MinThar

MinThar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MinThar, Media/News Company, PKT Street, .

မသန်စွမ်းသူများအပေါ် သရော်စော်ကားမှုဖြင့် တိုင်ကြားခံထားရတဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ၁ နှစ် ဇာတ်ကခွင့်ပိတ်ပင်ရန် အရေး...
27/02/2026

မသန်စွမ်းသူများအပေါ် သရော်စော်ကားမှုဖြင့် တိုင်ကြားခံထားရတဲ့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ၁ နှစ် ဇာတ်ကခွင့်ပိတ်ပင်ရန် အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
လတ်တလော လူမှုကွန်ရက် TikTok စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ကပြဖျော်ဖြေမှုအတွင်း မသန်စွမ်းသူများရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို အတုယူမှားစေရန် သရော်ထားသည့် လုပ်ဆောင်ချက်များ ပါဝင်နေခြင်းဖြစ်သည်။
အဆိုပါလုပ်ရပ်သည် မသန်စွမ်းသူများရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာကို များစွာထိခိုက်စေသဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်နှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့က အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်စွဲပါ ညွှန်ကြားချက်အရ မြန်မာနိုင်ငံသဘင်အစည်းအရုံးက အဆိုပါအဖွဲ့အား အရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

27/02/2026

အခြားသူတွေထက် သာလွန်အောင် ဘွဲနှင်းသဘင်အခမ်းအနားကို ဆင်စီးပြီး ခမ်းခမ်းနားနား တက်ရောက်လာတဲ့ ကျောင်းသား

သူမက ကိုယ်ဝန်ရှိချိန်ကစပြီး အလုပ်မလုပ်နိုင်တော့သလို ဝင်ငွေမရှိတဲ့အခြေအနေထဲကို ရောက်ခဲ့ရပြီး အိမ်ထောင်ဖက်ဘက်ကလည်း တာဝန်ယူ...
27/02/2026

သူမက ကိုယ်ဝန်ရှိချိန်ကစပြီး အလုပ်မလုပ်နိုင်တော့သလို ဝင်ငွေမရှိတဲ့အခြေအနေထဲကို ရောက်ခဲ့ရပြီး အိမ်ထောင်ဖက်ဘက်ကလည်း တာဝန်ယူမှု မပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားလာပါတယ်။ ကလေးမွေးပြီးနောက်မှာပါ မိသားစုဘက်က ထောက်ပံ့ကူညီမှု မရခဲ့ဘဲ အားလုံးကို ကိုယ်တိုင်ပဲ ထမ်းဆောင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကိုယ်တိုင်ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိတော့သဖြင့် ကလေးရဲ့ အနာဂတ်ကို စိုးရိမ်မိလာပြီး ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်နိုင်ဖို့
မခိုင်နှင်းဝေဆီပေးလိုစိတ် ဖြစ်လာခဲ့ကြောင်းကိုလည်း ဝမ်းနည်းစွာ ရင်ဖွင့်ထားပါတယ်။
အခြေအနေက ခက်ခဲနေပေမယ့် မိခင်တစ်ဦးရဲ့ ကလေးအတွက် အကောင်းဆုံးကို ရွေးချယ်ပေးချင်တဲ့ စိတ်ဓာတ်ကတော့ လေးစားဖို့တန်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ပရိတ်သတ်တွေ သဘောကျရတဲ့အထိ အောင်မြင်လာတဲ့ အလှဖန်တီးရှင် မျိုးအောင် ရဲ့ လက်ရာလေးမြို့ကြီးတွေမှာလို အခွင့်အရေးများ မပြည့်စု...
27/02/2026

ပရိတ်သတ်တွေ သဘောကျရတဲ့အထိ အောင်မြင်လာတဲ့ အလှဖန်တီးရှင် မျိုးအောင် ရဲ့ လက်ရာလေး
မြို့ကြီးတွေမှာလို အခွင့်အရေးများ မပြည့်စုံနိုင်သော်လည်း
ကိုယ့်ဝါသနာကို မစွန့်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့အတွက်
အခုဆိုရင် အလှဖန်တီးရှင် မျိုးအောင် ရဲ့ လက်ရာတွေဟာ
ပရိသတ်တွေကြားမှာ အထူးသဘောကျမှု ရရှိနေပါပြီ ✨
“နေရာဒေသက အရေးမကြီးဘူး၊
အရည်အချင်းနဲ့ ကြိုးစားမှုရှိရင်
ဘယ်နေရာမှာမဆို တောက်ပနိုင်တယ်” ဆိုတဲ့ စကားကို
လက်တွေ့အလုပ်နဲ့ သက်သေပြထားတဲ့ မျိုးအောင်ရဲ့ ဖန်တီးမှုတွေက
ကြည့်ရှုသူတိုင်းကို ရင်သပ်ရှုမောစေပါတယ် 💄🎨
သူ့ရဲ ဖန်တီးမှုကိုလဲ မှတ်ချက်ပေးခဲ့ကြပါဦး
#ကြိုးစားမှုအောင်မြင်မှု
#ဝါသနာနဲ့အနာဂတ်
#အလှဖန်တီးရှင်
#ကိုယ်ပိုင်လမ်းကိုယုံကြည်

အဘိဓမ္မတက္ကသိုလ်ရဲ့ အဓိပတိနဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံက ပါမောက္ခချုပ်ဆရာတေ...
27/02/2026

အဘိဓမ္မတက္ကသိုလ်ရဲ့ အဓိပတိနဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံက ပါမောက္ခချုပ်ဆရာတော်ရာထူးကို ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာအရှင်ဇောတိကကို တိုးမြင့်ပေးလိုက်ပါတယ်။
လက်ရှိမှာ ဒေါက်တာနန္ဒမာလာဘိဝံသက ခါးရိုးခွဲစိတ်မှုကို ခံယူထားရတာကြောင့် အခုလို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။
#ဒေါက်တာနန္ဒမာလာဘိဝံသ

လူတွေရဲစိတ်ဓာတ်ကနော် အရမ်းကြောက်စရာကောင်းပါတယ်
23/02/2026

လူတွေရဲစိတ်ဓာတ်ကနော် အရမ်းကြောက်စရာကောင်းပါတယ်

23/02/2026

သားဖြစ်သူရဲ့တက်တူးဆိုင်အတွက် ကြော်ငြာပေးနေတဲ့ အဘွားတစ်ယောက်ကို ကူညီပေးသွားတော့မယ့် နေမင်း #နေမင်း

အခုတလော Tiktok မှာရော Fb မှာရော နေရာယူထားတဲ့ မျောက်ပေါက်စလေးရဲ့ သနားစရာဖြစ်ရပ်မိခင်က ဂရုမစိုက် အရေးမလုပ် စွန့်ပစ်ခံထားရတ...
21/02/2026

အခုတလော Tiktok မှာရော Fb မှာရော နေရာယူထားတဲ့ မျောက်ပေါက်စလေးရဲ့ သနားစရာဖြစ်ရပ်
မိခင်က ဂရုမစိုက် အရေးမလုပ် စွန့်ပစ်ခံထားရတဲ့ ဒီမျောက်လေးက
မျောက်ရုပ်ကြီးကို အမေလိုသဘောထားပြီး သူ့ရဲ့ အနားကမခွာပဲ ဖက်တွယ်ထားရှာတယ်
🥺
​အ​မေရှိပြီးအရေးလုပ်မခံရတာလောက် နာကျင်တာရှိအုံးမလားနော်

21/02/2026

Winner သရဖူကို ဒီတစ်ခါတော့ အရယူတော့မှာဖြစ်လို ပြိုင်ပွဲထပ်ပြိုင်မယ့် သဲစုငြိမ်း #သဲစုငြိမ်း

20/02/2026

ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ သားလေးကို အခြားကလေးတွေထက် သာလွန်တဲ့ မွေးနေ့ပွဲ ကျင်းပ‌ပေးခဲ့တဲ့ နေခြည်ဦး #နေခြည်ဦး

19/02/2026

၅နှစ်ကြာအောင် စောင့်ပေးခဲ့တဲ့ အီတလီလူမျိုး ချစ်သူနဲ့ တရားဝင်လက်ထပ်တော့မယ့် ချမ်းချမ်း #ချမ်းချမ်း

တာချီလိတ်မှာဖြစ်သွားတဲ့လုပ်ကြံသတ်ဖြတ်ခံရတဲ့သမီးငယ်လေးရဲ့သတင်းပါ“ တရားမျှတမှု မရှိဘဲ ရက်ရက်စက်စက် အသက်ဆုံးရှုံးသွားရတဲ့ က...
19/02/2026

တာချီလိတ်မှာဖြစ်သွားတဲ့လုပ်ကြံသတ်ဖြတ်ခံရတဲ့သမီးငယ်လေးရဲ့သတင်းပါ
“ တရားမျှတမှု မရှိဘဲ ရက်ရက်စက်စက် အသက်ဆုံးရှုံးသွားရတဲ့ ကျွန်မရဲ့ညီမလေးအတွက် အမှန်တရားကို လိုချင်ပါတယ်" 😭😭
​ကျွန်မတို့ ညီမလေး အိမ်ပြန်မလာတာ ၃ ရက်လောက်ရှိလို့ အဆက်အသွယ်ပြတ်ပြီး စိုးရိမ်တကြီး ရှာဖွေနေခဲ့ရတာပါ။
အခုတော့ စိတ်ထားဖြူစင်တဲ့ ကျွန်မတို့ ညီမလေးတစ်ယောက် ရက်ရက်စက်စက် လုပ်ကြံခံလိုက်ရပြီး ဆုံးရှုံးသွားခဲ့ရပါပြီ။
​ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ ညီမလေးရဲ့ ရုပ်အလောင်း (DB) ကို ပြန်တွေ့တဲ့အချိန်မှာ မိသားစုကို အကြောင်းမကြားခဲ့သလို၊ ဘာကြောင့် ဒီလိုရုပ်ပျက်ဆင်းပျက် ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မစုံစမ်းခဲ့ကြပါဘူး။
ဒါတင်မကသေးဘဲ မိသားစုဝင်တွေကို အသိမပေးဘဲ သဂြိုဟ်ပစ်လိုက်တယ်လို့ သိရတဲ့အတွက် ကျွန်မတို့ မိသားစုမှာ ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ခံစားနေရပါတယ်။
​ဒါဟာ သွေးရိုးသားရိုး သေဆုံးတာမျိုး မဟုတ်ဘဲ မသင်္ကာစရာတွေ အများကြီး ရှိနေပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ဒီလိုမှုခင်းမျိုးကို မပေါ်ပေါ်အောင် ဖော်ထုတ်ပေးကြမှာပါ။
ကျွန်မတို့ ညီမလေးအတွက် အမှန်တရားနဲ့ တရားမျှတမှုကိုပဲ လိုလားပါတယ်။
​သမီးလေးရေ... အိမ်မှာ အမြဲဝင်ထွက်သွားလာနေကျမို့ သမီးရဲ့သတင်းကို ကြားရတာ တကယ်ကို ရင်ကွဲမတတ် ခံစားရပါတယ်။ အေးချမ်းရာဘုံဘဝမှာ နားခိုနိုင်ပါစေ မောင်လေး/ညီမလေးရယ်။
​ #အမှန်တရားကိုဖော်ထုတ်ပေးပါ #တရားမျှတမှုလိုချင်သည် #ဝမ်းနည်းကြေကွဲရပါသည်

Address

PKT Street

795128

Alerts

Be the first to know and let us send you an email when MinThar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MinThar:

Shortcuts

  • Want your business to be the top-listed Media Company?

Share