငွေရအောင်ရှာဖွေတတ်
မှု အပေါ်မှာ မူတည်ပြီး ကြီးပွားချမ်းသာမှု ဆိုတာဖြစ်လာပါ။
တရားမျှတအောင် စီးပွားရှာခြင်း မရှာ
ခြင်း ဆိုတာကတော့သူ့ရဲ့ပုဂ္ဂလိက ကိစ္စ ပဲဖြစ်ပါတယ်။
ကိုယ်ကျင့်တရားကောင်းတယ်ဆို တာက ကိုယ့်အတွက်တပါးသူ စိတ်ဆင်းရဲစေမှု့ မရှိတာ။ဒုက္ခအခက်အခဲ ဖြစ်စေမှု့ နည်းတာ။ ဒါပါပဲ။ကိုယ့်ကျင့်တရားကောင်းလို့ ငွေကြေး ချမ်းသာရမယ်လို့ ဘယ်သူမှအာမခံချက်မရှိ
ဘူး။ငွေကြေးချမ်းသာဖို့ လူအောက်မ ကျဖို့ ဆိုတာ ကိုယ်ကျင့်တရားနဲ့ မဆိုင်။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ညံ့ရင် ညံ့သလို တော်ရင် တော်သ လို အခြေအနေ ခွဲခြားဖြစ် ပေါ်သွား မှာပဲ ဖြစ်ပါတယ်။
ပြီးတော့ကိုယ်ကျင့်တရားကောင်း တယ်ဆိုတာ ချမ်းသာဖို့အတွက်ကောင်းနေတာလား။ရိုးသား
နေတာက ရော နေရာတစ်ခုရဖို့ လူရာဝင်ဖို့အ
တွက် ရိုးသားနေတာလား။ဒီလိုအတွေးအမြင်မျိုး ရှိရင်တော့ လွဲနေပြီလို့ပြောရမှာပါ။
ရိုသားလို့ချမ်းသာမလာဘူး ကိုယ်ကျင့်တရား ကောင်းလို့ နေရာပေးမခံရဘူးဆိုပါက ဒီတရား ဘာကျင့်နေစရာလိုသေးသလဲ။ကိုယ်ထင်ရာ
ကိုယ်လုပ်တော့ မယ်ကွ ဟုဆိုပါက လည်း မှားပါတယ်။ဒါဟာ မိမိဘဝကို လက်ရှိအခြေအ
နေ ထက် ဆုတ်ယုတ်သွားဖို့ တွန်းပို့နေရာ
ရောက်ပါတယ်။
ငွေကြေးဥစ္စာပေါများဖို့ဆိုတာ
ကိုယ်ကျင့်တရားကောင်းသူပဲ ဖြစ်ဖြစ်
ကိုယ်ကျင့်တရားမကောင်သူပဲဖြစ်ဖြစ်
ချမ်းသာအောင် လုပ်တတ်ကိုင်တတ်
မှ ချမ်းသာတာပါ။
ဒီမှာ ကျနော်ပြောလိုတာက ရိုးသား
လို့ဆင်းရဲတာ မဟုတ်ပါဘူး။ချမ်းသာ
အောင်မလုပ်တတ်လို့ ဆင်းရဲတာပါ။
မူးရင်းရေးစားသူအား လေးစားစွာဖြင့်