Smart Cele

Smart Cele Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Cele, Digital creator, Bhagalpur, Uttar Pradesh, India, Bhagalpur.
(7)

Smart Cele delivers the latest Myanmar celebrity news, entertainment updates, and trending stories.

မြန်မာနိုင်ငံမှ အနုပညာရှင်များ၏ နောက်ဆုံးရ သတင်းများနှင့် လူကြိုက်များနေသော သတင်းအကြောင်းအရာများကို အချိန်နှင့်တပြေးညီ တိကျစွာ တင်ဆက်ပေးလျက်ရှိပါသည်။

ပဲခူး ရွှေမော်ဓော-ဘုရားပွဲတော် အောင်ဇမ္ဗူဇာတ်သဘင် (၆) ညမြောက် လပြည့်ညမှာ မကြီးစိုး ကိုယ်တိုင်လာရောက် အားပေးခြင်းခံရတဲ့ မ...
02/04/2026

ပဲခူး ရွှေမော်ဓော-ဘုရားပွဲတော် အောင်ဇမ္ဗူဇာတ်သဘင် (၆) ညမြောက် လပြည့်ညမှာ မကြီးစိုး ကိုယ်တိုင်လာရောက် အားပေးခြင်းခံရတဲ့ မင်းသားလေး အောင်ဇမ္ဗူ။

#အောင်ဇမ္ဗူ

အခုချိန်ထိ နုပျိုလှပနေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်။ မြန်မာ့ရိုးရာအစားအစာ-လက်ဖက်နှပ် "THE SALAD အရီးတောင်း" လက်ဖက် ကြော်ည...
30/03/2026

အခုချိန်ထိ နုပျိုလှပနေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်။
မြန်မာ့ရိုးရာအစားအစာ-လက်ဖက်နှပ် "THE SALAD အရီးတောင်း" လက်ဖက် ကြော်ညာ ပုံလေးတွေ တင်လာတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်။

#အရီးတောင်း

The Mask Singer Myanmar မှာ ပန်ဒါကတော့ မင်းသားလွင်မိုး ဖြစ်ပြီး ချယ်ရီပန်းက တော့ မင်းသားကြီး ဦးလွင်မိုးရဲ့ သမီး ယွန်း၀တီ...
29/03/2026

The Mask Singer Myanmar မှာ ပန်ဒါကတော့ မင်းသားလွင်မိုး ဖြစ်ပြီး ချယ်ရီပန်းက တော့ မင်းသားကြီး ဦးလွင်မိုးရဲ့ သမီး ယွန်း၀တီလွင်မိုးလို့ ဒိုင် ၄ ယောက်လုံးက ခန့်မှန်းထားပါတယ်။ ပရိတ်သတ်ကြီးကရော ချယ်ရီပန်း ကို ဘယ်သူလို့ထင်ပါလဲ ????

#ယွန်း၀တီ

စမ်းရေမိုး ပရိတ်သတ်များ ဘယ်နေ့ ဘယ်နေရာမှာ အားပေးကြမှာလဲ ??????March- 18/19/20 - ပုထိုးတော်ကြီး- ၂၁/၂၂ - တပ်ကုန်း- 23/24/...
18/03/2026

စမ်းရေမိုး ပရိတ်သတ်များ ဘယ်နေ့ ဘယ်နေရာမှာ အားပေးကြမှာလဲ ??????

March
- 18/19/20 - ပုထိုးတော်ကြီး
- ၂၁/၂၂ - တပ်ကုန်း
- 23/24/25 - ဒေးဒရဲ
- 27/28/29 - မှော်ဘီ
- 30/31 - ပဲခူးရွှေမော်ဓေါ

April
- 1/2 - ကော့မှူး
- 3/4/5 - သုံးခွ
(8ရက်နေ့ နေပြည်တော်)
9/10/11 - ရန်ကုန် ဘုရင့်နောင်14/15/16 - ဖျာပုံ ချော
18/19/20 - မိုးညို
23/24/25/26/27 - ပုသိမ်ကြီး
28/29/30 - တောင်ငူ
May
2 - အမျိုးသားဇာတ်ရုံ(ရုပ်ရှင်/ဂီတ/သဘင်)
3/4/5 -ပြင်ဦးလွင်
7/8/9 - မန္တလေး
11/12/13 - လယ်ဝေးဖောင်တော်ချက်မ
15/16/17/18/19 - မြစ်ငယ်
)22/23/24 - မိတ္ထီလာ
28/29/30 - အောင်ပင်လယ်
Jun
1/2 - ရမည်းသင်း
4/5/6/7/8 - ဝမ်းတွင်း
10/11/12/13/14 - မန်းလေး

ကမ်းခြေမှာ ရေဆော့နေတဲ့ ဗီဒီယို တစ်တော့စ်ပေါ်တင်လို့ ဟိတဓရဆရာတော် ဝေဖန်ခံနေရ,"တော်တော် အိုသွားပြီးပဲ” ဆိုတဲ့ စာသားနဲ့အတူ ...
16/03/2026

ကမ်းခြေမှာ ရေဆော့နေတဲ့ ဗီဒီယို တစ်တော့စ်ပေါ်တင်လို့ ဟိတဓရဆရာတော် ဝေဖန်ခံနေရ

,"တော်တော် အိုသွားပြီးပဲ” ဆိုတဲ့ စာသားနဲ့အတူ ကမ်းခြေမှာ ရေဆော့နေတဲ့ ဗီဒီယိုကို တစ်တော့စ်ပေါ်တင်ခဲ့တဲ့ ဟိတဓရဆရာတော် ဝေဖန်ခံနေရပါတယ်။

“ ဘာပြောရမှန်းကိုမသိတော့ပါဘူး ကိုရင်လေးတွေကိုကျတော့ ဝိနည်းလေးစားဖို့ အမြဲပြောနေပြီးတော့ သူကျတော့ရေမှာပျော်နေရှာတယ် ဖြစ်သင့်တာကိုပြောရမယ်ဆို မချိုးသင့်ပါဘူး” လို့ မှတ်ချက်ပြုနေကြပါတယ်.

ဟိတဓရဆရာတော်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဟာမြိုင်ပရိယတ္တိစာသင်တိုက်ရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်သလို ဟိတဓရ ဓမ္မစကူးလ်ဖောင်ဒေးရှင်ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါအပြင် မ ဘ သ လို့လူသိများတဲ့ အမျိုးသားရေးလှုပ်ရှားတွေကို ဉီးဆောင်ခဲ့တဲ့ ဆရာတော်လည်းဖြစ်ပြီး အမြန်လမ်းမှာ ဖာအောက်တောရ ရိပ်သားခွဲကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလခန့်ကလည်း အပြောကြမ်းတဲ့ ဗီဒီယိုတွေ တစ်တော့မှာ တင်ခဲ့တာကြောင့် ဝေဖန်ရေးသားသူတွေ သူတောင်းစားနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့သေးတာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ကြုံခဲ့သေးတာပါ။

“ ဒီဘုန်းကြီးရဲ့ စိတ်ထားကို တဖြေးဖြေး သိလာတယ်၊ အွန်လိုင်းပေါ်မှာ ဆယ်လီ ဆရာတော်ဖြစ်အောင် တမင်ကို အဆဲခံပြီး တင်နေတာ သတိထားမိလာတယ်” လို့ သန်းဌေး အကောက်ပိုင်ရှင်က မှတ်ချက်ပြုထားပါတယ်။

ဟိတဓရဆရာတော်ဟာ နိုင်ငံတော်အစိုးရမှ ချီးမြှင့်တဲ့ မဟာဂန္ထဝါစက ပဏ္ဏိတဘွဲ့ကို မတ်လ ၂ ရက်နေ့က ရရှိခဲ့တာပါ။

ဖိုးချစ်လို ဇာတ်သဘင်ဥက္ကဌ ထပ်မံ ပေါ်လာဖို့ မရှိဘူးလို့ သဘင်သည်တွေ ပြော ဖိုးချစ်လို ဇာတ်သဘင်ဥက္ကဌ ထပ်မံ ပေါ်လာဖို့ မရှိဘူ...
15/03/2026

ဖိုးချစ်လို ဇာတ်သဘင်ဥက္ကဌ ထပ်မံ ပေါ်လာဖို့ မရှိဘူးလို့ သဘင်သည်တွေ ပြော

ဖိုးချစ်လို ဇာတ်သဘင်ဥက္ကဌ ထပ်မံ ပေါ်လာဖို့ မရှိဘူးလို့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ သဘင်သည်တွေ က ပြောဆိုလိုက်ပါတယ်။

“ ဖိုးချစ်ကို ဥက္ကဌ နေရာက မထွက်စေချင်ဘူး သူ့လိုလူ ရှာဖို့ ခက်ပါတယ်။ သဘင်အပေါ်မှာ သိပ်တော်တယ်။ သဘင်လောကသားတွေကို အားလုံးအဆင်ပြေအောင် လုပ်ပေးရှာတယ်"လို့ လူရွှင်တော် ကျင်ဝှက်က ဆိုပါတယ်။

ဖိုးချစ်ဟာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အောင်ဇဗ္ဗူပရိသတ်တွေနဲ့ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဌနေရာကနေ နှုတ်ထွက်ဖို့ တရားဝင် ထုတ်ဖော်လာတာပါ။

“ သူလိုလူက အမေတို့ သဘင်လောကမှာ ပေါ်လာဖို့မရှိဘူး၊။ ဘယ်အရေးဖြစ်ဖြစ် ရှေးဆုံးကနေ ပါဝင်တယ်၊ သဘင်လောကကြီး အခုလို စည်ဖြိုးလာ ဆယ်စုနှစ်ပဲရှိသေးတယ်၊ သူက မြန်မာတစ်နိုင်ငံလုံးက သဘင်အရေးကို ဉီးဆောင်နိုင်ခဲ့သူလေ” လို့ အငြိမ့်မင်းသမီးဟောင်း ကျားလေးစိန်က ဆိုပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးကို ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ဖိုးချစ်ဟာ ၂၀၁၅ ခုနှစ်ကနေစတင်ပြီး သဘင်ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့တာပါ။

#ဖိုးချစ်

လူမျိုးရေး ခွဲခြားစော်ကားခဲ့လို့ စိတ်ခံစားချက်နဲ့ တုန့်ပြန်ခဲ့တာလို့ မောင်မောင်လွင် ပြော၊ ကစားသမား အကာမကွယ်မရလို့  မြန်မ...
15/03/2026

လူမျိုးရေး ခွဲခြားစော်ကားခဲ့လို့ စိတ်ခံစားချက်နဲ့ တုန့်ပြန်ခဲ့တာလို့ မောင်မောင်လွင် ပြော၊ ကစားသမား အကာမကွယ်မရလို့ မြန်မာ့လက်ရွှေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်

လူမျိုးရေးခွဲခြားစော်ကားမှုတွေ၊ မိဘတွေကိုပါ ကိုင်ဆဲစော်ကားမှုတွေကို ခံလိုက်ရတာကြောင့် ပရိသတ်အပေါ် စိတ်ခံစားချက်နဲ့ တုံ့ပြန်မိခဲ့တာဖြစ်ကြောင်း မောင်မောင်လွင်က သူရဲ့ ဖေ့ဘွတ်ကနေ ထုတ်ပြောလာပါတယ်။

မတ်လ ၁၀ ရက်နေ့က သန်လျင်သီဟဒီပကွင်းမှာ ကစားခဲ့ကြတဲ့ ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှာ အမျိုးသမီးပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် လက်နဲ့ တွန်းထိုးခဲ့တာပါ။

ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးကနေ ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေ ဘောလုံးနှင့်ပတ်သက်တဲ့ လှုပ်ရှားမှုများတွေမှာ ၆ လအထိ ကစားခွင့်၊ ပါဝင်လုပ်ဆောင်ခွင့် မပြုဖို့ ကန့်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

“ အကာအကွယ် မရဘူးလို့ ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့ မြန်မာ့လက်ရွှေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဘောလုံးကိုတော့ ကျွန်တော် အမြဲချစ်နေပါမယ်” လို့ မောင်မောင်လွင်က သူရဲ့ဖေ့ဘွတ်မှာ ရေးသားခဲ့ပါတယ်။

မောင်မောင်လွင်ဟာ ၂၀၁၅ ခုနှစ် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူဖြစ်သလို ၂၀၁၅ ကနေ ယနေ့အထိ မြန်မာ့လက်ရွှေးစင်အသင်းမှာ ပါဝင်နေတာပါ။

#မောင်မောင်လွင် #ဘော်လုံး

ထိုင်းနိုင်ငံမှာ အောင်ဇဗ္ဗူဇာတ် သုံးည ဖျော်ဖြေမည်၊ မဟာချိုင်က အလုပ်သမားများ ကားငှားစင်းလုံး သွားကြည့်ဖို့ ပြင်ဆင်နေကြအော...
15/03/2026

ထိုင်းနိုင်ငံမှာ အောင်ဇဗ္ဗူဇာတ် သုံးည ဖျော်ဖြေမည်၊ မဟာချိုင်က အလုပ်သမားများ ကားငှားစင်းလုံး သွားကြည့်ဖို့ ပြင်ဆင်နေကြ

အောင်ဇဗ္ဗူဇာတ်သဘင်ဟာ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှာ ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ သုံးည ဖျော်ဖြေသွားမှာဖြစ်ပြီး အဲဒီပွဲကို မဟာချိုင်မာရှိတဲ့ အလုပ်သမားတွေအနေနဲ့ ကားငှားစင်းလုံးပြီး သွားကြည့်ဖို့ စီစဉ်နေတယ်လို့ မဟာချိုင်က ကိုနေထက်က ဆိုပါတယ်။

ကျွန်တော်တို့ အောင်ဇဗ္ဗူပွဲကို Express ကား စင်းလုံးငှားပြီး သွားကြည့်ကြမှာပါ၊ လောလာဆယ် စာရင်းပေးထားတဲ့သူက ကား ကိုးစီးစာတော့ ရပြီး”လို့ ဉီးဆောင်သူတစ်ဦးက ပြောပြပါတယ်။

အောင်ဇဗ္ဗူဟာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း အဆိုတော် လွှမ်းပိုင်၊ သားတို့အမွှာညီအစ်ကိုတွေနဲ့အတူ ၂ ညတာ ကပြခဲ့ဖူးကြောင်း သိရပါတယ်။

၂၀၂၅ တုန်းကလည်း၊ လာကပြဖူးတယ်၊ အဲဒီတုန်းကလည်း မိုးလင်းပေါက် ကြည့်ဖူးတယ်၊ အခုလို နာမည်ကြီးလာတဲ့အချိန်မှာ ထပ်ပြီးကြည့်ရမှာဆိုတော့ ဖျာလက်မှတ်တောင် ဝယ်လို့ ရပါ့မလားလို့တောင် စိုးရိမ်နေတာ” လို့ ကန်ချနပူရီမှာ နေထိုင်သူ မလဲ့လဲ့မွန်က ဆိုပါတယ်။


#အောင်ဇဗ္ဗူ

အကြွေး မဆပ်သွင်းနိုင်လို့  စမိုင်းလ်အိမ်ကို ဒေါ်လာ ၂၁ သန်းကျော်နဲ့ လေလံတင်လစဉ် အကြွေးမဆပ်သွင်းနိုင်တာကြောင့် စမိုင်းလ် ပ...
14/03/2026

အကြွေး မဆပ်သွင်းနိုင်လို့ စမိုင်းလ်အိမ်ကို ဒေါ်လာ ၂၁ သန်းကျော်နဲ့ လေလံတင်

လစဉ် အကြွေးမဆပ်သွင်းနိုင်တာကြောင့် စမိုင်းလ် ပိုင်ဆိုင်တဲ့အိမ်ကို ဒေါ်လာ ၂၁ သန်းကျော်နဲ့ လေလံတင်
ရောင်းချမည့်အကြောင့် Zillow ကုမ္ပဏီဝက်ဆိုက်မှာ ဖော်ပြချက်အရ သိရပါတယ်။

စမိုင်းလ်ဟာ သူမ လက်ရှိနေထိုင်နေတဲ့အိမ်ကို ကုမ္ပဏီကနေ ဒေါ်လာ ၁၆ သန်း ချေးငွေရယူပြီး ဝယ်ယူထားတာပါ။

စမိုင်းလ်ဟာ အဲဒီအိမ်ချေးငွေအတွက် ကုမ္ပဏီကို ဒေါ်လာ ၁ သိန်းကျော်ပေးဆောင်ရမှာဖြစ်သလို အစိုးရကို
မြေခွန် တနှစ်ကို ဒေါ်လာ ၂ သိန်းကျော်နဲ့ အိမ်အာမခံကြေးက တနှစ်ကို ၈ သောင်းကျော် ပေးသွင်းတာမှာဖြစ်တာကြောင့် တစ်လကို အကြွေး ဒေါ်လာ တသိန်းခွဲလောက် ရှိလာတာလည်းဖြစ်ပါတယ်။

ဒါကြောင့် စမိုင်းလ်ဟာ လစဉ်အကြွေး ပုံမှန်မဆပ်နိုင်တာကြောင့် ဒေါ်လာ ၂၁ သန်းကျော်နဲ့ Zillow ကုမ္ပဏီက လေလံတင်ရောင်းချလာတာ နှစ်လကြာ ရှိနေပြီးဖြစ်ပါတယ်။

မြင့်မြတ် ဦးသိန်းဇံဆီ လာရောက်ပြီး အားပေးစကားပြောရင်း ဆေးဘိုးလဲထောက်ပံ့သွားပါတယ်
14/03/2026

မြင့်မြတ် ဦးသိန်းဇံဆီ လာရောက်ပြီး အားပေးစကားပြောရင်း ဆေးဘိုးလဲထောက်ပံ့သွားပါတယ်

စမ်းရေမိုး ဇာတ် ဖျာလက်မှတ်များ  နောက်ဆုံးတန်းသာ ကျန်တော့ကြောင်း မြို့ခံတွေ ပြောပဲခူး ရွှေမော်ဓောဘုရားပွဲမှာ မတ်လ ၃၀၊ ၃၁ ...
14/03/2026

စမ်းရေမိုး ဇာတ် ဖျာလက်မှတ်များ နောက်ဆုံးတန်းသာ ကျန်တော့ကြောင်း မြို့ခံတွေ ပြော

ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ မတ်လ ၃၀၊ ၃၁ ရက်နေ့မှာ ကပြမယ့် စမ်းရေမိုးဇာတ်ပွဲ ဖျာ လက်မှတ်တွေဟာ နောက်ဆုံးတန်းသာ ဝယ်ယူလို့ ရတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ ဖျာဈေးက ၁၀၀၀၀၀၊ ၈၀၀၀၀ ပါ၊ အခုကတည်းက ဝယ်လို့ မရတော့ဘူး၊ နောက်တန်းတောင်မှာ ကိုယ်လိုချင်တဲ့ နေရာမရတော့ဘူး” လို့ ပဲခူးမြို့မှာနေတဲ့ ကိုကျော်က ပြောပြပါတယ်။

အခုနှစ်မှာတော့ ဖိုးချစ်၊ စွမ်းဇာနည်၊ အောင်ဇဗ္ဗူတို့လည်း ကပြဖျော်ဖြေကြမှာပဲ ဖြစ်ပါတယ်။

#စမ်းရေမိုး

စမ်းရေမိုးရဲ့ ပရိတ်သတ်‌တွေ ပျော်လို့ရပါပြီ။  ပဲခူးရွှေမော်ဓော -ဘုရားပွဲတော်ကြီးတွင်  စမ်းရေမိုး- ဇာတ်ပွဲ  မတ်လ 30-31  -ပ...
13/03/2026

စမ်းရေမိုးရဲ့ ပရိတ်သတ်‌တွေ ပျော်လို့ရပါပြီ။
ပဲခူးရွှေမော်ဓော -ဘုရားပွဲတော်ကြီးတွင်
စမ်းရေမိုး- ဇာတ်ပွဲ မတ်လ 30-31 -ပဲခူးပရိသတ်ကြီးရဲ့ ကြိုးပန်းမှုကြောင့် ၂ ညတိတိ -ဝင်ရောက်က ပြမည် တဲ့။😍😍😍

Address

Bhagalpur, Uttar Pradesh, India
Bhagalpur
1001

Website

Alerts

Be the first to know and let us send you an email when Smart Cele posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share